Tuesday, November 25, 2014
ဓမ္မသုတ (၄၅)
ဗုဒ္ဓ ကိုယ်တော်တိုင် တရားနာခြင်း
အခါတစ်ပါး၌ မြတ်စွာဘုရားသည် နန္ဒမထေရ် တရားဟောရာ
အရပ်သို့ သွား၍ ညဉ့်သုံးယံပတ်လုံး တရား နာကြားတော်မူ၏။
ထို့နောက် သာဓုခေါ်တော်မူလေသည်။
ထိုအခါ နန္ဒမထေရ်သည် ရပ်လျက် တရားနာနေသည့် ဘုရားရှင်
ကို မြင်လေသော် အနားသို့ ရောက်လာပြီး လက်အုပ်ချီမိုး ရိုကျိုး
ကာ_"အရှင်မြတ်ဘုရား၊ အရှင်မြတ်သည် ထူးမြတ်သိမ်မွေ့ခြင်း
ရှိတော်မူပါလျက် လွန်စွာပြုနိုင်ခဲသော အမှုကို ပြုတော်မူပါဘိ
ဘုရား” ဟုလျှောက်ထား၏။ ထိုအခါ ဗုဒ္ဓက "ချစ်သား နန္ဒ၊ သင်
သည် တစ်ကမ္ဘာပတ်လုံး တရားဟော နိုင်စွမ်းအံ့၊ ငါဘုရားသည်
လည်း တစ်ကမ္ဘာပတ်လုံး ရပ်လျက်ပင် တရားနာတော်မူအံ့” ဟု
မိန့်တော်မူလေ၏။
ဤသာဓကကို ထောက်လျှင် ဗုဒ္ဓဘာသာဝင်တိုင်း ရိုရိုသေသေ
လေးလေးစားစား တရားတော်မြတ်ကို အခွင့်သာခိုက် နာကြား
လိုက်နာသင့်လှပါပေစွတကား။
Posted by ဉာဏ်ဦး
Sunday, November 23, 2014
ဓမ္မပဒ ၇၂ [ခုဒ္ဒကနိကာယ်]
၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၁၃ - သဋ္ဌိကူဋပေတဝတ္ထု
ယာဝဒေဝ အနတ္ထာယ၊ ဉ တ္တံ ဗာလဿ ဇာယတိ။၇၂။ သူမိုက်၏ အတတ်ပညာသည် သူမိုက်အား အကျိုးမဲ့ရန် အတွက်သာ ဖြစ်၏။ ကုသိုလ်အဖို့ အစုကို ဖျက်ဆီး၏။ ပညာဦးထိပ်ကို ပြတ်၍ ကျစေတတ်၏။
ဟန္တိ ဗာလဿ သုက္ကံသံ၊ မုဒ္ဓ မဿ ဝိပါတယံ။
Posted by ဉာဏ်ဦး
Thursday, November 20, 2014
ဓမ္မပဒ ၇၁ [ခုဒ္ဒကနိကာယ်]
၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၁၂ - အဟိပေတဝတ္ထု
သေး၊ (အကျိုးပေးသောအခါ) ပြာဖုံးသော မီးခဲကဲ့သို့ သူမိုက်ကို လောင် ကျွမ်းစေလျက် အစဉ်လိုက်၏။
Posted by ဉာဏ်ဦး
၁၂ - အဟိပေတဝတ္ထု
န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇုခီရံဝ မုစ္စတိ။၇၁။ ညှစ်ပြီးစ နို့ရည်သည် ပြကတေ့သဘောမှ ရုတ်တရက် မပြောင်းလဲ သကဲ့သို့ ပြုသစ်စဖြစ်သော မကောင်းမှုသည် (ရုတ်တရက်) အကျိုးမပေး
ဍဟန္တံ ဗာလမနွေတိ၊ ဘသ္မစ္ဆန္နောဝ ပါဝကော။
သေး၊ (အကျိုးပေးသောအခါ) ပြာဖုံးသော မီးခဲကဲ့သို့ သူမိုက်ကို လောင် ကျွမ်းစေလျက် အစဉ်လိုက်၏။
Posted by ဉာဏ်ဦး
Friday, November 14, 2014
ဘဝနေဟန် တရားမှန် (၂၁)
အောင်မြင်ရေး အခြေအနေလေးရပ်
