Sunday, November 24, 2013

ဓမ္မပဒ ၄ဝ [ခုဒ္ဒကနိကာယ်]


၃- စိတ္တဝဂ္ဂ၊ စိတ်တရားတော်များ
၆- ပဉ္စသတဘိက္ခုဝတ္ထု

ကု မ္ဘူ  ပမံ ကာယမိမံ ဝိဒိတွာ၊
နဂရူပမံ စိတ္တမိဒံ ဌပေတွာ။
ယောဓေထ မာရံ ပညာဝုဓေန၊
ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။
၎ဝ။ ဤ (သုံးဆယ့်နှစ်ကောဋ္ဌာသ) ခန္ဓာကိုယ်ကို အိုးနှင့်တူ၏ ဟုသိ၍ ဤစိတ်ကို မြို့နှင့်တူ၏ ဟု ဉာဏ်၌ သက်ဝင်စေလျက် ပညာလက်နက်
ဖြင့် ကိလေသာမာရ်ကို တိုက်ခိုက်ရာ၏။ (တိုက်ခိုက်၍) အောင်သော တရားကိုလည်း ကပ်ငြိတွယ်တာခြင်းမရှိဘဲ စောင့်ရှောက်ထားရာ၏။

Posted by ဉာဏ်ဦး

Monday, November 18, 2013

ထေရဝါဒ ဟောဓမ္မ (၂၆)


ကောဝိဒ၊ ဒေါက်တာအရှင် (မဇ္ဈိမဂုဏ်ရည်)။ နေဖို့လည်းပြင် သေဖို့
လည်းပြင်။ ရန်ကုန်၊ ၁ ဒီဇင်ဘာ ၂ဝဝ၉။

မမေ့လျော့သူနှင့် မေ့လျော့သူတို့၏ ကွာခြားချက်၊ သေရန်ပြင် ဆင်နည်းစသည့် တရားများ ပါရှိသည်။  တရားနာပါ။
ကောဝိဒ၊ ဒေါက်တာအရှင် (မဇ္ဈိမဂုဏ်ရည်)။ ဘယ်လိုပြန်ကြမှာလဲ။ ရန်ကုန်၊ ၅ နိုဝင်ဘာ ၂ဝဝ၉။
မကောင်းမှု ပြုလုပ်ကာ ဆိုးဝါးသောသေခြင်းကို ရယူမည့်အစား ဝိပဿနာအားထုတ်ခြင်းဖြင့် ကောင်းမှုသမိုင်းကို ချန်ထားခဲ့ကြ ရန် အကြံပြု ဟောကြားထားသည်။ ထို့ ပြင်၊ သဒ္ဓါနှင့် ပညာနှစ်
ဖြာသော
တရားတို့သည် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အရေး ကြီးပုံကိုလည်း ရှင်းပြထား၏။  တရားနာပါ။
စန္ဒသာရ၊ အရှင် (ကျောင်းကုန်း)။ မသေသေးခင် သွားလမ်းပြင်။ ထားဝယ်၊ ၁၃၇၁။
ပုဂ္ဂိုလ်နှစ်မျိုး၊ ကြိုတင်၍ မသိနိုင်သည့် အချက်ငါးမျိုးနှင့်တကွ ယက္ကန်းသည် မလေးဇာတ် ကြောင်းကို ညွှန်းဆိုလျက် ဝိပဿ နာအဆောတလျင် ပွါးများအားထုတ်ကြရန် တိုက်တွန်းချက်စ သည်တို့ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
စန္ဒသာရ၊ အရှင် (ကျောင်းကုန်း)။ အမြဲနေ့ည ဆင်ခြင်ကြ။ ထားဝယ်၊ ၂ဝ စက်တင်ဘာ ၂ဝဝ၉။
အမြဲဆင်ခြင်အပ်သော တရားငါးပါး၊ ဆင်ခြင်ပုံနှင့် ရရှိမည့် အကျိုးကျေးဇူးတို့ကို ဖေါ်ပြဟောကြားထားသည်။  တရားနာပါ။
ရေဝတ၊ အရှင် (မူလ ကသစ်ဝိုင်ဆရာတော်)။ ဝိပဿနာအလုပ်ပေး (၁)၊ သီလပေး (၁)။ [ခုနှစ်မပါ]
ဘုရားအားစစ်မှန်စွာ ရှိခိုးပူဇော်ခြင်း၊ နိဗ္ဗာန်ဆိုသည်မှာနှင့် နိဗ္ဗာန် တည်ရှိရာ၊ ပုထုဇဉ်နှင့် အရိယာတို့၏ ခြားနားချက်၊ အပါယ်ကျရခြင်း အကြောင်းရင်းများ၊ သတ္တဝါတို့အဖန်ဖန် အပါယ်ကျရခြင်းအကြောင်း၊ ကံဟောင်းနှင့် ကံသစ်၊ မနောကံ ခုနစ်မျိုး၊ ဒိဋ္ဌိဖြုတ်နည်းစသည့် တရားများကို ရှင်းလင်းဟော
ကြားထားသည်။  တရားနာပါ။

