Thursday, June 25, 2015

ထေရဝါဒ ဟောဓမ္မ (၄၅)


စန္ဒသာရ၊ အရှင် (ကျောင်းကုန်းဆရာတော်)။ လှတယ်ဆိုတာ ဘယ်မှာလဲ။ ထားဝယ်၊ ၂၉ စက်တင်ဘာ ၂ဝဝ၉။
ပြုပြင်ခြင်းနှစ်မျိုး၊ ခန္ဓာတွင်လှသည်ဟူ၍ ရှာမရပုံတို့ကို ရှင်းလင်း
ဟော
ကြား ထားသည်။ http://goo.gl/oMIdHY
တေဇောသာရ၊ အရှင် (ချင်းတောင်တန်းသာသနာပြု)။ သီလပေး။ ရန်ကုန်၊ ၂ ဩဂုတ် ၂ဝ၁၂။
သီလယူခြင်းရှင်းတမ်းကို ဖေါ်ပြရာတွင်_ သြကာသနှင့် ကန်တော့ခြင်း၏ ရည်ရွယ်ချက်၊ သီလတောင်းခြင်း၊ ဘုရားရှိခိုခြင်း၊ သရဏဂုံဆောက်တည်ခြင်း တို့ပါရှိသည်။ ထို့ပြင် တရားရတနာနှင့် သံဃာရတနာတို့ စတင်ဖြစ်ပေါ်သောနေ့များ၊ ခံယူထားသော သီလကို မကျိုး၊ မပေါက်၊ မပြောက်၊ မကျားအောင် စောင့်ထိန်းရန် တိုက်တွန်းချက်တို့ကိုလည်းဟောကြားထားသည်။ http://goo.gl/1tO7Qz 
 သောဘဏ၊ အရှင် (ရွှေမြင်းမိုရ်ဆရာတော်)။ ယခုနောင်ခါ ချမ်းသာရေး။ ရန်ကုန်၊ ၂၅ ဇန္နဝါရီ ၂ဝဝ၄။
သမ္ပဒါလေးပါး၊ ပျက်စီးကြောင်းတရားလေးပါး၊ ပစ္စုပ္ပန်ကြီးပွားချမ်းသာ
ကြောင်းလေးပါး၊ တမလွန်ဘဝအေးငြိမ်းကြောင်း တရားလေးပါး၊ စိတ်တစ်ဆယ့်သုံးမျိုး၊ ကြားစိတ်ကို ရှုခြင်းနှင့်ဒေါသ စိတ်ကို ရှုနည်း တို့ကို ဖေါ်ပြဟောကြားထားသည်။ https://goo.gl/q7EQRM

 Posted by ဉာဏ်ဦး၊  အေးဆက်

No comments:

Post a Comment