Thursday, December 24, 2015

ဓမ္မသုတ (၅၈)


ဒီလိုချစ်ရမည်
မိမိကိုယ်ကို၊ ချစ်တယ်ဆို၊ ဘယ်လိုချစ်ရမည်။
အကုသိုလ်များ၊ မဖြစ်ပွား၊ မြစ်တားးစောင့်ရှောက်ကြရမည်။
အရွယ်သုံးပါး၊ တစ်ပါးပါး၊ တရားရအောင်ကျင့်ရမည်။
မိမိကိုယ်ကို၊ ချစ်တယ်ဆို၊ ဒီလိုချစ်ရမည်။
ဒီလိုချစ်မှ၊ လူ့ဘဝ၊ ဖြစ်ရကျိုးနပ်မည်။
ဗောဓိမင်းအား၊ မြတ်ဘုရား၊ ဟောကြားခဲ့လေသည်။
အဂ္ဂဉာဏ၊ ဦးကာလသုံးဖြာ ခန္ဓာပဋိစ္စသမုပ္ပါဒ် တရားတော်

Posted by အေးဆက်

ဓမ္မပဒ ၉၅ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၆ - သာရိပုတ္တတ္ထေရဝတ္ထု

ပထဝိသမော နော ဝိရုဇ္ဈတိ၊ ဣန္ဒခိလုပမော တာဒိ သုဗ္ဗတော။
ရဟဒေါဝ အပေတကဒ္ဒမော၊ သံသာရာ န ဘဝန္တိ တာဒိနော။
၉၅။ တာဒိဂုဏ်နှင့် ပြည့်စုံသော ကောင်းသောအကျင့်ရှိသောရဟန္တာပုဂ္ဂိုလ်သည်
မြေကြီးကဲ့သို့လည်းကောင်း၊ တံခါးတိုင်ကဲ့သို့လည်းကောင်း (သည်းခံသော စိတ်ရှိသည်ဖြစ်၍) (အမျက်ဒေါသဖြင့်) ဆန့်ကျင်မှု မပြု ၊  ရွှံ့ညွန်ကင်းသော
ရေအိုင်ကဲ့သို့ တာဒိဂုဏ်ရှင် ရဟန္တာသခင်အား ကျင်လည်ခြင်း တို့သည် မဖြစ်ကုန်။

Posted by ဉာဏ်ဦး

Tuesday, November 10, 2015

ဓမ္မသုတ (၅၇)



အဝင်နှင့် အထွက်
စားလိုသည်က သဖန်းသီးတစ်လုံးနှစ်လုံး၊ အပင်ပေါ်တက်ကာ လှုပ်ချမည်ဆိုပါက
သဖန်းသီးများအားလုံး ကြွေကျ၍ အလဟ ဿ ဖြစ်လိမ့်မည်။ အလားတူပင် ရသည့် ဝင်ငွေက နည်းပြီး ထွက်ငွေများသူသည် ဆင်းရဲမှုများစွာနှင့် သေရမည်ဖြစ်၏။ 

သောဘဏ၊ အရှင် (ရွှေမြင်းမိုရ်ဆရာတော်)။ ယခုနောင်ခါ ချမ်းသာရေး တရားတော်။ 

Posted by အေးဆက်

Monday, November 9, 2015

ဓမ္မပဒ ၉၄ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၅ - မဟာကစ္စာယနတ္ထေရဝတ္ထု

ယဿိ       န္ဒြိယာနိ သမထင်္ဂတာနိ၊
အ ဿာ ယထာ သာရထိနာ သုဒန္တာ။

ပဟီနမာနဿ       အနာသဝဿ       ၊
ဒေဝါပိ တဿ        ပိဟယန္တိတာဒိနော။

၉၄။ ရထားထိန်း ကောင်းစွာဆုံးမပြီးသော မြင်းတို့သည် ငြိမ်သက် တည်ကြည်ကုန်သကဲ့သို့ အကြင်ရဟန္တာပုဂ္ဂိုလ်၏ ဣနြေ္ဒ (ခြောက်ပါး) တို့သည် ငြိမ်သက် တည်ကြည်ခြင်းသို့ ရောက်ကုန်၏။ မာနကို ပယ်ပြီးသော အာသဝေါမရှိသော တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုရဟန္တာပုဂ္ဂိုလ်အား နတ်တို့သည်လည်း ချစ်မြတ်နိုးကုန်၏။

Posted by ဉာဏ်ဦး

Sunday, November 8, 2015

အမှားနှုတ်ကျိုး ဘုရားရှိခိုး


"နမော  တဿ       ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ      " ဆိုကာ နေ့စဉ်လိုလို ဘုရားရှိခိုးကြမြဲဖြစ်သည်။ တိကျ သော ပါဠိအနက်အဓိပ္ပါယ် ထွက်ရှိရန် ပုဒ် ပါဌ် အက္ခရာ အဖြတ်အတောက် မှန်ကန်ရပေမည်။ 

သို့သော် အတော်များများသည် ဤဘုရားရှိခိုး ရွတ်ဆိုရာတွင် အမှတ်မထင် အမှားနှုတ်ကျိုးနေကြသည်။ 'နမော' နှင့် 'တဿ      ' ကို တွဲကာ ရွတ်ဆိုလေ့ရှိ
ကြ၏။ 'နမောတဿ      ' ဟုဆို၍ ဖြတ်လိုက်ကြ၏။ နောက်မှ 'ဘဂဝတော' ဟု
ဆက်ဆိုကြသည်။
 

အမှန်မှာ ဤဘုရားရှိခိုးကို ဆိုရာ၌ 'နမောတဿ      ' ဟူ၍ တွဲမဆိုသင့်ပေ။
'နမော' ဟု အနည်းငယ်ဖြတ်ဆိုပြီးမှ 'တဿ      ' နှင့် 'ဘဂဝတော' ကို
နည်းနည်းလေး နီးစပ်အောင် ဆိုသွားလျှင် အဓိပ္ပါယ် ရှင်းလင်းပြည့်စုံ
ပါသည်။
 

'နမော' နှင့် 'တဿ      ' ကို လုံးဝမတွဲဘဲ ဆိုမှ ပါဠိစာပိုရှင်း၏။ 'နမော' အဓိပ္ပါယ်မှာ
ရှိခိုးပါ၏ဟု ဖြစ်၍ 'တဿ      ' သည် ညွှန်ပြသော ပုဒ်ဖြစ်သောကြောင့် ဖြစ်၏။
'တဿ       ဘဂဝတော' သည် 'ထိုဘုရားရှင်အား' ဟုဆိုလိုရင်းဖြစ်သည်။ ဤတွင်
'ထို' ဆိုသော စကားသည် 'တဿ      ' မှထွက်လာခြင်းဖြစ်သည်။ 'ဘဂဝတော' က
'ဘုရားရှင်' ဟုအနက်ထွက်၏။
 

ထို့ကြောင့် 'ထိုဘုရားရှင်အား' ဟုဆိုသည်မှာ အရဟံဂုဏ်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်
တို့နှင့် ပြည့်စုံသော ဘုရားရှင် ဟုဆိုလိုသည် ဖြစ်ရာ ထိုဘုရားရှင်အား ရှိခိုးပါ၏
ဟု အဓိပ္ပါယ်ရပါသည်။ ဤသို့ အမှန်အကန်ဆိုခဲ့လျှင် ပါဠိဘာသာအရ ရှင်းလင်း
သွားမည်မလွဲပေ။ ထိုမှတစ်ပါး မာဂဓပါဠိစကား ကောင်းစွာနားလည်ကြသော
နတ် သိကြား ဗြဟ္မာတို့ကလည်း ဝမ်းပန်းတသာ သာဓုခေါ်ကြပေမည်။ ထိုပုဂ္ဂိုလ် များလည်း ဤဘုရားရှိခိုးနှင့်ပင် ရှိခိုးခဲ့ကြလေသည်။
 

ရှေးဘုရားရှင်များလက်ထက်မှ ယနေ့အထိ ဤဘုရားရှိခိုးနှင့်ပင် ရှိခိုးခဲ့ကြ၏။
ကမ္ဘာအဆက်ဆက် ဘုရားရှင်အဆူဆူတို့ကို ပူဇော်ခဲ့ကြသော ဘုရားရှိခိုးကြီး
ဖြစ်၍ ကမ္ဘာသုံးဘုရားရှိခိုးကြီးဟု ဆိုရမည်ဖြစ်သည်။
 

အရိယာသူတော်ကောင်းများနှင့်တကွ နတ် သိကြား ဗြဟ္မာတို့ ပူဇော်လာ
ကြသော ဘုရားရှိခိုးကြီးနှင့် နေ့စဉ် မှန်မှန် အိပ်ရာထ၊ အိပ်ရာဝင် ရှိခိုးနေ
လျှင်ကား နှလုံးသားတွင် ဂုဏ်တော်ကြီးသုံးပါး ကိန်းဝပ်သွားပါပြီ။
 

ဂုဏ်တော်သုံးပါးမှာ_
အရဟတော_ လူမင်း၊ နတ်မင်း၊ ဗြဟ္မ္မာမင်းတို့၏ ဝပ်စင်းဦးခိုက် ပူဇော်
အထူးကို ခံယူတော်မူထိုက်သော၊
သမ္မာသမ္ဗုဒ္ဓဿ      _ သစ္စာလေးတန် ဉေ ယျ ဓံကို ဆရာမကူ သယမ္ဘူ  ဉာဏ်
ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ထိုးထွင်းသိမြင်တော်မူသော၊
တဿ       ဘဂဝတော_ ဣဿ       ရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တမည်တွင် ဘုန်းခြောက်ပါးသခင် 'ထိုဘုရားရှင်အား'၊ 
နမော
_ ရှိခိုးပါ၏ အရှင်ဘုရား။
 

ဤဂုဏ်တော်သုံးပါးနှင့် ဘုရားရှင်၏ ပုံတော်ကို မှန်း၍ စိတ်မှာ အာရုံပြုပြီး
ရှိခိုးကြရမည်။ ကြည်ညိုကြရမည်။ ။
 

စာကိုးလက္ခဏ၊ အရှင် (ကျစွာချောင်)။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်
သိဒ္ဓိပေါက် တရားဒေသနာတော်။ ၂ဝဝ၆။

Posted by ဉာဏ်ဦး

Saturday, October 17, 2015

ဓမ္မသုတ (၅၆)

အနာကင်းသောလက်
အချဉ် အငန် အစပ်တို့နှင့် အထိမခံနိုင်ခြင်းမှာ လက်တွင်အနာရှိ၍ ဖြစ်သည်။
ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည် ဆင်းရဲဒုက္ခများဖြင့် အလောင်ခံနေ ရသူများ ဖြစ်ကြသည်။
အကုသိုလ်တည်းဟူသော အနာဆိုး ရှိနေကြသောကြောင့်ပင်။
အကုသိုလ်ကံဆိုး မရှိကြသူတို့မှာ အနှီဒုက္ခများကို မခံကြရ။
အရိယာတို့မှာ အနာမရှိစေရန် တရားနှင့် ကုစားနေကြသဖြင့် အနာမရှိကြချေ။
အနာမရှိသော လက်နှင့်တူအောင် နေတတ်ကြစေ။
စာကိုးလက္ခဏ၊ ဦး (ကျစွာဆရာတော်)။ အနာမရှိသောလက် တရားတော်။
 

