Wednesday, September 30, 2015

ဓမ္မသာကစ္ဆာ (၃၇)


နီဝရဏတရားဟူသည်
 

အခါတစ်ပါး၌ သိင်္ဂါရဝသတို့သားသည် မြတ်စွာဘုရားထံမှောက်
ရောက်ရှိလာကာ မိမိ၏ အခက်အခဲကို လျှောက်ထားမေးမြန်းလေ၏။
သိင်္ဂါရဝ

တစ်ခါတလေ ရပြီးသားစာတွေကို ကျေကျေညက်ညက်နဲ့ မှတ်မိနေ
တတ်ပါတယ်။ တစ်ခါတရံမှာ တော့ ရပြီးသားစာတွေကိုပဲ မရသေး တဲ့စာလို မေ့ပျောက်နေတတ်ပါ တယ်။ အဲဒါဘာကြောင့်ပါလဲ အရှင်ဘုရား။

ဘုရား
နီဝရဏတရားတွေကြောင့်ပဲ။ ဒီတရားငါးပါးကို မဖယ်တတ်၊ မရှင်းလင်း တတ်လို့ သင်ဒီလို ဖြစ်ရ ပေတယ်။
သိင်္ဂါရဝ
နီဝရဏတရားဆိုတာ ဘယ်ဟာတွေလဲ သိပါရစေအရှင်ဘုရား။
ဘုရား
ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိန မိဒ္ဓနီဝရဏ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ   နီဝရဏနဲ့ ဝီစိကိစ္ဆာနီဝရဏ ဆိုပြီး ငါးပါးရှိလေရဲ့။
သိင်္ဂါရဝ
ကာမစ္ဆန္ဒနီဝရဏကို ရှင်းပြပါအရှင်ဘုရား။
ဘုရား
ကာမစ္ဆန္ဒနီဝရဏဆိုတာ လိုချင်မှုလောဘတရားပဲ။ ရေဟာကြည်
လင်
နေရင် ကိုယ့်မျက်နှာရိပ်ကို မြင်ရတယ်။ ရေကို နီ ပြာ ဝါ ဆေး
တစ်ခုခု ဆိုးလိုက်ရင် မျက်နှာရိပ်ကို မမြင်ရတော့ဘူး။ အဲဒီလိုပဲ၊ လိုချင်မှုလောဘ စိတ်တွေ ထကြွလာရင် ဘာကိုမှ မမြင်တော့ဘဲ
ပြုလိုရာပြုကြမှာဖြစ်တယ်။
သိင်္ဂါရဝ
ဗျာပါဒနီဝရဏက ဘယ်လိုဟာမျိုးပါလဲဘုရား။
ဘုရား
ဗျာပါဒနီဝရဏကတော့ ဒေါသကိလေသာပါပဲ။ ရေဟာ ဆူပွက်
နေတဲ့
အခါ အခိုးထွက်တယ်။ အဲဒီရေထဲကို သွားကြည့်ရင်
မျက်နှာရိပ်ကို
မြင်ရမှာ မဟုတ်ဘူး။ အခိုးဖယ်လိုက်မှမြင်နိုင်မယ်။ ထိုနည်းတူ ဒေါသတွေ ထွက်နေသူဟာ အမှန်ကို ဘယ်မြင်နိုင်
တော့မှာလဲ။

သိင်္ဂါရဝ
ထိန မိဒ္ဓနီဝရဏကကော ဘယ်လိုမျိုးပါလဲဘုရား။
ဘုရား
ထိန မိဒ္ဓနီဝရဏဆိုတာက ထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်းတွေပဲ
ပေါ့ကွယ်။
ရေထဲမှာ မှော်တွေ ဖုံးနေရင် မျက်နှာရိပ်ကို မမြင်ရ
သလို ဒီနီဝရဏတရား
ဖုံးနေရင် ဘာကို သိမှတ်နိုင်တော့မှာလဲ
ကွယ့်။

သိင်္ဂါရဝ
ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏကိုလည်း ရှင်းပြပါဦးဘုရား။
ဘုရား
ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏဆိုတာက စိတ်ရဲ့မငြိမ်သက်ခြင်းနဲ့ နောင်တ ပူပန်ခြင်းတွေပါပဲ။ ရေလှုပ်နေချိန်မှာ မျက်နှာရိပ်ကို သွားကြည့်ရင် မထင်ရှားဘဲ ရေငြိမ်မှ ထင်ရှားသလိုမျိုးပဲပေါ့။
သိဂါၤရဝ
နောက်ဆုံးကျန်နေသေးတဲ့ ဝီစိကိစ္ဆာနီဝရဏကို မိန့် တော်မူပါဦးဘုရား။
ဘုရား
သို့လော သို့လောယုံမှားတွေးတောခြင်းဆိုတာ ဝီစိကိစ္ဆာနီဝရဏဖြစ်
တယ်။ ရေထဲမှာ အနယ်အမှုန်ထနေချိန် မျက်နှာရိပ်မထင်နိုင်ဘဲ
အနယ်
ထိုင်မှ ကြည်ကြည်လင်လင်မြင်ရပေမယ်။ ဒါဟာ ဒီနီဝရဏရဲ့ ဥပမာပါပဲ။ ဒီနီဝရဏတရားငါးပါးကို ပယ်ဖျက်နိုင်ရင် စာတွေမှတ်မိ ရုံလောက်သာမက နိဗ္ဗာန်ထိတိုင် တက်လှမ်းနိုင်မှာ ဖြစ်တယ်။
သိင်္ဂါရဝ
ကြိုးစားကျင့်ကြံပါမယ် အရှင်ဘုရား။
စာကိုးဓမ္မသာရ၊ ဦး (ဆင်ဖြူကျွန်းဆရာတော်)။ နီဝရဏတရားငါးပါး
တရားတော်။

Posted by အေးဆက်

No comments:

Post a Comment