Saturday, March 31, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၁)


ဒုက္ခွသစ္စာကို ရှုသော ပုဂ္ဂိုလ်တို့၏ ဉာဏ်၌ထင်မြင်ပုံ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဒီဇင်ဘာ ၁၉၊ ၁၉၅၈။
ဒုက္ခသစ္စာကို ရှုကြည့်သော ပုဂ္ဂိုလ်သည် ဒုက္ခနိရောဓ အရိယ သစ္စာကို ပိုင်းခြားသိမြင်နိုင်ပုံကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
မှ တပါးအခြားမရှိပြီ / ဒေါက်တာအရှင် ဆေကိန္ဒ(ဓမ္မဒူတ) ရန်ကုန်၊
အောက်တိုဘာ ၅၊ ၂ဝဝ၂။
"နန္ဒနသုတ္တန်"ကို ကိုးကားလျက်၊ ချမ်းသာနှစ်မျိုး၊ သတိတရား ထားရှိခြင်းနှင့် သတိ၏ တည်ရာ၊ သတိအမျိုးအစား နှင့် ဆောင်
ရွက်ချက်၊
သေဖို့ နှင့် နေဖို့ အတွက် အပြုအမူများစသည်တို့ကို
ဖေါ်ပြ ဟော
ကြားထားသည်။ တရားနာပါ။
သတိတစ်လုံး / ဝနဝါသီအရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင်
ဆရာတော်
) ဇွန် ၁၆၊ ၁၉၉၇။
သတိနှင့် ပတ်သက်၍ ရှင်းလင်းဟောကြားရာတွင်၊ သတိ၏ အလုပ်၊ အားကြီးသော သတိသည် ရာဂ၊ ဒေါသနှင့် မောဟ
တို့ကို
သဒ္ဓါ၊ ပညာနှင့် ဝိတက်တို့အဖြစ်သို့ ပြောင်းလဲပေးပုံနှင့် သတိ၏ နိဗ္ဗာန်အထိ ဦးဆောင်ပေးမှုတို့ပါရှိသည်။ ဥပမာပြမှာ "သူဋ္ဌေးသား ရသ" ဇာတ်ကြောင်းဖြစ်သည်။ တရားနာပါ။
သာသနာကြုံခိုက် ကြိုးစားလိုက် / ဘဒ္ဒန္ဘဇနိတာလင်္ကာရ။ ရန်ကုန်၊ ဩဂုတ် ၆၊ ၂ဝဝ၇။
သာသနာ ကွယ်ရခြင်း အကြောင်း၊ သံသရာမှ ကျွတ်တမ်းဝင် မည့်ပုဂ္ဂိုလ်များ၊ ဝေဒနာရှုမှတ်နည်းသုံးမျိုးနှင့် ဝေဒနာနုပဿနာ သတိပဋ္ဌာန် တရားတို့ကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
သူတော်ကောင်းလက္ခဏာ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၈။
သူတော်ကောင်း လက္ခဏာများကို ဆောင်ပုဒ်များဖြင့် ထင်လင်း
အောင် ဟောကြားထားသည်။
တရားနာပါ။
သောတာပန်ဖြစ်ဖို့ နှစ်ချက် တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) အမရပူရ၊ ဒီဇင်ဘာ ၃၁၊ ၁၉၅၈။
သောတာပန်ဖြစ်ဖို့ လိုအပ်သော အင်္ဂါရပ် နှစ်ချက်ကို ရှင်းပြ
ထားပြီး ဝေဒနာရှုမှတ်ပုံကိုလည်း ဖေါ်ပြဟောကြားထားသည်။
တရားနာပါ။
သုံးလွန်းတင်တဲ့ကြိုး / ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊ မတ် ၉၊ ၂ဝဝ၃။
နိဗ္ဗာန်သို့ ဆွဲယူသော သီလ၊ သမာဓိနှင့် ပညာ သုံးလွန်းတင်
ကြိုးနှင့် သံသရာသို့ ဆွဲယူသည့် လောဘ၊ ဒေါသနှင့် မောဟ သုံးလွန်းတင်ကြိုး နှစ်မျိုး၊ သေခြင်းနှင့် သက်ဆိုင်သော မသိ
ခြင်းငါးပါး၊ မရဏာ နုဿတိနှင့် ယင်း၏ အကျိုးကျေးဇူး၊ ဝိပ္ပလ္လာသအမျိုးအစား၊
ဖြစ်ပေါ်ပုံ၊ ရလဒ်နှင့် ပယ်သတ်ခြင်း စသော တရားများကို "ပထမ မရဏာနုဿတိသုတ္တန်" ကိုးကားချက်ဖြင့် ဟောကြားထားသည်။  တရားနာပါ။
အခွင့်အရေးလေးရပ် / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင် ဆရာတော်) ဇွန် ၁၅၊ ၁၉၉၇။
ဗုဒ္ဓဘာသာဝင်များ ရရှိသည့် အခွင့်အရေးလေးခု၊ ဘုံနှင့် အာရုံ၊ သံသရာ အကျဉ်းထောင်များ၊ သေခါနီး ပုဂ္ဂိုလ်များတွင်ထင်လာ သည့် နိမိတ်သုံးမျိုးတို့ကိုရှင်းလင်းဟောကြားထားသည်။ ထို့ပြင် မိမိ၏ အာရုံများ ကောင်းမွန်နေစဉ်တွင် လောကီနှင့် လော
ကုတ္တရာ နှစ်ဖြာသော အကျိုးတို့အတွက် ဆောင်ရွက်အားထုတ် ကြရန် ကိုလည်း အကြံပြု ဟောကြားထားသည်။
တရားနာပါ။
အလင်းရှိရာ သွားကြပါ / ဘဒ္ဒန္ဘဇနိတာလင်္ကာရ။ ရန်ကုန်၊ ဩဂုတ် ၅၊ ၂ဝဝ၇။
"ဓမ္မောဓမ္မသုတ္တန်" လာ ပုဂ္ဂိုလ်လေးမျိုးနှင့် ကာယာနုပဿနာ သတိပဋ္ဌာန် ရှုမှတ်နည်း အမျိုးမျိုးတို့ကို ပြည့်စုံစွာ ရှင်းပြဟော ကြားထားသည်။ တရားနာပါ။
အသင်ဘယ်လိုလူလဲ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၈။
လူအမျိုးအစား ရှစ်မျိုးဖြစ်သော ၁။ လူ့ ငရဲသား၊ ၂။ လူ့ ပြိတ္တာ။ ၃။ လူ့ တိရစ္ဆာန်၊ ၄။ ပရမတ္ထလူ၊ ၅။ အန္ဓလူ၊ ၆။ ကလျာဏ၊ ၇။ စူဠနှင့် ၈။ အရိယာ တို့ကို ထင်ရှားပေါ်လွင်စွာ ရှင်းလင်းဟော ကြားခြင်းနှင့် တကွ အကောင်းဆုံးလူဖြစ်စေရေး အတွက်ပါ ညွှန်ပြ ဟောကြားထားသည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်
 

