Saturday, June 27, 2015

ဘဝနေဟန် တရားမှန် (၂၈)


ကိုယ်တွင်းက ဝံပုလွေနှစ်ကောင်
အဘိုးဖြစ်သူသည် မြေးငယ်အား ဘဝအကြောင်း သင်ကြားပေးလျက်ရှိ၏။
“အဘိုးရဲ့ ကိုယ်ထဲမှာ ရန်ပွဲဖြစ်နေတယ်ကွယ့်မြေးရဲ့ ၊ ဝံပုလွေနှစ်ကောင်ဖြစ်နေတဲ့ ဆိုးဝါးတဲ့ ရန်ပွဲပါပဲ။
 

တစ်ကောင်က အဆိုး_ သူက ဒေါသ၊ မနာလိုမှု၊ သောက၊ နောင်တ၊ လောဘ၊ အနိုင်ယူလိုခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အပြစ်ရှိခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ ပျင်းရိခြင်း၊ သိမ်ငယ်ခြင်း၊ လိမ်လည်ခြင်း၊ တစ်လွဲမာနထားခြင်း၊ ဘဝင်မြင့်ခြင်း
နှင့်အတ္တဆန်ခြင်းတို့ ဖြစ်တယ်။
 

နောက်တစ်ကောင်က အကောင်း_ သူက ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ချစ်ခြင်း၊
မျှော်လင့်ခြင်း၊ တည်ငြိမ်ခြင်း၊ နှိမ့်ချသော စိတ်ထားရှိုခြင်း၊ကြင်နာတတ်ခြင်း၊
စေတနာသဒ္ဓါတရားရှိခြင်း၊ ဥပေက္ခာ ပြု ခြင်း၊ ရက်ရောခြင်း၊ မှန်ကန်ခြင်း၊ ဉာဏ်ပညာရှိခြင်း၊ သနားကရုဏာထားတတ်ခြင်းနှင့် ယုံကြည်ကိုးစားခြင်း တို့ ဖြစ်တယ်။ ဒီလိုရန်ပွဲမျိုးဟာ ငါ့မြေးရဲ့ ကိုယ်တွင်းမှာဖြစ်နေတတ်သလို လူတိုင်းမှာလည်း ဖြစ်နေတတ်ကြတယ်။"
 

မြေးငယ်သည် ခေတ္တခဏ စဉ်းစားနေပြီးနောက် အဘိုးအား မေးမြန်းသည်မှာ
“ဘယ်ဝံပုလွေက အနိုင်ရမှာလဲ"
အဘိုးဖြစ်သူက ရိုးရှင်းစွာပင်ပြန်ဖြေလိုက်သည်။
“ကိုယ် အစာကျွေးတဲ့ အကောင်က အနိုင်ရလိမ့်မယ်"

 
Reference: Dhammakamo Bhikkhu. Garden of Mangala. 2014.

Posted by  အေးဆက်

No comments:

Post a Comment