Posted by အေးဆက်

Friday, October 16, 2015

ဓမ္မပဒ ၉၃ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၎ - အနုရုဒ္ဓတ္ထေရဝတ္ထု 

ယဿာ သဝါ ပရိက္ခီဏာ၊ အာဟာရေ စ အနိ  ဿိ တော။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခော ယဿ       ဂေါစရော။
အာကာသေဝ သကုန္တာနံ၊ ပဒံ တဿ       ဒုရန္နယံ။
၉၃။ အကြင်ပုဂ္ဂိုလ်တို့အား အာသဝေါကုန်ခန်း၏၊ အစာအဟာရ၌လည်း (တဏှာဒိဋ္ဌိဖြင့်) စွဲမှီခြင်း မရှိ၊ ရာဂစသည် ဆိတ်သုန်းသော ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာ ပုဂ္ဂိုလ်၏ ကျက်စားရာအာရုံဖြစ်၏။ ကာင်းကင်၌ ငှက်တို့၏ ခြေရာကို မသိနိုင်သကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၏ ခြေရာ ဟူသော လမ်းကြောင်းကို မသိနိုင်။

Posted by ဉာဏ်ဦး

Wednesday, September 30, 2015

ဓမ္မသာကစ္ဆာ (၃၇)


နီဝရဏတရားဟူသည်
 

အခါတစ်ပါး၌ သိင်္ဂါရဝသတို့သားသည် မြတ်စွာဘုရားထံမှောက်
ရောက်ရှိလာကာ မိမိ၏ အခက်အခဲကို လျှောက်ထားမေးမြန်းလေ၏။
သိင်္ဂါရဝ

တစ်ခါတလေ ရပြီးသားစာတွေကို ကျေကျေညက်ညက်နဲ့ မှတ်မိနေ
တတ်ပါတယ်။ တစ်ခါတရံမှာ တော့ ရပြီးသားစာတွေကိုပဲ မရသေး တဲ့စာလို မေ့ပျောက်နေတတ်ပါ တယ်။ အဲဒါဘာကြောင့်ပါလဲ အရှင်ဘုရား။

ဘုရား
နီဝရဏတရားတွေကြောင့်ပဲ။ ဒီတရားငါးပါးကို မဖယ်တတ်၊ မရှင်းလင်း တတ်လို့ သင်ဒီလို ဖြစ်ရ ပေတယ်။
သိင်္ဂါရဝ
နီဝရဏတရားဆိုတာ ဘယ်ဟာတွေလဲ သိပါရစေအရှင်ဘုရား။
ဘုရား
ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိန မိဒ္ဓနီဝရဏ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ   နီဝရဏနဲ့ ဝီစိကိစ္ဆာနီဝရဏ ဆိုပြီး ငါးပါးရှိလေရဲ့။
သိင်္ဂါရဝ
ကာမစ္ဆန္ဒနီဝရဏကို ရှင်းပြပါအရှင်ဘုရား။
ဘုရား
ကာမစ္ဆန္ဒနီဝရဏဆိုတာ လိုချင်မှုလောဘတရားပဲ။ ရေဟာကြည်
လင်
နေရင် ကိုယ့်မျက်နှာရိပ်ကို မြင်ရတယ်။ ရေကို နီ ပြာ ဝါ ဆေး
တစ်ခုခု ဆိုးလိုက်ရင် မျက်နှာရိပ်ကို မမြင်ရတော့ဘူး။ အဲဒီလိုပဲ၊ လိုချင်မှုလောဘ စိတ်တွေ ထကြွလာရင် ဘာကိုမှ မမြင်တော့ဘဲ
ပြုလိုရာပြုကြမှာဖြစ်တယ်။
သိင်္ဂါရဝ
ဗျာပါဒနီဝရဏက ဘယ်လိုဟာမျိုးပါလဲဘုရား။
ဘုရား
ဗျာပါဒနီဝရဏကတော့ ဒေါသကိလေသာပါပဲ။ ရေဟာ ဆူပွက်
နေတဲ့
အခါ အခိုးထွက်တယ်။ အဲဒီရေထဲကို သွားကြည့်ရင်
မျက်နှာရိပ်ကို
မြင်ရမှာ မဟုတ်ဘူး။ အခိုးဖယ်လိုက်မှမြင်နိုင်မယ်။ ထိုနည်းတူ ဒေါသတွေ ထွက်နေသူဟာ အမှန်ကို ဘယ်မြင်နိုင်
တော့မှာလဲ။

သိင်္ဂါရဝ
ထိန မိဒ္ဓနီဝရဏကကော ဘယ်လိုမျိုးပါလဲဘုရား။
ဘုရား
ထိန မိဒ္ဓနီဝရဏဆိုတာက ထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်းတွေပဲ
ပေါ့ကွယ်။
ရေထဲမှာ မှော်တွေ ဖုံးနေရင် မျက်နှာရိပ်ကို မမြင်ရ
သလို ဒီနီဝရဏတရား
ဖုံးနေရင် ဘာကို သိမှတ်နိုင်တော့မှာလဲ
ကွယ့်။

သိင်္ဂါရဝ
ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏကိုလည်း ရှင်းပြပါဦးဘုရား။
ဘုရား
ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏဆိုတာက စိတ်ရဲ့မငြိမ်သက်ခြင်းနဲ့ နောင်တ ပူပန်ခြင်းတွေပါပဲ။ ရေလှုပ်နေချိန်မှာ မျက်နှာရိပ်ကို သွားကြည့်ရင် မထင်ရှားဘဲ ရေငြိမ်မှ ထင်ရှားသလိုမျိုးပဲပေါ့။
သိဂါၤရဝ
နောက်ဆုံးကျန်နေသေးတဲ့ ဝီစိကိစ္ဆာနီဝရဏကို မိန့် တော်မူပါဦးဘုရား။
ဘုရား
သို့လော သို့လောယုံမှားတွေးတောခြင်းဆိုတာ ဝီစိကိစ္ဆာနီဝရဏဖြစ်
တယ်။ ရေထဲမှာ အနယ်အမှုန်ထနေချိန် မျက်နှာရိပ်မထင်နိုင်ဘဲ
အနယ်
ထိုင်မှ ကြည်ကြည်လင်လင်မြင်ရပေမယ်။ ဒါဟာ ဒီနီဝရဏရဲ့ ဥပမာပါပဲ။ ဒီနီဝရဏတရားငါးပါးကို ပယ်ဖျက်နိုင်ရင် စာတွေမှတ်မိ ရုံလောက်သာမက နိဗ္ဗာန်ထိတိုင် တက်လှမ်းနိုင်မှာ ဖြစ်တယ်။
သိင်္ဂါရဝ
ကြိုးစားကျင့်ကြံပါမယ် အရှင်ဘုရား။
စာကိုးဓမ္မသာရ၊ ဦး (ဆင်ဖြူကျွန်းဆရာတော်)။ နီဝရဏတရားငါးပါး
တရားတော်။

Posted by အေးဆက်

ဓမ္မပဒ ၉၂ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၃ - ဗေလဋ္ဌသီသတ္ထေရဝတ္ထု

ယေသံ သန္နိစယော နတ္ထိ၊ ယေ ပရိညာတဘောဇနာ။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခော ယေသံ ဂေါစရော။
အာကာသေဝ သကုန္တာနံ၊ ဂတိ တေသံ ဒုရန္နယာ။
၉၂။ အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား သိုမှီးသိမ်းဆည်းခြင်းသည် မရှိ၊ အကြင် ရဟန္တာတို့သည် ပရိညာဉ်သုံးပါးဖြင့် ပိုင်းခြားလျက် ခဲဖွယ်ဘောဇဉ်ကို သုံးဆောင် ကုန်၏၊ ရာဂစသည် ကင်းဆိတ်လျက် ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာပုဂ္ဂိုလ်၏ ကျက်စားရာအာရုံ ဖြစ်၏၊ ကောင်းကင်၌ ငှက်တို့၏ သွားရာလမ်းကြောင်းကို သိနိုင်ခဲသကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ သွားရာကို သိနိုင်ခဲ၏။ 

Posted by ဉာဏ်ဦး

Tuesday, September 29, 2015

ဓမ္မသုတ (၅၅)


ကိုယ်ပြု ကိုယ်ရ
 

မိခင်ချော့သိပ်သော်လည်း ကိုယ်ကအိပ်မှ အိပ်ပျော်သကဲ့သို့ 
ကိုယ်တရားအားထုတ်မှ ကိုယ်ရမည်သာဖြစ်သည်။
 

ဝိဇယ၊ အရှင် (မူလဓမ္မဆရာတော်) ကြောင်းကျိုးချုပ်ငြိမ်းဒုက္ခသိမ်း
တရားတော်
 

Posted by အေးဆက်

Monday, August 31, 2015

ဗုဒ္ဓသာသနာ့အလံတော်


ဗုဒ္ဓသာသနာ့အလံတော်ကို ၁၈၈၅ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌
တီထွင်ဖန်တီးခဲ့ကြသည်။ သီရိလင်္ကာ ဗုဒ္ဓသာသနာကာကွယ်ရေး
ကော်မီတီတွင် ဗိုလ်မှုးကြီးအိုလ်ကော့ (Henry Steel Olcott) က
၁၈၈၄ ခုနှစ်၌ စီ ပီ ဂုဏဝဍ္ဎန (Carolis Pujitha Gunawardena)
ကို အကျိုးတော်ဆောင်အဖြစ် ခန့်အပ်သည်။

ထိုအခါ ဂုဏဝဍ္ဎနသည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေး
အတွက် အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဗုဒ္ဓ
သာသနာဝင်များ ကြည်ညိုနိုင်ရန် အလံတော်ကို ရောင်ခြည်
တော်ခြောက်ဖြာသုံးကာ ဖန်တီးရန် သူအကြံပေးတင်ပြခဲ့လေ
သည်။ ထိုတင်ပြချက်ကို ၁၈၈၅ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့၌
ဖေါ်ဆောင်ရန် အားလုံးလက်ခံခဲ့ကြ၏။

အကြံပေးသူ ကွယ်လွန်ပြီးနောက်မှ ၁၉၂၈ ခုနှစ်၊ မေ ၁ ရက်
ထုတ် သုဒနမိနစာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာသီအိုဆိုဖီ
အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့အလံတော်တီထွင်
သူမှာ စီ ပီ ဂုဏဝဍ္ဎန ဖြစ်ကြောင်း ဖေါ်ပြခဲ့ကြသည်။ ဗိုလ်မှုးကြီး
အိုလ်ကော့ကိုယ်တိုင်ကလည်း အလံတီထွင်သူမှာ သူမဟုတ်
ကြောင်း ဝန်ခံခဲ့သည်။

သို့ရာတွင် အလံမှာ အနည်းငယ်ရှည်နေသဖြင့် အချိုးကျအောင်
ဆောင်ရွက်ရန် ဗိုလ်မှုးကြီးအိုလ်ကော့က အကြံပေးခဲ့သည်ဆို၏။

ရောင်ခြည်တော်ခြောက်သွယ်ကို စံထားအသုံးပြုပုံကား အလံတိုင်
ဘက်မှစတင်ကာ သတ်မှတ်လျှင်_
(၁) နီလ = အပြာရင့်ရောင်၊
(၂) ပီတ =
အဝါရင့်ရောင်၊
(၃) လောဟိတ = အနီရောင်၊
(၄) ဩဒါတ = အဖြူရောင်၊
(၅) မဉ္ဇိဋ္ဌ = ပန်းနုရောင်၊ ထိုငါးရောင်ကို အလံတိုင်နှင့်အပြိုင် ထောင်လိုက်
စဉ်၍ ထားသည်။
(၆) ပဘဿ       ရ = ပြိုးပြိုးပြက်ပြက် တခဲနက်ထွက်နေသော အရောင် (နီကြင့်ကြင့်အရောင်) ဟူ၍ ၆ မျိုးဖြစ်၏။ ထိုအရောင်ကို အလံတော်၏ အဖျားစွန်း၌ ပြာ၊ ဝါ၊ နီ၊ ဖြူ  ၊ ပန်းနုရောင် အစဉ်လိုက် အထက်မှ အောက်သို့ ထားရှိသည်။   ။ 

စာကိုး
1. သုနန္ဒာလင်္ကာရ၊ အရှင်။ သာသနာ့အလံ တီထွင်သူအမှန်။ June 2, 2010. 
 
http://www.dhammaweb.net/notes/view.php?id=291
2. Ranatunga. D.C. The Birth of the Buddhist Flag. Sunday Times,
    29 April 2007.

