Saturday, June 30, 2012

ထေရဝါဒ ဓမ္မ အသံစု (၇ဝ)


ဈေးသည်ကောင်းဖြစ်မှ နိဗ္ဗာန်ရ / ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊ ဇန္နဝါရီ ၂ဝ၊ ၂ဝဝ၃။
ိနိဗ္ဗာန်ကို မျက်မှောက်ပြုရန် လိုအပ်သော အချက်သုံးခုကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ဒိဌိရောဂါသည်ကြီး မာဂဏ္ဍီအား ဘုရားဟောကြားပုံ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဖေဖေါ်ဝါရီ ၂၆၊ ၁၉၅၉။
မိမိတို့၏ ကိုယ်တွင်ရှိသော အယူမှား(ဒိဋ္ဌိ)လေးမျိုး(အနိစ္စကို နိစ္စ၊ အနတ္တကို အတ္တ၊ အသုဘကို သုဘနှင့် ဒုက္ခကို သုခဟု အယူ မှားခြင်းများ)နှင့် ယင်းဒိဋ္ဌိအယူမှားများကို သောတာပတ္တိ
မဂ် ဖြင့် ပယ်သတ်ပုံတို့ကို
"မာဂဏ္ဍီပုဏ္ဏားကြီး" ၏ ဇာတ်
ကြောင်း ပြဖြင့်
ဖေါ်ပြထားသည်။ တရားနာပါ။
ဓမ္မန္တရာယ် ကာကွယ်ရေး / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၈။
ပုညန္တရာယ်နှင့် ဓမ္မန္တရာယ်နှင့် စပ်လျဉ်းပြီး၊ အဓိပ္ပါယ်၊ အကျိုး သက်ရောက်မှုနှင့် ကာကွယ်တားဆီးနည်းများကို ဖေါ်ပြထား
သည်။
တရားနာပါ။
ဘယ်ဆီကလာ၍ ဘာတွေပြုခဲ့ပါသလဲ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) တောင်ငူ၊ ၁၃၅၉။
ပဋိစ္စသမုပ္ပါဒ်၏ ကာလသုံးပါး (အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်)၊ မည်သည့်နေရာမှ လာခဲ့ပြီး၊ မည်သည်တို့ကို ပြုလုပ်ခဲ့ကြောင်း၊ သစ္စာနှစ်ခု (ဒုက္ခသစ္စာနှင့် သမုဒယသစ္စာ) တို့လည်ပတ်နေ
ခြင်းနှင့် သစ္စာများကို မဂ္ဂသစ္စာနှင့် နိရောဓသစ္စာသို့ ပြောင်း
လဲခြင်းစသည်တို့ကို ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။

မာဂဏ္ဍီသုတ်() / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဖေဖေါ်ဝါရီ ၂၄၊ ၁၉၅၉။
မာဂဏ္ဍီသုတ္တန်ကို ကိုးကားလျက် မျက်စိပေါက်စသည်တို့မှ ပဋိစ္စသမုပ္ပါဒ် ဖြစ်ပေါ်ပုံနှင့် အရိယာမျက်လုံး သို့ပြောင်းလဲ
ခြင်းတို့ကို ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။
သိနေဖို့ပဲ အရေးကြီးပါတယ် / ဝနဝါသီအရှင် ဉေယျဓမ္မသာမိ (မဟာ
ဗောဓိမြိုင်ဆရာတော်
)
ဇွန် ၁၉၊ ၁၉၉၇။
ပညတ်နှင့် ပရမတ်သည် တွဲ၍လည်းမရ ခွဲ၍လည်းမရပုံ၊ ရုပ်နှင့် နာမ်တို့၏ နှိုင်းယှဉ်ချက်၊ ပညတ်လေးမျိုးနှင့် ပရမတ် ကို ထုတ်ဖေါ်ပြခြင်းစသည်များကို ရှင်းလင်းဟောကြားထား
သည်
   တရားနာပါ။