အလိုရှိသမျှ ပြည့်စုံစေရန် အခြေခံအကြောင်းရင်းလေးရပ် လိုအပ်သည်။ ယင်း အခြေအနေလေးမျိုးနှင့် ပြည့်စုံသူသည် အချိန်တိုအတွင်းမှာပင် စီးပွားရေး စသည်၌ အောင်မြင်သူဖြစ်ရ၏။ စီးပွားဥစ္စာ အခြံအရံ အကျော် အစောများဖြင့် ပေါ်လွင်ထင်ရှားသူ ဖြစ်ရ၏။
ယင်းအခြေအနေများကား_
၁။ စီးပွားရေး၊ ဘာသာရေးစသည် အောင်မြင်တိုးတက်နိုင်နောက်ဆုံးအခြေအနေနှင့် ပြည့်စုံရန်မှာ အဓိကအကျဆုံးဖြစ်သည်။ ယင်းအချက်နှင့် ပြည့်စုံမှသာကျန်အချက်များလည်း ပြည့်စုံနိုင်မည်
သော အရပ်ဒေသ၌ အခြေချနေထိုင်ရခြင်း၊
၂။ ဘုရားအစရှိသော သူတော်ကောင်းနှင့် ပညာရှင် မိတ်ဆွေ
ကောင်း အပေါင်းအသင်းများ ရရှိခြင်း၊
၃။ မိမိကိုယ်ကို လူတော်လူကောင်း ဖြစ်အောင် ကောင်းစွာ
ပြုပြင်ပေးရခြင်း၊
၎။ ရှေ့ပိုင်းကာလ ရှေးရှေးဘဝက ဖြည့်ကျင့်ဆည်းပူးခဲ့သော
ကောင်းသော လုပ်ဆောင်မှုများ ရှိရခြင်းတို့ဖြစ်သည်။
ဖြစ်သောကြောင့်ပင်တည်း။
သို့ပါ၍ လောကီ လောကုတ္တရာ ကြီးပွားတိုးတက်ရေး၌ ဘက်စုံ
အောင်မြင်သူ တစ်ယောက်ဖြစ်ရန် အခြေခံ အကြောင်းရင်းဖြစ်သော
ကောင်းမှုလုပ်ငန်းများကို ကြိုးပမ်းအားထုတ်ကြရပေသည်။
စာကိုး။ ဗုဒ္ဓဒေသနာတော် ဝေါဟာရအဘိဓါန်။ သာသနာရေးဦးစီးဌာန၊ ၁၉၉၆။
Posted by အေးဆက်
Wednesday, November 5, 2014
ဓမ္မသာကစ္ဆာ (၂၈)
အသိနှင့် အကျင့်
တစ်နေ့သောအခါဝယ် သောဏဒဏ္ဍ ပုဏ္ဏားကြီးသည် တပည့်အပေါင်း
နှင့်အတူ မြတ်စွာဘုရားထံမှောက် ရောက်ရှိလာကာဆွေးနွေးစကား
ပြောကြားလေသည်။
ပုဏ္ဏား
Posted by အေးဆက်
တစ်နေ့သောအခါဝယ် သောဏဒဏ္ဍ ပုဏ္ဏားကြီးသည် တပည့်အပေါင်း
နှင့်အတူ မြတ်စွာဘုရားထံမှောက် ရောက်ရှိလာကာဆွေးနွေးစကား
ပြောကြားလေသည်။
ပုဏ္ဏား
သမဏလို့ ခေါ်ခြင်းရဲ့ အကြောင်းရင်းတွေကို သိလိုပါတယ် ဘုရား။ဘုရား
အမောင်တို့ဟာ အဘယ်အမျိုးအနွယ်များ ဖြစ်ကြပါသလဲ။ပုဏ္ဏား
ဗြဟ္မဏမျိုးဖြစ်ပါတယ်ဘုရား။ဘုရား
ဗြဟ္မဏလို့ခေါ်ရတဲ့ အခြေခံ အရည်အချင်းက ဘာတွေလဲ ပုဏ္ဏားကြီး။ပုဏ္ဏား
၁။ အမျိုးဇာတ် သန့်ရှင်းခြင်း၊
၂။ ဥပဓိရုပ် သပ်ရပ်တင့်တယ်ခြင်း၊
၃။ ဝေဒသုံးပုံ တတ်ကျွမ်းခြင်း၊
၎။ ကိုယ်ကျင့်သီလ ကောင်းခြင်းနဲ့ 
၅။ ပညာတတ်ခြင်းဆိုတဲ့ အခြေခံအရည်အချင်း ငါးမျိုးရှိမှ ဗြဟ္မဏလို့ခေါ်ရပါတယ်ဘုရား။
ဘုရား
အမျိုးဇာတ် သန့်ရှင်းခြင်းဆိုတဲ့ အချက်ကို လျှော့ပြီး ကျန်တဲ့ အရည်အချင်းလေးခုနဲ့ ဗြဟ္မဏ မဖြစ်နိုင်ဘူးလား။ပုဏ္ဏား