Monday, March 26, 2012

ရှောင်ဖယ်ခဲခက် ကျိုးဝိပါက် [၃]


အကျိုးဝိပါက်တော် (၁၁)_မကြာခဏ ခါးနာရောဂါ ခံစားတော် မူခဲ့ရခြင်း။
အကြောင်းကာယကံ_ဘုရားအလောင်းတော်လက်ဝှေ့အကျော်အမော်
ဖြစ်ခဲ့စဉ်က ပြိုင်ဖက် လက်ဝှေ့သမား၏ ခါးကို ချိုးခဲ့ခြင်းဖြစ် သည်။
အကျိုးဝိပါက်တော် (၁၂)_ဝမ်းတော်လားတော်မူ ခဲ့ရခြင်း။
အကြောင်းကာယကံ_နုစဉ်ကာလ ဗုဒ္ဓလောင်းလျာ ဆေးဆရာဘဝတွင်
ဆေးကုသခ မပေးသော လူနာ သူဋ္ဌေးသား တိကိန္စအား ဝမ်းလားစေ သည့် ဆေးတိုက်ကျွေး ခဲ့ခြင်းဖြစ်သည်။

ဤသည်တို့ကား အကုသိုလ်အကြောင်းကို မှီကာ ဖြစ်ပေါ်လာသော
မြတ်ဘုရားပေးဆပ်တော်မူခဲ့သည့် ဝိပါက်တော် တစ်ဆယ့်နှစ်ပါး အကျဉ်းမျှသာတည်း။

တန်ခိုးအရာတွင် ဧတဒဂ် ရတော်မူသော လက်ဝဲတော်ရံ အဂ္ဂသာဝက အရှင်မဟာမောဂ္ဂလ္လန်သည် ရှေးဘဝက မိဘနှစ်ပါးအား ရိုက်နှက် သတ်ဖြတ်ခဲ့သော အကြောင်း ကာယကံကြောင့် နောက်ဆုံးဘဝ၌ လူဆိုးများ၏ ညက်ညက်ကျေအောင် ရိုက်ပုတ်ခြင်းကို ခံခဲ့ရကာ ပရိနိဗ္ဗာန်စံတော်မူခဲ့ရသည်။ လာဘ်အရာတွင် ဧတဒဂ်ရှင် ဖြစ်တော်
မူသော အရှင်သီဝလိ ရဟန္တာမြတ်သည်လည်း ဘဝဟောင်း တစ်ခု၌ ရန်သူရှိရာ မြို့ကို ခုနစ်ရက် ဝိုင်းရံပိတ်ဆို့ ခဲ့မှုကြောင့် ခုနစ်နှစ် ခုနစ်လ ခုနစ်ရက် ပဋိသန္ဓေရှည်ကြာစွာ နေခဲ့ရသည်။ အလားတူ အကြောင်း
ကြောင့် ဖြစ်ပေါ်လာရသည့် အကျိုးဝိပါက ဥပမာ များစွာ ရှိပေသေး သည်။

တုန့်ပြန်ဖလှယ် ဝိပါကနယ်မှ လွတ်စေခြင်းငှါ မိမိတို့ ပြု-ပြော-ကြံ သော ကံအမှုများကို ဂရုထားကြရပေ မည်။ သို့ပါ၍ အောက်ပါ လယ်တီပဏ္ဍိတ ဆရာ၏ ကဗျာကို နှလုံးသွင်းကာ ဆင်ခြင်သမှု ပြုလုပ်ကြပါစို့ ။

"ဝိပါက်ရောက်ရေး၊ ကြောက်သွေးတုန်ဖွယ်။
ဘုရားသော်လည်း၊ ရှောင်လွှဲမလွယ်။
တွေ့ကြုံ မြဲ မို့ ၊ တဝဲလည်လည်။
မလွတ်သေး၊ ဝဋ်ကြွေးခက်လှတယ်။ ။

ကြင်နာထောက်ထား၊ သနားမျှော်ခေါ်။
ကုသိုလ်ပွါးမှု၊ အားပြုကြနော်။
နှိပ်စက်ညှဉ်းပန်း၊ သရမ်းပြက်ချော်။
ရှောင်ကြဉ်ရေး၊ ဝဋ်ကြွေးစင်ဖို့ မျှော်။ ။"

ကျမ်းကိုး
ဉာဏိဿရ၊ ဒေါက်တာအရှင် (သီတဂူဆရာတော်)။ ဝိပါက်တော် (၁၂) ပါး၊ (၁--၆)။ ၁၉၇၉။ dhammadownload.com/ 
Pa-Auk Tawya Sayadaw. The Workings of Kamma. 2nd ed., rev. Singapore: Pa-auk Tawya Meditation Centre, 2009. p 286.