သံယောဇဉ်ပြတ် ဒုက္ခရပ် / ဘဒ္ဒန္ဘဇနိတာလင်္ကာရ၊ ရန်ကုန်၊ ဩဂုတ် ၈၊ ၂ဝဝ၇။
သံယောဇဉ်ဆိုသည်မှာ၊ သံယောဇဉ် အမျိုးအစားများ၊ သံယော ဇဉ်ကို ဖြုတ်ပယ်တတ်သော မဂ္ဂင် ရှစ်ပါးမြတ်တရား၊ နီဝရဏ တရားငါးပါးနှင့် ဓမ္မာနုပဿနာ သတိပဋ္ဌာန် တို့ပါရှိသည်။ တရားနာပါ။
သက္ကပဉှသုတ် / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင် ဆရာတော်) ဇွန် ၁၆၊ ၁၉၉၇။
သက္ကပဥှသုတ်ကို အကိုးအကားပြု၍ သက်ရှိသတ္တဝါများ အဘယ်ကြောင့် ဘေးအန္တရာယ် ကြုံတွေ့ ကြရကြောင်း၊ တဏှာ၊ မာန၊ ဒိဋ္ဌိ စသော ပပဉ္စတရားများနှင့် ယင်းတို့ကို ပယ်သတ်ပုံ ရှင်းလင်းချက်များကို ဖေါ်ပြဟောကြားထား
သည်။  
တရားနာပါ။
အကျိုးမရှိ အလုပ်မဖြစ် / ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊ မတ် ၁၇၊ ၂ဝဝ၃။
သတိပဋ္ဌာန်အကျိုး ခုနစ်မျိုး၊ စိတ်ဖြူစင်ခြင်းဆိုသည်မှာနှင့် စိတ်ကို  ဖြူစင်စေသည့် အကြောင်း_သတိဉာဏ်၊ သောတာ ပန် ဖြစ်ကြောင်းနှင့် အကျိုး၊ သမထနှင့် ဝိပဿနာတို့၏ ခြား
နားချက်စသော တရားများကို ဖေါ်ပြထားသည်။
တရားနာပါ။
အသေကင်းရာ သွားကြပါ / ဘဒ္ဒန္ဘဇနိတာလင်္ကာရ၊ ရန်ကုန်၊ ဩဂုတ် ၇၊ ၂ဝဝ၇။
နိဗ္ဗာန်အမျိုးအစားနှင့် လက္ခဏာများ၊ စိတ်ကို အများဆုံးတွယ် ကပ်တတ်သော_ဒိဋ္ဌိ၊ အရှုခံစိတ်တစ်ဆယ့်သုံးမျိုး၊ သောတာ
ပန်သုံးမျိုးနှင့် နိဗ္ဗာန်ရရှိအောင် ကြိုးကုတ်အားထုတ်ရန် အကြံ
ပြုချက်စသည်တို့ကို ဖေါ်ပြထားသည်။
  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, June 23, 2012

ဓမ္မသာကစ္ဆာ (၄)

အံ့ဖွယ်ရှစ်ဖြာ သာသနာ


တစ်ခုသော ကာလ၌ ဝေရဉ္စရာပြည်တွင် မြတ်စွာဘုရားရှင်သည် တမာ ပင်ရင်းဝယ် သီတင်းသုံးလျက် နေတော်မူ၏။ ထိုစဉ် ပဟာရဏ အမည် ရသော အသူရာနတ်သားသည် မြတ်စွာဘုရားရှင်ထံလာရောက် ဖူးမျှော် ရှိခိုးလေသည်။ နတ်သားက သမုဒ္ဒရာ၏ အံ့ဖွယ်၊ မြတ်ဘုရားက သာသ နာတော်၏ အံ့ဖွယ်တို့ကို စကားဆိုခဲ့ကြသည်မှာ ဤသို့ ဖြစ်သည်။
မြတ်စွာဘုရား. . . . အသင် နတ်သားတို့သည် သမုဒ္ဒရာတွင် 
ပျော်ပျော်ပါးပါး နေထိုင်နိုင်ကြပါရဲ့လား။
နတ်သား . . . . အကျွန်ုပ်တို့နေထိုင်ရာ သမုဒ္ဒရာသည် အံ့သြဖွယ်ရာ 
ရှစ်ဖြာနှင့် ပြည့်စုံသည်နှင့် လျော်စွာ ပျော်ပျော်ပါးပါး နေထိုင်နိုင်
ကြပါတယ် အရှင်မြတ်ဘုရား။
မြတ်စွာဘုရား . . . . သမုဒ္ဒရာမှာ ပြည့်စုံပါတယ်ဆိုတဲ့ အံ့သြဖွယ်ရှစ် 
မျိုးကို ပြောပြပေလော့ နတ်သား။
