Showing posts with label သီလအကျိုး. Show all posts
Showing posts with label သီလအကျိုး. Show all posts

Saturday, January 22, 2011

ဓမ္မသာကစ္ဆာ (၁)


ကုသိုလ်သီလအကျိုး
အခါတစ်ပါး၌ မြတ်စွာဘုရားရှင်သည် သာဝတ္ထိ ပြည် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံး နေတော် မူသည်။ အရှင်အာနန္ဒာ မထေရ်မြတ်သည် ကိုယ်တိုင်သိပြီး ဖြစ်သော်လည်း နောင် လာနောက်သားများ သိရှိစေခြင်းငှါ ကုသိုလ်သီလ၏ အကျိုးကို မေးမြန်းလေရာ ဗုဒ္ဓမြတ်စွာ က ဖြေဆိုဆွေးနွေးတော်မူသည်။

အရှင်အာနန္ဒာ__အရှင်ဘုရား၊ အပြစ်ကင်းစင်သော ကုသိုလ်သီလသည် အဘယ်မျှ အကျိုးရှိ ပါသနည်း။
မြတ်စွာဘုရား__ကုသိုလ်သီလရှိလျှင် နှလုံးသာရွှင်ရခြင်း အကျိုးရှိသည်။ တရားအားထုတ်၍ ရသည်။
အရှင်အာနန္ဒာ__နှလုံးသာရွှင်သော် မည်သည့်အကျိုး ရရှိပါသနည်း။ 
မြတ်စွာဘုရား__နှလုံးသာရွှင်လျှင် စိတ်ကြည်လင် ၀မ်းမြောက်ခြင်း အကျိုးရရှိသည်။ တရားရှုမှတ်
ရသည့်အာရုံပိုမိုကောင်းမွန်သည်။
အရှင်အာနန္ဒာ__စိတ်ကြည်လင် ၀မ်းမြောက်ရလေလျှင် မည်သည့်အကျိုး ရရှိပါသနည်း။

မြတ်စွာဘုရား__စိတ်ကြည်လင် ၀မ်းမြောက်ရလေလျှင် နှစ်သက်ခြင်း ပီတိအကျိုး ရရှိသည်။
အရှင်အာနန္ဒာ__နှစ်သက်ခြင်း ဖြစ်လေက မည်သည့်အကျိုး ရရှိပါသနည်း။ 
မြတ်စွာဘုရား__နှစ်သက်ခြင်း ဖြစ်လေက ကိုယ်စိတ်ငြိမ်းချမ်းခြင်း ပဿဒ္ဓိ အကျိုးရရှိသည်။  
တရားအသိကိုရရှိစေသည်။
အရှင်အာနန္ဒာ__ကိုယ်စိတ်နှစ်လီ ငြိမ်းချမ်းသည်ရှိသော် မည်သည့်အကျိုး ရရှိပါသနည်း။
မြတ်စွာဘုရား__ကိုယ်စိတ်နှစ်လီ ငြိမ်းချမ်းသည်ရှိသော် သမာဓိ တည်ကြည်ခြင်းအကျိုး ရရှိ သည်။
အရှင်အာနန္ဒာ__သမာဓိ တည်ကြည်မှု ရှိလာလျှင် မည်သည့်အကျိုး ရရှိပါသနည်း။
မြတ်စွာဘုရား__သမာဓိ တည်ကြည်မှု ရှိလာလျှင် မှန်စွာသိသော ဥာဏ်ရရှိခြင်းအကျိုး ရှိ သည်။
အရှင်အာနန္ဒာ__မှန်စွာသိသော ဥာဏ်ရရှိပါက မည်သည့်အကျိုး ရရှိပါသနည်း။
မြတ်စွာဘုရား__မှန်စွာသိသော ဥာဏ်ရရှိပါက သင်္ခါရကို ငြီးငွေ့ သော အကျိုးရရှိသည်။
အရှင်အာနန္ဒာ__သင်္ခါရကို ငြီးငွေ့ သောဥာဏ်ရရှိပါက မည်သည့်အကျိုး ရရှိပါသနည်း။
မြတ်စွာဘုရား__သင်္ခါရကို ပြင်းထန်စွာ ငြီးငွေ့ လာလျှင် လွတ်မြောက်သောဥာဏ် အမှန်ပင် ရရှိသည်။
အရှင်အာနန္ဒာ__လွတ်မြောက်သောဥာဏ် ရရှိပါသော် မည်သည့်အကျိုး ရှိပါသနည်း။ 
မြတ်စွာဘုရား__လွတ်မြောက်သောဥာဏ် ရရှိပါသော် လွတ်မြောက်သောဥာဏ် ရရှိကြောင်း 
သိသည့် ဥာဏ်ကိုရရှိခြင်းအကျိုးရှိသည်။ ဤသို့ လျှင် အပြစ်ကင်းစင်သောကုသိုလ်သီလ
ရှိသူသည် အမြတ်ဆုံးဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ် အထိ ရောက်ရှိနိုင်သည်။
အရှင်အာနန္ဒာ__ကျးဇူးကြီးမြတ် လှပါသည် အရှင်ဘုရား။
 
သာဓု သာဓု သာဓု
 Posted by အေးဆက်