Posted by
Aye Sat

Saturday, March 24, 2012

ထေရဝါဒ ဓမ္မ အသံစု (၆ဝ)


ကိုယ့်ကိုကိုယ်ကြည့် နိဗ္ဗာန်ထိ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၆၊ ၂ဝဝ၈။
ပိယာက၏ မိခင်အဖြစ်အပျက်ကို ဥပမာပေးလျက်၊ နိဗ္ဗာန်ကို မျက်မှောက်ပြု သည်အထိ ခန္ဓာဉာဏ်ရောက် အားထုတ်ကြရန် လမ်းညွှန်ဟောကြားထားသည်။ တရားနာပါ။
စိတ်အကြောင်း / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) မန္တလေး၊ ၁၃၆၅။
စိတ်အကြောင်းကို ထင်လင်းအောင် ဟောကြားရာ၌၊ စိတ်ဟု အဘယ်ကြောင့် ခေါ်ဆိုရကြောင်း၊ ဖဿ၊ ဝေဒနာ၊ သညာ၊
စေတနာ၊ ဧကဂ္ဂတာ၊ ဇီဝိတိနြေ္ဒနှင့် မနသိကာရ စသော စိတ်နှင့် ယှဉ်တွဲ ဖြစ်ပေါ်သည့် စေတသိက်များ၊ စိတ်၏ သဘာဝနှင့် စိတ် တွင် လောဘ၊ ဒေါသ နှင့် မောဟ မဖြစ်
ပေါ်စေရန် ကာကွယ် တားဆီးနည်း လေးမျိုး တို့ပါဝင်သည်။ တရားနာပါ။
တရားကျင့်နည်း အားထုတ်နည်း / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဇူလိုင် ၃၁၊ ၂ဝဝ၆။
တရားအားထုတ်ရာတွင် လိုအပ်သော အချက်များကို ရှင်းလင်း
ဟောကြားထားသည်။
တရားနာပါ။
ဒုက္ခွသစ္စာကို ပိုင်နိုင်စွာမသိသေးလျှင် သံသရာထဲ လည်ဦးမည် တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) အမရပူရ၊ ဒီဇင်ဘာ ၁၄၊ ၁၉၅၈။
လက်ရှိခန္ဓာကို ဒုက္ခသစ္စာအဖြစ် ပိုင်းခြားသိမြင်ရန် အရေးကြီး
ကြောင်း၊ တဏှာက ပေးထားသည့် သတ္တဝါများ၏ နာမည်
အရင်း
နှင့် အဘယ် ကြောင့် သံသရာရှည်ရကြောင်း စသော တရားများ ကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ဒုက္ခွပေါ် ဒုက္ခွဆင့်နေပုံ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဒီဇင်ဘာ ၁၇၊ ၁၉၅၈။
ဒွါရ ခြောက်ပါးတွင် ဖြစ်ပေါ်သည့် နာမ်နှင့် ရုပ်တရား အရေ
အတွက် စုစုပေါင်းနှင့် ခန္ဓာသည် မည်မျှစက်ဆုပ်ဖွယ် ကောင်း ပြီး
အသုံးမကျပုံတို့ကို ဖေါ်ပြ ဟောကြားထားသည်။ တရားနာပါ။
ဓမ္မသည်သာ ကိုးကွယ်ရာ / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) စကိုင်း၊ ၁၃၆၄။
အရှင်အာနန္ဒာ၊ ဂေါပက မောဂ္ဂလ္လာန ပုဏ္ဏားနှင့် ဝဿကာရ ပုဏ္ဏားတို့ ၏ ဆွေးနွေးစကားကို ညွှန်းဆိုလျက် ဓမ္မသည်သာ တစ်ခုတည်းသော ကိုးကွယ်ရာ အားကိုးရာ ဖြစ်ရမည့် အကြောင်း အကြံပြု ဟောကြားထားသည်။ တရားနာပါ။
ဘ၀နှင့်ရင်းရတဲ့ ဒါန / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ စက်တင်ဘာ ၇၊ ၂ဝဝ၆။
ကုသိုလ်ကောင်းမှု သုံးမျိုး (ဒါန၊ သီလ၊ ဘာဝနာ) ပြည့်စုံသော ဒါနဖြစ်ရန် အခက်အခဲများ၊ အလှူခံ ပုဂ္ဂိုလ် ရွေးချယ်ခြင်းနှင့် အလှူရှင်၏ အရည်အချင်းများ ပါရှိသည်။ တရားနာပါ။
ရခဲခြင်း တရား(၄)ပါး / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ရန်ကုန်၊ ၁၃၅၉။
တရားအားထုတ်ခြင်း၏ ရည်ရွယ်ချက်များ၊ ရခဲလှစွာသော ဒုလ္လဘတရား လေးပါး၊ မေ့လျော့ခြင်း သုံးမျိုးနှင့် တရားထိုင် နည်းစသော တရားများပါရှိသည်။ တရားနာပါ။
သူတော်ကောင်းဥစ္စာ ခုနှစ်ဖြာ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၇၊၂ဝဝ၈။
သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရိနှင့် သြတ္တပ္ပ စသော သူတော်ကောင်းဥစ္စာ ခုနစ်ပါး၊ ချမ်းသာ နှစ်မျိုးနှင့် မစ္ဆရိယ အမျိုးအစားများ စသည့် တရားများကို ဖေါ်ပြ ဟောကြား ထားသည်။ တရားနာပါ။
ဥဒ္ဒေသဝိဘင်္ဂသုတ္တန် (၁) / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ရန်ကုန်၊ [ခုနှစ်မပါ]
နိဗ္ဗာန်ကို မျက်မှောက်ပြုရေးအတွက် သိမ်မွေ့ နက်နဲသော စိတ်ကို ထိန်းချုပ်ပုံ၊ ရဟန္တာနှင့် တရားအားထုတ်နေကြသော
ယောဂီများအား ဆွမ်းလှူဒါန်းရခြင်း၏ အကျိုးကျေးဇူးများ စသည့် တရား
များကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Monday, March 19, 2012

ရှောင်ဖယ်ခဲခက် ကျိုးဝိပါက် [၂]


