Saturday, July 26, 2014

ဓမ္မသုတ (၄၁)


ဝဋ်ကျွတ်ရာမှန် မြတ်နိဗ္ဗာန်
ဝဋ်ကိလေသာ၊ ပူမီးဟာ၊ ခန္ဓာလောင်မြိုက်နေလေသည်၊
ကမ္မဝဋ်ဟာ၊ ကိလေသာ၊ ခိုင်းတာလုပ်ရမအားပြီ၊
ဝဋ်ဝိပါကာ၊ ကျိုးပေးလာ၊ ဗြဟ္မာနတ်လူဖြစ်ရသည်။
အတိတ်အဝိဇ္ဇာ၊ သင်္ခါရာ၊ နှစ်ဖြာအကြောင်းရှိလေသည်၊
ပစ္စုပ္ပန်က၊ ဝိဉာဏ်စ၊ ကမ္မဘဝကျိုးကြောင်းဆီ၊
အနာဂတ်မှာ၊ ဇာတိလာ၊ ဇရာမရဏဖြစ်လေသည်။
ရုပ်နာမ်နှစ်ဖြာ၊ ရှုပွါးပါ၊ လျင်စွာသိဉာဏ်ပေါ်လာမည်၊
ကိလေသာချုပ်၊ ကံတွေချုပ်၊ အကျိုးပေးချုပ်တော့သည်။
ရုပ်နာမ်မြင်လာ၊ ချုပ်တဏှာ၊ ဥပါဒါန်နှင့်ကံချုပ်သည်၊
ကြောင်းကျိုးချုပ်မှ၊ အမတ၊ ခေမနိဗ္ဗာန်ရောက်ပေမည်။
ပညိဿရ၊ ဒေါက်တာအရှင်။ ဝဋ်ကျွတ်ရာမှန် မြတ်နိဗ္ဗာန် တရားတော်။
Posted by အေးဆက်

Friday, July 25, 2014

ဓမ္မပဒ ၆၄ [ခုဒ္ဒကနိကာယ်]


၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၅ - ဥဒါယိတ္ထေရဝတ္ထု

ယာဝဇီဝမ္ပိ စေ ဗာလော၊ ပဏ္ဍိတံ ပယိရုပါသတိ။
န သော ဓမ္မံ ဝိဇာနာတိ၊ ဒဗ္ဗီ သူပရသံ ယထာ။
၆၄။ ယောက်မသည် ဟင်း၏ အရသာကို မသိဘိ သကဲ့သို့ မိုက်သူသည် အသက်ရှည်သမျှ ကာလပတ်လုံး ပညာရှိကို ဆည်းကပ်စေကာမူ (သူတော်ကောင်း) တရားကို မသိနိုင်။
 

Posted by ဉာဏ်ဦး

Friday, July 18, 2014

ဓမ္မပဒ ၆၃ [ခုဒ္ဒကနိကာယ်]


၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၎ - ဂဏ္ဌိဘေဒကစောရဝတ္ထု

ယော ဗာလော မညတိ ဗာလျံ ၊ ပဏ္ဍိတော ဝါပိ တေန သော။
ဗာလော စ ပဏ္ဍိတမာနီ၊ သ ဝေ “ဗာလော” တိ ဝုစ္စတိ။
၆၃။ မိုက်သော သူသည် မိမိမိုက်သည့် အဖြစ်ကို သိ၏။ ထိုသိမှုကြောင့် ပညာရှိ ဖြစ်နိုင်သေး၏။ မိုက်သောသူသည် ငါပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား ထိုသူကို စင်စစ် လူမိုက် ဟူ၍ ဆိုအပ်၏။
 

Posted by ဉာဏ်ဦး

Tuesday, July 15, 2014

ဘဝနေဟန် တရားမှန် (၁၇)


