Thursday, April 24, 2014

ဓမ္မသုတ (၃၈)


အို နာ သေဘေး
ရေဘေးမီးဘေး၊ ပြည်ပျက်ဘေးကား၊
ဆယ်ရေးတစ်ရေး၊ ကယ်နိုင်သေး၏။
အိုဘေး၊ နာဘေး၊ သေခြင်းဘေးဟု၊
ဤဘေးသုံးပါး၊ လွန်ကြီးမားက၊
သားနှင့်အမိ၊ ဖြစ်တုံဘိလည်း၊
မျက်စိအောက်တွင်၊ ရင်ခွင်တင်လျက်၊
သက်ဝင်ရေးပိုင်၊ မကယ်နိုင်ဘူး၊
လက်မှိုင်ချကာ၊ နေရစွာရှင့်. . . ။
ဇဝန၊ ဦး (မန်လည်ဆရာတော်)။ မဃဒေဝလင်္ကာသစ်။
Posted by အေးဆက်

Monday, April 21, 2014

ဓမ္မပဒ ၅၈-၅၉ [ခုဒ္ဒကနိကာယ်]


၎ - ပုပ္ဖဝဂ်၊ ပန်း တရားတော်များ
၁၂ - ဂရဟဒိန္နဝတ္ထု

ယထာ သင်္ကာရဓာနသ္မိံ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။
ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။
ဧဝံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။
အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။
၅၈။ လမ်းမကြီးဝယ် စွန့်ပစ်ထားသော အမှိုက်ပုံ၌ မွှေးကြိုင်လှိုင်ထုံ၍ နှစ်သက်ဖွယ်ရှိသော ပဒုမာကြာပန်းသည် ပေါက်ရောက်သကဲ့သို့။
၅၉။ အမှိုက်ပုံသဖွယ်ဖြစ်သော သတ္တဝါတို့၏ အလယ်၌ နေသည့်
မြတ်စွာဘုရား၏ တပည့်သည် အကန်းသဖွယ်ဖြစ်သော ပုထုဇဉ်တို့ကို ပညာဖြင့် လွန်၍ တင့်တယ်၏။
 

Posted by ဉာဏ်ဦး

Saturday, April 19, 2014

ဓမ္မပဒ ၅၇ [ခုဒ္ဒကနိကာယ်]


၎ - ပုပ္ဖဝဂ်၊ ပန်း တရားတော်များ
၁၁ - ဂေါဓိကတ္ထေရဝတ္ထု

တေသံ သမ္ပန္နသီလာနံ၊ အပ္ပမာဒဝိဟာရိနံ။
သမ္မဒညာ ဝိမုတ္တာနံ၊ မာရော မဂ္ဂံ န ဝိန္ဒတိ။
၅၇။ ပြည့်စုံသော သီလရှိကုန်သော မမေ့မလျော့ နေလေ့ရှိကုန်သော
ကောင်းစွာ (ဉာဏ်ဖြင့်) သိ၍ ကိလေသာမှ လွတ်မြောက်သော ထိုသူ တို့၏ သွားရာလမ်းကြောင်းကို မာရ်နတ်သည် မသိမတွေ့မမြင် နိုင်ပေ။
 

Posted by ဉာဏ်ဦး

Wednesday, April 16, 2014

ဓမ္မပဒ ၅၆ [ခုဒ္ဒကနိကာယ်]


၎ - ပုပ္ဖဝဂ်၊ ပန်း တရားတော်များ
၁ဝ - မဟာကဿ       ပတ္ထေရဝတ္ထု

အပ္ပမတ္တော အယံ ဂန္ဓော၊ ယာယံ တဂရစန္ဒနီ။
ယော စ သီလဝတံ ဂန္ဓော၊ ဝါတိ ဒေဝေသု ဥတ္တမော။
၅၆။ တောင်ဇလပ် စန္ဒကူးပန်းတို့၏ အနံ့သည် (မပြောပလောက်) အနည်းငယ်မျှသာ ဖြစ်၏။ ဤသီလရှိသော သူတို့၏ (သီလ) အနံ့သည်သာ ထူးကဲ လွန်မြတ်သည် ဖြစ်၍ နတ်ပြည်တို့၌ လှိုင်၏။
 