အကျိုးဝိပါက်တော် ()_သုန္ဒရီ ပရိဗိုဇ်မလေးအား မြတ်စွာဘုရားနှင့် 
တပည့်သံဃာငါးရာတို့က သတ်ဖြတ်သည်ဟု တိတ္ထိတို့၏ စွပ်စွဲ ခံတော်မူခဲ့ရခြင်း။
အကြောင်းဝစီကံ_တစ်ခုသော ဘဝ၌ ဘုရားအလောင်းတော်သည်
ဗေဒင်ကျမ်းတတ် ပုဏ္ဏား ဆရာအကျော် ဖြစ်ခဲ့၏။ တောထဲတွင် တပည့်ပုဏ္ဏားငါးရာတို့အား ဗေဒင်ကျမ်းဂန်များသင်ကြားပေး
နေစဉ် ဘီမ အမည်တွင်သည့် အဘိညာဉ်ရ ရသေ့ တစ်ပါး
ရောက်ရှိလာခဲ့
သည်။ ထိုရသေ့အား ပညာမာန်တက်ကာ "ကိုယ်ကျင့်သီလ မရှိသူ၊ ယုတ်မာသော အကျင့်ရှိသူ၊ ကာမ ဂုဏ်ခံစားနေသူ" စသည်ဖြင့် စွပ်စွဲပြောဆို ခဲ့လေသည်။ သူ၏ စကားကို ကြားကြကုန်သော တပည့် အပေါင်းတို့ကလည်း ဝမ်းမြောက်ဝမ်းသာ ထောက်ခံကြသည်။ အလားတူ ဝိုင်းဝန်း စွပ်စွဲခဲ့ကြသည်။ အဆင့်ဆင့်အားဖြင့် အရပ်တွင်းကပါဝိုင်းကာ စွပ်စွဲပြောဆိုကြသည်အထိ ပျံ့နှံ့သွားခဲ့တော့၏။ ယင်းဝစီကံ
ပြစ်မှားမှုကြောင့် ထိုစဉ်က တပည့်ပုဏ္ဏား များ ဖြစ်ခဲ့ကြသော သံဃာတော်ငါးရာသည် ဘုရားရှင်နှင့်အတူ စွပ်စွဲခံကြရခြင်း
ဖြစ်လေသည်။

အကျိုးဝိပါက်တော် ()_ ဒေဝဒတ်၏ ကျောက်မောင်းဆင်ကာ လုပ် 
ကြံမှုကြောင့် ခြေမတော် သွေးခြည်ဥ ခဲ့ရခြင်း။
အကြောင်းကာယကံ_ ရှေးဘဝ တစ်ခုတွင် အဖေတူ အမေကွဲ ညီ 
တစ်ဦးကို ပစ္စည်းဥစ္စာအကြောင်းကြောင့် တောတွင်းသို့ လိမ်
လည်ခေါ်ဆောင်ကာ ချောက်ထဲတွန်းချပြီး ကျောက်တုံးကြီးဖြင့် ဖိကျိတ် သတ်ဖြတ်ခဲ့သော ကာယကံအမှု ပြုခဲ့ခြင်းဖြစ်သည်။

အကျိုးဝိပါက်တော် ()_ ဒေဝဒတ်က လေးသမားများ စေလွှတ်ကာ 
သတ်ဖြတ်ရန် ကြံစည်ခံတော် မူခဲ့ရခြင်း။
အကြောင်းကာယကံ_ ရှေးရှေးကမ္ဘာတွင်၊ ဘုရားအလောင်းတော် 
သူငယ်ဘဝ လမ်းဆုံလမ်းခွ၌ ကစားနေစဉ် ဆွမ်းခံကြွဝင်တော်
မူလာသော ပစ္စေကဗုဒ္ဓါတစ်ပါးအား သိလျက်တမင် ကျောက်ခဲ
ဖြင့် ပစ်ပေါက် ခဲ့ ခြင်းဖြစ်သည်။

အကျိုးဝိပါက်တော် ()_နာဠာဂီရိ ဆင်ကြမ်းကြီးကို လွှတ်ပြီး သတ်ရန် 
ကြံစည်ခံတော်မူခဲ့ရခြင်း။
အကြောင်းကာယကံ_ နုစဉ်ဘဝ တစ်ခုတွင် ဘုရားလောင်းသည် 
ဆင်ထိန်းယောက်ျား ဆင်စီးသမား တစ်ဦး ဖြစ်ခဲ့၏။ ဆင်စီး လျက်အသွား လမ်းကျဉ်းတစ်ခု၌ ဆွမ်းခံကြွတော်မူလာသည့် ပစ္စေကဗုဒ္ဓါ တစ်ပါးနှင့် ရင်ဆိုင်တွေ့ ခဲ့ကြသည်။ မြင်ပါလျက် ထိပ်တိုက်တွေ့ သည်ဟုဆိုကာ ဆင်နှင့် တိုက်မည့်ဟန် ခြောက်
လှန့် ခဲ့ခြင်း ဖြစ်လေသည်။

အကျိုးဝိပါက်တော် ()_ ခြေမတော် သွေးချည်အုနာကို ဆရာဇီဝက၏ 
ဓါးဖြင့် အခွဲခံတော် မူရခြင်း။
အကြောင်းကာယကံ_ လွန်ခဲ့သော ဘဝတစ်ခု၌ ပတ္တိဝ သို့ မဟုတ် 
ပတ္တိကမင်း ဖြစ်ခဲ့စဉ်ခါ မိမိတွေ့မြင် လေရာ ပုဂ္ဂိုလ်တို့အား စိတ်မထင်လျှင် မထင်သလို ဓါးလှံစသည်ဖြင့် ထိုးနှက်ခဲ့ခြင်း
ဖြစ်သည်။

အကျိုးဝိပါက်တော် ()_မကြာခဏ ခေါင်းကိုက် ရောဂါ ခံစားတော် 
မူခဲ့ရခြင်း။
အကြောင်းကာယကံ_တစ်ခုသော အတိတ်ဘဝတွင် ကေဝတ္တ အမည်ရှိ 
တံငါရွာ၌ ဗုဒ္ဓလောင်းလျာသည် တံငါသည်၏ သား ဖြစ်ခဲ့သည်။ တံငါသည်များက ငါးများ၏ ဦးခေါင်းကို ထုလေရာ ငါးတို့ တ
လူးလူး တလွန့်လွန့် ဖြစ်နေကြသည်ကို ဝမ်းသာအားရ ဖြစ်မိ
ခဲ့ခြင်း ဖြစ်သည်။