နတ်သား . . . ."အစဉ်နက်ဝှမ်း၊ ကမ်းကိုမလွန်၊ ရွံဖွယ်ဆယ်ပစ်၊ 
တစ်မည်ဖြစ်ခြင်း၊ မယွင်းမတိုး၊ ဆယ်မျိုးရတနာ၊ ရသာဆားတူ၊ ကြီးသူနေရာ၊ အံ့ရှစ်ဖြာတည်း" ဆိုသည်နှင့်အညီ သမုဒ္ဒရာတွင် ထိုထိုသော အံ့ဖွယ်အသီးသီး ရှိပါတယ်ဘုရား။
မြတ်စွာဘုရား . . . . တစ်ခုချင်းကို ရှင်းပြပေဦးတော့ အမောင်နတ်သား။
နတ်သား . . . . "အစဉ်နက်ဝှမ်း" ဆိုတာက သမုဒ္ဒရာကြီးဟာ ကမ်းစပ် 
က ရေလယ်ရောက်သည်အထိ ချောက်ကမ်းပါးမရှိအစဉ်အတိုင်း  နက်ရှိုင်းသွားခြင်းကို ဆိုလိုပါတယ်ဘုရား။
"ကမ်းကိုမလွန်" ဆိုတာက မြစ်ကြီးမြစ်ငယ် အသွယ်သွယ်နဲ့ 
မိုးရေတွေ ဘယ်လောက်ပဲ စီးဝင် ကျဆင်းပေမဲ့ သမုဒ္ဒရာထဲ က ရေဟာ လျှံသွားတယ် ဆိုတာ မရှိပါ။ အမြဲတမ်း ရေနဲ့ကမ်း ဟာ
တစ်ညီတည်း ရှိနေပါတယ်ဘုရား။
"ရွံဖွယ်ဆယ်ပစ်" ဆိုတာက အမှိုက်သရိုက် အသေကောင် စ တဲ့ ရွံရှာဖွယ်ရာတွေ သမုဒ္ဒရာထဲ ၀င်ရောက်လာခဲ့သော် သမုဒ္ဒ ရာရေက အလိုလိုကမ်းပေါ်တင်စေပြီး ဆယ်ပစ်တတ်ပါတယ် ဘုရား။
"တစ်မျိုးမည်ခြင်း" ရဲ့ဆိုလိုရင်းကတော့ ဘယ်မြစ်တွေက စီး ဆင်းလာတဲ့ ရေဖြစ်စေ သမုဒ္ဒရာထဲကို ရောက်ရှိလာတဲ့ အခါ မှာ ဂင်္ဂါရေ၊ ယမုန်နာရေ စသည်ဖြင့် အမည်နာမ အမျိုးမျိုး ကွဲပြားမှု မရှိတော့ဘဲ သမုဒ္ဒရာရေဟုသာ အမည်တစ်မျိုး
တည်း တွင်ပါတော့တယ်ဘုရား။
"မယွင်းမတိုး" ဆိုတာက ရေများများ စီးဝင်လာလို့ လွန်သွား တယ်ဆိုတာ မရှိသလို ရေအဝင်နည်းလို့  လျော့သွားတယ် ဆိုတာ မရှိတာဟာ သမုဒ္ဒရာပါဘုရား။
"ဆယ်မျိုးရတနာ" ဆိုတာက သမုဒ္ဒရာထဲမှာ ပုလဲ မြ ခရုသင်း သန္တာ ရွှေ ငွေအစရှိတဲ့ ရတနာ တွေဟာ မရေတွက်နိုင်အောင်
ပေါကြွယ်လှပါတယ်ဘုရား။
"ရသာဆားတူ" ဆိုတာက မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာမှ စီးဆင်းလာတဲ့ ရေဖြစ်ပေမဲ့ သမုဒ္ဒရာရေဟာ ငန်တဲ့အရသာ တစ်မျိုးတည်းသာ ရှိပါတယ်ဘုရား။
"ကြီးသူနေရာ" ဆိုတာက သမုဒ္ဒရာကြီးဟာ အလွန်ကြီးမား လှတဲ့ ငါးကြီးများနဲ့ သတ္တဝါများရဲ့ နေထိုင်ရာ အလွန်ကျယ် ဝန်းသော နေရာဖြစ်ပါတယ်ဘုရား။
ဤအံ့ဖွယ်ရှစ်ဖြာ ပြည့်စုံရာ သမုဒ္ဒရာမှာ နေထိုင်ရတဲ့ တပည့်
တော်တို့ဟာ အဘယ်မှာလျှင် မပျော်ပိုက်ဘဲ ရှိပါ့မလဲ အရှင် ဘုရား။ 
အရှင်မြတ်ဘုရားရဲ့ ဓမ္မဝိနယ ဟုခေါ်သော သာသနာတော် တွင်းမှာ တပည့်တကာတကာမနဲ့ ရဟန်းတော်တို့သည်လည်း
ပျော်ပျော်ပါးပါး နေထိုင်နိုင်ကြပါရဲ့လား အရှင်ဘုရား။
မြတ်စွာဘုရား . . . . သင်တို့ရဲ့သမုဒ္ဒရာပမာ ငါဘုရားရဲ့သာသနာမှာလဲ 
