Wednesday, January 15, 2014

ဓမ္မပဒ ၄၆ [ခုဒ္ဒကနိကာယ်]


၎ - ပုပ္ဖဝဂ်၊ ပန်း တရားတော်များ
၂ - မရီစိကမ္မဋ္ဌာနိကဘိက္ခုဝတ္ထု

ဖေဏူပမံ ကာယမိမံ ဝိဒိတွာ၊ မရီစိဓမ္မံ အဘိသမ္ဗုဓာနော။
ဆေတွာန မာရဿ ပပုပၹကာနိ၊ အဒဿနံ မစၥဳရာဇဿ ဂေစၧ။
၄၆။ ဤခန္ဓာကိုယ်ကို ရေမြှုပ်နှင့် တူသည်ဟု သိ၍ တံလျှပ်သဘော ရှိ သည်ဟု (ဉာဏ်ဖြင့်) ထိုးထွင်း၍ သိလျက် မာရ်နတ်၏ ပန်းခိုင်သဖွယ်
ဖြစ်ကုန်သော ဝဋ်သုံးပါးတို့ကို ဖြတ်ပြီးလျှင် သေမင်းမမြင်ရာ (နိဗ္ဗာန်)
သို့ သွားရာ၏။ 


Posted by ဉာဏ်ဦး

Thursday, January 9, 2014

ထေရဝါဒ ဟောဓမ္မ (၂၈)


ဃောသိတ၊ ဦး။ ပဋိစ္စသမုပ္ပါဒ် နှင့် ကမ္မဘဝရှင်းတမ်း။ ၁၄ ဧပြီ ၁၉၉၄။
သတ္တဝါများသည် အဘယ်ကြောင့် စိတ်ထဲတွင် ရှုပ်ထွေးနေကြ ရကြောင်း၊ ပဋိစ္စသမုပ္ပါဒ် အသွယ် ရှစ်သွယ်ဖြစ်သည့် မူလနှစ်
ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ သုံးပါး အစပ်၊
ဝဋ်သုံးဝ၊ ကာလသုံးဖြာနှင့် ခြင်းရာနှစ်ဆယ်တို့နှင့်အတူ၊ ကမ္မဘဝကို ထင်ရှားအောင် ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ဃောသိတ၊ ဦး။ ရှေးအတိတ် ကံစွမ်းအားကြောင့် ဖြစ်ပေါ်လာပုံ တရား
တော်။ ၁၄ ဧပြီ ၁၉၉၃။

ပဋိစ္စသမုပ္ပါဒ် အစပ်သုံးပါး (သင်္ခါရနှင့် ဝိညာဏ်၊ ဝေဒနာနှင့် တဏှာ၊ ကမ္မဘဝနှင့် ဇာတိ)၊ သဿ       တဒိဋ္ဌိ နှင့် ဥစ္ဆေဒဒိဋ္ဌိ၊ စိတ်သုံးမျိုး၊ နာမ်နှင့် ရုပ်တရား၊ ရုပ်၏ အရွယ်အစား နှင့် ကြီး ထွားလာပုံ၊ အာယတန တစ်ဆယ့်နှစ်ပါး၊ ဓါတ်တစ်ဆယ့်ရှစ် ပါးတို့အား ဟောကြားချက်များပါရှိသည်။  တရားနာပါ။
ဇောတိက၊ ဦး (ပခုက္ကူ လေယာဉ်ကွင်းဆရာတော်)။ ပုဂ္ဂိုလ်ဆယ်မျိုးတ ရား တော်။ ဆစ်ဒနီ၊ ၄ မတ် ၂ဝ၁၁။
အာဇီဝဋ္ဌမက သီလ၊ ဗုဒ္ဓ ဟောကြားတော်မူသော ပုဂ္ဂိုလ်ဆယ် မျိုး၊ ဗုဒ္ဓ ချီးကျူးသည့် ပုဂ္ဂိုလ်၊ ယင်းတရားတော်ကို ဗုဒ္ဓဟောကြား
တော်မူရသည့် အကြောင်းစသည်တို့ကို ဖေါ်ပြထားသည်။
တရားနာပါ။