Posted by ဉာဏ်ဦး

Saturday, August 29, 2015

ထေရ၀ါဒ ဟောဓမ္မ (၄၇)


တေဇောသာရ၊ ဘဒ္ဒန္တ (ချမ်းမြေ့မြိုင်ဆရာတော်)။ အပြေးရပ်သူ နိဗ္ဗာန်ယူ တရားတော်။ ရန်ကုန်၊ ၁၃၆၉။
အဂုင်္လိမာလဇာတ်ကို ကိုးကားလျက် မေတ္တာတရားဖြင့်မြတ်စွာ ဘုရားဆုံးမပုံနှင့် သံသရာတွင် သတ္တဝါတို့အား ပြေးစေခြင်းနှင့် အပြေးရပ်စေခြင်းကို ပြုသည့် အရာများကို ဖေါ်ပြဟောကြား
ထားသည်။
http://goo.gl/UTnKpG
ဓမ္မသာရ၊ ဦး (ဆင်ဖြူကျွန်းဆရာတော်)။ နီဝရဏတရား ၅ ပါး။ ဆင်ဖြူကျွန်း၊ ၁ဝ ဩဂုတ် ၁၉၉ဝ။
နိဗ္ဗာန်အပေါ်ဖုံးအုပ်ထားသော အဖုံးနှစ်ချပ်နှင့် နီဝရဏတရား
ငါးပါးတို့ကို ဥပမာများဖြင့် ရှင်းလင်း ဖေါ်ပြထားသည်။
 http://goo.gl/UtJFM2

အဂ္ဂဉာဏ၊ ဦး။ ဝဋ်သုံးဝနှင့် တရားတော်။ ရန်ကုန်၊ ၁၇ ဩဂုတ် ၂ဝဝ၅။
ပဓါနိယင်္ဂတရားငါးပါး၊ ဝဋ်သုံးပါးနှင့် ဘဝနှစ်မျိုးတို့ကို ရှင်းလင်း
ဟောကြား ထားသည်။ http://goo.gl/xPTlgC


Posted by ဉာဏ်ဦး၊ အေးဆက်

Friday, August 28, 2015

ဓမ္မပဒ ၉၁ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၂ - မဟာကဿ       ပတ္ထေရဝတ္ထု  

ဥယျု ဉ္ဇန္တိ သတီမန္တော၊ န နိကေတေ ရမန္တိ တေ။
ဟံသာဝ ပလ္လလံ ဟိတွာ၊ ဩကမောကံ ဇဟန္တိ တေ။
၉၁။ သတိရှိသော ပုဂ္ဂိုလ်တို့သည် (ဈာန်ဝိပဿ       နာတို့၌) လုံ့လပြု ကြကုန်၏၊ ထိုပုဂ္ဂိုလ်တို့သည် တည်ရာ ကာမဂုဏ်၌ မမွေ့လျော်ကြကုန်၊ ဟင်္သာငှက်တို့သည် (ကျက်စားရာ) ရွှံ့ညွန်အိုင်ကို စွန့်ခွာလျက် ပျံသွားသကဲ့သို့ မှီရာ တဏှာဟူသမျှ
ကို စွန့်၍ သွားကုန်၏။

Posted by ဉာဏ်ဦး

Wednesday, August 26, 2015

ဓမ္မသုတ (၅၄)


တရားထီးကိုဆောင်
 

နေပူ၊ မိုးရွာထဲသို့ သွားသောအခါ ထီးယူသွားသော သူအား နေမပူ၊ မိုးမစိုစေ
အောင် ထီးက စောင့်ရှောက်၏။
တရားကျင့်သူအားလည်း ထိုသူကျင့်သော တရားက အမှန်တကယ် စောင့်ရှောက်

ပေး၏။
တစ်ပါးသူ၏ ထီးက မိမိအား ကာကွယ်စောင့်ရှောက်ခြင်း မပြုသကဲ့သို့ တစ်ပါးသူ
အားထုတ်ထားသော တရားက မိမိအား စောင့်ရှောက်လိမ့်မည် မဟုတ်ချေ။
ဉာဏိဿ       ရ၊ ဒေါက်တာအရှင် (သီတဂူဆရာတော်)။ ကိုယ်ကျင့်တရား တရားတော်။

Posted by အေးဆက်

Tuesday, July 28, 2015

ဓမ္မပဒ ၉ဝ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၁ - ဇီဝကပဥှာဝတ္ထု

ဂတဒ္ဓိနော ဝိသောကဿ      ၊ ဝိပ္ပမုတ္တဿ       သဗ္ဗဓိ။
သဗ္ဗဂန္ထပ္ပဟီနဿ      ၊ ပရိဠာဟော န ဝိဇ္ဇတိ။
၉ဝ။ စိုးရိမ်ကင်းသော အလုံးစုံသော (ခန္ဓာစသည့်)တရားတို့မှ လွတ်မြောက်သော အလုံးစုံအထုံး အဖွဲ့ကိုပယ်ပြီးသော သံသရာ ခရီးသွားပြီးသော (ရဟန္တာ) ပုဂ္ဂိုလ် အား ပူပန်မှု မရှိတော့ချေ။
 

Posted by ဉာဏ်ဦး

Monday, July 27, 2015

ဘဝနေဟန် တရားမှန် (၂၉)


ငှက်နှင့်တူစွ ဝိဇ္ဇာ စရဏ
 

ငှက်များသည် မျက်စိဖြင့် ခရီးလမ်းကြောင်းကို ကြည့်ကာ အတောင်ဖြင့် ပျံသန်း ကြသည်။ ခြေထောက်ဖြင့် ကိုင်တွယ်ခိုနားသည်။ သစ်သီးနှင့် ပန်းမာလ်တို့ကို မူ နှုတ်သီးဖြင့် ခူးဆွတ်၏။ ယင်းအစိတ်အပိုင်းတို့ မပြည့်ုစုံလျှင် ငှက်များသည် ကြာရှည်မရှင်သန်နိုင်ကြ။
 

အလားတူစွာ ဗုဒ္ဓသာသနာတွင် ဝိဇ္ဇာ (အသိ)နှင့် စရဏ (ကောင်းသောအကျင့်) တို့မပြည့်စုံလျှင် မဂ်၊ ဖိုလ်နှင့် နိဗ္ဗာန်တို့၏ အရသာကိုမခံစားနိုင်ပေ။ တစ်ခု
မဟုတ် တစ်ခုချို့တဲ့က မဂ် ဖိုလ် နိဗ္ဗာန်ကို ရနိုင်တော့မည် မဟုတ်ချေ။
 

ငှက်တို့၏ မျက်စိသည် ကံ၏ အကျိုးကို ယုံကြည်ခြင်းနှင့် တူသည်။ မြင့်မြတ်သူ
တို့၏ အသိသည် ငှက်နှုတ်သီးအလား ဖြစ်သည်။ ယင်းတို့သည်ကား ဝိဇ္ဇာ၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ ခြေနှင့် အတောင်တို့မှာ ကောင်းသော အကျင့် (စရဏ)၏ အဖေါ်ဖြစ်သော သီလနှင့် သမာဓိသာလျှင် ဖြစ်တော့သည်။
 

စာကိုးEindaka, Ashin (Nyaung Kan Aye Sayadaw). Fundamentals of Buddhism. 2009.
 

Posted by အေးဆက်

Friday, July 24, 2015

ဓမ္မသာကစ္ဆာ (၃၆)


ကုသိုလ်ပြုက ကောင်းကျိုးရ
တစ်ရံခါဝယ် ဗာရာဏသီပြည်၌ မိသားစုခြောက်ယောက် အတူနေထိုင်လျက် ရှိကြ၏။ ဖခင်၊ မိခင်၊ သမီး၊ သား၊ ချွေးမနှင့် အိမ်ဖေါ်တို့ဖြစ်ကြသည်။ ဖခင်သည် ကျန်ငါးဦးတို့အား ဒါနပြုရန်၊ သီလဆောက်တည်ရန်နှင့် သေခြင်းကို အောက်မေ့ ကြရန် ဩဝါဒပေးထားသည်။ မိမိကိုယ်တိုင်လည်း အလားတူပြုလုပ်၏။ ဘုရား မပွင့် သေးသဖြင့် ဝိပဿ       နာကိုမူ မသိကြ။ တစ်နေ့တွင် သားအဖနှစ်ဦး လယ်
ဆင်း လုပ်ခိုက် သားမှာ မြွေကိုက်ခံရ၍ သေဆုံးလေသည်။ မိသားစုအားလုံး
စုံညီ အလောင်းကို မီးရှို့ကာ ပြာအကျကို စောင့်ရင်း သံဝေဂ ယူနေကြသည်။
သေဆုံး ပြီးနောက် သားမှာ နတ်ပြည်၌ သိကြားမင်း သွားဖြစ်သည်။ လူအသွင် ဖန်ဆင်း၍ မိသားစုများကို သွားရောက်တွေ့ဆုံ၏။

သိကြား 

ဘာကိုမီးရှို့ နေကြတာပါလဲ။
ဖခင်
လူသေလို့ မီးရှို့ နေတာပါ။
သိကြား
လူသေတယ်ဆိုပြီး လုံးဝမျက်နာမပျက်ကြပါလား။ သားကောင်
သတ်ပြီး မီးရှို့ တယ်ဆိုရင် ကျွန်ုပ်စားဖို့  နည်းနည်းမျှပါ။

