Saturday, May 28, 2011

ထေရဝါဒ ဓမ္မ အသံစု (၁၇)


ကိုးကွယ်ရာအမှန်တရား / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) မုံရွာ၊ ၁၃၆၈။
ကိုးကွယ်ခြင်း၏ မူလအစ၊ ဘုရား တရားနှင့် သံဃာ ရတနာသုံးပါးတို့ ကို ကိုးကွယ်ရ
သော ရည်ရွယ်ချက် အမှန်၊ မိမိကျင့်ကြံ အားထုတ်နေသော ဓမ္မကိုသာအားကိုးကြရန်
နှင့် လူတို့ ၏သောက လေးမျိုးတို့ ကိုရှင်းလင်း ဟောကြားထားသည်။ တရားနာပါ
မိရိုးဖလာဗုဒ္ဓဘာသာဝင်နှင့် တကယ့်ဗုဒ္ဓဘာသာဝင် / အရှင်ဇ၀န (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၅။
ပုထုဇဉ်တို့  မသိနိုင်သော အတွေ့ အကြုံ ငါးမျိုး၊ ရဟန်းသည်ပင်လျှင် အပါယ်သို့ ကျ နိုင်သေးကြောင်း၊ပုထုဇဉ်တို့ အား အပါယ်သို့  မလားအောင် တားဆီးပေးနိုင်သည့်
ကောင်းမှုကုသိုလ်များ၊ သရဏဂုံတည်ခြင်းဖြင့် ရရှိနိုင်သော အဓိကနှင့်အထောက်အပံ့
ပြုအကျိုးကျေးဇူးများ၊ သရဏဂုံကျိုးပျက်ခြင်း၊ မိရိုးဖလာ ဗုဒ္ဓဘာသာနှင့် တကယ့်ဗုဒ္ဓ 
ဘာသာ တို့ ၏ကွာခြားချက်များ နှင့် သောတာပန်၏ အင်္ဂါရပ်များ စသည်တို့ ကို ပြည့်စုံ စွာဟောကြားထားသည်။ တရားနာပါ
မျက်ရည်မကျခင်သိစေချင် / အရှင်ဇ၀န (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၆။
ရနိုင်ခဲသော ဒုလ္လဘတရားငါးပါး၊ အသိနောက်ကျသောတန်ဖိုး (ကျန်းမာရေး၊ နိုင်ငံတစ် 
ခု၏ လွတ်လပ်မှု၊ လူ့ ဘ၀)၊ ဥစ္စာပစ္စည်း၊ ခန္ဓာနှင့် စိတ်တို့ ၏အနှစ်သာရ၊ ပစ္စည်းဥစ္စာ
လေးမျိုးနှင့် သူတပါးအသက်ကိုသတ်ဖြတ်ခြင်း၏ အကျိုးဆက် အကြောင်းတို့ ကို 
အကျယ်တဝင့်ဟောကြား ထားသည်။ တရားနာပါ 
ဝိပဿနာရှုခြင်း၏ထင်ရှားသောအကျိုးနှစ်ပါး / အရှင်ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီဆရာတော်) 
စင်ကာပူ၊ Dec 29, 2002.
ဝိပဿနာရှုခြင်း၏ ထင်ရှားသောအကျိုးနှစ်ပါး၊ ဒုစရိုက်(၁၀)ပါးနှင့် သုစရိုက်(၁၀)ပါး၊ သတိပဋ္ဌာန်လေးပါး နှင့် သတိပဋ္ဌာန်ဝိပဿနာအကျိုး စသည်တို့ ကို ရှင်းလင်းဟော 
ကြား ထားသည်။ တရားနာပါ 
ဝေဒနာနုပဿနာ ရှုပွါးနည်း အလုပ်ပေး() / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ] 
ဝေဒနာနုပဿနာ ရှုပွါးခြင်းနှင့် စပ်လျဉ်းသည့်အချက်များဖြစ်သော_ ခန္ဓာတွင်ရှိသော   ဝဒနာခြောက်ပါး၊ ဝေဒနာဖြစ်ခြင်းနှင့် ပျက်ခြင်းတို့ ၏ အကြောင်းရင်းဝေဒနာချုပ်