ဇောတိက၊ ဦး (ပခုက္ကူ လေယာဉ်ကွင်းဆရာတော်)။ လောကဓံ။ ဆစ်ဒနီ၊ ၅ မတ် ၂ဝ၁၁။
ရိုးရိုးသီလဆောက်တည်ခြင်း နှင့် အထူးသီလဆောက်တည်
ခြင်းတို့၏ ကွာခြားချက်၊ လောကဓံရှစ်ပါး၊ သူတော်ကောင်း နှင့် လူမိုက်တို့၏
လောကဓံကို ရင်ဆိုင်ကြပုံစသည်တို့ကို ရှင်းလင်း
ဟောကြားထားသည်။  တရားနာပါ။

ပညာဝရ၊ အရှင် (ဓမ္မဒူတ၊ သိမ်ဇရပ်)။ နောက်ကြောင်းပြန်တွေး စိတ် မလေးနဲ့ တရားတော်။ သိမ်ဇရပ်၊ ၁၃ ဧပြီ ၂ဝ၁၁။
ခန္ဓာ နှင့် ဂုဏ်ခြားနားပုံ၊ အတိတ်ကပြုခဲ့မိသော အမှားအတွက် ပူဆွေးနေမည့်အစား ပြုပြင်နေထိုင်ရန် တိုက်တွန်းစကား၊ ဦး တည်ချက်ထားလျက် ကြိုးစားအားထုတ်လျှင် နိဗ္ဗာန်ကို အသေ
အချာ မျက်မှောက်ပြု နိုင်ကြောင်းစသည့် တရားများပါရှိသည်။ တရားနာပါ။
ပညာဝရ၊ အရှင် (ဓမ္မဒူတ၊ သိမ်ဇရပ်)။ ဘဝလမ်းခွဲ။ ဘီးလင်း၊ ၁၄ ဇန္နဝါရီ ၂ဝ၁၃။
မိသားစုများအတွင်း မည်သို့ပေါင်းသင်းဆက်ဆံနေထိုင်ရန် နှင့် ခွဲခွါကြရသည့်အခါ မည်သို့ခွဲခွါကြရန်၊ ပထမ၊ ဒုတိယ၊ တတိယ အသက်အရွယ်တိုင်းတွင် တရားအားထုတ်ကြရန် လိုအပ်ပုံ၊
အမျိုး ဘာသာ သာသနာကြီးပွားရေးအတွက် ဆောင်ရွက်ရမည့် အချက်များ၊ ပုညန္တရာယ်နှင့် ဓမ္မန္တရာယ်၊ သံယောဇဉ်ကို လျှော့   
ကာ
မေတ္တာကို တိုးရန် တိုက်တွန်းချက်စသည်တို့ကို ဖေါ်ပြ ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

Tuesday, January 7, 2014

ဓမ္မသုတ (၃၄)

ကိုယ့်အရေးဝိပဿ       နာ
သူများအရေး၊ ကိုယ့်အရေး၊ အရေးနှစ်မျိုးရှိလေသည်။
ကိုယ့်အရေးဟာ၊ ကြီးဆုံးပါ၊ ဦးစွာကိုယ့်ကိုကယ်ရမည်။
အပါယ်လေးရွာ၊ မရောက်ငှါ၊ ဦးစွာကိုယ့်ကိုကယ်ရမည်။
လောဘနဲ့ သာ၊ ခင်သေရှာ၊ သေခါပြိတ္တာဖြစ်လေမည်။
ဒေါသနဲ့ သာ၊ စိုးရိမ်ကာ၊ သေခါငရဲရောက်လေမည်။
မောဟနဲ့ သာ၊ တွေဝေကာ၊ သေခါတိရစ္ဆာန်ဖြစ်လေမည်။
သုဂတိမှ၊ သုဂတိရ၊ အရင်းမျှသာဖြစ်လေသည်။
သုဂတိမှာ၊ အိုနဲ့ နာ၊ သေတာမျှသာရှိလေသည်။
နိဗ္ဗာန်ရောက်ငှါ၊ ဝိပဿ       နာ၊ မှန်စွာပွါးရမည်။
ပညိဿ       ရ၊ ဒေါက်တာအရှင်။ ဘာအရေးကြီးဆုံးလဲ တရားတော်။
Posted by အေးဆက်