Posted by ဉာဏ်ဦး

Tuesday, April 15, 2014

ဘဝနေဟန် တရားမှန် (၁၄)


အပါယ်ဆွဲချ ဤမာန

မာနဟူသည် ထောင်လွှားခြင်းဖြစ်သည်။ လူသားတို့အား အပါယ်သို့ ဆွဲချတတ်သော တရားဆိုးများထဲတွင် အလွန်ဆွဲအားကောင်းလှသည့် တရားမှာ မာနဖြစ်သည်။ မာန်တက်ပုံ သုံးမျိုးတွေ့ ရသည်။ ရှိ၍တက်
သော မာန်၊ မရှိသောကြောင့်ဖြစ်သည့် မာန် နှင့် တန်းတူသည်ဆိုသော မာန်တို့ဖြစ်ကြ၏။ 

မာန်တက်ခြင်းအကြောင်း ကိုးမျိုး ရှိပြန်သည်။
၁။ ဇာတ်အဆင့်အတန်း
၂။ အနွယ်
၃။ အတတ်ပညာ
၎။ ကျန်းမာခြင်း
၅။ အရွယ်
၆။ အသက်ရှင်နေခြင်း
၇။ အဆင်း
၈။ စီးပွားဥစ္စာ
၉။ အခြွေအရံပရိသတ် တို့ဖြစ်ကြသည်။
စင်စစ်၊ ယင်းမာနတက်စေသည့် အကြောင်းများကား အတိတ်ဘဝက မိမိပြုခဲ့သော ကုသိုလ်များ၏ သတ္တိ အကျိုးပင်ဖြစ်သည်။ မာန်တက်နေ မည့်အစား အနာဂတ်ကာလတွင် ယခုကဲ့သို့  ပြည့်စုံရန် ပစ္စုပ္ပန်၌ ကု သိုလ်များများ ပြုရမည်ဟု ဆင်ခြင်တတ်ကြရမည်။ မာနတက်ခြင်းကို ဘာသာတရားကသာ ထိန်းကွပ် ပေးနိုင်သည်။ ဒါန၊ သီလ၊ ဘာဝနာ များစွာ ပြုရန်လိုပေမည်။ သို့ မဟုတ်လျှင် ထိုမာနက အပါယ်သို့ဆွဲချ
မည်မှာ မလွဲပါတည်း။
စာကိုး။ ကုမာရ၊ အရှင် (ဓမ္မဓရ)။ လူသားနှင့် အတ္တမာန တရားတော် (၁) (၂)။

Posted by အေးဆက်

Sunday, April 13, 2014

ဓမ္မပဒ ၅၄-၅၅ [ခုဒ္ဒကနိကာယ်]


၎ - ပုပ္ဖဝဂ်၊ ပန်း တရားတော်များ
၉ - အာနန္ဒတ္ထေရပဥှာဝတ္ထု

န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ၊
န စန္ဒနံ တဂရမလ္လိကာ ဝါ။
သတဉ္စ ဂန္ဓော ပဋိဝါတမေတိ၊
သဗ္ဗာ ဒိသာ သပ္ပုရိသော ပဝါယတိ။
စႏၵနံ တဂရံ ဝါပိ၊ ဥပၸလံ အထ ဝဿိကီ။
ဧေတသံ ဂႏၶဇာတာနံ၊
သီလဂန္ဓော အနုတ္တရော။
၅၄။ ပန်းအနံ့သည် လေညာသို့ မသွား၊ စန္ဒကူးအနံ့ တောင်ဇလပ်
ပန်းအနံ့ စပယ် ကြက်ရုံးပန်း အနံ့သည်လည်း လေညာသို့ မသွား၊ သူတော်ကောင်းတို့၏ အနံ့သည်သာ လေညာသို့ သွား၏။ သူတော်
ကောင်းတို့၏ ဂုဏ်သတင်းသည် အရပ်မျက်နှာ အားလုံးတို့သို့ ပျံ့နှံ့     လှိုင်ကြူ ၏။
၅၅။ စန္ဒကူးအနံ့သည် လည်းကောင်း၊ တောင်ဇလပ်ပန်းအနံ့သည် လည်းကောင်း၊ ကြာညိုပန်း အနံ့သည် လည်းကောင်း၊ မြလေးပန်း   အနံ့သည် လည်းကောင်း ရှိ၏။ ထိုပန်းရနံ့ အမျိုးမျိုးတို့ထက် သီလ အနံ့သည်သာ အတုမရှိ မြတ်၏။
 