ကြာင်း ကျင့်စဉ်၊ ဝေဒနာ၏နှစ်သိမ့်မှု၊ အပြစ်သင့်နေသောဝေဒနာ၊ ဝေဒနာမှလွတ်
မြောက်ရန် နည်းလမ်း စသည်တို့ ကို ပြည့်ပြည့်စုံစုံ ဟောကြားထားသည်။
တရားနာပါ
 ဝေဒနာရှုပွါးနည်းအလုပ်ပေး() / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ] 
ဝေဒနာရှုပွါးနည်းကို ညွှန်ပြ ဟောကြားထားသည်။ တရားနာပါ
အကြောင်းနှင့်အကျိုးတရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ 
Nov 8, 1998.
ပြုလုပ်ရမည့် ကုသိုလ်သုံးမျိုး (ဒါန၊ သီလ၊ ဘာဝနာ)၊ ကာယကံ၊ ၀စီကံ နှင့် မနောကံတုႛိ 
၏အကြောင်းနှင့် အကျိုးကို ထင်လင်းစွာ ဖေါ်ပြခြင်း၊ ဒုက္ခကို သုခအဖြစ် ပြောင်းလဲနည်း 
(မဂ္ဂင်ရှစ်ပါး)၊ သစ္စာလေးပါးကို ဖွင့်ဆိုပြခြင်းနှင့် ဒါနပြုရာတွင် ထားရှိရမည့် ရည်ရွယ် 
ချက် စသည်ဖြင့် စုံလင်စွာ ဟောကြားထားသည်။ တရားနာပါ 
အပဏ္ဏကပဋိပဒါ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) ရန်ကုန်၊ ၁၃၆၈။
အမှန်ကို အသေအချာ ပိုင်းခြား၍ သိစေသော အကျင့်သုံးမျိုး () ဣန္ဒြိယသံဝရ ()
ဘောဇနေ မတ္တညုတာနှင့် () ဇာဂရီယနုယောဂတို့ အကြောင်းကိုရှင်းလင်းဟောကြား
ထားသည်။ တရားနာပါ 
အရှင်မဟာကစ္စာယန ဩ၀ါဒလေးချက်တရား / အရှင်ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီဆရာတော်) 
စင်ကာပူ၊ Dec 30, 2002.
သောတာပန် ဖြစ်သည်အထိ ၀ိပဿနာတရားအားထုတ်ရာတွင် မိမိကိုယ်မိမိ ()  
သူကန်း () သူအ ()သူဆွံ့ နှင့် () သူနာအလား စိတ်တွင်ထားကာ ကျင့်ကြံကြရန် 
လမ်းညွှန်ဟောကြား ထားသည်။ ထို့ အပြင်၊ ကုသိုလ်၏အကျိုးကိုလည်း နမူနာဇာတ်
ကြောင်းများနှင့် လင်္ကာ ဆောင်ပုဒ်များဖြင့် ဝေေ၀ဆာဆာဟောကြားထားပြန်သည်။ 
အတ္တာဟိအတ္တနောနာထော / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ရန်ကုန်၊ 
၁၃၇၀။
မိမိကျင့်ကြံ အားထုတ်သော တရားသည်သာ မိမိအတွက် အားကိုးရာအမှန်ဖြစ်ကြောင်း
ကို ဟောကြားထားပြီး၊ ဂေါတမမြတ်စွာဘုရားလောင်းနှင့် ပစ္စေကဗုဒ္ဓါ ငါးပါးတို့ ၏ ဇာတ်
ကြောင်းကို ကိုးကားလျက် စစ်မှန်သော ချမ်းသာခြင်းကို ရရှိစေရန် မိမိကိုယ်မိမိ ချိုးနှိမ်
ဆုံးမရမည့် အကြောင်းကိုပါ ထည့်သွင်း ဟောကြားထားသည်။ တရားနာပါ

Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, May 21, 2011

ထေရဝါဒ ဓမ္မ အသံစု (၁၆)


တရားနည်းပြအလုပ်ပေး / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
ဒုက္ခ၊ ခန္ဓာ နှင့် တဏှာ၊ သမုဒယသစ္စာ_ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာ_သမုဒယသစ္စာ စသည် 
တိုႛကို ရှင်းလင်းဟောကြားထားပြီး၊ မဂ်ဉာဏ်ရသည်အထိ ၀ိပဿနာတရား အားထုတ် 
ကြရန်လည်း တိုက်တွန်းထားသည်။ တရားနာပါ # http://goo.gl/3pt3W
မိတ်ဆွေနှင့်ရန်သူ / အရှင်ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၈။
သေသည်အထိ နှိပ်စက်တတ်သော အတွင်းရန်သူ ကိလေသာ၏အကြောင်း၊ အပါယ် 
ကျခြင်းမှ ရှောင်ရှားရန် ကိလေသာကို ပယ်သတ်ရာတွင်အထူးသဖြင့် ဒိဋ္ဌိသည်အဓိက
ဖြစ်ကြောင်းကို ညွှန်ပြထားသည်။ ထို့ ပြင်၊ ၀ဋ်သုံးပါး လည်ပတ်နေပုံ နှင့် ပတ်ဝန်းကျင် 
မှ လူအများနှင့် ပေါင်းသင်းဆက်ဆံခြင်းပြုရန်လည်းလိုအပ်ကြောင်း ပုဗ္ဗါရုံကျောင်းအမ 
ဝိသာခါကို စံပြုဟောကြားထားသည်။ တရားနာပါ # http://goo.gl/M4Vrf
ရတနာစိန်ကျောက်ဇယ်တောက်ကြရအောင်တရားတော် / ဦးဣန္ဒာဝုဓာဘိဝံသ (ထူးကြီး 
ဆရာတော်) အောင်ပန်း၊ ဇွန် ၁၁၊ ၂၀၀၅။
ရှာမှီးခြင်းသုံးမျိုး (ကမ္မ၊ ဘ၀နှင့် ဓမ္မ)။ လောကီ၊ စကြာဝတေးမင်းနှင့် အရိယာတို့ ၏ 
ရတနာ ()ပါး၊မှန်ကန်သော ရတနာကိုရွေးချယ်ခြင်း တို့ ကို "သုပ္ပဗုဒ္ဓ နူ နာသည်"  
ဇာတ်ကြောင်း ဥပမာပြဖြင့် ဟောကြားထားသည်။ တရားနာပါ #http://goo.gl/35EA0