ရေဝတ၊ အရှင် (မူလ ကသစ်ဝိုင်ဆရာတော်)။ ဝိပဿနာအလုပ်ပေး (၂)၊ သီလပေး (၂)။ [ခုနှစ်မပါ]
လက္ခဏာသုံးပါး (သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ) တို့ 
ဖြင့်သမ္မာသီလ ဖြစ်မဖြစ် စစ်ဆေးခြင်း၊ လူ့သီလ၊ မိစ္ဆာသီလ၊ ငါးပါးသီလ အကျဉ်းနှင့် အကျယ်ဆောက်တည်နည်း၊ အပါယ် မကျရေးအတွက် သီလနှင့် ဝိပဿနာပေါင်းစပ်ရန် လိုအပ်ပုံ စသည့် တရားများကို
ဖေါ်ပြဟောကြားထားသည်။  တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

Friday, November 15, 2013

ဓမ္မပဒ ၃၈-၃၉ [ခုဒ္ဒကနိကာယ်]

၃- စိတ္တဝဂ္ဂ၊ စိတ်တရားတော်များ
၅- စိတ္တဟတ္ထတ္ထေရဝတ္ထု

အနဝ႒ိတစိတၱဿ၊ သဒၶမၼံ အဝိဇာနေတာ။
ပရိ ပႅ ဝပသာဒဿ၊ ပညာ န ပရိပူရတိ။
အနဝဿုတစိတၱဿ၊ အနႏြာဟတေစတေသာ။
ပုညပါပ ပဟီနဿ၊ နတၳိ ဇာဂရေတာ ဘယံ။
၃၈။ မတည်တံ့သော စိတ်ရှိသော သူတော်ကောင်းတရားကို မသိသော
ပေါလောပေါ်သော ယုံကြည် မှုရှိသူအား ပညာသည် မပြည့်စုံ။
၃၉။ (ရာဂ) မစိုစွတ်သော စိတ်ရှိသော၊ (ဒေါသ) ထိခိုက်သော စိတ်မရှိ
သော ကောင်းမှု မကောင်းမှုကို ပယ်ပြီးသော နိုးကြားသော ပုဂ္ဂိုလ်အား
ဘေးသည် မရှိ။
 

Posted by ဉာဏ်ဦး

Saturday, November 9, 2013

ထေရဝါဒ ဟောဓမ္မ (၂၅)