Posted by ဉာဏ်ဦး

Sunday, April 6, 2014

ဓမ္မသာကစ္ဆာ (၂၁)


မေတ္တာအစွမ်း
တစ်ရံခါဝယ်၊ မိလိန္ဒမင်းကြီးသည် မေတ္တာအစွမ်းနှင့် ပတ်သက်၍ စိတ် တွင် ဒွိဟဖြစ်ခဲ့မိလေသည်။ သို့နှင့် မိမိမေးမြန်းသမျှကို ဖြေဆိုနိုင်သည့် အရှင်နာဂသိန် ထံမှောက်သို့ သွားရောက်လျှောက်ထား ခဲ့တော့၏။
မင်းကြီး

အရှင်ဘုရား၊ အင်္ဂုတ္တိုရ်ပါဠိတော်၌ ဗုဒ္ဓက မေတ္တာပွားသူအား မီး၊
အဆိပ်၊ ဓါးစသောလက်နက်များ မကျရောက်နိုင်ဟုဟောတော် မူပါသည်။ တစ်ဖန်၊ သုဝဏ္ဏသာမဇာတ်တော်တွင် မေတ္တာဘာဝ နာ ပွားများလေ့ရှိသဖြင့် တောတိရစ္ဆာန်တို့၏ ချစ်ခင်ယုယမှုကို ပင် ရရှိသော သုဝဏ္ဏသာမသည် ပီဠိယက္ခမင်းကြီး ပစ်လွှတ် အပ်သော အဆိပ် လူးမြားထိပြီး တွေဝေမိန်းမော၏ ဟုဟော
တော်မူပြန်၏။
မေတ္တာပွားများသူအား မီး၊ အဆိပ်၊ ဓါးစသောလက်နက်များမကျ ရောက်နိုင်ဟူသော ဟောကြားချက်ကမှန်သည်ဆိုလျှင် မေတ္တာ
ကို ပွားများလေ့ရှိသော သုဝဏ္ဏသာမသည် ပီဠိယက္ခမင်း ပစ် လွှတ်အပ်သော မြားထိပြီး တွေဝေမိန်းမောသည်ဟူသော ဟော
ကြား
ချက် မှားရာ၏။
သို့မဟုတ်၊ မေတ္တာကို ပွားများလေ့ရှိသော သုဝဏ္ဏသာမအဆိပ် လူးမြားထိပြီး တွေဝေမိန်းမောသည်ဟူသော ဟောကြားချက်မှန်
လျှင်ေ
မတ္တာပွားများသူအား မီး၊ အဆိပ်၊ ဓါးစသော လက်နက် များ မကျ ရောက်နိုင်ဟူသော ဟောကြားချက်သည် မှားရာ၏။  
ဤဒေသနာနှစ်ခု တစ်ခုနှင့်တစ်ခု ဆန့်ကျင်သကဲ့သို့ ဖြစ်နေ
သည်။ တပည့်တော်၏ စိတ်ထဲတွင် ဝေခွဲမရနိုင်ဖြစ်နေပါသည်။
နောင်လာ
နောင်သားများပါ သံသယကင်းအောင် ရှင်းလင်းဖြေ ကြား ပေးတော်မူပါ။
အရှင်မြတ်
မင်းကြီး၊ ဗုဒ္ဓဟောကြားချက်နှစ်ခုလုံးမှန်၏။ တစ်ခုနှင့်တစ်ခု ဆန့်ကျင်မှု မရှိချေ။ မေတ္တာပွားသူအား မီး၊ အဆိပ်၊ ဓါးစသော လက်နက်များ မကျရောက်ခြင်းသည်လူ၏ တန်ခိုးမဟုတ်၊
မေတ္တာ
၏ တန်ခိုးသာဖြစ်၏။ ဥပမာပြအံ့၊ စစ်ဆင်တိုက်ခိုက်
သော စစ်သည်တော်သည် လှံများ၊ မြားများ မထိခိုက်ရန် သံကြပ်ချပ်ဝတ်တန်ဆာကို ဝတ်၏။ စစ်ပွဲတွင်တစ်ဖက်မှ ပစ် လွှတ်အပ်သော မြား များ၊ လှံများ မထိခြင်းသည် လူ၏အစွမ်း မဟုတ်။ ချပ်ဝတ်၏ အစွမ်းသာဖြစ်၏။
 