ချမ်းသာ(၁၂)ပါး
။ မိတ်ဆွေကောင်းရှိခြင်း၊
။ ရောင့်ရဲတင်းတိမ်ခြင်း၊
။ သေရေးအတွက် ကုသိုလ်ရှိခြင်း၊
။ အလုံးစုံသော သံသရာဝဋ်ဆင်းရဲကို ပယ်ရှားနိုင်ခြင်း၊
။ မိဘ
။ ကျင့်ကြံအားထုတ်ဆဲရဟန်း
။ ပစ္စေကဗုဒ္ဓါနှင့်
။ ဘုရားစသည်များအားပြုစုလုပ်ကျွေးရခြင်း၊
။ သီလရှိခြင်း၊
၁၀။ သဒ္ဓါတရားခိုင်မြဲခြင်း၊
၁၁။ အသိဉာဏ်ပညာရှိခြင်း၊
၁၂။ မကောင်းမှုကို မပြုလုပ်ဘဲ ရှောင်ကြဉ်လိုက်ရခြင်း။
ဥတ္တမ၊ အရှင် (သစ္စာရွှေစည်)။ သုခ ၁၂ ပါးတရားတော်။
Posyed by အေးဆက်

Tuesday, July 8, 2014

ဓမ္မသာကစ္ဆာ (၂၄)


ချမ်းသာစွာအိပ်စက်ရခြင်း

အလွန်အေးမြသော ဆောင်းဥတု တစ်ခုတွင် မြတ်စွာဘုရားရှင်သည် ရင်းတိုက်တောထဲရှိ အရွက်ကျဲကျဲ ရင်းတိုက်ပင်ကြီးတစ်ပင်၏ အောက်၌ သီတင်းသုံးနေတော်မူသည်။ နံနက်စောစောလမ်းလျှောက်ထွက်လာသည့်
ဟတ္ထကမင်းသားသည် မြတ်စွာဘုရားကို မြင်လေရာရှိခိုးဦးချကာ မေးမြန်း
လေသည်။
မင်းသား

အရှင်ဘုရား၊ ညကချမ်းချမ်းသာသာ အိပ်စက်ရပါရဲ့လား။
ဘုရား
အေး၊ ငါချမ်းချမ်းသာသာ အိပ်ရပါတယ်။ လောကမှာ ချမ်းချမ်းသာသာ အိပ်ရတဲ့အထဲမှာ ငါဟာတစ်ယောက် အပါအဝင် ဖြစ်ပေတယ်။
မင်းသား
အရှင်ဘုရား၊ ရာသီကလဲ ဆောင်းရာသီ၊ ရက်ကလဲ အအေး ဆုံးဖြစ်တဲ့ ရက်ထဲမှာ ရောက်နေပါတယ်။ ပီးတော့၊ လေကလဲ တဟူးဟူး တိုက်နေပါတယ်။ ပတ်ဝန်းကျင်မှာလဲပဲ မြေက မညီမညာ နွားခွါဆူးတွေနဲ့  ချွန်တက်ပြီးတော့ နေပါတယ်။ အရှင်ဘုရား သီတင်းသုံးနေတဲ့ ရင်းတိုက်ပင်ဟာ အရွက်တွေ အလွန်ကျိုးတိုးကျဲတဲနဲ့  အုပ်အုပ်ဆိုင်းဆိုင်း မရှိပါဘူး။ အောက် က ခင်းထားတဲ့ မြက်ခင်းကလဲ ပါးပါးကလေးရယ်ပါ။ ဒီလို
နေရာမျိုးမှာ ချမ်းချမ်းသာသာ အိပ်စက်ရ တယ်လို့ဆိုတာ ဘယ်လိုအဓိပ္ပါယ်ပါလဲ ဘုရား။