အံ့ဖွယ်ရှစ်ဖြာ ရှိလေတာကြောင့် တပည့်တကာ တကာမနဲ့ 
ရဟန်းတော်အပေါင်းတို့ဟာ ပျော်ပျော်ပါးပါး နေထိုင်နိုင်ကြပေ
တယ် နတ်သား။
နတ်သား . . . . ထင်ရှားပေါ်လွင်အောင် ရှင်းပြတော်မူပါ အရှင်ဘုရား။
မြတ်စွာဘုရား . . . . ငါဘုရားရဲ့သာသနာတော်မှာ သိက္ခာစဉ်များရှိတဲ့ 
အတွက် "အစဉ်အတိုင်းနက်ရှိုင်း" သွားပေတယ်။
တပည့်စစ်၊ သားတော်သမီးတော်များဟာ ငါဘုရား ပညတ်ထား တဲ့ သိက္ခာပုဒ်များကို အသက်လို ပမာထားပြီး "မကျော်ကြ မလွန်ကြ" ကုန်။
သာသနာတွင်းသို့ သီလမရှိသူဝင်ရောက်လာခဲ့လျှင် ပေါင်းသင်းမှု
မပြုဘဲ
"နှင်ထုတ်ပစ်" တတ် ကြပေတယ်။
မင်း၊ ပုဏ္ဏား၊ သူဋ္ဌေး၊ ဆင်းရဲသား မည်သူမဆို သာသနာတွင်း သို့ ဝင်ရောက်လာခဲ့သော် "ဘုရား သားတော်" ဟူသော "အမည်နာမ တစ်ခုတည်း" သာ ခေါ်တွင်ပေတယ်။
တရားအားထုတ်တဲ့အတွက် ရဟန္တာအဖြစ်များလို့ "နိဗ္ဗာန်မှာ ပိုလျှံသွားတယ်" လို့  မရှိသလို ရဟန္တာအဖြစ်နည်းလို့ "နိဗ္ဗာန် မှာလျော့သွားတယ်" ရယ်လို့လဲ မရှိပေဘူး။
သတိပဋ္ဌာန်၊ သမ္မပ္ပဓာန်၊ ဣဒ္ဓိပါဒ်၊ ဣနြေ္ဒ၊ ဗိုလ်၊ ဗောဇ္ဈင်၊ မဂ္ဂင် စသော "ရတနာများဖြင့်" သာသနာမှာ အလွန်ပျော်မွေ့ဖွယ်
ဖြစ်တယ်။
ငါဘုရားရဲ့သာသနာတော်မှာ "ဝိမုတ္တိရသ" ဆိုတဲ့ "အရသာ တစ်မျိုးတည်း" သာ ရှိတဲ့အတွက် အကောင်းမြတ်ဆုံး အရ သာဖြစ်ပေတယ်။
ငါဘုရားရဲ့သာသနာဟာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် နဲ့ ရဟန္တာဖြစ်ဖို့ ကျင့်ကြံအားထုတ်နေသူများနဲ့  ဖြစ်ပြီးကြသူ များ ဖြစ်တဲ့ အလွန် "သီလသမာဓိဂုဏ် ကြီးကျယ်ကြသူများ ရဲ့နေထိုင်ရာ" ဖစ်ပေတယ်။
ဤရှစ်ဖြာသည်ကား ငါဘုရား၏ အံ့ဖွယ်သာသနာပေတည်း။
နတ်သား . . . . ကောင်းမြတ်လှပါဘိ အရှင်မြတ်ဘုရား။
သာဓု... သာဓု... သာဓု
ကျမ်းကိုး။     ။ဇနိတာလင်္ကာရ၊ အရှင်။ "သာသနာ့ရိပ်မှာ ပျော်မွေ့ ပါ" တရားတော်။  ရန်ကုန်၊ ၂၃၊ ၇၊ ၀၈။

Posted by အေးဆက်

Saturday, June 16, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၉)


စိတ်ကိုပြုပြင် နိဗ္ဗာန်ဝင် / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၇၊ ၂ဝဝ၈။
တရားနာနည်းအမှန်၊ သတိတရားရှိခြင်းနှင့် မိမိ၏ စိတ်ကို 
ပြုပြင်ခြင်းစသော တရားများပါရှိသည်။
  တရားနာပါ။
ထာဝရကုသိုလ် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတပဲခူး၊
ဖေဖေါ်ဝါရီ ၁၂၊ ၂ဝဝ၇။