အကျိုးဝိပါက်တော် (၁၀)_ဝါတွင်းသုံးလ ပတ်လုံး မြင်းစားဂျုံကိုသာ 
ဘုဉ်းပေးတော်မူခဲ့ရခြင်း။
အကြောင်းဝစီကံ_ဖုဿဘုရားရှင်သာသနာအခါတွင်ဖုဿဘုရားရှင်
နှင့် တပည့်သာဝကများအား အလောင်းတော်သည် "သလေး
ဆန်
ကောင်းတို့ကို မစားဘဲ မုယောဂျုံကိုသာ စားကြကုန်လော့" ဟူ၍ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
(ဆက်ပါဦးမည်)

Posted by Aye Sat

Saturday, March 17, 2012

ထေရဝါဒ ဓမ္မ အသံစု (၅၉)


ကမ္မဿကတဉာဏ် နှင့် သစ္စာအနုလောမိကဉာဏ် အကြောင်းရှင်းပြပုံ တရားတော် / ဦးဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊
အောက်တိုဘာ ၂၈၊ ၁၉၈၉။
အကြောင်းနှင့် အကျိုးကို ပိုင်းခြားသိသော ကမ္မဿကတဉာဏ်
နှင့် သစ္စာလေးပါးကို သိမြင်သည့် သစ္စာနုလောမိကဉာဏ်တို့
အကြောင်းကို စေ့ငစွာ ရှင်းလင်းဟောကြားထား၏။ 
တရားနာပါ။
ခန္ဓာ ပဋိစ္စသမုပ္ပါဒ် ရဟတ်လည်နေပုံ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဒီဇင်ဘာ ၁၃၊ ၁၉၅၈။
ပဋိစ္စသမုပ္ပါဒ်ဆိုသည်မှာ၊ ပဋိစ္စသမုပ္ပါဒ် လည်ပတ်ပုံ၊ သစ္စာ သတိပဋ္ဌာန် နှင့် သတိပဋ္ဌာန်အလုပ်ကို ဖျက်ဆီးတတ်သည့် အ၀ိဇ္ဇာတို့အကြောင်းကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ဓမ္မဒါယဒသုတ် () / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဩဂုတ် ၁၈၊ ၂ဝဝ၆။
ဗုဒ္ဓမိန့် တော်မူသော အမွေနှစ်မျိုး ဗုဒ္ဓသည် အဘယ်ကြောင့်
တပည့် ရဟန်းများအား ဓမ္မအမွေခံများဖြစ်
ကြရန် မှာကြား ဆုံးမခဲ့ကြောင်းစသည်တို့ကို ပြည့်စုံစွာ ရှင်းလင်းဟောကြား
ထားသည်။ 
တရားနာပါ။
ဓမ္မဒါယဒသုတ် (၂) / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဩဂုတ် ၁၉၊ ၂ဝဝ၆။
ဒုက္ခသစ္စာ ကိုဖြစ်စေသော အကြောင်းနှင့် သမုဒယသစ္စာ၏ အကျိုး ရှင်းလင်းချက်၊ ချမ်းသာစစ်ကို ရရှိစေရန် ဒုက္ခသစ္စာကို ပိုင်းခြားသိမြင်ခြင်း၊ မြတ်စွာဘုရား၏ လမ်းညွှန်မှုကို လိုက်နာ သူနှင့် မလိုက်နာသူတို့ကွာခြားပုံ စသည့် တရားများပါရှိသည်။ တရားနာပါ။
ပါရမီထိုက်သော ဒါနနှင့် ပါရမီမထိုက်သောဒါန / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ [ခုနှစ်မပါ။]
ပါရမီဆိုသည်မှာ၊ ပါရမီ ဆယ်ပါး၊ ပါရမီ ရှိစေရန် အားထုတ်ရ
ခြင်း ၏ ရည်ရွယ်ချက်၊ ကိလေသာ ဆယ်ပါး၊ ပါရမီထိုက်သော ဒါနနှင့် ပါရမီမထိုက်သော ဒါနတို့ကို နှိုင်းယှဉ်ပြခြင်း နှင့်အတူ၊ အလှူခံပုဂ္ဂိုလ် တစ် ဆယ့်လေးမျိုးတို့ကို ခုနစ်နှစ် အရွယ် ရဟန္တာ
ငယ်ကလေး၏ ဇာတ်ကြောင်းဥပမာဖြင့် ရှင်းလင်းဟော ကြားထားသည်။ တရားနာပါ။
ဗုဒ္ဓမြတ်စွာ၏ ကြီးပွါးချမ်းသာရေး တရားတော် (၁) / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ ဧပြီ ၁၃၊ ၁၉၈၉။
ဗုဒ္ဓမြတ်စွာ၏ တရားတော် (အကာလိကဂုဏ) တန်ဖိုး၊ မင်္ဂလာ တရား နိဒါန်း၊ လူမိုက်နှင့် ပညာရှိဟူသည်၊ လူမိုက်၏ လက္ခဏာ များနှင့် သုစရိုက် ဆယ်ပါးတို့ ကို သေချာစွာ ရှင်းလင်းဟော ကြားထားသည်။  တရားနာပါ။
ယခုလုပ်ရမည့် အလုပ် တရားတော်(၂) / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) [ခုနှစ်မပါ။]
ပါရမီ၏ အဓိပ္ပါယ်၊သတ္တဝါများသည် ဝဋ်၏ သားကောင်များ
ဖြစ်နေကြပုံ၊ ကိလေသာအဆင့်နှင့် ယင်းတို့ကို ပယ်ရှားနည်း၊
သေခြင်းတရားသည် မိမိတို့ နှင့် ထက်ချပ်မကွာ လိုက်ပါလျက် ရှိခြင်းကြောင့် ဆောလျင်စွာ ဝိပဿနာတရား ပွါးများ အားထုတ် ကြရန် နှိုးဆော်ချက် စသည်တို့ ပါဝင်သည်။
တရားနာပါ။
လူ့သံယောဇဉ်စွန့်မှ နိဗ္ဗာန်ရောက်နိုင်မည် တရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊ ဇန္နဝါရီ ၃၊ ၁၉၉ဝ။
မဂ်ဉာဏ်၏ ရှေ့ပြေးဖြစ်သော ဝိပဿနာဉာဏ်၊ ဝိပဿနာ အားမထုတ်မီ ဒိဋ္ဌိဖြုတ်ခြင်း တရားဂုဏ်တော် သည် တရား အားထုတ်သူအတွက် မည်သို့ အကျိုးပြုကြောင်းနှင့် သံယော ဇဉ် စွန့်ရန်တို့ကို ဟောကြား ထားသည်။  တရားနာပါ။
သမုဒ္ဒရာခြောက်စင်းကို ဒုက္ခွသစ္စာ အဖြစ်ဥပမာပြ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဒီဇင်ဘာ ၁ဝ၊ ၁၉၅၈။
တစ်မျိုးစီသော အာရုံခြောက်ပါးသည် သမုဒ္ဒရာကဲ့သို့  ဖြည့်၍ မပြည့်နိုင်ပုံ၊ သံသရာ အဘယ်ကြောင့် ရှည်ရကြောင်း၊ နိဗ္ဗာန်၏ လက္ခဏာများ၊ ဒုက္ခသစ္စာကို အဆုံးသတ်ခြင်းနှင့် ဝါယောဓါတ် ကို ရှုမှတ်နည်း စသော တရားများပါရှိသည်။  တရားနာပါ။
အတွင်းရန်သူ / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၆။
အတွင်းရန်သူ ဖြစ်သော ဣဿာနှင့် မစ္ဆရိယတို့၏ အကြောင်း ကို ဥပမာ အမျိုးမျိုးဖြင့် ရှင်းလင်းဟော ကြားထားသည်။ ထို့ ပြင် မိမိ၏ စိတ်သဘောထားကို ပြောင်းလဲနည်းနှင့် မနာလိုခြင်း ကင်းစွာဖြင့် တစ်ပါးသူများအကြောင်း အကောင်း ပြောတတ်
သူ
များကိုလည်း ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Sunday, March 11, 2012