လောကုတ္တရာစာမေးပွဲ / အရှင်ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။
သတ္တ၀ါများအား ကိလေသာကနှိပ်စက်နေပုံ၊ ကိလေသာပယ်နိုင်မှုနှင့် သရဏဂုံတည်
နေမှု အခြေအနေကို မိမိကိုယ်မိမိ စိစစ်ကြရန်၊ ဘင်္ဂဉာဏ်၏အကျိုး ()မျိုးဖော်ပြချက် 
စသည်တို့ ကို ဥပမာများပေးကာ ဟောကြားထားသည်။ တရားနာပါ # 
သမင်မွေးရင်းကျားစားရင်း တရားတော် (ပဋိစ္စသမုပ္ပါဒ်သင်တန်း) / ဦးဣန္ဒာဝုဓာဘိဝံသ 
 (ထူးကြီး ဆရာတော်) အောင်ပန်း၊ ဇွန် ၁၁၊ ၂၀၀၅။
ခန္ဓာဖြစ်စဉ်နှင့်အတူ အ၀ိဇ္ဇာ၊ တဏှာနှင့် ဥပါဒါန် အရင်းခံသည့် ကိလေသာဝဋ် 
အကြောင်းကို "ကာဠရက္ခိနီ ဘီလူးမ" ဇာတ်ကြောင်းပြလျက် ဟောကြားထားသည်။ 
တရားနာပါ # http://goo.gl/7xsLd
သိ ပယ် ဆိုက် ပွါး တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) ရန်ကုန်၊ 
[ခုနှစ်မရှိ]
အာတာပီ ဟူသည် မည်သူနည်း။ သိ ပယ် ဆိုက် ပွါး ရမည့် သစ္စာလေးပါး။ နောင်တွင်
နောင်တ မရရှိစေခြင်းငှါ သတိ တရားလက်ကိုင်ထားလျက် အမြဲမပြတ် ဝိပဿနာ 
တရား အားထုတ်ကြရန် နှိုးဆော်ခြင်းစသည်ဖြင့် ဟောကြားထားသည်။ တရားနာပါ
သံယောဇဉ်ရှင်းတမ်း () / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ Sep 5, 2006.
သံယောဇဉ်၏ အဓိပ္ပါယ်။ သံယောဇဉ်ငါးပါး (ဒိဋ္ဌိ၊ ၀ီစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ 
ဣဿာ၊ မစ္ဆရိယ) နှင့် သံသရာတွင်း ဒုက္ခခံစားရခြင်းမှ လွတ်ကင်းရန် ယင်းတိုႛတစ်ခု 
စီကို ပယ်သတ်ပုံ တိုႛကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ
သံသရာကူးသူများ / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ Sep 4, 2006.
သံသရာဟူသည်။ သံသရာတွင်ကူးလျက်ရှိသူ ခုနစ်မျိုးတို့ အကြောင်း ရှင်းလင်းချက်
နှင့် တကွ သောတာပန်ပုဂ္ဂိုလ်တို့  ပယ်ပစ်သော သံယောဇဉ် သုံးခု (ဒိဋ္ဌိ၊ ၀ီစိကိစ္ဆာ၊ 
သီလဗ္ဗတပရာမာသ) စသည်တို့ ကိုဟောကြားထားသည်။ တရားနာပါ  
သိက္ခာသုံးပါးဖြင့် ကိလေသာသုံးပါးပယ်သတ်ပုံတရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ 
ဆရာတော်) ရန်ကုန်၊ Nov 14, 1998.
လူတို့ သည် အဘယ်ကြောင့် ဘာသာတရားကို ကြည်ညိုလေးစားကြရသည့် အ
ကြောင်း။ ဒုက္ခ္ခဆိုသည်မှာ၊ ဒုက္ခဖြစ်ကြရသည့်အကြောင်းရင်း။ ကိလေသာအဆင့် သုံး 
ဆင့်။ ယင်းတို့ ကို သီလ၊ သမာဓိနှင့် ပညာတို့ ဖြင့်ပယ်သတ်ခြင်း။ ဝိပဿနာနှင့် မဂ် 
ပညာ။ သန္တာနာနုသယ နှင့် အာရမ္မဏာနုသယ ဟူသောအနုသယကိလေသာ နှစ်မျိုး 
စသည်ဖြင့် စုံလင်စွာဟောကြားထားသည်။ တရားနာပါ # http://goo.gl/4qjJu
အနတ္တလက္ခဏာဉာဏ်အလုပ်ပေးတရား / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
သင်္ခါရ၊ အနတ္တနှင့် လက္ခဏာတို့ ကို အဓိပ္ပါယ်ဖွင့်ဆိုပြခြင်း။ ရုပ်နှင့်နာမ် သင်္ခါရတိုႛ ဖြစ် 
ရသည့် အကြောင်းရင်းနှင့်တကွ သမ္မာဒိဋ္ဌိနှင့် သက္ကာယဒိဋ္ဌိ စသည်များကို ရှင်း လင်း
ဟောကြားထားသည်။ တရားနာပါ # http://goo.gl/1ZqdT

Posted by ဉာဏ်ဦး၊ အေးဆက်

Wednesday, May 18, 2011

မြတ်ပေါင်းစုံသည့် ကဆုန်လပြည့်

ကဆုန်လပြည့် နေႛသည် ဗုဒ္ဓ၏ မွေးနေ့ ဖြစ်သည်။ ဘာသာတရားကို ကိုင်းရှိုင်းသော ဗုဒ္ဓဘာ 
သာဝင်များက အလေးအမြတ်ထားကြသည့် နေႛလည်းဖြစ်သည်။ ဗုဒ္ဓလောင်းလျာ ဗျာဒိတ်ခံ 
ယူခြင်း၊ မွေးဖွါးခြင်း၊ သဗ္ဗညုတဉာဏ်တော် ရရှိခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်း အလုံးစုံသည်
နှစ်အားဖြင့် မတူညီသော်လည်း ကဆုန်လပြည့်နေ့ တစ်နေ့ တည်းတွင်သာဖြစ်သည်။ ထိုႛ
့ကြောင့်ပင်၊ ဗုဒ္ဓဘာသာဝင်များက ၀ိသာခါပူဇာ ဟူသော ပူဇော်ဆင်ယင်ပွဲများကို တလေးတ
စား ပြုလုပ်ကြသည်မှာ ထိုက်တန်လှပေသည်။