ဖခင်
သားကောင်မဟုတ်ပါ။ ကျွန်ုပ်ရဲ့ သားပါ။
သိကြား
ဆိုးသွမ်းသူမို့ မျက်ရည်မကျ ကြတာလား။
ဖခင်
အလွန်လိမ္မာတဲ့သားပါ။ အရေခွံဟောင်းကို စွန့်ပစ်သွားတဲ့မြွေလို ကျွန်ုပ်ရဲ့ သား ဟာ သူ့ကံအလျောက် ဘဝသစ်ကို ရောက်သွားပါပြီ။ ကျွန်ုပ်တို့ ငိုနေလည်း သူမသိ၊ အကျိုးမရှိလို့ မျက်ရည်မကျပါ။  
သိကြား
မိခင်ဖြစ်တဲ့ အသင်ကကော ဘာကြောင့်မျက်ရည်မကျတာလဲ။
မိခင်
ကျွန်ုပ်တို့မိသားစုထဲမှာ လာဖြစ်ပါလို့ မခေါ်ဘဲနဲ့ သူလာပါတယ်။ မနှင်ဘဲနဲ့လည်း ထွက်ခွါသွားပြန်ပါတယ်။ လာချင်ရာလာ ပြန်ချင် ရာပြန်တဲ့ သူအတွက် ငိုနေလို့ ဘာအကျိုးမှမရှိပါ။ သူကလည်းဘာမှ သိမှာမဟုတ် တော့ပါ။
သိကြား
အစ်ကိုတစ်ယောက်လုံးသေတာ ညီမက ဘာကြောင့် မျက်ရည်မကျ တာလဲ။
ညီမ
အလွန်အားကိုးရတဲ့ အစ်ကိုပါ။ ဒါပေမယ့် တမ်းတငိုကြွေးလိုက်ရင် ကိုယ်ပဲခေါင်းခဲပြီး နုံးချိသွားမှာပါ။ ရန်သူရှိခဲ့ရင်လည်း ဒီလိုကျွန်ုပ် ဆင်းရဲပင်ပန်းတာမြင်ရင် ကျေနပ်ကြပါလိမ့်မယ်။ ငိုကြွေးနေ
တာတွေ့ 
တဲ့ ဆွေမျိုးတွေကျတော့ စိတ်မကောင်းဖြစ်ကြမှာပါ။ အစ်ကိုက ပြန် လည်းမလာ၊ သိလည်းသိမှာ မဟုတ်ပါ။
သိကြား
ဇနီးဖြစ်ပါလျက် မျက်ရည်မကျတာ အံ့ဩစရာပဲ။
ဇနီး
မိုးပေါ်က လကို အသိဉာဏ်မရှိတဲ့ ကလေးကသာ ယူခိုင်းမှာဖြစ် ပါတယ်။ အသိဉာဏ်ရှိသူအနေနဲ့ ပြန်မလာနိုင်တော့တဲ့ သူအတွက် ငိုနေလို့ အကျိုး မရှိပါ။
သိကြား
သင်အိမ်ဖေါ်သူငယ်မကကော ဘာကြောင့်မငိုတာလဲ။
အိမ်ဖေါ်
ကွဲသွားတဲ့ အိုးဟာ ပြန်ကောင်းလာစရာ အကြောင်းမရှိပါ။
သေ
သွားတဲ့ သူဟာလည်း ပြန်လာမှာမဟုတ်သလို ငိုတာ
လည်း သိမှာမဟုတ်ပါ။ အကျိုးမှမရှိတာ ဘာကြောင့်
ငိုရမှာလဲ။
သိကြား
ကောင်းပါပြီ။ ကျွန်ုပ်ဟာ သေလွန်သွားတဲ့သူ ဖြစ်ပါတယ်။
ခုသိကြားမင်း စည်းစိမ်ကို ခံစားနေရပါပြီ။ ကောင်းမှုပြုခြင်းဟာ အကျိုးများကြောင်း ကိုယ်တွေ့ ဖြစ်တဲ့အတွက် နဂိုကျင့်မြဲ
တရားများကို ဆက်လက် ကျင့်ကြံ ကြဖို့  မှာကြားလိုပါတယ်။

စာကိုးနရပတိ၊ ဦး။ အသက်သေသော်လည်း မျက်ရည်မကျစတမ်း တရားတော်။
 

Posted by အေးဆက်

Thursday, July 23, 2015

ထေရဝါဒ ဟောဓမ္မ (၄၆)


ကောဝိဒ၊ ဒေါက်တာအရှင် (မဇ္ဈိမဂုဏ်ရည်)။ သတိစွမ်းအား။ အင်းစိန်၊ ၆ ဒီဇင်ဘာ ၂ဝဝ၉။
လူတို့သည် မည်သည်ကို မည်မျှ ကြာအောင်မေ့လျော့၍ နေကြ
ပါသနည်း၊ ကပ်ကြီးသုံးပါး ဖြစ်ရခြင်းအကြောင်းရင်း၊ သတိရှိခြင်းနှင့်
မေ့လျော့ခြင်းတို့၏ ရလဒ်တို့ကို ဖော်ပြဟောကြားထားသည်။
http://goo.gl/7eyKpn
ရေဝတ၊ အရှင် (မူလကသစ်ဝိုင်)။ ဝိပဿနာအလုပ်ပေး ၃၊ သမထတရား (၃) (၄)။ [ခုနှစ်မပါ]
မနောကံ (၇) ပါး၊ အပ္ပနာသမာဓိနှင့် ဥပစာရသမာဓိ၊ ဘုရားရှိခိုးနည်း
(၃)မျိုး၊ မနောကံအသစ်ကို သမထနှင့် ဖိနှိပ်နည်း၊ သမထနှင့် ဝိပဿ      
နာတွဲကာ နိဗ္ဗာန်ရရန် နည်းလမ်း၊ မဂ်သစ္စာလေးချက်နှင့် ကိလေသာ၏ သဘာဝတို့ပါရှိ၏။ http://goo.gl/VkEddR; http://goo.gl/4sr0pQ
သီလာနန္ဒာဘိဝံသ၊ အရှင်။ တရားရတနာတရားတော်။ USA, ၂၁ ဇူလိုင် ၁၉၉၁။
ဓမ္မ၏ အဓိပ္ပါယ်၊ တရားဟူသည်၊ တရားသည် မည်သူ့ကို မည်သို့
ဆောင်ထားကြောင်း၊ တရားဂုဏ်တော် (၆) ပါး၊ ဓမ္မသည် အဘယ်
ကြောင့် ကိုးကွယ်ရာဖြစ်ကြောင်းစသည် တို့ကို ဖော်ပြဟောကြား
ထားသည်။ http://goo.gl/3VlLP1  
Posted by ဉာဏ်ဦး၊ အေးဆက်

Wednesday, July 8, 2015

ဓမ္မသုတ (၅၃)

မွေးနေ့ကုသိုလ်

မွေးနေ့ကုသိုလ်ပြုရင် အချိန်ရှိတိုင်းပြုရမယ်။
တရားသဘောအရ အချိန်ရှိတိုင်း (ဖြစ် ပျက်မှု) မွေး သေနေကြတာပဲမဟုတ်လား။
ဇနကာဘိဝံသ၊ အရှင် (မဟာဂန္ဓာရုံဆရာတော်)။ အဆိုအမိန့်များ။ ၁၉၉၈။
 

Posted by အေးဆက်

Sunday, June 28, 2015

ဓမ္မပဒ ၈၇-၈၉ [ခုဒ္ဒကနိကာယ်]


၆ - ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၁၁ - ပဉ္စသတအာဂန္တုကဘိက္ခုဝတ္ထု

ကဏှံ ဓမ္မံ ဝိပ္ပဟာယ၊ သုက္ကံ ဘာဝေထ ပဏ္ဍိတော။
ဩကာ အနောကမာဂမ္မ၊ ဝိဝေကေ ယတ္ထ ဒူရမံ။
တတြာဘိရတိမိစ္ဆေယျ၊ ဟိတွာ ကာမေ အကိဉ္စနော။
ပရိယောဒပေယျ အတ္တာနံ၊ စိတ္တက္လေသေဟိ ပဏ္ဍိတော။
ယေသံ သမ္ဗောဓိယင်္ဂေသု၊ သမ္မာ စိတ္တ သုဘာဝိတံ။
အာဒါနပဋိနိဿဂ္ဂေ၊ အနုပါဒါယ ယေ ရတာ။
ခီဏာသဝါ ဇုတိမန္တော၊ တေ လောကေ ပရိနိဗ္ဗုတာ။
 

၈၇။ ပညာရှိသည် မည်းညစ်သော (အကုသိုလ်) တရားကို ပယ်စွန့်၍ တဏှာ တည်းဟူသော တည်ရာမှ (ထွက်ကာ) တဏှာကင်းရာ နိဗ္ဗာန်ကို အာရုံပြု လျက် ဖြူစင်သော ကုသိုလ်ကို ပွါးများရာ၏။
၈၈။ ပညာရှိသည် ကာမတို့ကို စွန့်၍ စိုးရိမ်ခြင်းမရှိဘဲ မွေ့လျော်နိုင်ခဲသော ဝိဝေကသုံးပါး၌ အလွန်မွေ့လျော်ခြင်းကို အလိုရှိရာ၏။ စိတ်ညစ်ညူးကြောင်း နီဝရဏတို့မှ မိမိကိုယ်ကို ဖြူစင်စေရာ၏။
၈၉။ အကြင်ပုဂ္ဂိုလ်တို့သည် ဗောဇ္ဈင်တရားတို့၌ စိတ်ကို ကောင်းစွာ ပွါးများအပ်၏။
မစွဲလမ်းမူ၍ ဥပါဒါန်ကို စွန့်လွှတ်ရာ (နိဗ္ဗာန်)၌ မွေ့လျော်ကုန်၏။ လောက၌ အာသဝေါ ကုန်ပြီးသော ကြီးသောတန်ခိုးရှိကုန်သော ထိုပုဂ္ဂိုလ်တို့သည် (နိဗ္ဗာန်ဓာတ်ဖြင့်) ငြိမ်းကုန်၏။

Posted by ဉာဏ်ဦး

Saturday, June 27, 2015

ဘဝနေဟန် တရားမှန် (၂၈)


ကိုယ်တွင်းက ဝံပုလွေနှစ်ကောင်
အဘိုးဖြစ်သူသည် မြေးငယ်အား ဘဝအကြောင်း သင်ကြားပေးလျက်ရှိ၏။
“အဘိုးရဲ့ ကိုယ်ထဲမှာ ရန်ပွဲဖြစ်နေတယ်ကွယ့်မြေးရဲ့ ၊ ဝံပုလွေနှစ်ကောင်ဖြစ်နေတဲ့ ဆိုးဝါးတဲ့ ရန်ပွဲပါပဲ။
 

တစ်ကောင်က အဆိုး_ သူက ဒေါသ၊ မနာလိုမှု၊ သောက၊ နောင်တ၊ လောဘ၊ အနိုင်ယူလိုခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အပြစ်ရှိခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ ပျင်းရိခြင်း၊ သိမ်ငယ်ခြင်း၊ လိမ်လည်ခြင်း၊ တစ်လွဲမာနထားခြင်း၊ ဘဝင်မြင့်ခြင်း
နှင့်အတ္တဆန်ခြင်းတို့ ဖြစ်တယ်။
 

နောက်တစ်ကောင်က အကောင်း_ သူက ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်း၊
မျှော်လင့်ခြင်း၊ တည်ငြိမ်ခြင်း၊ နှိမ့်ချသော စိတ်ထားရှိုခြင်း၊ကြင်နာတတ်ခြင်း၊
စေတနာသဒ္ဓါတရားရှိခြင်း၊ ဥပေက္ခာ ပြု ခြင်း၊ ရက်ရောခြင်း၊ မှန်ကန်ခြင်း၊ ဉာဏ်ပညာရှိခြင်း၊ သနားကရုဏာထားတတ်ခြင်းနှင့် ယုံကြည်ကိုးစားခြင်း တို့ ဖြစ်တယ်။ ဒီလိုရန်ပွဲမျိုးဟာ ငါ့မြေးရဲ့ ကိုယ်တွင်းမှာဖြစ်နေတတ်သလို လူတိုင်းမှာလည်း ဖြစ်နေတတ်ကြတယ်။"
 

မြေးငယ်သည် ခေတ္တခဏ စဉ်းစားနေပြီးနောက် အဘိုးအား မေးမြန်းသည်မှာ
“ဘယ်ဝံပုလွေက အနိုင်ရမှာလဲ"
အဘိုးဖြစ်သူက ရိုးရှင်းစွာပင်ပြန်ဖြေလိုက်သည်။
“ကိုယ် အစာကျွေးတဲ့ အကောင်က အနိုင်ရလိမ့်မယ်"

 
Reference: Dhammakamo Bhikkhu. Garden of Mangala. 2014.