ရှောင်ဖယ်ခဲခက် ကျိုးဝိပါက် [၁]


လူသားအပေါင်းတို့သည် မသိခြင်းကြောင့် ကာယကံ၊ ဝိစီကံ၊ မနောကံ အမှုများကို ပြုခဲ့ကြသည်။ မသိသဖြင့်ဖြစ်စေ၊ သိလျက်ဖြစ်စေ ပြုခဲ့သမျှ
သော အကြောင်းကံ အားလျော်စွာ အကျိုးဝိပါကကို ရှောင်ရှားမရ ခံစား ကြရမြဲ ဖြစ်သည်။ မိမိပြုကံ မိမိထံပြန်၊ မည်သူမပြု မိမိမှုပါပေ။ သို့ဖြင့် အကြောင်းကံ များပြုကာ အကျိုးတန်ပြန် ခံယူကြရင်း ပုထုဇဉ်များမှာ သံသရာတွင် ရှည်ကြာစွာ လှည့်လည်ခဲ့ကြရတော့၏။

ဗုဒ္ဓဘုရားရှင် ဖြည့်ဆည်းခဲ့သည့် ပါရမီကုသိုလ် အကြောင်းကံများသည် အရှိန်အဟုန်ဖြင့် နောက်ဆုံးဘဝတွင် အကျိုးပေးခဲ့သည်။ လက္ခဏာ
တော် သုံးဆယ့်နှစ်ပါးမှာ သာဓကဖြစ်သည်။ ထို့အတူ၊ အကုသိုလ် အကြောင်းကံများ၏ အကျိုးအကြွင်းကိုလည်း ပေးဆပ်တော်မူခဲ့ရပြန်
သေးသည်။ အမြတ်တကာတို့၏ အမြတ်ဆုံး ဖြစ်တော်မူသော ဗုဒ္ဓသည် ဝစီကံ အပြောမှားကြောင့် ဝိပါက်တော်ငါးပါးနှင့် ကာယကံအပြုမှား
ကြောင့် ဝိပါက်တော်ခုနစ်ပါး စုစုပေါင်း တစ်ဆယ့်နှစ်ပါးသော ဝိပါက်
တော်များကို ခံယူတော်မူခဲ့ရလေသည်။

အကျိုးဝိပါက်တော် ()_ဘုရားစင်စစ် ဧကန်ဖြစ်ရန် ထက်သန်စွာဖြင့်
ခြောက်နှစ်တိုင်တိုင် ဒုက္ကရစရိယအကျင့်ကို ကျင့်တော်မူခဲ့ခြင်း။ ဤမျှ ဒုက္ခခံကျင့်ကြံ တော်မူခဲ့ရသည်မှာ အတိတ်ဘဝတစ်ခုက
ပြုမိခဲ့သည့် ဝစီကံဝဋ်ကြွေးကို ပေးဆပ်ရမည် ဖြစ်တော်မူသော
ကြောင့် ဉာဏ်မရင့်ကျက်မီ တောထွက်ခဲ့မိကာ အမှားကျင့်စဉ် ကို ရွေးချယ်ခဲ့မိခြင်းဖြစ်သည်။
အကြောင်းဝစီကံ_ကဿပ ဘုရားရှင် လက်ထက်တွင် ဗုဒ္ဓလောင်းလျာ 
သည် ဝေဂလင်္ဂဇနပုဒ်၌ ပုဏ္ဏားမျိုးနွယ် ဗေဒင်ကျမ်းတတ် ဇော
တိပါလ ပုဏ္ဏားလုလင် ဖြစ်ခဲ့၏။ သူငယ်ချင်းဖြစ်သူက ဘုရားဖူး
မျှော်ရန်  နည်းမျိုးစုံ  နှင့်  အကြိမ်ကြိမ် ခေါ်ဆောင်လေရာ  အ
ကြောင်းကို သိလိုစိတ်ဖြင့်လိုက်ပါသွားခဲ့သည်။ ဘုရားထံမှောက်
ရောက်ကြလေသော် "ခေါင်းတုံးထားသည့် ဤပုဂ္ဂိုလ် အတွက် အလွန်တရာ ရခဲလှသော ဗောဓိဉာဏ် ဟူသည် အဘယ်မှာ ရ
နိုင်ပါ အံ့နည်း" ဟု ပြောဆို ပြစ်မှားခဲ့ခြင်းဖြစ်သည်။