ထို့ အတူ၊ မေတ္တာပွားသည့်အတွက် မီး၊ အဆိပ်၊ ဓါးစသော လက်နက်များ မကျရောက်ခြင်းသည် လူ၏အစွမ်း မဟုတ်။
မေတ္တာ၏ အစွမ်းသာဖြစ်၏။ သုဝဏ္ဏသာမသည် မေတ္တာပွား
လေ့ရှိသူကား
မှန်ပေ၏။ သို့သော် ချောင်းထဲမှရေကို အိုးနှင့် ခပ်ပြီး ပုခုံးပေါ် မ တင်လိုက်ချိန်တွင် မေတ္တာပွားမှုကို ရပ်မိ သွား၏။  
ထိုကဲ့သို့ မေတ္တာပွားမှု ရပ်တန့်သွားချိန်တွင် ပီဠိယက္ခမင်းကြီးက လည်း အဆိပ်လူးမြားကို ပစ် လွှတ်လိုက်ခြင်းဖြစ်၏။ ထို့ကြောင့် အဆိပ်လူးမြားသည် သုဝဏ္ဏသာမကို ထိမှန်နိုင်ခြင်းဖြစ်သည် အရှင်မင်းကြီး။
မင်းကြီး
မေတ္တာအစွမ်းနှင့်စပ်လျဉ်း၍ သံသယဒွိဟအလျင်းမရှိ ပကတိ ရှင်းလင်းသွားပါပြီ အရှင်မြတ်ဘုရား။ 
စာကိုး။  ။ ဇဝန၊ အရှင် (မေတ္တာရှင်)။ ဘဝနှင့် ရင်းရသော အတွေး အမြင်များအတွဲ-၂။ ၂ဝဝ၇။ 

Posted by အေးဆက်

Thursday, April 3, 2014

ထေရဝါဒ ဟောဓမ္မ (၃၁)


ပဏ္ဍိတာဘိဝံသ၊ အရှင် (ရွှေတောင်ကုန်းဆရာတော်)။ ကိုယ်ကျင့် တရားကောင်းပြီး လူနှင့်တူသူ။ ဆန်ဖရန်စစ္စကို၊ ၃ ဇူလိုင် ၂ဝ၁ဝ။
ဓမ္မ၏ အဓိပ္ပါယ်၊ တရားနာကြားသူသုံးမျိုး၊ ကိုယ်ကျင့်တရားနှင့်
အလှူဒါန မသက်ဆိုင်ပုံ၊ ဘေးဆိုးလေးပါး၊ မေတ္တာပွားခြင်း၊
မေတ္တာနှင့် ကရုဏာတို့၏ အနီးဆုံးအကြောင်း၊ ရင့်ကျက်သော အသိဉာဏ်၊ ဉာဏ်ရည်၊ နှလုံးရည်နှင့် သိက္ခာအရည်အသွေး၊ မိဘနှင့်သားသမီးတို့၏ ဝတ္တရားများ၊ အတုယူဖွယ်ကောင်းသော
ဂျူး တို့၏ လုပ်ဆောင်ချက်တို့ကို ရှင်းလင်းဟောကြားထား၏။ တရားနာပါ။
ပဏ္ဍိတာဘိဝံသ၊ အရှင် (ရွှေတောင်ကုန်းဆရာတော်)။ အမျိုးဘာသာ သာသနာ မပျောက်ပျက်ရန်။ ဆန်ဖရန်စစ္စကို၊ ၄ ဇူလိုင် ၂ဝဝ၉။
ရှေးအကျဆုံးဘုရားရှိခိုး_ နမောတဿ၊ သရဏဂုံသုံးပါး၊ ငါးပါး သီလ၊ အနုမုတ္တိကကထာ (အစဉ်အတိုင်း မြှင့်တင်ဟောသော တရား)နှင့် လူပီသသူ၏ စိတ်ဓါတ်တို့ကို ပေါ်လွင်အောင် ရှင်းလင်းဟော ကြားထား သည်။  တရားနာပါ။
သဇ္ဇန၊ ဦး။ ဗုဒ္ဓဘာသာသည် ရုပ်တုကို ကိုးကွယ်သော ဘာသာလော (၁)။ ဆန်ဖရန်စစ္စကို၊ ၃ ဧပြီ ၂ဝ၁ဝ။
ဗုဒ္ဓသည် ငါဘုရားဖြစ်ပြီဟု အဘယ်ကြောင့်ကြေညာနိုင်
ကြောင်း၊
ဗုဒ္ဓ ဟု အမည်တွင်ပုံ၊ ရှေးလူတို့ ဗုဒ္ဓကိုယ်စား ထားရှိကိုးကွယ်ခြင်း များနှင့် ထိုစဉ်က ဘုရားရုပ်တုကို
ပြုလုပ်ကိုးကွယ်ခြင်း မရှိခဲ့ရသည့် အကြောင်းရင်း၊ ဗုဒ္ဓ၏ သဗ္ဗညုတဉာဏ်တော်စွမ်းအား စသည်တို့နှင့် အမေး
အဖြေ များပါရှိသည်။  တရားနာပါ။