Posted by  အေးဆက်

Friday, June 26, 2015

ဓမ္မသာကစ္ဆာ (၃၅)


ကြောက်စရာတဏှာ
တစ်နေ့သော် မထင်ရှားသော နတ်သားတစ်ပါးသည် မြတ်စွာဘုရားထံမှောက်
ရောက်ရှိလာကာ သိလိုသည်ကို မေးမြန်းလေသည်။
နတ်သား

လောကကြီးကို ဘယ်သူဖန်ဆင်းထားပါသလဲဘုရား။
ဘုရား
တဏှာ ဆိုတဲ့ လိုချင်စိတ်၊ ကြိုက်စိတ်နဲ့ ဖန်ဆင်းထားတာ ဖြစ်တယ်။
နတ်သား
ဘာနဲ့ ဆွဲနှိမ်ထားတာပါလဲဘုရား။
ဘုရား
တဏှာနဲ့ ဖန်တီးထားတဲ့ လောကကို တဏှာကပဲ ဆွဲနှိမ်ထားတာ
ဖြစ်တယ်။

နတ်သား
ရှိနေတဲ့ လောကကြီးမှာ ရှိနေသမျှတွေဟာ ဘယ်သူ့အလိုကို လိုက်ပြီး လုပ်နေရပါသလဲဘုရား။
ဘုရား
အားလုံးဟာ တဏှာအလိုကို လိုက်လုပ်နေရတာပဲဖြစ်တယ်။
နတ်သား
တဏှာဟာ ကြောက်စရာကောင်းလှပါလားဘုရား။
ဘုရား
မှန်ပေတယ်။ ဒါကြောင့် တဏှာကင်းအောင် ကြိုးစားပေတော့ အမောင်နတ်သား။
စာကိုး။ ဉေယျဓမ္မသာမိ၊ အရှင် (မဟာဗောဓိမြိုင်ဆရာတော်)။ ဘုံသုံးဆယ့်တစ် တရားတော်။ 

Posted by အေးဆက်

Thursday, June 25, 2015

ထေရဝါဒ ဟောဓမ္မ (၄၅)


စန္ဒသာရ၊ အရှင် (ကျောင်းကုန်းဆရာတော်)။ လှတယ်ဆိုတာ ဘယ်မှာလဲ။ ထားဝယ်၊ ၂၉ စက်တင်ဘာ ၂ဝဝ၉။
ပြုပြင်ခြင်းနှစ်မျိုး၊ ခန္ဓာတွင်လှသည်ဟူ၍ ရှာမရပုံတို့ကို ရှင်းလင်း
ဟော
ကြား ထားသည်။ http://goo.gl/oMIdHY
တေဇောသာရ၊ အရှင် (ချင်းတောင်တန်းသာသနာပြု)။ သီလပေး။ ရန်ကုန်၊ ၂ ဩဂုတ် ၂ဝ၁၂။
သီလယူခြင်းရှင်းတမ်းကို ဖေါ်ပြရာတွင်_ သြကာသနှင့် ကန်တော့ခြင်း၏ ရည်ရွယ်ချက်၊ သီလတောင်းခြင်း၊ ဘုရားရှိခိုခြင်း၊ သရဏဂုံဆောက်တည်ခြင်း တို့ပါရှိသည်။ ထို့ပြင် တရားရတနာနှင့် သံဃာရတနာတို့ စတင်ဖြစ်ပေါ်သောနေ့များ၊ ခံယူထားသော သီလကို မကျိုး၊ မပေါက်၊ မပြောက်၊ မကျားအောင် စောင့်ထိန်းရန် တိုက်တွန်းချက်တို့ကိုလည်းဟောကြားထားသည်။ http://goo.gl/1tO7Qz 
 သောဘဏ၊ အရှင် (ရွှေမြင်းမိုရ်ဆရာတော်)။ ယခုနောင်ခါ ချမ်းသာရေး။ ရန်ကုန်၊ ၂၅ ဇန္နဝါရီ ၂ဝဝ၄။
သမ္ပဒါလေးပါး၊ ပျက်စီးကြောင်းတရားလေးပါး၊ ပစ္စုပ္ပန်ကြီးပွားချမ်းသာ
ကြောင်းလေးပါး၊ တမလွန်ဘဝအေးငြိမ်းကြောင်း တရားလေးပါး၊ စိတ်တစ်ဆယ့်သုံးမျိုး၊ ကြားစိတ်ကို ရှုခြင်းနှင့်ဒေါသ စိတ်ကို ရှုနည်း တို့ကို ဖေါ်ပြဟောကြားထားသည်။ https://goo.gl/q7EQRM

 Posted by ဉာဏ်ဦး၊  အေးဆက်

Monday, June 22, 2015

ဓမ္မသုတ (၅၂)


ခိုင်မြဲကုသိုလ်ရလိုပါမူ
။ မည်သည့်ကောင်းမှုကိုမဆို နိဗ္ဗာန်ကို ဆုတောင်း၍သာပြုပါ။
။ မိမိ သူတစ်ပါး မထိပါးမပုတ်ခတ်ဘဲနှင့် လှူဒါန်းပါ။
။ ထာဝရဒါန (၆)မျိုး၊ နိဗဒ္ဓကုသိုလ် (၇)မျိုး သို့မဟုတ် မိမိအား
     သန်ရာ ကုသိုလ်တစ်ခုခုကို စွဲစွဲမြဲမြဲပြုလုပ်ပါ။
။ မိမိပြုသော ကုသိုလ်၏ အကျိုးဆက်ကောင်းကျိုးချမ်းသာများကို
     မည်သူမျိုးကမှ နှောက်ယှက်ဖျက်ဆီး၍ မရစေကြောင်းဆုတောင်းပါ။
။ မြတ်စွာဘုရား၏ အဆုံးအမသာသနာတော် တည်တံ့ခိုင်မြဲစေလို
     သော ရည်ရွယ်ချက်ဖြင့် ကုသိုလ်ပြုပါ။
။ မည်သည့် ကုသိုလ်ကောင်းမှုကိုမဆို ခိုင်မြဲသော စိတ်ထားနှင့်သာ
     အမြန်ဆုံး၊ အကောင်းဆုံးဖြစ်အောင်ပြုပါ။
ဆောင်ပုဒ်။ နိဗ္ဗာန်ညွတ်တွား၊ မထိပါးနှင့်၊ ခိုင်ငြားကုသိုလ်၊ ခိုင်ဆုဆို၍၊ ခိုင်လိုတရား၊ ခိုင်စိတ်ထားသည်၊ ခြောက်ပါးခိုင်ထက် ခိုင်ရန်တည်း။
ဆန္ဒာဓိက၊ အရှင် (ရွှေပါရမီတောရ)။ ခိုင်မှခိုင်။ ၂၀၀၈။

Posted by အေးဆက်

Monday, May 25, 2015

ဓမ္မသုတ (၅၁)


နိဗ္ဗာန်တူသော- ဘောဇဉ်

ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့အား အသက်ကို ဆောင်ထား သကဲ့သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သူတို့အား အိုခြင်း၊
သေခြင်း၊ ပျက်စီးခြင်းမှ အသက်ကို ဆောင်ထားတတ်၏။
ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့အား အားကို တိုးပွားစေသကဲ့ သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့အား တန်ခိုးအားကို တိုးပွားစေ၏။
ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့အား အဆင်းကို ဖြစ်စေသကဲ့ သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့အား ဂုဏ်တည်းဟူသော အဆင်းကို ဖြစ်စေ၏။
ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့၏ ပူပန်ခြင်းကို ငြိမ်းစေသကဲ့ သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့၏ ကိလေသာတည်းဟူသော ပူပန်မှု အားလုံးကို ငြိမ်းစေတတ်၏။
ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့၏ ငတ်မွတ်ခြင်း၊ အားနည်း 
ခြင်းကို ပယ်ဖျောက်သကဲ့သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့၏ အလုံးစုံသော ဆင်းရဲတည်းဟူသော ဆာလောင် အားနည်းမှုကို ပယ်ဖျောက်တတ်၏။
စာကိုး။ မိလိန္ဒပဉှာပါဠိတော်၊ ဝေဿ        န္တရဝဂ်၊ နိဗ္ဗာနရူပသဏ္ဍာနပဉှာ။

Posted by  အေးဆက်

Saturday, May 23, 2015

ဓမ္မပဒ ၈၅-၈၆ [ခုဒ္ဒကနိကာယ်]


၆ - ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၁ဝ - ဓမ္မဿ       ဝနတ္ထေရဝတ္ထု

အပ္ပကာ တေ မနုေဿ       သု၊ ယေ ဇနာ ပါရဂါမိနော။
အထာယံ ဣတရာ ပဇာ၊ တီရမေဝါနုဓာဝတိ။
ယေ စ ခေါ သမ္မဒက္ခာတေ၊ ဓမ္မေ ဓမ္မာနုဝတ္တိနာ။
တေ ဇနာ ပါရမေဿ        န္တိ မစ္စုဓေယျံ သုဒုတ္တရံ။
၈၅။ လူအပေါင်းတို့တွင် ထိုမှာဖက်စွန်း နိဗ္ဗာန်ကျွန်းသို့ ကူးမြောက်သော လူတို့သည် နည်းပါးကုန်၏။ နိဗ္ဗာန်ကူး မြောက်သူမှတစ်ပါး ကြွင်းလူများ သည် (သက္ကာယဒိဋ္ဌိတည်းဟူသော) ဤမှာဖက်ကမ်း၌သာလျှင် ခေါက် တုံ့ခေါက်ပြန် ပြေးသွားနေ၏။
၈၆။ ကောင်းစွာ ဟောအပ်သော တရားတို့ကို တရားအားလျော်စွာ ကျင့်ကြံကုန်သော သူတို့သည် ကူးမြောက်နိုင်ခဲသော သေမင်းနေရာ သံသရာကို (ကူးမြောက်၍) နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့
ရောက်ကုန်လတ္တံ့။

Posted by ဉာဏ်ဦး

Thursday, May 21, 2015

ဓမ္မပဒ ၈၄ [ခုဒ္ဒကနိကာယ်]