ဘုရား
အေး၊ မင်းကမေးတော့ ငါဖြေရမယ်။ ငါပြောမယ်၊ အလွန် ကြွယ်ဝတဲ့ သူဌေး ဒါမှမဟုတ် သူဌေးသား တစ်ဦးဟာ လှပ ဆန်းကြယ်တဲ့ တိုက်ကြီးတစ်တိုက်ကို တည်ထားတယ်။ တံခါးတွေ၊ လေသာပြတင်းတွေကို တပ်ဆင်ထားတယ်။ တိုက်ထဲမှာလဲ မွေးရှည်ကော်ဇော ကြီးတွေခင်းလို့၊ အိပ်စက်ရာ သလွန်ညောင်စောင်းကလဲ အင်မတန်မှ ခန်းနားတယ်။ အိစက်ညက်ညောတဲ့ အိပ်ရာကြီးပေါ်မှာအိပ်၊ ဘေးကလဲ ဇနီးလေးယောက်က ခြံရံပြီး ပြုစုနေတယ်။ တစ်ညလုံးလဲ ဆီမီးကလေး ထွန်းထားတယ်။ ဒီလို အနေအထားမျိုးနဲ့  အိပ်စက်နေရတဲ့ သူကို မင်းဘယ်လိုထင်သလဲ။ သိပ်ချမ်းချမ်း သာသာနဲ့  အိပ်ရမယ်လို့ မင်း ထင်သလား။
မင်းသား
အရှင်ဘုရား၊ ဒီလို စည်းစိမ်မျိုးနဲ့  ဒီလို အခြေအနေမျိုးမှာ အိပ်ရမယ် ဆိုရင် အလွန်ချမ်းချမ်းသာသာ အိပ်ရမှာ ဖြစ် ပါတယ်။
ဘုရား
ဒီသူဌေးသားမှာ ရာဂစိတ်တွေ ဖြစ်ပွားလာရင် စိတ်နှလုံးကို ပူပန်စေတတ်တယ်။ ကိုယ်ဆင်းရဲကိုလဲ ဖြစ်စေတတ်တယ်။
အဲဒီ အပူတွေ ရှိနေမယ်ဆိုရင် ဘယ်လောက်ကောင်းတဲ့
အိပ်ရာပေါ်မှာပဲ အိပ်ရ၊ အိပ်ရ ချမ်းချမ်းသာသာ အိပ်ရတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။ ငါဟာ အဲဒီ ဆင်းဆင်းရဲရဲ အိပ်စက်
ရခြင်း အကြောင်းဖြစ်တဲ့ ရာဂတရားကို အလျဉ်းပယ်ထားပြီး
သား ဖြစ်တယ်။ ဒါကြောင့် ငါဟာ ချမ်းချမ်း သာသာ အိပ်စက် ရတာ ဖြစ်တယ်။ နောက်ပီး ငါ့မှာ တအုံနွေးနွေး ရင်ကို ပူနွေး
စေ၊ ပူလောင်စေတတ်တဲ့ ဒေါသတရားလဲ မရှိဘူး၊ လုံးဝဖယ် ရှားထား ပြီးသား ဖြစ်တယ်။ ဒါကြောင့် ငါ့ရဲ့ရင်ဟာ အေးနေ တဲ့အတွက် ချမ်းချမ်းသာသာ အိပ်စက်ရတယ်။ ထို့အတူပဲ အမှန်မသိဘဲ ပူလောင်မှုကို ဖြစ်စေတတ်တဲ့ မောဟတရားကို ငါ့သန္တာန်မှာ အကြွင်းအကျန် မရှိအောင် ဖယ်ရှားထားပြီးသား
ဖြစ်တယ်။
ငါ့ရဲ့ သန္တာန်မှာ နှလုံးသားကို ပူလောင်စေတတ်တဲ့ ရာဂ၊ ဒေါသ၊ မောဟနဲ့  တခြားအကုသိုလ်တရားတွေ ဘာမျှ မရှိဘူး၊ နှလုံးသားဟာ ကြည်လင်အေးမြပြီး ငြိမ်းချမ်းနေတယ်။ ဒါကြောင့် ဘယ်နေရာ၊ ဘယ်အခါမှာပဲဖြစ်ဖြစ်၊ ငါ့ရဲ့နားနေ အိပ်စက်မှုဟာ ချမ်းသာနေတယ်။
မင်းသား
မှန်လှပါ၊ ချမ်းသာစွာ အိပ်စက်ရခြင်းကို ကောင်းစွာ နားလည် သဘောပေါက်ပါပြီ အရှင်ဘုရား။
စာကိုး။ နန္ဒမာလာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ။ ချမ်းသာစွာအိပ်စက်ရခြင်း တရားတော်။
 

Posted by အေးဆက်

Thursday, July 3, 2014

ထေရဝါဒ ဟောဓမ္မ (၃၄)


