Monday, May 25, 2015

ဓမ္မသုတ (၅၁)


နိဗ္ဗာန်တူသော- ဘောဇဉ်

ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့အား အသက်ကို ဆောင်ထား သကဲ့သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သူတို့အား အိုခြင်း၊
သေခြင်း၊ ပျက်စီးခြင်းမှ အသက်ကို ဆောင်ထားတတ်၏။
ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့အား အားကို တိုးပွားစေသကဲ့ သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့အား တန်ခိုးအားကို တိုးပွားစေ၏။
ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့အား အဆင်းကို ဖြစ်စေသကဲ့ သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့အား ဂုဏ်တည်းဟူသော အဆင်းကို ဖြစ်စေ၏။
ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့၏ ပူပန်ခြင်းကို ငြိမ်းစေသကဲ့ သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့၏ ကိလေသာတည်းဟူသော ပူပန်မှု အားလုံးကို ငြိမ်းစေတတ်၏။
ဘောဇဉ်သည် အလုံးစုံသော သတ္တဝါတို့၏ ငတ်မွတ်ခြင်း၊ အားနည်း 
ခြင်းကို ပယ်ဖျောက်သကဲ့သို့ နိဗ္ဗာန်သည် မိမိကို မျက်မှောက်ပြုသော သတ္တဝါအားလုံးတို့၏ အလုံးစုံသော ဆင်းရဲတည်းဟူသော ဆာလောင် အားနည်းမှုကို ပယ်ဖျောက်တတ်၏။
စာကိုး။ မိလိန္ဒပဉှာပါဠိတော်၊ ဝေဿ        န္တရဝဂ်၊ နိဗ္ဗာနရူပသဏ္ဍာနပဉှာ။

Posted by  အေးဆက်

No comments:

Post a Comment