၆ - ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၉ - ဓမ္မိကတ္ထေရဝတ္ထု

န အတ္တဟေတု န ပရဿ        ဟေတု၊
န ပုတ္တမိစ္ဆေ န ဓနံ န ရဋ္ဌံ။
န ဣစ္ဆေယျ အဓမ္မေန သမိဒ ̈ိမတ္တနော၊
သ သီလဝါ ပညဝါ ဓမ္မိကော သိယာ။
၈၄။ ပညာရှိမည်သည် မိမိအကြောင်းကြောင့် ဖြစ်စေ၊ သူတစ်ပါးအကြောင်း
ကြောင့် ဖြစ်စေ (မကောင်းမှုကို မပြု၊) မကောင်းမှုဖြင့် သားသမီး ဥစ္စာ တိုင်းပြည်ကို အလိုမရှိရာ၊ မတရားမှုဖြင့် မိမိ၏ ပြည့်စုံမှုကို အလိုမရှိရာ၊ ထိုသို့ သဘောရှိသော ပုဂ္ဂို လ်မျိုးသည် သီလရှိသူ ပညာရှိသူ တရားရှိသူ
ဖြစ်၏။
 

Posted by ဉာဏ်ဦး

Thursday, May 14, 2015

ဘဝနေဟန် တရားမှန် (၂၇)


အမျှ အတန်းဝေခြင်း (ပတ္တိဒါန)

မိမိရအပ်ပြီးသော ကုသိုလ်အဖို့ကို သူတစ်ပါးတို့အား မိမိနှင့် ထပ်တူ အကျိုးရစေရန် အမျှ အတန်းပေးဝေခြင်းသည် ပတ္တိဒါနမည်၏။
ကုသိုလ်အဖို့ကို အမျှ အတန်းပေးဝေလိုက်၍ မိမိကုသိုလ်အဖို့
လျော့နည်းမသွားသည့်အပြင် အခြားသူများပါ မိမိကုသိုလ်၏
အကျိုးကို ရရှိနိုင်သည်။
ထို့ကြောင့် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ စေတနာသုံးတန် 
ပြဌာန်းကာ ကုသိုလ်ကောင်းမှု ပြုလုပ်ပြီးတိုင်း အမျှ အတန်း ပေးဝေ အပ်ပေ၏။   

စာကိုး။ ဗုဒ္ဓဒေသနာတော်ဝေါဟာရအဘိဓာန်။ ရန်ကုန်၊ သာသနာရေး ဦးစီးဌာန၊ ၁၉၉၆။

Posted by အေးဆက်

Tuesday, May 12, 2015

ဓမ္မသာကစ္ဆာ (၃၄)


အင်ကြင်းတောကို အလှဆင်ခြင်း

တစ်ရံခါသော် ဂေါတမဘုရားရှင်၏ သာသနာ၌ ထိပ်တန်းရောက် ဧတဒဂ်ရ သူတော်စင်မထေရ်မြတ်ကြီး ခြောက်ပါးသည် အင်ကြင်းတောတွင် ရောက်
ရှိလျက်နေကြသည်။ သာယာလှပသော သဘာဝတရားကို ကြည့်ရှုနေ ရင်းမှ ပညာအရာ၌ အကြီးမြတ်ဆုံးဖြစ်သည့် အရှင်သာရိပုတ္တရာ မထေရ်မြတ် ကြီးက စတင်၍ မေးခွန်းထုတ်လိုက်လေသည်။

အရှင်သာရိပုတ္တရာ

ငါ့ရှင်အာနန္ဒာ၊ ဒီမျှလှပတင့်တယ်ပြီး ပင်လုံးကျွတ်ပွင့်နေတဲ့ အင်ကြင်းတောကြီးကို ပိုမိုကျက်သရေ မင်္ဂလာအပေါင်း ခညောင်းလာစေအောင် အဘယ်သို့ ပြုလုပ်ရရင် ကောင်းပါ မလဲ။
အရှင်အာနန္ဒာ
အရှင်ဘုရား၊ အစ အလယ် အဆုံး သုံးပါးလုံး၏ ကောင်းခြင်းနဲ့
ပြည့်စုံတဲ့ တရားတော်တို့ကို ဟောပြောနာကြားကြကာ ဝိပဿ       နာဘာဝနာကို အားထုတ်နေကြမယ်ဆိုရင် လှပတင့်တယ်
ပျော်မွေ့ဖွယ်ဖြစ်တဲ့ ဒီအင်ကြင်းတောကြီးဟာ ပိုလို့သာ ကျက်သရေ မင်္ဂလာကို ဆောင်ဖွယ်ဖြစ်ပါတယ်ဘုရား။
အရှင်ရေဝတ
အရှင်ဘုရား၊ သမထကို အားထုတ်ကာ ဈာန်ဝင်စားပြီး ဝိပဿ နာဘာဝနာကို ကြိုးစားအားထုတ် နေကြပါက ဒီအင်ကြင်းတော
ကြီးဟာ ပိုမိုတင့်တယ် မင်္ဂလာရှိဖွယ် ဖြစ်ပါတယ်ဘုရား။
အရှင်အနုရုဒ္ဓါ
ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် သတ္တဝါအနန္တရဲ့ဆင်းရဲဒုက္ခကို ခွဲခြမ်း
စိတ်ဖြာ ကြည့်ရှုကာ သံဝေဂဖြင့် ဝိပဿ       နာကို ပွားများရရင် ဒီအင်ကြင်းတော ကြီးကို ပိုမိုလို့သာ အလှဆင်သလို ဖြစ်ပါ
လိမ့်မယ်ဘုရား။
အရှင်မောဂ္ဂလာန်
ဒီအင်ကြင်းတောကြီးမှာ အဘိဓမ္မာတရားကို ဆွေးနွေးမေးမြန်း
ဖြေဆိုကြကာ ဝိပဿ       နာကို ကြိုးစားအားထုတ်ကြပါမူ  ပိုမို တင့်တယ်မွေ့ လျော်ဖွယ်ဖြစ်ပါတယ်ဘုရား။
အရှင်မဟာကဿ       ပ
ဓုတင်ကိုဆောင်လျက် ဝိပဿ       နာဘာဝနာ အားထုတ်ကြပါက ဒီအင်ကြင်းတောကြီးဟာ သာလွန် တင့်တယ်မှာ ဖြစ်ပါတယ်
ဘုရား။
နောက်ဆုံးတွင် အားလုံးက အရှင်သာရိပုတ္တရာ၏ အမြင်ကို ပြန်လည်
မေးမြန်းကြလေသည်။
 

ရှင်သာရိပုတ္တရာ
စိတ်ရဲ့ အလိုကိုမလိုက်ဘဲ သီလ၊ သမာဓိတည်လျက် ဝိပဿ        နာ ဘာဝနာကို အားထုတ်ရရင် ဒီအင်ကြင်းတောကြီးဟာ သာလို့ပင် တင့်တယ်မွေ့ လျော်ဖွယ်ဖြစ်ပေမယ် အရှင်ဘုရား တို့။
ထို့နောက် လောကသားအားလုံး၏ တစ်ဆူတည်းသော ဆရာဖြစ်တော် မူသည့် မြတ်စွာဘုရား၏ အဆုံးအဖြတ်ကို နာကြားကြရန် ချဉ်းကပ်ခဲ့ ကြလေသည်။
 

မြတ်စွာဘုရား
ချစ်သားတို့၊ သင်တို့ထင်မြင်ကြသည့်အတိုင်းလည်း ကောင်းလှ
ပါပေတယ်။ ငါဘုရားရဲ့ အလိုကား အကြင်ရဟန်းသည် ဆွမ်း
စားပြီး သည့်အခါ တစ်နေရာရာမှာ တင်ပျဉ်ဖွဲ့ ခွေကာ ငါတရား အားထုတ်အံ့၊ အာသဝေါမကုန်ရင် ဒီနေရာကမထတော့လို့
ဝိပဿ       နာတရားကို အားထုတ်ပြီး နေကြခြင်းသည် ဒီပင်လုံး
ကျွတ်ပွင့်ကာ နေသည့် အင်ကြင်းတောကို ပိုလွန်လှပ တင့် တယ်မွေ့လျော်ဖွယ် ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံစေ
မှာ ဖြစ်
ပေတယ်။
မထေရ်မြတ်များ
သာဓု သာဓု သာဓုပါဘုရား။
စာကိုး။  မြသန်းစံ။ စကားလုံးမပါသော စကားဖြင့် သက်သေပြခဲ့ခြင်း သို့မဟုတ်...။ သံဃာဂုဏ်ကျေးဇူး ဆိုင်ရာ ဓမ္မဆောင်းပါးအစု။ ၂၀၀၆။
 

Posted by အေးဆက်

ထေရဝါဒ ဟောဓမ္မ (၄၄)


ဇနိတာလင်္ကာရ၊ ဘဒ္ဒန္တ။ အကောင်းဆုံးလမ်းက သွားကြပါ။ ရန်ကုန်၊ ၁ ဩဂုတ် ၂ဝဝ၈။
လမ်းသုံးသွယ် နှင့် ယင်းတို့၏ လမ်းဆုံး (ကံ၊ ဈာန် နှင့် ဉာဏ် လမ်းများ)၊ ပုဂ္ဂိုလ်လေးမျိုး၊ သုသိမသုတ္တန်၊ အနတ္တလက္ခဏ သုတ္တန် နှင့် ဓမ္မစကြာလာ ဉာဏ်စဉ်များ၊ စူဠရာဟုလောဝါဒ သုတ္တန်တို့ပါရှိ၏။ http://goo.gl/Ca2FnX
ဉေယျဓမ္မသာမိ၊ ဝနဝါသီအရှင် (မဟာဗောဓိမြိုင် ဆရာတော်)။ သင်္ခါရ နှင့် အသင်္ခါရ။ ၃ ဇူလိုင် ၁၉၉၇။
သတ္တဝါတို့နယ်မြေနှစ်ခု (သင်္ခါရ နှင့် အသင်္ခါရ)၊ သင်္ခါရလေးမျိုး၊ အကုသိုလ်ကံဆိုးတစ်ခု နှင့် ကုသိုလ်သုံးခု (ကံကုသိုလ်၊ ဈာန်ကုသိုလ် နှင့် ဉာဏ်ကုသိုလ်)၊ အသင်္ခါရဟူသည်၊ သတိ၏
အရေးပါမှု စသည်တို့ကို ရှင်းလင်းဟောကြားထားသည်။
http://goo.gl/wUrVxS
ဓမ္မသာရ၊ ဦး (ဆင်ဖြူ ကျွန်း ဆရာတော်)။ ကောသမ္ဘီသုတ်တရားတော်။ ဆင်ဖြူ ကျွန်း၊ ၉ ဩဂုတ် ၁၉၉ဝ။
မဂ်တုဆယ်ပါးဖြစ်သော သြဘာသ၊ ဉာဏ၊ ပီတိ၊ ပဿ       ဒ္ဓိ၊ သုခ၊ အဓိမောက္ခ၊ ပဂ္ဂဟ၊ ဥပဋ္ဌာန၊ ဥပေက္ခာ နှင့် နိကန္တိတို့နှင့်အတူ၊
သောတာပန်၏ အင်္ဂါခုနစ်ပါးတို့ကို ဖော်ပြဟောကြားထား သည်။
http://goo.gl/6LqzIE
Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, April 25, 2015

ဓမ္မသုတ (၅ဝ)


