အနာကင်းသောလက်
အချဉ် အငန် အစပ်တို့နှင့် အထိမခံနိုင်ခြင်းမှာ လက်တွင်အနာရှိ၍ ဖြစ်သည်။
ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည် ဆင်းရဲဒုက္ခများဖြင့် အလောင်ခံနေ ရသူများ ဖြစ်ကြသည်။
အကုသိုလ်တည်းဟူသော အနာဆိုး ရှိနေကြသောကြောင့်ပင်။
အကုသိုလ်ကံဆိုး မရှိကြသူတို့မှာ အနှီဒုက္ခများကို မခံကြရ။
အရိယာတို့မှာ အနာမရှိစေရန် တရားနှင့် ကုစားနေကြသဖြင့် အနာမရှိကြချေ။
အနာမရှိသော လက်နှင့်တူအောင် နေတတ်ကြစေ။
စာကိုး။ လက္ခဏ၊ ဦး (ကျစွာဆရာတော်)။ အနာမရှိသောလက် တရားတော်။
Posted by အေးဆက်
Saturday, October 17, 2015
Friday, October 16, 2015
ဓမ္မပဒ ၉၃ [ခုဒ္ဒကနိကာယ်]
၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၎ - အနုရုဒ္ဓတ္ထေရဝတ္ထု
ယဿာ သဝါ ပရိက္ခီဏာ၊ အာဟာရေ စ အနိ ဿိ တော။၉၃။ အကြင်ပုဂ္ဂိုလ်တို့အား အာသဝေါကုန်ခန်း၏၊ အစာအဟာရ၌လည်း (တဏှာဒိဋ္ဌိဖြင့်) စွဲမှီခြင်း မရှိ၊ ရာဂစသည် ဆိတ်သုန်းသော ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာ ပုဂ္ဂိုလ်၏ ကျက်စားရာအာရုံဖြစ်၏။ ကာင်းကင်၌ ငှက်တို့၏ ခြေရာကို မသိနိုင်သကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၏ ခြေရာ ဟူသော လမ်းကြောင်းကို မသိနိုင်။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခော ယဿ ဂေါစရော။
အာကာသေဝ သကုန္တာနံ၊ ပဒံ တဿ ဒုရန္နယံ။
Posted by ဉာဏ်ဦး
Subscribe to:
Posts (Atom)