အမျိုးဇာတ်က အရေးမကြီးလှပါ။ ကျန်လေးခုရှိရင် ဗြဟ္မဏဘုရား
ပဲပေါ့ဘုရား။
ဥပဓိရုပ် သပ်ရပ်တင့်တယ်မှု မရှိရင်ကော မဖြစ်ဘူးလား ပုဏ္ဏားကြီး။ပုဏ္ဏား
ဥပဓိရုပ် ကောင်းကောင်း၊ မကောင်းကောင်း ဝေဒသုံးပုံဘုရား
တတ်ကျွမ်းမယ်၊ သီလနဲ့ ပညာလဲ ကောင်းမယ်ဆိုရင်
ဗြဟ္မဏဖြစ်နိုင်ပါတယ်ဘုရား။
ဒါဖြင့် ဝေဒသုံးပုံကိုဖယ်၊ သီလနဲ့ ပညာပဲရှိရင် ဗြဟ္မဏ မဖြစ်နိုင်ဘူးလား။ပုဏ္ဏား
ဖြစ်နိုင်ပါတယ်ဘုရား။ဘုရား
သီလနဲ့ ပညာ ဒီနှစ်ခုထဲက တစ်ခုခုကို လျှော့ရင်ကောပုဏ္ဏား
ဗြဟ္မဏဖြစ်နိုင်သေးလားပုဏ္ဏား။
ဒီနှစ်ခု၊ ဘယ်ဟာကိုမျှ လျှော့လို့ မရတော့ပါဘုရား။ဘုရား
လူ့ ပြည်နတ်ရွာ လောကဓါတ် တစ်ခုလုံးမှာ အမျိုးဇာတ်ကို အမြတ်ထား ပြောလေ့ရှိကြတယ်။ မင်းကျင့်တရား ဆယ်ပါးပုဏ္ဏား
ကို ကျင့်နိုင်တဲ့အတွက် မင်းမျိုးဟာ အမြတ်ဆုံးဖြစ်တယ်လို့
ဆိုတယ်။ စင်စစ် ဘယ်အမျိုးကပဲဖြစ်စေ အသိပညာနဲ့ 
ကိုယ်ကျင့်သီလ ပြည့်စုံသူသာအမြတ်ဆုံးဖြစ်ပေတယ်။ အသိနဲ့ အကျင့်ဟာ အဓိကအကျဆုံး လူ့ဘဝတန်ဖိုးပေပဲ။
သီလနဲ့ ပညာ ကင်းကွာသွားသူဟာ ဘယ်လိုမှ ကောင်းနိုင်
ဖွယ်ရာ မရှိတော့ဘူး။ ပညာကို သီလနဲ့ တည်ဆောက်ရတယ်။ သီလကိုလဲ ပညာနဲ့ တည်ဆောက် ရမှာ ဖြစ်တယ် ပုဏ္ဏားတို့။
အလွန်မှန်ကန် သင့်မြတ်လှပါတယ် အရှင်ဘုရား။စာကိုး။ ဉာဏိဿရ၊ ဒေါက်တာအရှင်။ သီလအကျိုးပြ တရားတော်။
Posted by အေးဆက်
Sunday, November 2, 2014
ထေရဝါဒ ဟောဓမ္မ (၃၈)
ဇဋိလ၊ ဦး (ကြာနီကန်ဆရာတော်)။ သားဟောင်းချီးမြှောက် နတ်ပြည်ရောက်။ တောင်ငူ၊ ၁၃၃၈။
ဒိဋ္ဌဓမ္မ အကျိုးပေးသော ဒါနတရားကို အရှင်မဟာကဿပ နှင့် ဆင်းရဲသူ အာဆာမတို့၏ အကြောင်းဖြင့် ရှင်းလင်း ဟောကြား ထားသည်။ http://goo.gl/2qKlexဇာနေယျ ၊ ဘဒ္ဒန္တ (မြစိမ်းတောင်ဆရာတော်)။ ဗုဒ္ဓဘာသာ တရား
တော်။ ရန်ကုန်၊ ၁၃၆၈။ (၁၈ မေ၊ ၂ဝဝ၇။)
ဗုဒ္ဓဘာသာဝင်သုံးမျိုး၊ ဗုဒ္ဓအမျိုးမျိုး၊ ဒါနသီလ ပြုရခြင်းအကြောင်း၊ တရားနာခြင်းဟူသည်၊ သမ္မာဒိဋ္ဌိ သုံးမျိုး၊ အဆိုးဆုံး မနောကံ အစရှိသော တရားများ ပါဝင်၏။ http://goo.gl/x2Umruသူရိယ၊ အရှင် (အောင်စကြာ)။ သီလကထာ။ ရန်ကုန်၊ [ခုနှစ်မပါ]
သီလနှင့် စပ်လျဉ်း၍ သီလ၏ အဓိပ္ပါယ်၊ အကျိုးကျေးဇူးများနှင့် အမျိုးအစားတို့ကို ဥပမာများ ပေးကာ ရှင်းလင်း ဟောကြားထား သည်။ http://goo.gl/2IhgwVPosted by ဉာဏ်ဦး၊ အေးဆက်
Subscribe to:
Posts (Atom)