နိဗ္ဗာန်သည်လျှင်- ဆေးအသွင်
ဆေးသည် အဆိပ်ဖြင့် နှိပ်စက်ခြင်း ခံရကုန်သော သတ္တဝါတို့၏ ကိုးကွယ်ရာ ဖြစ်သကဲ့သို့ နိဗ္ဗာန်သည် ကိလေသာ အဆိပ်ဖြင့် နှိပ်စက်
ခြင်း ခံရသော သတ္တဝါတို့၏ ကိုးကွယ်ရာဖြစ်၏။
ဆေးသည် အနာရောဂါတို့၏ အဆုံးကို ပြုတတ်သကဲ့သို့ နိဗ္ဗာန်သည် အလုံးစုံသော ဝဋ်ဆင်းရဲတို၏ အဆုံးကို ပြုတတ်၏။
ဆေးသည် အသက်ကို မသေစေနိုင်သကဲ့သို့ နိဗ္ဗာန်သည် မသေစေနိုင်။

နိဗ္ဗာန်တူစွာ- မဟာသမုဒ္ဒရာ
မဟာသမုဒ္ဒရာသည် အလုံးစုံသော အကောင်ပုပ်တို့မှ ဆိတ်သုဉ်းသကဲ့ သို့ နိဗ္ဗာန်သည် အလုံးစုံသော ကိလေသာ အပုပ်တို့မှ ဆိတ်သုဉ်း၏။
မဟာသမုဒ္ဒရာသည် ကြီးကျယ်၏။ ထိုမှာဖက်ကမ်းမရှိ၊ အလုံးစုံသော
မြစ်တို့ဖြင့် စီးဝင်သော်လည်း မပြည့် နိုင်သကဲ့သို့ နိဗ္ဗာန်သည် ကြီးကျယ်၏။ ထိုမှာဖက်ကမ်းမရှိ။ အလုံးစုံသော သတ္တဝါတို့ဖြင့် မပြည့်နိုင်။
မဟာသမုဒ္ဒရာသည် ကြီးကုန်သော သတ္တဝါတို့၏ နေရာဖြစ်သကဲ့သို့ နိဗ္ဗာန်သည် ကြီးမြတ်ကုန်သော၊ အညစ်အကြေးကင်းကုန်ပြီးသော၊ အာသဝေါကုန်ပြီးသော၊ အရဟတ္တဖိုလ်တည်းဟူသော အားအစွမ်းသို့
ရောက်ပြီးကုန်သော ရဟန္တာတို့၏ နေရာဖြစ်သည်။
မဟာသမုဒ္ဒရာသည် မနှိုင်းရှည့်အပ်သော၊ အထူးထူး အပြားပြားပြန့်ပြော
သော လှိုင်းတံပိုးတို့ဖြင့် ပြွမ်းသကဲ့သို့ နိဗ္ဗာန်သည် မနှိုင်းရှည့်အပ်သော၊ အထူးထူး အပြားပြား ပြန့်ပြောသော၊ အညစ်အကြေးမရှိ စင်ကြယ်သော အသိဉာဏ် "ဝိဇ္ဇာ"၊ လွတ်မြောက်မှု "ဝိမုတ္တိ" ပန်းတို့ဖြင့် ပြွမ်း၏။
စာကိုး။ မိလိန္ဒပဉှာပါဠိတော်၊ ဝေဿ      န္တရဝဂ်၊ နိဗ္ဗာနရူပသဏ္ဍာနပဉှာ။
 

Posted by အေးဆက်

Thursday, April 23, 2015

ဓမ္မပဒ ၈၃ [ခုဒ္ဒကနိကာယ်]


၆ - ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၈ - ပဉ္စသတဘိက္ခုဝတ္ထု

သဗ္ဗတ္ထ ဝေ သပ္ပုရိသာ စဇန္တိ၊ န ကာမကာမာ လပယန္တိ သန္တော။
သုခေန ဖုဋ္ဌာ အထ ဝါ ဒုခေန၊ န ဥစ္စာဝစံ ပဏ္ဍိတာ ဒဿ       ယန္တိ။
၈၃။ သူတော်ကောင်းတို့သည် (ခန္ဓာငါးပါးစသော) သဘောတရား အားလုံးတို့၌ (တပ်မက်မောမှုကို) စင်စစ် စွန့်လွှတ်ကုန်၏။ သူတော်ကောင်းတို့သည် ကာမတို့ကို အလိုရှိကုန်သည် ဖြစ်၍ မပြောဆိုကုန်။ ပညာရှိတို့သည် ချမ်းသာ ဆင်းရဲနှင့် တွေ့စေကာမူ ဝမ်းမြောက်ခြင်း နှလုံးမသာခြင်း သဘောကို မဖော်ပြ ကြကုန်။
 

Posted by ဉာဏ်ဦး

Monday, April 20, 2015

ဓမ္မပဒ ၈၂ [ခုဒ္ဒကနိကာယ်]


၆ - ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၇ - ကာဏမာတာဝတ္ထု

ယထာပိ ရဟဒေါ ဂ မ္ဘီရော၊ ဝိပ္ပသန္နော အနာဝိလော။
ဧဝံ ဓမ္မာနိ သုတွာန၊ ဝိပ္ပသီဒန္တိ ပဏ္ဍိတာ။
၈၂။ နက်လှစွာသော သမုဒ္ဒရာသည် နောက်ကျု ခြင်းမရှိ အထူးကြည် လင်ဘိသကဲ့သို့ ပညာရှိတို့သည် မြတ်စွာဘုရားဟောကြားအပ်သော တရားတို့ကို ကြားနာရ၍ အထူးကြည်လင်ကုန်၏။
 

Posted by ဉာဏ်ဦး

Tuesday, April 14, 2015

ဘဝနေဟန် တရားမှန် (၂၆)


ထောက်ပံ့ခြင်းငါးမျိုး

သစ်ပင်ငယ်များ စိုက်ထားခဲ့ပါလျှင် ခြံခတ်ခြင်း၊ ရေလောင်းခြင်း၊
အမြစ်ဟောင်းနှင့် ပေါင်းများသင်ခြင်း၊ ပိုးမွှားနှင့် ပိုးမျှင်များဖယ်
ရှားခြင်တို့ကို အမြဲမုချ ပြုလုပ်ကြရလေသည်။
ထို့အတူ၊ မိမိအတွက်_
သီလသည် ခြံခတ်ထားခြင်းနှင့် မခြားတူပေသည်။
သုတသည်ကား ရေလောင်းခြင်းနှင့် မခြားတူပေသည်။
ဆွေးနွေးခြင်းမှာ ပေါင်းသင်ခြင်းနှင့် မခြားတူပေသည်။
သမထမှာမူ ပိုးမွှားများကို ဖယ်ရှားခြင်းနှင့် မခြားတူပေသည်။
ဝိပဿ       နာကား ပိုးမျှင်များကို ဖယ်ရှားခြင်းနှင့် မခြားတူပေသည်။
စာကိုးကုဏ္ဍလာဘိဝံသ၊ အရှင် (သဒ္ဓမ္မရံသီ)။ ဆောင်ပုဒ်များ။

Posted by အေးဆက်

Wednesday, April 8, 2015

ဓမ္မသာကစ္ဆာ (၃၃)


ဝဋ်မကြိုက်သော ဗုဒ္ဓ
 

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာကေတမြို့အနီး မြစိမ်းညို တော
တွင် သီတင်းသုံးလျက်ရှိ၏။ ဗြဟ္မာတစ်ဦးသည် ဘုရားဖူးရန် နောက် လိုက်များနှင့်အတူ ရောက်ရှိလာသည်။ ဘုရားရှင်၏ ပင်ကိုမျက်နှာတော်
အနေအထားကို မသိသော ဗြဟ္မာသည် ကြည်လင်ရွှင်ပြုံးနေသည့် ဘုရားရှင်ကို ဖူးမြင်ရသည်နှင့် မေးမြန်း လျှောက်ထားလေသည်။

ဗြဟ္မာ

အရှင်ဘုရား၊ ဘာကိုများ နှစ်သက်သဘောကျနေတဲ့အတွက် ကြည်လင်ပြုံးရွှင် နေတော်မူပါသလဲ။
ဘုရား
ဘာတစ်ခုက နှစ်သက်စရာကောင်းလို့ ဘာတစ်ခုကို နှစ်သက်
သဘောကျရမှာလဲကွယ့်။ (လောဘဖြစ်စရာ တစ်စုံတစ်ခုမျှ မရှိ
ဟု ဆိုလိုခြင်းဖြစ်သည်။)
ဗြဟ္မာ
ဒါဖြင့် စိတ်ညစ်စိတ်ပျက်ပြီးတော့များ နေရော့သလားဘုရား။
ဘုရား
သတ္တဝါတွေဟာ နှစ်သက်စရာ ပျက်စီးမှသာ စိတ်ပျက်တတ်ကြ တယ်။ နှစ်သက်စရာ သဘောကျစရာအာရုံ တစ်ခုမျှ မရှိတဲ့
ငါဘုရားဟာ အဘယ်မှာ စိတ်ညစ်စိတ်ပျက်မှာ တုန်းကွယ့်။ (ဒေါသကင်းသည်ဟု ဆိုလို၏။)
ဗြဟ္မာ
ပျော်လည်းမပျော် စိတ်လည်းမပျက်ဘူးဆိုရင် အရှင်ဘုရား ပျင်းများနေရော့သလား။
ဘုရား
ပျော်တာ စိတ်ပျက်တာမရှိတဲ့ ငါဘုရားအတွက် ဘယ်မှာ
ပျင်းတယ်ဆိုတာ လာပါ့မလဲကွယ့်။ (လောဘ၊ ဒေါသ မရှိ သဖြင့် မောဟလည်း မလာကြောင်းကို ဆိုလိုသည်။)
ဗြဟ္မာ
အဘယ်ကြောင့် နှစ်သက်ခြင်း၊ စိတ်ညစ်ခြင်း၊ ပျင်းရိခြင်းတွေ မဖြစ်တာပါလဲဘုရား။
ဘုရား
ဒုက္ခသစ္စာကို ဒုက္ခသစ္စာပဲလို့ မသိတဲ့သူဟာ ဒီဒုက္ခသစ္စာကို လိုချင်နှစ်သက်တဲ့ တဏှာ ဆိုတာဖြစ်တယ်။ တဏှာရှိနေရင် လိုချင်တာရအောင် လုပ်လိမ့်မယ်။ ဒါဆို တစ်ပတ်ပြန်လည်ပြီ။ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တွေပဲပေါ့။ ဝဋ်ကို ဝဋ်မှန်း သိဖို့လိုတယ်။ ဒါမှ နှစ်သက်တာ၊ စိတ်ပျက်တာ၊ ပျင်းတာတွေ မလာတော့ဘူးကွယ့်။ ဝဋ်ကိုကြိုက်ရင် ဝဋ်ခံရလိမ့်မယ်။ ဝဋ်ကို ကြောက်ရင် ပိုင်တာလည်း မကြိုက်လေနဲ့ ၊ မပိုင်တာ
လည်း မကြိုက်လေနဲ့ အမောင်တို့ ။
စာကိုး   ဆေကိန္ဒ၊ ဒေါက်တာအရှင်။ ဝဋ်ကိုကြိုက်ရင် ဝဋ်လိုက်တတ်တယ် တရားတော်။  

Posted by အေးဆက်

ထေရဝါဒ ဟောဓမ္မ (၄၃)