Monday, January 6, 2014

ဓမ္မပဒ ၄၄-၄၅ [ခုဒ္ဒကနိကာယ်]


၎ - ပုပ္ဖဝဂ်၊ ပန်း တရားတော်များ
၁ - ပဉ္စသတဘိက္ခုဝတ္ထု

ကော ဣမံ ပထဝိံ ဝိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေဝကံ။
ကော ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။
သေခေါ ပထဝိံ ဝိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေဝကံ။
သေခေါ ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။
၄၄။ ဤအတ္တဘောတည်းဟူသော မြေကြီးကိုလည်းကောင်း၊ (အပါယ်
လေးဝ) ယမမင်းလောကကို လည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကိုလည်းကောင်း အဘယ်သူသည် ဉာဏ်ဖြင့် ရွေးချယ် စိစစ်နိုင်အံ့နည်း၊ လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကို ရွေးချယ် စိစစ်သကဲ့သို့ ကောင်းစွာဟောအပ်သော တရားအစုကို အဘယ်သူ သည် ရွေးချယ်စိစစ်နိုင်အံ့နည်း။
၄၅။ ဤအတ္တဘောတည်းဟူသော မြေကြီးကိုလည်းကောင်း၊ (အပါယ်

လးဝ) ယမမင်းလောကကို လည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကိုလည်းကောင်း သေက္ခပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ရွေးချယ် စိစစ်နိုင်လတ္တံ့၊ လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကို ရွေးချယ် စိစစ် သကဲ့သို့ ကောင်းစွာဟောအပ်သော တရားအစုကို သေက္ခပုဂ္ဂိုလ် သည် ဉာဏ်ဖြင့် ရွေးချယ်စိစစ်နိုင်လတ္တံ။

Posted by ဉာဏ်ဦး

Saturday, January 4, 2014

ဘဝနေဟန် တရားမှန် (၁၁)


ကာကွယ်ရေးတရား
 

လူတို့သည် မိမိတို့ထံ ဘေးရန်အန္တရာယ်များ မကျရောက်ဘဲ လုံခြုံ ခြင်း အလို့ငှါ နည်းမျိုးစုံဖြင့် အကာအကွယ်ပြုတတ်ကြသည်။ စင်စစ် လေးပါး
သော ကာကွယ်ရေးတရားများသည်သာ မိမိတို့အား ပြည့်စုံသော လုံခြုံ မှုကို ပေးနိုင်ပေသည်။ ယင်းတို့ကား--

။ ဗုဒ္ဓါနုဿ       တိ ဘာဝနာပွါးများခြင်း၊
။ မေတ္တာ ဘာဝနာပွါးများခြင်း၊
။ အသုဘကမ္မဋ္ဌာန်း စီးဖြန်းခြင်း၊
။ မရဏဿ       တိ- သေခြင်းတရားကို မပြတ်ဆင်ခြင်
အောက်မေ့ခြင်း
တို့ ဖြစ်ကြသည်။
ဗုဒ္ဓါနုဿ       တိဘာဝနာပွါးများပါက သဒ္ဓါတရား တိုးပွားစေသည်။ ကောင်း မှုများကို ပြုသည့်အားလျော်စွာ သေသည်၏ အခြားမဲ့၌ သုဂတိသို့လား မည်ဖြစ်သည်။ မေတ္တာဘာဝနာ ပွါးများပါသော် ဒေါသကို ဖယ်ရှားနိုင် သည်နှင့်အမျှ  ဘေးရန်အန္တရာယ် ကင်းပကွယ်မည်ပင်။
 