ထာဝရကုသိုလ်၊ ကျောင်းလှူဒါန်းရခြင်းအကျိုး၊ ဒါနအကျိုး ကွဲပြားမှုများနှင့်ဒါနမပြုလုပ်ခြင်း၏အကြောင်း စသောတရား များကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
နီးလျက်နဲ့ဝေး / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်)  မန္တလေး၊ စက်တင်ဘာ ၂၆၊ ၂ဝဝ၈။
ဗုဒ္ဓ၏ အဆုံးအမကို မလိုက်နာသူအတွက် နိဗ္ဗာန်သည်လွန်စွာ
ဝေးကွာသည့် အကြောင်းကို ရှင်းလင်းဟောကြားထားသည်။
  တရားနာပါ။
ပေါင်းစုတူယှဉ် နိဗ္ဗာန်ဝင် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ရန်ကုန်၊ ဇန္နဝါရီ ၂၄၊ ၂ဝဝ၇။
မဟာကပ္ပိနမင်း၊ အနောစာမိဖုရား၊ အမတ်ငါးရာနှင့် ဇနီးများ၏ ဇာတ်ကြောင်းကိုကိုးကားလျက်၊ ပေါင်းစုလှူဒါန်းခြင်း၏အကျိုး
ကျေးဇူးများကိုရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ယမကရဟန်းဥပမာပြ ()တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဖေဖေါ်ဝါရီ ၁၈၊ ၁၉၅၉။
ဒိဋ္ဌိအဘယ်ကြောင့်ရှိရသနည်း၊ သမုတိသစ္စာနှင့် ပရမတ္ထသစ္စာ ရှင်းလင်းချက်၊ ကံထက် သမုဒယသစ္စာကို ကြောက်ရွံ့ ကြရ မည့်အကြောင်း၊ တဏှာက ကံများကို စုဆောင်းပုံ၊ ယမက ရဟန်းဒိဋ္ဌိပြုတ်စေရန် အရှင်သာရိပုတ္တရာက ပရမတ္ထသစ္စာကို
ဟောကြား
ခြင်း အစရှိသောတရားများပါဝင်သည်။ တရားနာပါ။
ယမကရဟန်းဥပမာပြ ()တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဖေဖေါ်ဝါရီ ၁၉၊ ၁၉၅၉။
ဗုဒ္ဓမြတ်စွာသည် သမုတိသစ္စာကို ဟောကြားရခြင်းအကြောင်း၊ စိတ်နှစ်မျိုးဖြစ်သော ဇောနှင့် ဘ၀င်စိတ်တို့ တွင် ၀ိပဿနာ ရှုရမည်တရားနှင့် ရှုပွါးနည်းစသည်များကို ဟောကြားထား
သည်။
  တရားနာပါ။
လူ့ပြည်ရောက် နတ်တမန်အကြောင်း / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) [ခုနှစ်မပါ]
ယမမင်း၏ ဆန္ဒများကို "ဒေ၀ဒူတသုတ္တန်" ကိုအကိုးအကား
ပြုပြီးဖေါ်ပြထားကာ၊ အိုနာသေခြင်းမဖြစ်မီ ကုသိုလ်ကောင်း
မှုများကို ပြုလုပ်ကြရန်ကိုလည်း တိုက်တွန်းဟော ကြားထား သည်။
  တရားနာပါ။
သူတော်ကောင်းဥစ္စာ ခုနှစ်ဖြာ / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ၁၃၅၆။
ဓန၏ အဓိပ္ပါယ်နှင့် "ဓနသုတ္တန်" ကိုကိုးကားလျက်သူတော်
ကောင်းဥစ္စာ ခုနစ်ပါးတို့ အား ရှင်းလင်းဟော ကြားချက်များ ပါဝင်သည်။
  တရားနာပါ။
အား(၈)မျိုး / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ၁၃၆၃။
