Showing posts with label စကားသုံးခွန်း. Show all posts
Showing posts with label စကားသုံးခွန်း. Show all posts

Thursday, February 21, 2013

ဓမ္မသာကစ္ဆာ (၇)


အဖိုးတန်စကားသုံးခွန်း 

နတ်တစ်ပါးစုတိတော့မည်ဆိုလျှင် အခြားနတ်များက စကားသုံးခွန်း ဝိုင်းဝန်းမှာကြားလေ့ရှိတတ်ကြောင်းကို မြတ်စွာဘုရားသည် ဇေတ
ဝန်ကျောင်းတော်တွင် ရဟန်းအပေါင်းတို့ အား ဟောကြားတော်မူခဲ့
သည်။ ထိုစဉ်ခါဝယ် နတ်သားတစ်ပါးက သိလိုသည်ကို မေးမြန်း
လျှောက်ထားသဖြင့် မြတ်ဘုရားက ရှင်းလင်းဖြေ ကြားတော်မူခဲ့သည်။
 

ဘုရား
ရဟန်းတို့ ၊ နတ်တစ်ပါး စုတိတော့မယ့် အချိန်မှာ တခြားနတ်
တွေက "နတ်ပြည်ထက် ကောင်းတဲ့ အကောင်းဆုံး ဘုံကို
ရောက်အောင်
သွားပါ၊ ရောက်ခဲ့သော် အကောင်းဆုံး ရတနာ ကို ရအာင်ယူပါ၊ ထိုရသော ရတနာ မပျောက်ပျက် ပါစေနဲ့"
အစရှိတဲ့ စကားသုံးခွန်း
ကို မှာကြားတတ်ပေတယ်။
နတ်သား
သိလိုရေးကြောင့် မေးပါရစေ အရှင်မြတ်ဘုရား၊ နတ်ပြည် ထက်ကောင်းတဲ့ အကောင်းဆုံးဘုံဆိုတာ ဘယ်ဘုံများပါလဲ ဘုရား။
ဘုရား
နတ်ပြည်ထက်ကောင်းတဲ့ ဘုံဆိုတာ တခြားမဟုတ်၊ လူ့ဘုံ
ဖြစ်ပေတယ်။
လူ့ဘုံမှာ ကောင်းမှုတွေ စုံလင်အောင် ပြုလို
သမျှ ပြုလို့ရတာကြောင့်အကောင်းဆုံးဘုံဟုပင်ခ်ါဆိုနိုင်
ပေတယ် အမောင်နတ်သား။
နတ်သား
အကောင်းဆုံး ရတနာဆိုတာက အဘယ်ဟာကို ညွှန်းဆို ပါသလဲဘုရား။
ဘုရား
အကောင်းဆုံး ရတနာဆိုတာက ဘုရား၊ တရား၊ သံဃာ၊ ကံ၊ ကံ၏ အကျိုး အပေါ်မှာ ယုံကြည်ခြင်းဆိုတဲ့ သဒ္ဓါ တရားလို့ မှတ်ပါ။
နတ်သား
ရထားတဲ့ ဒီရတနာကို မပျောက်ပျက်အောင် ဘယ်ပုံထိန်းသိမ်း ရမှာပါလဲ အရှင်ဘုရား။
ဘုရား
ရတနာ သဒ္ဓါတရားမြတ် မပျောက်ပျက်ရေးအတွက် သီလ သမာဓိ ပညာနဲ့  သောတာပန်တည် အောင် ကြိုးစားကျင့်ကြံ အားထုတ်ခြင်းဖြင့် ထိန်းသိမ်းနိုင်ပေတယ် နတ်သား။
နတ်သား
မှန်လှပါ အရှင်မြတ်ဘုရား။ သာဓု  သာဓု  သာဓု 
ကျမ်းကိုး။    ။ပညာနန္ဒ၊ ဦး။ "အဖိုးတန်စကားသုံးခွန်း" တရားတော်။ ရန်ကုန်၊ ၂၅ မတ် ၂ဝဝ၆။

Posted by  အေးဆက်