စန္ဒာဝရ၊ ဘဒ္ဒန္တ(လှိုင်မဟာစည်ဆရာတော်)။ ဒါနကြောင့် သံသရာ မရှည်ပါ။ ရန်ကုန်၊ ၁၂ ဒီဇင်ဘာ ၁၉၇၈။
နိဗ္ဗာန်သွားရာ တစ်ကြောင်းတည်းသော လမ်း_ဝိပဿနာ၊ ဗုဒ္ဓညွှန်ပြသည့် နည်းအတိုင်း လိုက်နာ ကျင့်သုံးသူ
အောင်မြင်မှု၊ ဒါန ကုသိုလ် ပြု ခြင်းစသည်တို့ကို ဇောတိက သူဌေးဇာတ်ကြောင်း ဥပမာပြဖြင့် ရှင်းလင်းဖေါ်ပြထားသည်။
စန္ဒာဝရ၊ ဘဒ္ဒန္တ(လှိုင်မဟာစည်ဆရာတော်)။ နိဗ္ဗာန်မွေးမြူ  ရေး တရားတော်။ ရန်ကုန်၊ ၁၆ ဧပြီ ၁၉၈၇။
စည်းကမ်းအရေးကြီးပုံ၊ သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဉာဏ်စဉ်နှင့် မဂ်ကုသိုလ်စသည့် တရားများ ပါရှိသည်။
ဇယတိဿ၊ ဒေါက်တာအရှင် (ကော့သောင်းဆရာတော်)။ မင်္ဂလာ တရားတော်။ စင်္ကာပူ၊ ၁၉ ဩဂုတ် ၂ဝ၁၂။
ဥပမာအမျိုးမျိုးပေးကာ၊ သမ္ပတ္တိတရားလေးပါး၊ မင်္ဂလာနိဒါန်း၊ လူမိုက်ကို ရှောင်ကြဉ်၊ ပညာရှိကို ပေါင်းသင်းခြင်း၊ သင့်တော် 
သော အရပ်ဒေသတွင် နေထိုင်ခြင်း၊ အတိတ်ကာလ၌ ကုသိုလ်
ကောင်းမှု များ ပြုလုပ်ခဲ့ခြင်းနှင့် မိမိကိုယ်ကျင့် တရားကောင်း
အောင် နေထိုင်ပြီး မိမိ၏ နိုင်ငံနှင့် လူမျိုးကို ထိန်းသိမ်းကာ ကွယ်ခြင်းတို့ကို ရှင်းပြထား သည်။
ဇယတိဿ      ၊ ဒေါက်တာအရှင် (ကော့သောင်းဆရာတော်)။ အပျင်း ပယ်ဖျောက် နိဗ္ဗာန်ရောက်။ စင်္ကာပူ၊ ၉ ဩဂုတ် ၂ဝ၁၂။
လူသတ္တဝါတို့၏ ယိုပေါက်ကြီး ခြောက်ခု၊ သမ္ပဒါလေးပါး၊ ပျင်းရိ
ခြင်း၏ ဆန့် ကျင်ဖက်နှင့် ဝီရိယ၏ အင်္ဂါ(၁၁)ပါးတို့ပါရှိသည်။
ပညာသီဟာဘိဝံသ၊  အရှင်(တရားဦးဓမ္မစကြာဆရာတော်)။နောက် ဆုံး လူမဖြစ်ပါစေနှင့်။ ရန်ကုန်။ ၁၃၇၂။
မဃဒေဝဇာတ်တော်ကို ဥပမာပေးလျက် မဂ္ဂင်ရှစ်ပါးသည်
နိဗ္ဗာန်ကို မျက်မှောက်ပြုရေးအတွက် တစ်ခုတည်းသော ကျင့်စဉ် ဖြစ်ပုံကို ရှင်းလင်းဟောကြားထားသည်။
ပညာသီဟာဘိဝံသ၊ အရှင် (တရားဦးဓမ္မစကြာဆရာတော်)။ အခွင့်
ကောင်းကို မရှောင်လွှဲပါနှင့်။ ရန်ကုန်၊ ၁၉ ဇန္နဝါရီ ၂ဝ၁၂။

မေတ္တာသုံးမျိုး၊ မေတ္တာပို့ရမည့်သူ၊ မေတ္တာပို့ခြင်း၊ ပြုပြင်ရမည့်
အချက်များ၊ အခွင့်ကောင်းလေးခု၊ ဗုဒ္ဓ၏ တရားနာပရိသတ်၊ အခွင့်ကောင်းကို ဆုပ်ကိုင်ခြင်း၊ အစွဲသုံးမျိုး၊ တရားရှုမှတ်ပုံနှင့်
ရုပ်၏ အချုပ် မဟာဘုတ်စသည်တို့ကို ဖေါ်ပြဟောကြားထား၏။
Posted by ဉာဏ်ဦး၊ အေးဆက်