ပထမဗလသုတ္တန်ကို ကိုးကားလျက် လူတို့ တွင်ရှိသော အား အမျိုးမျိုးနှင့် ယင်းတို့ အနက် အကောင်းဆုံးသော အား တို့ ကို ထင်ရှားအောင် ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ဥဒ္ဒေသဝိဘင်္ဂသုတ္တန်(၂) / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) [ခုနှစ်မပါ]
တရားထိုင်နည်း၊ ကုသိုလ်ရအောင် စားသောက်ပုံနှင့်အတူ၊
"
တေလပတ္တဇာတ်တော်
" ကို ဥပမာပေးကာ ကာယကထာ သတိကမ္မဋ္ဌာန်းကို ဟောကြားထားသည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, June 2, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၈)


ကုက္ကုရဝတီသုတ် ကံကိုဝေဖန်၍ ရှင်းဟောပုံတရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊ ဇူလိုင် ၂ဝ၊ ၁၉၉ဝ။
ကံကိုဝေဖန်ပြထားသည့် "ကုက္ကုရ၀တီသုတ်"ကိုကိုးကားလျက်၊ ကံလေးမျိုးကို ထင်ရှားပေါ်လွင်အောင် ဟောကြားထားသည်။ တရားနာပါ။
ဓမ္မဒါယဒသုတ်() / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဩဂုတ် ၂ဝ၊ ၂ဝဝ၆။
ပြောင်းလဲနေသော ခန္ဓာအကြောင်းကိုဖေါ်ပြထားပြီး တရားဓမ္မ အပေါ်တွင်ဂရုထားကာ ဘုရား၏ အဆုံးအမများအတိုင်း လိုက် နာကျင့်ကြံအားထုတ်ကြရန် အကြံပေးဟောကြားထားသည်။ တရားနာပါ။
ဓမ္မဒါယဒသုတ်() / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဩဂုတ် ၂၁၊ ၂ဝဝ၆။
ကုသိုလ်နှင့် အကုသိုလ်တို့၏ ဆိုလိုရင်း၊ ဗုဒ္ဓမြတ်စွာ၏ အမွေခံ
နှင့် အကျင့်စာရိတ္တ ပျက်ပြားရခြင်း၏ အကြောင်းရင်းများကို
ရှင်းလင်းဟောကြားထားသည်။ 
တရားနာပါ။
ဗုဒ္ဓမြတ်စွာ၏ ကြီးပွါးချမ်းသာရေး တရားတော် () / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ ၁၉၈၉။
"အပဏ္ဍက" ဇာတ်တော်ကို ကိုးကားလျက် ပညာရှိနှင့် ပေါင်း
ဖေါ်ခြင်း၏ အကျိုးကျေးဇူးများကို လည်းကောင်း၊
"ဗာလ သုတ္တန်" ကို အကိုးအကားပြုကာ လူမိုက်နှင့် ပေါင်းဖေါ်ခြင်း၏ ဆိုးကျိုးများကို လည်းကောင်း ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ဗုဒ္ဓမြတ်စွာ၏ ကြီးပွါးချမ်းသာရေး တရားတော် () / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ ၁၉၈၉။
ပူဇော်ထိုက်သူများ၊ ပူဇော်ထိုက်သူများကို ပူဇော်ခြင်း၊ တရားရ ပုံများ (ဥ ဂ္ဃါတိ၊ ၀ိပဉ္စ္စိ၊ နေယျ၊ပဒပရမ)၊တရားအားထုတ်နေစဉ် ငိုက်မျဉ်းလာသော် ဖြေဖျောက်နိုင်သည့် နည်းလမ်းများ (ပသာ လာရမ္မဏ သုတ္တန်)၊ မင်္ဂလာသုံးမျိုးဖြစ်သော သင့်လျော်သည့် အရပ်ဒေသတွင်နေထိုင်ခြင်း၊ ရှေးရှေးဘ၀က ကုသိုလ်ကောင်း