တေဇောသာရ၊ အရှင် (ချင်းတောင်တန်းသာသနာပြုဆရာတော်)။ ကမ္မဝါဒ။ ကျိုက်မရော၊ ၁ဝ ဒီဇင်ဘာ ၂ဝ၁၁။
ကမ္မဝါဒဟူသည်၊ ကံနှစ်မျိုး (ကုသိုလ်၊ အကုသိုလ်)နှင့် ကံ၏ အကျိုးတို့ကို ရှင်းလင်းဖေါ်ပြထားသည်။  တရားနာပါ။
တေဇောသာရ၊ အရှင် (ချင်းတောင်တန်းသာသနာပြုဆရာတော်)။ ဗုဒ္ဓဝါဒ အခြေခံ။ မန္တလေး၊ ၁၄ ဩဂုတ် ၂ဝ၁၁။
ရှိခိုးခြင်း၏ ရည်ရွယ်ချက်၊ ရှိခိုးရမည့် ပုဂ္ဂိုလ်ဆယ်မျိုး (ခင်ပွန်း ကြီးဆယ်ပါး)နှင့် ပြစ်မှားခဲ့သော် ရရှိမည့် ဒဏ်ချက်၊ ဗုဒ္ဓဘာသာ ဝင်တို့၏ တာဝန်အရေးသုံးပါး၊ ဘုရားရှိခိုးသော အစဉ်အလာ
မညှိုးအောင် ထိန်းသိမ်းကြရန် တိုက်တွန်းချက်များ ပါဝင်သည်။ တရားနာပါ။
တေဇိန္ဒ၊ ဘဒ္ဒန္တ။ ပါရမီပြည့်စုံသော်လည်း ဆရာကောင်းနှင့် မတွေ့က နိဗ္ဗာန်မရ။ လန်ဒန်၊ ၁ စက်တင်ဘာ ၂ဝဝ၇။
အဘယ်ကြောင့် တရားနာ တရားအားထုတ်ကြရကြောင်း၊ ပါရမီ၏ အဓိပ္ပါယ်၊ ပါရမီနှစ်မျိုး ရှင်းလင်းချက်နှင့် နိဗ္ဗာန်ရရန် အတွက် ဆရာကောင်းလိုအပ်ပုံတို့ပါရှိသည်။  တရားနာပါ။
တေဇိန္ဒ၊ ဘဒ္ဒန္တ။ ပုဂ္ဂိုလ်သတ္တဝါဖြစ်အောင် ဘယ်သူလုပ်သလဲ။ ရန်ကုန်၊ ၂ ဩဂုတ် ၂ဝဝ၇။
ဒိဋ္ဌိနှစ်မျိုး၊ မိစ္ဆာဒိဋ္ဌိသုံးမျိုး၊ ဒိဋ္ဌိဖြုတ်ရန် အရေးကြီးပုံနှင့် ဒိဋ္ဌိဖြုတ်
ခြင်း
စသည့် တရားများကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
သောဘိတ၊ အရှင် (ပတ္တမြားရိပ်သာဆရာတော်)။ ဆုတောင်းမရ နိဗ္ဗာန အလုပ်ပေးတရားတော်။ ၁၃၆၄။
"ဘူမိဇသုတ္တန်" ကို ကိုးကားလျက် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်
အတွက် ဆုတောင်းခြင်းထက် ခန္ဓာအပေါ် နှလုံးသွင်းမှန်မှုက ပိုမိုအရေးကြီးပုံကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
သောဘိတ၊ အရှင် (ပတ္တမြားရိပ်သာဆရာတော်)။ ဝိပဿ       နာရှေ့ 
အလုပ် ဒိဋ္ဌိဖြုတ် အလုပ်ပေး တရားတော်။
၁၃၆၄။
အာနပါနကမ္မဋ္ဌာန်းဖြင့် သမာဓိထူထောင်ပုံ၊ ခန္ဓာအရှိကို ဉာဏ်
ဖြင့် ရှုကြည့်ခြင်းနှင့် ဒိဋ္ဌိဖြုတ်ခြင်းတို့ကို ဖေါ်ပြဟောကြားထား သည်။  တရားနာပါ။

 Posted by ဉာဏ်ဦး၊ အေးဆက်

Thursday, November 7, 2013

ဓမ္မသုတ (၃၂)


ဝိပဿ       နာထိဆက်ပါ
ရေချမ်းသစ်သီး၊ ပန်းဆီမီးကို၊ ခိုင်ကျည်သဒ္ဓါ၊ လှူ ပြီးကာမျှ ၊  ငါ့မှာကောင်းကျိုး၊ အလွန်တိုးဟု၊ ယုံကိုးစိတ်ထဲ၊ မရောင့်ရဲနှင့်။
မစဲညနေ့၊ ဘုရားရှေ့တွင်၊ ပျော်မွေ့ မြတ်နိုး၊ မြဲရှိခိုး၍၊ကောင်းကျိုး
ပွားစည်၊ ကြီးလှပြီဟု၊ ယုံကြည်အားရ၊ စိတ်မချနှင့်။

ဓါဓရနှင့်၊ ဓမ္မစကြာ၊မေတ္တာပဋ္ဌာန်း၊ရွတ်နိုင်စွမ်းကြောင့်၊ရွှင်လန်း
ပီတိ၊ ဂွမ်းဆီထိကာ၊ ပြည့်မည့်တေဇော်၊ မစောင့်မျှော်နှင့်။
ဂုဏ်တော်ပုတီး၊ သက်စေ့ပြီးအောင်၊ ဇွဲကြီးခိုင်မာ၊ ငြိမ်သက်စွာ
ဖြင့်၊ သဒ္ဓါကြည်ရုံ၊ စိပ်ပြီးရုံဖြင့်၊လုံလောက်လှပြီ၊မရပ်တည်နှင့်။