အသုဘကမ္မဋ္ဌာန်း စီးဖြန်းခြင်းဖြင့် ရာဂကို စင်စေသည်။ မရဏဿ  တိ သေခြင်းတရားကို မပြတ်ဆင်ခြင်ပါ က မာနကို ကျစေလိမ့်မည်။
 

ရာဂနှင့် မာနတရားတို့ကား အပါယ်သို့လားစေသည့် တရားများဖြစ်ကြ သည်။ ယင်းတို့ကင်းစင်ခြင်းသည် အပါယ်တံခါး ပိတ်ခြင်းမည်ပါ၏။
 

သို့ပါ၍ ကာကွယ်ရေးတရားလေးပါးအား လက်ကိုင်ထားကျင့်သုံးလျက် လုံခြုံစွာနေထိုင်ကြရန် တိုက်တွန်းလိုပါသည်။
ကျမ်းကိုး။ ။နရပတိ၊ ဦး (ဖြူးဆရာတော်)။ အသက်သေသော်လည်း မျက်ရည်မကျစတမ်း တရားတော်။

Posted by အေးဆက်

Wednesday, January 1, 2014

၂ဝ၁၄ နှစ်သစ်ပတ္ထနာ


နှစ်ထောင့်ဆယ့်လေး၊
မနှေးရောက်လာ၊
ကျန်းမာချမ်းသာ၊
လန်းဖြာစွာလျှင်၊
ဘာသာလူမျိုး၊
ပြည့်အကျိုးကို၊
သယ်ပိုးနိုင်စေ၊
တောင်းဆုချွေသည်၊
များထွေမင်္ဂလာပြည့်စေသော်။

Posted by အေးဆက်

ဓမ္မသာကစ္ဆာ (၁၈)


ရေချိုး၍ မရပါ
အနာထပိဏ် သူဌေးကြီး၏ အယောက်တစ်ရာမြောက်ကျွန်မှာ ပုဏ္ဏာ

ဖြစ်သည်။ ကျွန်မလေး ပုဏ္ဏာသည် ဗဟုသုတရှိပြီး ဟောတတ်ပြော တတ် သောကြောင့် သူဌေးကြီးက မျက်နှာသာပေး၏။ တစ်နေ့တွင်
ရေခပ်သွားရာ ပုဏ္ဏားကြီးတစ်ဦး မြစ်အတွင်း၌ ခိုက်ခိုက်တုန်လျက်
နှင့်ပင် ရေချိုးနေသည်ကို မြင်သဖြင့် မေးမြန်းလေသည်။
 

ပုဏ္ဏာ
ပုဏ္ဏားကြီး၊ အကျွန်ုပ်မှာ ချမ်းလွန်းတဲ့အတွက် ရေမခပ်ချင်ပေမဲ့ အရှင်သခင်ကို ကြောက်လို့ ရေလာခပ်ရပါတယ်။ အသင်က
အဘယ်သူ့ကို ကြောက်ပြီး ချမ်းချမ်းစီးစီး ရေချိုးနေတာပါလဲ။

ပုဏ္ဏားကြီး
ရေချိုးတယ်ဆိုတာ ကုသိုလ်လုပ်နေတာ၊ အကုသိုလ်တွေကို
ရေမျှောနေတာ၊ ကြီးငယ် ရွယ်လတ် ယုတ်မြတ်မရွေး ဘယ်
ပုဂ္ဂိုလ်မဆို အကုသိုလ်ရှိခဲ့ရင် ငါရေချိုးသလိုသာချိုး၊ အကုသိုလ်
တွေ ကုန်သွားလိမ့်မယ်ကွယ့်။
ပုဏ္ဏာ
အဘယ်မသိတဲ့ ပုဂ္ဂိုလ်က အဘယ်မသိတဲ့ သင့်အား ရေချိုးရင် အကုသိုလ်ကုန်တယ် အကုသိုလ်မှ လွတ်တယ်လို့ ပြောတာပါ လိမ့်။ ရေချိုးလို့ အကုသိုလ်မှ လွတ်တယ်ဆိုရင် ရေထဲက ငါး လိပ်စတဲ့ ရေသတ္တဝါတွေ အကုသိုလ်တွေလွတ်၊ ကုသိုလ်တွေ ရပြီး အားလုံး နတ်ပြည်ရောက်ကုန်ကြမှာပေါ့။ သားသတ်သူ
တွေ၊ လူသတ်သမား လူဆိုး သူခိုးတွေဟာလဲ အကုသိုလ်
တွေ လုပ်ပြီး ရေချိုးကြမယ်ဆိုရင် လောကမှာ သတ္တဝါတွေ ဆိတ် သုဉ်းသွားနိုင်စရာ အကြောင်း ရှိပါတယ်။ စဉ်းစားကြည့်ပါဦး
တော့။