အကျိုးဝိပါက်တော် ()_စိဉ္စမာန မိန်းမယုတ်၏ မဟုတ်မမှန်သော 
စကားဖြင့် လူပုံအလယ်တွင် စွပ်စွဲ ခံတော် မူရခြင်း။
အကြောင်းဝစီကံ_ဘုရားအလောင်းတော်သည် နုစဉ်ဘဝတစ်ခုတွင်
သေရည်သောက်စားသူတစ်ဦးဖြစ် ခဲ့သည်။ အရှင်နန္ဒအမည်ရ ရဟန္တာအရှင်မြတ်သည် မြို့ တွင်းသို့ ဆွမ်းခံအကြွတွင် ထိုသေ
သောက်ကြူးဦးဆောင်သည့် မူးယစ်သူတစ်စုအနီးမှ ဖြတ်သန်း
ခဲ့သည်။ ခေါင်းဆောင် သေသောက်ကြူးက "ဤရဟန်းသည် သီလမရှိသူ၊ ကာမဂုဏ်ခံစားနေသူ၊ ယုတ်မာသည့် အကျင့်ရှိသူ
ဖြစ်လိမ့်မည်" စသောစကားများဖြင့် စွပ်စွဲပြောဆိုခဲ့သည်။ ယင်း ဝစီကံ အမှုကြောင့် ငရဲ၌ အနှစ်တစ်သောင်း ဆင်းရဲခံခဲ့ရသည်။ လူဖြစ် သော ဘဝများစွာ၌လည်း ကာမဂုဏ်နှင့် ပတ်သက်၍ ယိုးစွပ်ခြင်းခံခဲ့ရသည်မှာ ဘုရားဖြစ်သည့် နောက်ဆုံးဘဝ တိုင်
အောင်ပင် ဖြစ်သည်။

အကျိုးဝိပါက်တော် ()_သုန္ဒရီအမည်ရှိ တိတ္ထိပရိဗိုဇ်မလေး၏ ကာမ 
ဂုဏ်နှင့် ပတ်သက်၍ ထင်ယောင်ထင်မှားစွပ်စွဲခံတော်မူခဲ့ရခြင်း။
အကြောင်းဝစီကံ_ဘုရားလောင်းသည် တစ်ခုသော ရှေးဘဝတွင်မထင် 
ရှားသော မျိုးဇာတ်၌ မုနာလိ အမည်ရ သေရည် သောက်စားသူ တစ်ဦးဖြစ်ခဲ့သည်။ ပစ္စေကဗုဒ္ဓအရှင် မြို့တွင်းသို့ ဆွမ်းခံအဝင်
တွင် မုနာလိ ခေါင်းဆောင်သော အမူးသမားအုပ်စု အနီးမှ ဖြတ် လှမ်းတော်မူခဲ့၏။ မုနာလိနှင့် အပေါင်းအဖေါ်များက "ယုတ်မာ
သော အကျင့်ရှိသူ၊ ကိုယ်ကျင့်သီလ ပျက်ပြားနေသူ၊ ကာမဂုဏ် ခံစားနေသူ" ဟူသည့် စွပ်စွဲချက်များဖြင့် အရှင်မြတ်အား ဝစီကံ ယွင်းမှားမှုကို ပြုခဲ့ကြခြင်း ဖြစ်လေသည်။
(ဆက်ပါဦးမည်)

Posted by Aye Sat

Saturday, March 10, 2012

ထေရဝါဒ ဓမ္မ အသံစု (၅၈)