ရေကြည်သစ်သီး၊ ဆီမီးလှူ မျိုး၊ ရှိခိုးဝတ်ရွတ်၊ စေလွှတ်မေတ္တာ၊ တစ်ရာ့ရှစ်သီး၊ စိပ်ပုတီးကို၊ မညည်းဆင့်ကဲ၊ စိပ်မြဲစိပ်ပါ၊ မဖြတ် ပါနှင့်။
ဆက်ကာတစ်မျိုး၊ရှေ့သို့တိုး၍၊ အကျိုးနိဗ္ဗာန်၊မျှော်ရိုးမှန်က၊ ရုပ်
နာမ်ခွဲခြား၊ ကျင့်တရားသာ၊သံသရာဝဋ်၊ထွက်လွတ်စေကြောင်း၊
လမ်းမှန်ကောင်းဟု၊ ညွတ်ပျောင်းစိတ်ထဲ၊ ယုံကြည်စွဲလျက်၊

အမြဲနေ့ ည၊ ဝိပဿ       နာ၊ ဘာဝနာကို၊ ခိုင်မာဆန္ဒ၊ ကြိုးလုံ့ လမှ၊ ဗုဒ္ဓခေတ်မြတ်၊ တွေ့ ကျိုးနပ်မည်၊ ကြပ်ကြပ်သတိ ရှိပါစေ။
ပညာဝရ၊ အရှင် (ဓမ္မဒူတ၊ သိမ်ဇရပ်)။ ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ် တရားတော်။
ဝိပဿ       နာအကျိုး
ရောဂါကြီးမူ၊ ညည်းငြူ မရှိ၊ သတိမမေ့၊သေနေ့သိပြန်၊ မျက်လန်
ကြောဆွဲ၊ မရှိဘဲနှင့်၊သေလည်းမတင်း၊ သုံးရက်တွင်း၌၊ ပုပ်ခြင်း ကင်းသည်၊ ကျိုးရင်းဝိပဿ       နာ တရားတည်း။

ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ယုတ်မြတ်သံသရာ လှည့်လည်ရှာ တရားတော်။  
Posted by အေးဆက်

Wednesday, November 6, 2013

ဓမ္မပဒ ၃၇ [ခုဒ္ဒကနိကာယ်]


၃- စိတ္တဝဂ္ဂ၊ စိတ်တရားတော်များ
၎- သံဃရက္ခိတတ္ထေရဝတ္ထု

ဒူရင်္ဂမံ ဧကစရံ၊ အသရီရံ ဂုဟာသယံ။
ယေ စိတ္တံ သံယမိဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။
၃၇။ အဝေးသို့ သွားတတ်သော တစ်ဦးတည်း ကျက်စားသော ကိုယ်ကောင် အထည်မရှိသော (ဟဒယဝတ္ထု) လိုဏ်ဂူ၌ မှီသော စိတ်ကို အကြင်သူတို့ သည် စောင့်စည်း (ချုပ်တည်း) ကြကုန်၏။ (ထိုသူတို့သည်) မာရ်အနှောင် အဖွဲ့မှ လွတ်ကြကုန်လတ္တံ့။
 

Posted by ဉာဏ်ဦး

Monday, November 4, 2013

ဘဝနေဟန် တရားမှန် (၉)


ရှောင်လေဝေးစေ

ဗုဒ္ဓမြတ်စွာသည် အပေါင်းအသင်းနှင့် စပ်လျဉ်းကာဆုံးမခဲ့သည် မှာ_
ဦးချို ရှိသော ကျွဲ နွား ပြောင် ဆတ်တို့ကို အတောင်နှစ်ဆယ်က ခွါ၍ရှောင်ကြဉ်ရမည်။
ရှေ့ခြေနှင့်ပေါက် နောက်ခြေနှင့်ကန်တတ်သော မြင်းကို အ
တောင်တစ်ရာကခွါကာ ရှောင်ကြဉ်ရမည်။

ဆင်ကို အတောင်တစ်ထောင်ဝေးအောင် ရှောင်ကြဉ်ရမည်။
လူမိုက်ကိုမူကား ထိုသူရှိရာဒေသမှ တခြား ဝေးဝေးသို့ ထွက်ခွါ
ရှောင်ကြဉ်ရမည် ဟူ၏။

ကျမ်းကိုး။    ။စန္ဒသာရ၊ အရှင်(ကျောင်းကုန်း)။ မောင်ငယ်ရင်သွေးနာဘိသေးလော့ တရားတော်
Posted by Aye Sat

Friday, November 1, 2013

ဓမ္မသာကစ္ဆာ (၁၆)