ပုဏ္ဏာ၏ စကားကို နားဝင်သွားသော ပုဏ္ဏားကြီးသည် ရေမှထွက်၊  ကမ်းပေါ်သို့ တက်လာခဲ့သည်။
ပုဏ္ဏာ

ပုဏ္ဏားကြီး၊ ဆန့်ကျင်ဖက်ကို ဆန့်ကျင်ဖက်ကမှ နိုင်တာဖြစ်
ပါတယ်။ ရေဟာ ကုသိုလ်၊ အကုသိုလ်တို့ရဲ့ဆန့်ကျင်ဖက်
မဟုတ်ပါ။ ဒါကြောင့်၊ ရေချိုးခြင်းအားဖြင့် အကုသိုလ်ကို မပယ်
နိုင်ပါ။ ဒီမြစ်ရေက ရေမျှောပေးစတမ်းဆိုရင် အကုသိုလ်သာ
မက ကုသိုလ်တွေပါ ရေထဲ ပါသွား မှာဖြစ်လို့ သင့်မှာ ကုသိုလ်
ဗလာဖြစ်ကရောပေါ့။
ပုဏ္ဏားကြီး
ကျွန်ုပ် သဘောပေါက်ပါပြီ။ ကျွန်ုပ်အား အရိယာလမ်းပေါ်ကို ဆွဲတင်ပေးတဲ့အတွက် ကျေးဇူးတင်လွန်းလို့ အပေါ်ရုံပုဆိုးကို
ပေးချင်ပါတယ်။ ယူပါ မိန်းကလေး။
ပုဏ္ဏာ
သင်ပေးတာကို မလိုချင်ပါ။ ကျွန်ုပ်ပြောတာကို နားလည်
သဘောပေါက်တယ်ဆိုရင် ထပ်ပြောချင်တာ ရှိပါသေးတယ်။
ပုဏ္ဏားကြီး
ပြောပါ။ နားထောင်ချင်ပါတယ်။ 
ပုဏ္ဏာ
ဆင်းရဲဒုက္ခကို တကယ်ကြောက်ရင် ဒုက္ခဖြစ်ကြောင်းဖြစ်တဲ့ အကုသိုလ်တွေကို မလုပ်ပါနဲ့။ ဘုရား တရား သံဃာကို ကိုးကွယ်ဆည်းကပ်ပါ။ ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး စတဲ့
သီလတွေကိုလဲ လျော်သလို ဆောက်တည်ဖို့ မှာချင်ပါတယ်။
ပုဏ္ဏားကြီး
သင်ပြောတဲ့အတိုင်း သရဏဂုံနဲ့ သီလကို မြဲအောင်ဆောက်
တည်ပါ့မယ်။
ပုဏ္ဏာ
ကောင်းလှပါတယ် ပုဏ္ဏားကြီး။
ပုဏ္ဏားကြီးသည် ဘုရားထံသွားသည်။ ဘုရားဟောကြားသော တရား
တော်ကို ကောင်းစွာနာကြားပြီးနောက် ရဟန်းပြုသည်။ ကျင့်ကြံ အား ထုတ်သဖြင့် မကြာမီ ရဟန္တာ ဖြစ်သွားလေသည်။
သာဓု  သာဓု  သာဓု
 

ကျမ်းကိုး။   ။ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ရေချိုးခြင်းနှင့် သက်သတ်လွတ်စားခြင်း တရားတော်။ 

Posted by အေးဆက်