အိန္ဒိယပြက္ခဒိန်အရ၊ ကဆုန်လပြည့်နေ့ သည် ၀ိသာခါ၊ မြန်မာနိုင်ငံတွင် မေလ၌ ကျရောက်၏။ အပူပြင်းဆုံးလဖြစ်သဖြင့်ယင်းအခြေအနေတွင်ရှင်သန်စေခြင်းအလို့ ငှါ ညောင်ပင်အရင်းကို 
ရေသွန်းလောင်းပေးကြသည်။ ဤဆင်ယင်ပွဲကို "ကဆုန်ညောင်ရေသွန်းပွဲ" ဟု ခေါ်ဆိုကြ 
သည်။ ပုဂံခေတ်မှ ဆင်းသက်လာပြီး ယနေ့ အထိ တည်ရှိနေသော မြန်မာ့ရိုးရာပွဲတော် ပင် 
တည်း။

သမိုင်းဝင် ဗုဒ္ဓနေ့ ၏ ထင်ရှားသော အမွေအနှစ် လေးပါးကို ဗုဒ္ဓဘာသာဝင်များက လက်ခံ 
တန်ဖိုး ထားကြသည်။ ယင်းတို့ သည်ကား_

() နောင်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတွင် သုမေဓါ ရှင်ရသေ့သည် ဂေါတမအမည်တွင် ဘုရားရှင် ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားက ဗျာဒိတ်ပေးတော်မူသောနေ့ မှာ ကဆုန် 
 (သို့ မဟုတ်) ၀ိသာခါလပြည့်နေ့ ဖြစ်သည်။

() ဘုရားလောင်း သိဒ္ဓတ္ထဂေါတမကို မဟာသက္ကရာဇ် ၆၈ ခုနှစ် (ဘီစီ ၆၂၃) ကဆုန်လပြည့်၊
သောကြာနေ့ ၌ နီပေါ နိုင်ငံ လုမ္ဗိနီ ဥယျဉ်ဝယ် မွေးဖွါးတော်မူခဲ့သည်။ မိဘနှစ်ပါးမှာ အိန္ဒိယ
မြောက်ပိုင်းရှိ ကပ္ပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒန မင်းကြီးနှင့် မဟာမာယာမိဖုရားတို့  ဖြစ်
ကြသည်။

() မဟာသက္ကရာဇ် ၁၀၃ (ဘီစီ ၅၈၈) ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ ၊ သိဒ္ဓတ္ထဂေါတမ ၃၅
နှစ်ပြည့် မွေးနေ့ တွင် ဗုဒ္ဓဂါယာရှိ ဗောဓိညောင်ပင်အောက်တွင် သဗ္ဗညုတဥာဏ်တော်ကို 
ရရှိကာ ဘုရားဖြစ်တော်မူသည်။ ယင်းညောင်ပင်သည်ကား ကဆုန်လပြည့်နေ့ ၌ ပေါ်ပေါက် 
လာသည့် ဖွါးဖက်တော် () ပါးတွင်ပါဝင်၏။

() ဘုရားအဖြစ်ဖြင့် သတ္တ၀ါများအား ၄၅ ၀ါပတ်လုံး ချေချွတ်ပြီးသည့်နောက်၊မဟာသက္ကရာဇ်
၁၄၈ ခုနှစ် (ဘီစီ ၅၄၃) ကဆုန်လပြည့်၊ အင်္ဂါနေ့ အာရုံမတက်မီအချိန်၊ သက်တော် (၈၀
 အရွယ်တွင် အိန္ဒိယပြည်၊ ကုသိနာရုံ၊ အင်ကြင်းပျိုပင် နှစ်ပင်အကြားမှာ လဲလျောင်းတော်မူရင်း 
ခန္ဓာဒုက္ခအပေါင်း ချုပ်ငြိမ်းရာ မဟာပရိနိဗ္ဗာန် စံလွန်တော်မူလေသည်။

သို့ ဖြင့်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ အခါတော်ပွဲများကို ကမ္ဘာတ၀န်းရှိ ဗုဒ္ဓဘာသာဝင်များက 
စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိနေကြသည်။

Posted by အေးဆက်

Saturday, May 14, 2011

ထေရဝါဒ ဓမ္မ အသံစု (၁၅)