တရား၏ တန်ဖိုး
 

တစ်ခုသောကာလ၌ သောပါက အမည်ရ ခုနစ်နှစ်အရွယ် ဆင်းရဲသား ငယ်လေးသည် ခိုက်ရန်ဖြစ်ပွါးကာ ပထွေး၏ သားကို လက်သီးနှင့် ထိုးမိလေ သည်။ ထိုသူငယ်က သောပါကအား ခြေလက်များကို ကြိုးဖြင့် တုပ်ကာ သုသန်၌ အသေကောင်နှင့်တွဲ၍ ချည်နှောင်ပစ်ထားခဲ့သည်။
သောပါက၏  ငိုကြွေးသံကြောင့် မြတ်ဗုဒ္ဓက ရောင်ခြည်တော်လွှတ်ပြီး အားပေးကာ ခေါ်တော်မူသည်။ အားတက်စွာဖြင့် ရုန်းကန်လိုက်ရာ အနှောင်အဖွဲ့မှ လွတ်မြောက်ကာ ဘုရားထံ အရောက်သွားလေသည်။ ဘုရားရှင်က ကထာခြောက်မျိုး ဟောကြားအပြီးတွင် သောတာပန်
တည်သည်။ သာမဏေဝတ်ပြီးနောက် သူ၏ မိခင်အားဟောကြားသော တရားတော်ကို နာကြားရပြန်သည်။ တရားအဆုံး၌ ရဟန္တာဖြစ်တော်မူ သည်။ ထို သောပါက ရဟန္တာကို ဘုရားရှင်က ပုစ္ဆာဆယ်ခု မေးတော် မူသည်။ 


ဘုရား         တစ်ခုသော တရားဆိုတာ အဘယ်တရားလဲ။ 
သောပါက   အကြောင်းတရားကို ပြောတာပါဘုရား။
ဘုရား         နှစ်ခုသော တရားဆိုတာ အဘယ်တရားလဲ။
သောပါက   နာမ်နှင့်ရုပ် ပါဘုရား။
ဘုရား         သုံးခုသော တရားဆိုတာ အဘယ်တရားလဲ။
သောပါက   ဝေဒနာတရားသုံးပါးကို ပြောတာဖြစ်ပါတယ်ဘုရား။
ဘုရား         လေးခုသော တရားတို့ကားအဘယ်တရားတို့ကို ခေါ်သလဲ။
သောပါက   အရိယသစ္စာတရားလေးပါးကို ခေါ်တာပါဘုရား။
ဘုရား         ငါးခုသော တရားကား အဘယ်နည်း။
သောပါက   ခန္ဓာငါးပါးကို ဆိုလိုပါတယ်ဘုရား။
ဘုရား         ခြောက်ခုသော တရားဆိုတာ အဘယ်တရားများကို
                  ခေါ်သလဲ။
သောပါက   အတွင်းအာယတန တရားခြောက်ပါးကို ခေါ်ပါတယ်ဘုရား။
ဘုရား         ခုနစ်ခုသော တရားကား အဘယ်နည်း။
သောပါက   ဗောဇ္ဈင်ခုနစ်ပါးမြတ်တရားတို့ ဖြစ်ပါတယ်ဘုရား။
ဘုရား         ရှစ်ခုသော တရားဆိုတာ အဘယ်တရားကို ခေါ်ဆိုသလဲ။
သောပါက   မဂ္ဂင်ရှစ်ပါးကို ခေါ်တာပါဘုရား။
ဘုရား         ကိုးခုသော တရားတို့ကား အဘယ်နည်း။
သောပါက   သတ္တဝါကိုးမျိုးတို့ ဖြစ်ပါတယ်ဘုရား။
ဘုရား         ဆယ်ခုသော တရားဆိုတာ အဘယ်တရားများကို ခေါ်
                  သလဲ။
သောပါက   ရဟန္တာတို့၏ အင်္ဂါဆယ်ပါးကို ခေါ်ပါတယ်ဘုရား။
ဘုရား         ငါ့ရှင် သာမဏေ သောပါက ရဟန်းဖြစ်စေ။
 

အရှင်သောပါကသည် တရားတော်ကို စူးစူးစိုက်စိုက် ခန္ဓာဉာဏ်ရောက် နာကြားခြင်းကြောင့် ခုနစ်နှစ် အရွယ်နှင့်ပင် ရဟန်းလည်းဖြစ်၊ ရဟန္တာ လည်းဖြစ်ခဲ့ရသော ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်ပေတော့သတည်း။
သာဓု သာဓု သာဓု

ကျမ်းကိုး။    ။ခေမိန္ဒ၊ ဘဒ္ဒန္တ (ခင်မကန်ဆရာတော်)။ တရားတစ်ပုဒ်၏ တန်ဖိုး တရားတော်။

Posted by အေးဆက်