သဇ္ဇန၊ ဦး။ ဗုဒ္ဓဘာသာသည် ရုပ်တုကို ကိုးကွယ်သော ဘာသာလော (၂)။ ဆန်ဖရန်စစ္စကို၊ ၄ ဧပြီ ၂ဝ၁ဝ။
ဘုရားကိုးကွယ်ပုံ၊ ဗုဒ္ဓနှင့် ဘာဝရီ ပုဏ္ဏားကြီး၏ တပည့် တစ်ဆယ့်ခြောက်ဦးတို့၏ ဆွေးနွေးစကား၊ ဓမ္မဂုဏ်တော်၊ ကိုးကွယ်အပ်သည့် တရားဆယ်မျိုး၊ အမေးအဖြေများ စ သည်တို့ကို ဖေါ်ပြထားသည်။  တရားနာပါ။
ဣန္ဒာဝုဓာဘိဝံသ၊ ဦး (ထူးကြီးဆရာတော်)။ ငရဲကြီးရှစ်ထပ် တရား
တော် (၁)။ ရန်ကုန်၊ ၂၁ အောက်တိုဘာ ၂ဝဝ၆။

ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့၏ အဓိပ္ပါယ်၊ သုံးဆယ့်တစ်ဘုံ၊
အပါယ်လေး ဘုံ၊ လူ့ဘုံ၏ အားသာမှု၊ ကိလေသာဝဋ်၊
ကမ္မဝဋ်၊ ဝိပါကဝဋ် စသောဝဋ်သုံးပါး လည်နေပုံ၊ ငရဲကြီး
ရှစ်ထပ်၏ အမည်များစသည် တို့ပါဝင်သည်။  တရားနာပါ။
ဣန္ဒာဝုဓာဘိဝံသ၊ ဦး (ထူးကြီးဆရာတော်)။ ငရဲကြီးရှစ်ထပ် တရား
တော် (၂)။ ရန်ကုန်၊ ၂၂ အောက်တိုဘာ ၂ဝဝ၆။
သင်္ခါရသုံးမျိုး၊ အစပ်သုံးမျိုး၊ ငရဲကျခြင်းအကြောင်းရင်းများ
နှင့် ခံစားရသည့် ဒုက္ခအထွေထွေ၊ ဥတ္တရ ငရဲငယ်ငါးခု၊
ငရဲကြီးတစ်ထပ်စီသို့ ကျရောက်ရသော ပုဂ္ဂိုလ်အမျိုးအစား
နှင့် ငရဲခံကြရပုံ အမျိုးမျိုးတို့ကို ဖေါ်ပြထားသည်။ 
တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်