Saturday, April 25, 2015

ဓမ္မသုတ (၅ဝ)


နိဗ္ဗာန်သည်လျှင်- ဆေးအသွင်
ဆေးသည် အဆိပ်ဖြင့် နှိပ်စက်ခြင်း ခံရကုန်သော သတ္တဝါတို့၏ ကိုးကွယ်ရာ ဖြစ်သကဲ့သို့ နိဗ္ဗာန်သည် ကိလေသာ အဆိပ်ဖြင့် နှိပ်စက်
ခြင်း ခံရသော သတ္တဝါတို့၏ ကိုးကွယ်ရာဖြစ်၏။
ဆေးသည် အနာရောဂါတို့၏ အဆုံးကို ပြုတတ်သကဲ့သို့ နိဗ္ဗာန်သည် အလုံးစုံသော ဝဋ်ဆင်းရဲတို၏ အဆုံးကို ပြုတတ်၏။
ဆေးသည် အသက်ကို မသေစေနိုင်သကဲ့သို့ နိဗ္ဗာန်သည် မသေစေနိုင်။

နိဗ္ဗာန်တူစွာ- မဟာသမုဒ္ဒရာ
မဟာသမုဒ္ဒရာသည် အလုံးစုံသော အကောင်ပုပ်တို့မှ ဆိတ်သုဉ်းသကဲ့ သို့ နိဗ္ဗာန်သည် အလုံးစုံသော ကိလေသာ အပုပ်တို့မှ ဆိတ်သုဉ်း၏။
မဟာသမုဒ္ဒရာသည် ကြီးကျယ်၏။ ထိုမှာဖက်ကမ်းမရှိ၊ အလုံးစုံသော
မြစ်တို့ဖြင့် စီးဝင်သော်လည်း မပြည့် နိုင်သကဲ့သို့ နိဗ္ဗာန်သည် ကြီးကျယ်၏။ ထိုမှာဖက်ကမ်းမရှိ။ အလုံးစုံသော သတ္တဝါတို့ဖြင့် မပြည့်နိုင်။
မဟာသမုဒ္ဒရာသည် ကြီးကုန်သော သတ္တဝါတို့၏ နေရာဖြစ်သကဲ့သို့ နိဗ္ဗာန်သည် ကြီးမြတ်ကုန်သော၊ အညစ်အကြေးကင်းကုန်ပြီးသော၊ အာသဝေါကုန်ပြီးသော၊ အရဟတ္တဖိုလ်တည်းဟူသော အားအစွမ်းသို့
ရောက်ပြီးကုန်သော ရဟန္တာတို့၏ နေရာဖြစ်သည်။
မဟာသမုဒ္ဒရာသည် မနှိုင်းရှည့်အပ်သော၊ အထူးထူး အပြားပြားပြန့်ပြော
သော လှိုင်းတံပိုးတို့ဖြင့် ပြွမ်းသကဲ့သို့ နိဗ္ဗာန်သည် မနှိုင်းရှည့်အပ်သော၊ အထူးထူး အပြားပြား ပြန့်ပြောသော၊ အညစ်အကြေးမရှိ စင်ကြယ်သော အသိဉာဏ် "ဝိဇ္ဇာ"၊ လွတ်မြောက်မှု "ဝိမုတ္တိ" ပန်းတို့ဖြင့် ပြွမ်း၏။
စာကိုး။ မိလိန္ဒပဉှာပါဠိတော်၊ ဝေဿ      န္တရဝဂ်၊ နိဗ္ဗာနရူပသဏ္ဍာနပဉှာ။
 

Posted by အေးဆက်

No comments:

Post a Comment