Showing posts with label ကဆုန်ညောင်ရေသွန်းပွဲ. Show all posts
Showing posts with label ကဆုန်ညောင်ရေသွန်းပွဲ. Show all posts

Wednesday, May 18, 2011

မြတ်ပေါင်းစုံသည့် ကဆုန်လပြည့်

ကဆုန်လပြည့် နေႛသည် ဗုဒ္ဓ၏ မွေးနေ့ ဖြစ်သည်။ ဘာသာတရားကို ကိုင်းရှိုင်းသော ဗုဒ္ဓဘာ 
သာဝင်များက အလေးအမြတ်ထားကြသည့် နေႛလည်းဖြစ်သည်။ ဗုဒ္ဓလောင်းလျာ ဗျာဒိတ်ခံ 
ယူခြင်း၊ မွေးဖွါးခြင်း၊ သဗ္ဗညုတဉာဏ်တော် ရရှိခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်း အလုံးစုံသည်
နှစ်အားဖြင့် မတူညီသော်လည်း ကဆုန်လပြည့်နေ့ တစ်နေ့ တည်းတွင်သာဖြစ်သည်။ ထိုႛ
့ကြောင့်ပင်၊ ဗုဒ္ဓဘာသာဝင်များက ၀ိသာခါပူဇာ ဟူသော ပူဇော်ဆင်ယင်ပွဲများကို တလေးတ
စား ပြုလုပ်ကြသည်မှာ ထိုက်တန်လှပေသည်။

အိန္ဒိယပြက္ခဒိန်အရ၊ ကဆုန်လပြည့်နေ့ သည် ၀ိသာခါ၊ မြန်မာနိုင်ငံတွင် မေလ၌ ကျရောက်၏။ အပူပြင်းဆုံးလဖြစ်သဖြင့်ယင်းအခြေအနေတွင်ရှင်သန်စေခြင်းအလို့ ငှါ ညောင်ပင်အရင်းကို 
ရေသွန်းလောင်းပေးကြသည်။ ဤဆင်ယင်ပွဲကို "ကဆုန်ညောင်ရေသွန်းပွဲ" ဟု ခေါ်ဆိုကြ 
သည်။ ပုဂံခေတ်မှ ဆင်းသက်လာပြီး ယနေ့ အထိ တည်ရှိနေသော မြန်မာ့ရိုးရာပွဲတော် ပင် 
တည်း။

သမိုင်းဝင် ဗုဒ္ဓနေ့ ၏ ထင်ရှားသော အမွေအနှစ် လေးပါးကို ဗုဒ္ဓဘာသာဝင်များက လက်ခံ 
တန်ဖိုး ထားကြသည်။ ယင်းတို့ သည်ကား_

() နောင်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတွင် သုမေဓါ ရှင်ရသေ့သည် ဂေါတမအမည်တွင် ဘုရားရှင် ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားက ဗျာဒိတ်ပေးတော်မူသောနေ့ မှာ ကဆုန် 
 (သို့ မဟုတ်) ၀ိသာခါလပြည့်နေ့ ဖြစ်သည်။

() ဘုရားလောင်း သိဒ္ဓတ္ထဂေါတမကို မဟာသက္ကရာဇ် ၆၈ ခုနှစ် (ဘီစီ ၆၂၃) ကဆုန်လပြည့်၊
သောကြာနေ့ ၌ နီပေါ နိုင်ငံ လုမ္ဗိနီ ဥယျဉ်ဝယ် မွေးဖွါးတော်မူခဲ့သည်။ မိဘနှစ်ပါးမှာ အိန္ဒိယ
မြောက်ပိုင်းရှိ ကပ္ပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒန မင်းကြီးနှင့် မဟာမာယာမိဖုရားတို့  ဖြစ်
ကြသည်။

() မဟာသက္ကရာဇ် ၁၀၃ (ဘီစီ ၅၈၈) ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ ၊ သိဒ္ဓတ္ထဂေါတမ ၃၅
နှစ်ပြည့် မွေးနေ့ တွင် ဗုဒ္ဓဂါယာရှိ ဗောဓိညောင်ပင်အောက်တွင် သဗ္ဗညုတဥာဏ်တော်ကို 
ရရှိကာ ဘုရားဖြစ်တော်မူသည်။ ယင်းညောင်ပင်သည်ကား ကဆုန်လပြည့်နေ့ ၌ ပေါ်ပေါက် 
လာသည့် ဖွါးဖက်တော် () ပါးတွင်ပါဝင်၏။

() ဘုရားအဖြစ်ဖြင့် သတ္တ၀ါများအား ၄၅ ၀ါပတ်လုံး ချေချွတ်ပြီးသည့်နောက်၊မဟာသက္ကရာဇ်
၁၄၈ ခုနှစ် (ဘီစီ ၅၄၃) ကဆုန်လပြည့်၊ အင်္ဂါနေ့ အာရုံမတက်မီအချိန်၊ သက်တော် (၈၀
 အရွယ်တွင် အိန္ဒိယပြည်၊ ကုသိနာရုံ၊ အင်ကြင်းပျိုပင် နှစ်ပင်အကြားမှာ လဲလျောင်းတော်မူရင်း 
ခန္ဓာဒုက္ခအပေါင်း ချုပ်ငြိမ်းရာ မဟာပရိနိဗ္ဗာန် စံလွန်တော်မူလေသည်။

သို့ ဖြင့်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါတော်ပွဲများကို ကမ္ဘာတ၀န်းရှိ ဗုဒ္ဓဘာသာဝင်များက 
စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိနေကြသည်။

Posted by အေးဆက်