ကုဏ္ဍလာဘိဝံသ၊ အရှင် (သဒ္ဓမ္မရံသီ ဆရာတော်)။ ပဒါနိယင်္ဂသုတ္တန် (ဖြစ်ပျက်မြင်)။ ၁၃၅၉။
ဝိပဿ       နာကမ္မဌာန်း စီးဖြန်းမှုအရ ဖြစ်ပျက်ကို မြင်နိုင်သည့် ပညာလိုအပ်ပုံကို ရှင်းလင်းဟောကြားထားသည်။  http://goo.gl/UoNqOZ
ဆေကိန္ဒ၊ ဒေါက်တာ အရှင် (ဓမ္မဒူတ၊ မှော်ဘီ)။ ပြေးသူကပြေး ဆွဲသူကဆွဲအလုပ်ပေးတရား။ မှော်ဘီ၊ ၁၃၆၃။ (06 Nov 2001)
သတ္တဝါတို့သံသရာတွင် လည်ပတ်နေရခြင်း အကြောင်းရင်း၊ အဝိဇ္ဇာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ယင်း၏ လုပ်ရပ်၊ တရား၏ အလုပ်၊ သံယောဇဉ်ဆယ်ပါးစသော တရားတို့ကို ဖော်ပြဟော ကြားထားသည်။ http://goo.gl/weqpD9
ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ဗုဒ္ဓ၏ ၃၂ဖြာ လက္ခဏာတော် (၃)။ ကျိုက္ကော်၊ ၁၃၅၇။
ဗုဒ္ဓသည် အဘယ်ကြောင့်ပညာအရာတွင် အသာဆုံး
ဖြစ်
ကြောင်း၊
ဒါနမပြု ခြင်း အကြောင်းရင်း များ၊ စိတ်၏ အရေးပါမှု၊ ဗုဒ္ဓ၏ လက္ခဏာတော်သုံးပါးဖြစ်သည့်_မြူ မှုန်မတင်နိုင်အောင် ချောမွတ် နူးညံ့သည့် အသားအရေ ရှိခြင်း၊ ရွှေအဆင်း ကဲ့သို့ ဝါဝင်းသော အဆင်းအရေရှိခြင်း၊ အဖုံးအအုပ် နှင့် ပြည့်စုံသည့် ယောက်ျားနိမိတ် ရှိခြင်းတို့၏ အကြောင်းနှင့် အကျိုးများ ပါရှိသည်။ http://goo.gl/U1XzAH
Posted by ဉာဏ်ဦး၊ အေးဆက်

Wednesday, March 25, 2015

ဓမ္မသုတ (၄၉)



နိဗ္ဗာန်တူစွာ ပဒုမ္မာကြာ
ပဒုမ္မာကြာသည် ရေ ဖြင့် မလိမ်းကျံသကဲ့သို့ နိဗ္ဗာန်သည် အလုံးစုံသော ကိလေသာတို့ ဖြင့် လိမ်းကျံခြင်း မရှိချေ။
နိဗ္ဗာန်တူပေ ရေ
ရေသည် ပင်ပန်းခြင်း၊ ခြောက်ကပ်ခြင်း၊ မွတ်သိပ်ခြင်း၊ နေပူခြင်း
တို့ ဖြင့် နှိပ်စက်အပ်ကုန်သော လူနှင့်သားကောင် တို့၏ မွတ်သိပ်ခြင်းကို ပယ်ဖျောက်နိုင်သည်။

ထို့အတူ နိဗ္ဗာန်သည် ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ တည်းဟူသော မွတ်သိပ်ခြင်းတို့ကို ပယ်ဖျောက်တတ်၏။
ရေသည် အေးမြသကဲ့သို့ ပူလောင်ခြင်းကို ငြိမ်းစေသကဲ့သို့  နိဗ္ဗာန်သည် အေးမြ၏။ အလုံးစုံသော ကိလေသာ ပူလောင်မှု များကို ငြိမ်းစေတတ်၏။
စာကိုး။ မိလိန္ဒပဉှာပါဠိတော်၊ ဝေဿ န္တရဝဂ်၊ နိဗ္ဗာနရူပသဏ္ဍာနပဉှာ။
Posted by အေးဆက်

Monday, March 23, 2015

ဓမ္မပဒ ၈၁ [ခုဒ္ဒကနိကာယ်]


၆ - ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၆ - လကုဏ္ဍကဘဒ္ဒိယဝတ္ထု

သေလော ယထာ ဧကဃနော၊ ဝါတေန န သမီရတိ။
ဧဝံ နိန္ဒာပသံသာသု၊ န သမိဉ္ဇန္တိ ပဏ္ဍိတာ။
၈၁။ တစ်ခဲနက်ဖြစ်သော ကျောက်တောင်သည် (အရပ်လေးမျက်နှာမှ) လာသော လေကြောင့် မတုန်လှုပ်သကဲ့သို့ ပညာရှိတို့သည် ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတို့ကြောင့် မတုန်လှုပ်ကုန်။
 

Posted by ဉာဏ်ဦး

Friday, March 20, 2015

ဓမ္မပဒ ၈ဝ [ခုဒ္ဒကနိကာယ်]


၆ - ပဏ္ဍိတဝဂ်၊ လူလိမ္မာ တရားတော် စာစုများ
၅ - ပဏ္ဍိတသာမဏေရဝတ္ထု

ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။
၈ဝ။ မြောင်းတူးရေယူသမားတို့သည် (အလိုရှိရာသို့) ရေကို
ဆောင်ယူကုန်၏။ လေးသမားတို့သည် မြားကို ဖြောင့်ကုန်၏။ သစ်ရွေသမားတို့သည် (လိုတိုင်းရအောင်) သစ်ကို ရွေကုန်၏။ ပညာရှိတို့သည် မိမိကိုယ်ကို (ယဉ်ကျေးအောင်) ဆုံးမကုန်၏။
 

Posted by ဉာဏ်ဦး

Saturday, March 14, 2015

ဘဝနေဟန် တရားမှန် (၂၅)


လွတ်လမ်းကိုရှာ
 

အပြစ်များသူသည် အဆိပ်ပင်ကဲ့သို့ အမှီပြုသူတို့အား ထိခိုက်ပျက်စီးစေ မည်ဖြစ်သည်။ နှင်းကိုက်သည့် ပဲနှင့် ဆီအပုပ်တို့နည်းတူ အားလုံးကို ဖျက်ဆီးမည်လည်းဖြစ်သည်။
အကုသိုလ်ကံသည် ရေတံခွန်သဖွယ်ဖြစ်သည်။ မည်သည့်အခါမျှ အထက်သို့ ပြန်လည်စီးရိုး မရှိချေ။
သံသရာသည် အသားတွင်း၌ စိုက်ဝင်နေသော ဆူးနှင့်တူ၏။ နုတ် မပစ်ပါက အဆိပ်ပွားများလာမည့်ပြင် ပျံ့ နှံ့ သွားမည်လည်းဖြစ်သည်။
ကံ၏ နိယာမမှာ သံသရာစက်ဝန်းအတိုင်းဖြစ်သည်။ ချိုးဖောက်သူ မှန်သမျှ  ဒုက္ခလှလှတွေ့ ကြမည်သာဖြစ်သည်။
ကံဆိုးမိုးမှောင်ကျသည့် အချိန်တွင် ဆိုးဝါးစွာခံစားရမည်မှာ သေချာလေ သည်။
သာယာမှုသည် နေပှူဆာလှုံရသည့်သွင် မသေချာမရေရာပေ။
ဘဝ၏ ဒုက္ခများကား တစ်ခုမပြီးသေးမီ နောက်တစ်ခုရောက်လာတတ် သည်။ မဆုံးနိုင်သော ပင်လယ်ရေလှိုင်းအလားပင်။
မလွတ်မြောက်သေးသရွေ့  လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသူများ ပမာ နာကျင်ခြင်းနှင့် သာယာခြင်းတို့သည် ရုတ်ချည်း ပေါ်ချည်ပျောက်ချည်နှင့်

ဖြစ်နေပေဦးမည်။
လွတ်မြောက်မှ ငြိမ်းအေးမည်။
လယ်သမားများသည် ကောက်ပဲသီးနှံကို ဖြစ်ထွန်းစေသည်။
တရားအားထုတ်သူသည် တရားအသိများ တိုးပွားစေမည်ဖြစ်သည်။
ထို့ကြောင့် လွတ်မြောက်မှုအတွက် ကျားကုတ်ကျားခဲ အားထုတ်နိုင်ကြမှဖြစ် မည်။
စာကိုးDhammananda, K. Sri. Why Worry? 2001.  


Posted by အေးဆက်

Thursday, March 5, 2015

ဓမ္မသာကစ္ဆာ (၃၂)


အိပ်သောနိုးသော တရားများ
တစ်ရံခါတွင် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရား သီတင်းသုံးတော်မူလျက်ရှိ၏။ အမည်မ ထင်ရှားသော နတ်သားတစ်ပါး သည် ညဥ့်သန်ခေါင်ယံတွင်လာရောက်ကာ သိလိုသည်ကို မေးလျှောက်
လေ၏။
နတ်သား

အရှင်ဘုရား၊ အဘယ်တရားတွေဟာ နိုးကြားနေတဲ့ ပုဂ္ဂိုလ်တို့ အတွက် အိပ်ပျော်နေပါသလဲ။
ဘုရား
နတ်သား၊ ဣနြေ္ဒ ငါးပါးနဲ့ နိုးကြားနေတဲ့ ပုဂ္ဂိုလ်တို့အတွက် နီဝရဏတရားငါးပါးတို့ဟာ အိပ်ပျော်နေကြပေတယ်။
နတ်သား
အိပ်ပျော်နေတဲ့ ပုဂ္ဂိုလ်တို့အတွက် အဘယ်တရားတွေက
နိုးကြားနေပါသလဲ ဘုရား။

ဘုရား
ငါးပါးသော နီဝရဏတရားတွေနဲ့ အိပ်ပျော်နေတဲ့ ပုဂ္ဂိုလ်
တို့အတွက်တော့ ဣနြေ္ဒငါးပါးက နိုးကြားနေပေတယ် နတ်သား။
နတ်သား
အရှင်ဘုရား၊ အဘယ်တရားတွေနဲ့ ကိလေသာ မြူ အညစ်
အကြေးတွေကို ယူရာရောက်ပါသလဲ။
ဘုရား
နတ်သား၊ ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိန မိဒ္ဓနီဝရဏ၊ ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏ၊ ဝီစိကိစ္ဆာနီဝရဏဆိုတဲ့ ငါးပါးသော နီဝရဏတရား တို့နဲ့ ကိလေသာ မြူ အညစ် အကြေးတွေကို ယူရာရောက်ပေတယ်။
နတ်သား
အဘယ်တရားတွေနဲ့ ထက်အောက်ဝန်းကျင် စင်ကြယ်စေပါ သလဲ အရှင်ဘုရား။
ဘုရား
ဣနြေ္ဒငါးပါးဖြစ်တဲ့ သဒ္ဓိနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ပညိနြေ္ဒ၊ ဝီရိယိနြေ္ဒတို့နဲ့ ထက်အောက်ဝန်းကျင်ကို စင်ကြယ်စေနိုင်ပေ တယ် နတ်သား။
စာကိုးဣန္ဒာစာရာဘိဝံသ၊ အရှင်။ အိပ်သော်လည်းနိုး၊ နိုးသော်လည်း အိပ်နေတယ် တရားတော်။ 

Posted by အေးဆက်