မှုများရှိခြင်းနှင့် ပစ္စုပ္ပန်ဘ၀တွင် မိမိကိုယ်မိမိ ကောင်းအောင်ပြု
လုပ်ခြင်းတို့  ဆက်စပ် လျက် ရှိပုံ စသည့် တရားများ ကိုဖေါ်ပြ ထားသည်။ 
တရားနာပါ။
ယမကရဟန်းဥပမာပြ ()တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဖေဖေါ်ဝါရီ ၁၆၊ ၁၉၅၉။
ယမကရဟန်းကို ဥပမာပြလျက်၊ သောတာပန်တည်ရန် ပထမ ကျင့်စဉ် (ဒိဋ္ဌိဖြုတ်ခြင်း)နှင့် ကျန်ရှိသော မဂ်ဖိုလ်များ ရရှိရန် ဒုတိယကျင့်စဉ် (တဏှာပယ်သတ်ခြင်း)၊ အယူမှား_ ဥစ္ဆေဒဒိဋ္ဌိ၊ သံသရာလည်ခြင်းနှင့် အသင်္ခတသုခ (နိဗ္ဗာန်)ဆိုသည်မှာ စ သည်တို့ ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ယမကရဟန်းဥပမာပြ ()တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဖေဖေါ်ဝါရီ ၁၇၊ ၁၉၅၉။
အပါယ်သည် အဘယ်ကြောင့် လူဝတ်ကြောင်နှင့် ရဟန်းတို့ ၏ အမြဲနေအိမ်ဖြစ်ရသည့်အကြောင်း၊ တဏှာနှင့် ဒိဋ္ဌိတို့၏ တသီး တခြားစီ ပြုမူပုံနှင့် ဒိဋ္ဌိဖြုတ်ရန် အရေးကြီးကြောင်းတို့ ကို ရှင်း လင်းဟော ကြားထားသည်။  တရားနာပါ။
ရှာမှီးခြင်း မလွဲကြစေရန် တရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်း ဆရာတော်) ဆင်ဖြူကျွန်း၊ ဇူလိုင် ၂၁၊ ၁၉၉ဝ။
သစ္စာလေးပါးကိုသိမြင်သူနှင့် သိမြင်ခြင်းမရှိသူတို့ အတွက် အကျိုှးဆက်များနှင့်တကွ၊ ဒုက္ခလည်ပတ် နေခြင်းကို ရပ်တံ့ သွားစေရန် (သစ္စာသိမြင်နိုင်ရန်) အားထုတ်ရေးအတွက် ဘုရား အလောင်းတော် "အရိန္ဒမ မင်းသား" ၀တ္ထုကို ဥပမာပေးကာ အကြံ ပြု ဟောကြားထားသည်။  တရားနာပါ။
အဆိုးဆုံး အဆိပ် / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။
"ဇမ္ဗုက သုတ္တန်" ကို ကိုးကားလျက်၊ အဆိုးဝါးဆုံး အဆိပ်နှင့် တူသည့် မကောင်းသော အရာများဖြစ်ပေါ်လိမ္မည် ဟူသည့် အယူမှားအကြောင်း၊ မစ္ဆရိယငါးပါး၊ သူတော်ကောင်းနှင့် သူ ယုတ်မာတို့၏ လက္ခဏာများနှင့် မိမိကိုယ်ကို မိမိပြုပြင်ခြင်း တို့ပါရှိသည်။  တရားနာပါ။
အဇ္ဈတ္တတိုက်ပွဲ / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။
သူတော်ကောင်းနှင့် သူယုတ်မာတို့ ကို နှိုင်းယှဉ်ပြခြင်း၊ ဒါန
ပြုခြင်း၏ ရည်ရွယ်ချက်နှင့် မှန်ကန်သော ဒါနပြုလုပ်နည်း များကို ဟောကြားထားသည်။
  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်