ကိုယ်သိကိုယ်တတ်ကိုယ်ပတ်ကိုယ်ဖြည် / ဒေါက်တာ အရှင်ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊  
Aug 20, 2003.
ဓမ္မကထိက ဟူသည်အဘယ်သူနည်း။ သ ဥပါဒိသေသ နိဗ္ဗာန်နှင့် အ နုပါဒိသေသ
နိဗ္ဗာန်၊ ကိလေသာကိုပယ်သတ် နိုင်သောဉာဏ် ဖြင့် အားထုတ်ကာ နိဗ္ဗာန်သို့ မျက်
မှောက်ပြု ရေးဆောင်ရွက်ကြရန် တိုႛကို "ဓမ္မကထိက သုတ္တန်" ကို ကိုးကားလျက်
ဟောကြားထားသည်။ တရားနာပါ # http://goo.gl/VEGwR
ဆွမ်းကျိုးတုံ့ ပြန် မြတ်မွေခံတရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)
[ခုနှစ်မရှိ]
တရားအားထုတ်ရာတွင် ကံ၊ ၀ီရိယ နှင့် ဉာဏ်တိုႛကို အညီအမျှထားကြရန် လမ်းညွှန်
ထားပြီး၊ အပါယ်လေးပါးကိုရှင်းလင်းပြဆိုထားသည်။ အလှူရှင်များ၏ ချွေးနှဲစာဖြင့်
လောင်းလှူထားသော ဆွမ်းအကျိုးကို တုံႛပြန်သည့် အနေဖြင့် သတိပဋ္ဌာန်တရားကို
ကြိုးကုတ် အားထုတ်ကြရန်ကိုလည်း ရဟန်းသံဃာတော်တို့ အားတိုက်တွန်းဟော
ကြားထားသည်။ ဥပမာပြမှာ "မဟာမိတ္တရဟန်း" ဇာတ်ကြောင်း ဖြစ်သည်။ 
တရားနာပါ # http://goo.gl/H7iIT
တန်ဖိုးသိမှတန်ဖိုးရှိမယ် / ဒေါက်တာ အရှင်ဆေကိန္ဒ (ဓမ္မဒူတ) မှော်ဘီ၊ Jul 4, 2004.
သဒ္ဓါသည်ကုသိုလ်၊ သီရိသည်ဥစ္စာပစ္စည်း မည်သို့ စုဆောင်းကြပုံသဒ္ဓါကိုဉာဏ်နှင့် 
ယှဉ်တွဲကြရန်၊ သဒ္ဓါနှင့်သီရိကိုတားဆီးတတ်သည့် လောဘသည် ပယ်သတ်ရန် 
အခက်ခဲဆုံးဖြစ်ကြောင်း စသည်တိုႛကိုဟောကြားထားသည်။ တရားနာပါ
ဗုဒ္ဓ အလိုကျ ဒါနပြုနည်း / အရှင်ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။
ဒါနပြု ခြင်း၏ အဓိကရည်ရွယ်ချက်၊ သပ္ပုရိသဒါန၏ အင်္ဂါ ငါးချက်နှင့် အကျိုးကျေးဇူး 
စသည်တိုႛကို ဥပမာ အမျိုးမျိုး တို့ ဖြင့် ဟောကြားထားသည်။ တရားနာပါ
ဘ၀နိဂုံးသေဆုံးခြင်းကြောင်း / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) 
ရန်ကုန်၊ Mar 29, 2009.
သတ္တ၀ါတို့ ၏ခရီးလမ်းဆုံး_သေဆုံးခြင်း။ သေဆုံးခြင်း၏ အကြောင်းရင်းလေးချက်_
၁။ သက်တမ်းကုန်ဆုံးခြင်း၊ ၂။ ကံကုန်ဆုံးခြင်း၊ ၃။ သက်တမ်းနှင့်ကံနှစ်မျိုးစလုံးကုန်
ဆုံးခြင်းနှင့် ၄။ ကံဆိုးဖြတ်ချွေရုတ်တရက်သေဆုံးခြင်းကို လူနှင့်နတ်တိုႛ ရုတ်တရက် 
သေဆုံးရသော ဇာတ်ကြောင်းများဖြင့်၎င်း၊ သေခြင်းကိုမည်သို့ မျှလွန်ဆန်နိုင်ခြင်း 
မရှိကြောင်းကို အမြဲမပြတ် စဉ်းစားကြရန်တိုက်တွန်းချက်၊ မြတ်စွာဘုရားနှင့်ယက္ကန်း 
သည်မလေးတို့ ၏ အပြန်အလှန် ဆိုစကား၊ သေဆုံးသည်ကို အသေအချာဖေါ်ပြ
သည့် အင်္ဂါသုံးရပ်စသည်ဖြင့် ပြည့်စုံစွာဟောကြားထားသည်။ တရားနာပါ
ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ ကြည့် အလုပ်ပေးတရား / ဦးဝိမလ (မိုးကုတ်ဆရာတော်) 
[ခုနှစ်မရှိ]
အရှင်သာရိပုတ္တရာ ညွှန်းဆိုတော်မူသော ၀ိပဿနာ။ ရုပ်နာမ်တိုႛကို ဉာဏ်ဖြင့် ရှု
ကြည့်ခြင်းတိုႛကိုဟောကြားထားပြီး၊ ၀ိပဿနာတရားအားထုတ်ကာ မိမိကိုယ်တိုင် ခန္ဓာကအမှန်အတိုင်းဖေါ်ပြသည်ကို သိရှိအောင်ပြုလုပ်ကြရန်ကိုလည်း နှိုးဆော်
ဟောကြားထားသည်။ တရားနာပါ # http://goo.gl/mGphZ
ဝစီဗေဒထိတိုင်းရှ / အရှင်ဇဝန (မေတ္တာရှင်) ရန်ကုန်၊ [ခုနှစ်မရှိ]
မိုးခေါင်ခြင်း အကြောင်းရင်းငါးမျိုး၊ စရဏဂမန၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ "ဆတ္တာလုင်
ဇာတ်ကြောင်း ဥပမာဖြင့် သရဏဂုံ သုံးပါးက အပါယ်ကျခြင်းမှ ကယ်တင်ပုံ၊ ရှစ်ပါး သီလဆောက်တည်ခြင်းနှင့် ရတနသုတ္တန် စသည်တို့ ကိုဟောကြားထားသည်။ ထို့ 
အပြင်၊ ဝစီကံစောင့်ထိန်းရန်အရေးကြီးပုံ ကိုလည်း "သုပ္ပဗုဒ္ဓ နူနာသည်" ဇာတ်
ကြောင်းကို ကိုးကားလျက် ဟောကြားထားသည်။ တရားနာပါ
သတ္တဝါတို့ ၏ (၃၁)ဘုံအကြောင်း / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU)  
ရန်ကုန်၊ Mar 28, 2009.
သတ္တဝါတို့ နေထိုင်ရာ (၃၁)ဘုံအကြောင်းရှင်းလင်း ဖေါ်ပြချက်၊ မိမိတို့ ပြုခဲ့ကြသော ကံအကြောင်းတရားအလိုက် သတ္တဝါတို့ သေဆုံးပြီးနောက် ရောက်ရှိကြရသည့်ခရီး
လမ်းဆုံး နေရာဌာန ငါးခုတို့ အကြောင်း၊ ဘုရားဂုဏ်တော်၊ ယမမင်းနှင့် ၄င်း၏ စစ်
ဆေးမေးမြန်းခြင်း စသည်ဖြင့် စုံလင်စွာဟောကြားထားသည်။ တရားနာပါ
သိမ်မွေ့ သည့်ရုပ်နာမ်ကို သူစိမ်းပြင်ပြင် ထားပြီး ရှုရမည် / ဦးဝိမလ (မိုးကုတ်ဆရာတော်) 
[ခုနှစ်မရှိ]
အလွန်သိမ်မွေ့ နက်နဲသောရုပ်နာမ်တို့ ၏ဖြစ်ခြင်း ပျက်ခြင်းသဘောတရားကို ဉာဏ်
ဖြင့်သာသိရှိနိုင်ပုံ၊ ဒိဋ္ဌိပယ်သတ်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်ရေးအတွက် ရုပ်
နှင့် နာမ်တို့ ၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို သူစိမ်းပြင်ပြင်ထား၍ ရှုမှတ်ရန်နည်းလမ်းညွှန်
ပြချက်စသည်များ ပါရှိသည်။ တရားနာပါ # http://goo.gl/6aOTv
သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ အန္တရာဘဒိဋ္ဌိ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ 
ဆရာတော်) ရန်ကုန်၊ Mar 19, 2004.
ဒိဋ္ဌိ၏ ဆိုလိုရင်းနှင့်အတူ သဿတ ဒိဋ္ဌိ၊ ဥစ္ဆေဒ ဒိဋ္ဌိ နှင့် အန္တရာဘဝ ဒိဋ္ဌိ တိုႛကို
သေချာစွာ ရှင်းလင်းဖေါ်ပြဟောကြားထားသည်။ တရားနာပါ # 

Posted by ဉာဏ်ဦး၊ အေးဆက်