နီဝရဏတရားငါးပါး တရားတော် () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ စက်တင်ဘာ ၁၂၊ ၁၉၅၈။
သိင်္ဂါရဝမင်းသားအား မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားကို အကိုးအကားပြုလျက် ရှုမှတ်အားထုတ်မှုဖြင့် နီဝရဏ တရားများဖြစ်သော လောဘ၊ ဒေါသ၊ ထိန-မိဒ္ဓ၊ ဥဒ္ဓစ္စ-ကုက္ကုစ္စ၊ ဝီစိကိစ္ဆာတို့ကို ဖယ်ရှားကာ ပဋိစ္စသမုပ္ပါဒ် အစဉ်တစ်ခုလုံးအား
ဖြတ်တောက်ပုံကို ညွှန်ပြ ဟောကြားထားသည်။
တရားနာပါ။
နီဝရဏတရားငါးပါး တရားတော် ()၊ အဇာတသတ်ဟော / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ စက်တင်ဘာ ၁၄၊ ၁၉၅၈။
အဇာတသတ်မင်းအား မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားကိုးကားချက်ဖြင့် နီဝရဏတရားကို ဖေါ်ပြရာ၌၊ အဓိပ္ပါယ် အမျိုးအစား၊ မည်သည်တို့ နှင့် အလားတူကြောင်း ဥပမာပေး များနှင့် ယင်းတို့အား ပယ်သတ်ပုံတို့ ပါရှိသည်။ တရားနာပါ။
ပရိယေသနသုတ္တန် / အရှင် စန္ဒသီရိ ( အောင်စကြာဆရာတော်) ရန်ကုန်၊ ၁၃၆၆။
"ပရိယေသနသုတ္တန်" ကို အခြေပြုကာ ပုထုဇဉ်တို့၏ ရှာမှီးခြင်း အမှားနှင့် အရိယာတို့၏ ရှာမှီးခြင်း အမှန်ကို ပြည့်စုံရှင်းလင်းစွာ
ဟောကြားထားသည်။
တရားနာပါ။
ပူတိဂတ္တတိဿမထေရ် / အရှင် စန္ဒသီရိ ( အောင်စကြာဆရာတော်) ရန်ကုန်၊ ၁၃၆၆။
ခန္ဓာသည် မည်မျှ စက်ဆုပ် ရွံရှာဖွယ်ကောင်းပြီး အသုံးမဝင်ပုံ၊ သုံးဆယ့်နှစ် ကောဋ္ဌာသနှင့် အကြောင်းနှင့် အကျိုးဆက်စပ်မှု တို့ကို ဟောကြားထားသည်။ ဥပမာပြမှာ၊ "ပူတိဂတ္တတိဿ မထေရ်" ဇာတ်ကြောင်းဖြစ် သည်။ တရားနာပါ။
ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ် တရားတော် / အရှင် ပညာဝရ (ဓမ္မဒူတ၊ သိမ်ဇရပ်) ရန်ကုန်၊ ၁၃၇၂။
ဘုရားရုပ်တုတော်ကို ဆွမ်းတော်ကပ်နည်းမှန်၊ မစားသင့်သော အသားများ၊ ကုသိုလ်ကောင်းမှု အမျိုးအစား အကျဉ်းတို့ကို ဖေါ်
ပြထားသည်။ ထို့အတူ၊ ဒါန၊ သီလနှင့် သမထ လောက်မျှနှင့်
ကျေနပ်မနေ
ကြဘဲ သံသရာမှ လွတ်ကြောင်းတစ်ခုတည်းသော နည်းလမ်းဖြစ်သည့် ဝိပဿနာအလုပ်ကို ကြိုးကုတ်အားထုတ် ကြရန်ကိုလည်း တိုက်တွန်းဟောကြားထားသည်။ တရားနာပါ။
ရွှေမြင့်မိုရ် ပြိုမှာစိုးတယ် () / ဘဒ္ဒန္တ ခေမိန္ဒ (ခင်မကန်ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၆၊ ၂ဝဝ၆။
မိဘတို့အား ပြုစုစောင့်ရှောက်ခြင်း၏ အကျိုးကျေးဇူးများ၊ မိဘ များသည် ချစ်ခြင်း မေတ္တာ ကြီးမားကြပုံ၊ မိဘကျေးဇူး ကျေ
အောင် ဆပ်နည်းနှင့် မိဘဂုဏ်ရည် တစ်ဆယ့်သုံးမျိုး အနက်မှ
ခြောက်မျိုးတို့ကို ပြည့်စုံစွာ ဟောကြားထားသည်။
တရားနာပါ။
ရွှေမြင့်မိုရ် ပြိုမှာစိုးတယ် (၂) / ဘဒ္ဒန္တ ခေမိန္ဒ (ခင်မကန်ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၆၊ ၂ဝဝ၆။
မိဘဂုဏ်ရည် တစ်ဆယ့်သုံးမျိုးမှ ကျန်ရှိသော ဂုဏ်ရည်များကို ကုန်စင်အောင် ရှင်းလင်းဟောကြား ထားသည်။ တရားနာပါ။
အနှိုင်းမဲ့အမေတရားတော် / အရှင်အာစာရာလင်္ကာရ(စကိုင်းရွှေဟင်္သာ)
ရွှေဘို၊ ဩဂုတ် ၂၇၊ ၂ဝဝ၅။
မဟာပဇာပတိဂေါတမီဇာတ်ကြောင်းကို ကိုးကားလျက် မိထွေး  တ်ာဂေါတမီ ပရိနိဗ္ဗာန် စံခါနီးတွင် မြတ်ဘုရား၏ ပန်ကြားချက်၊ ဗုဒ္ဓအား မိထွေးတော် ဂေါတမီ ပြောကြားခဲ့သော နောက်ဆုံး
စကား၊ ကပိလဝတ်၊ ကောလိယနှင့် ဒေဝဒဟ တိုင်းပြည်များ
ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ သာကီဝင် မင်းမျိုးဟူ၍ စတင်
ဖြစ်ပေါ်လာပုံနှင့် မဟာပဇာပတိဂေါတမီ၏ သိဒ္ဓတ္ထမင်းသား အပေါ် ထားရှိခဲ့သည့် ချစ်ခြင်းမေတ္တာ စသည်တို့ကို စုံလင်စွာ
ဟောကြားထားသည်။
တရားနာပါ။
အဖေ့နေရာ တရားတော် / အရှင် အာစာရာလင်္ကာရ (စကိုင်းရွှေဟင်္သာ) ရန်ကုန်၊ မတ် ၃၊ ၂ဝဝ၆။
အတိဇာတ၊ အနုဇာတနှင့် အဝဇာတ စသော သားသမီး အမျိုး အစား သုံးမျိုးနှင့်တကွ တုယှဉ်၍ မရသော မိဘ၏ ချစ်ခြင်းကို
ဟောကြားထားသည်။ ထို့ ပြင်၊ လေးစားထိုက်သော မိဘများ
နှင့် ကျေးဇူးသိတတ်သော သားသမီးများ ဖြစ်ကြရမည့်  အ
ကြောင်း
ကို “ပရိဇိဏ္ဏ ဗြဟ္မဏ
" ဝတ္တုဖြင့် အကြံ ပြုဟောကြား ထားသည်။ တရားနာပါ။
အမြဲကောင်းလေးပါး တရားတော် / အရှင် ပညာဝရ (ဓမ္မဒူတ၊ သိမ်ဇရပ်) ရန်ကုန်၊ ဒီဇင်ဘာ ၁၇၊ ၂ဝ၁ဝ။
"ဇရာသုတ္တန်" ကို ညွှန်းဆိုကာ ထာဝစဉ် ကောင်းမြတ်သော တရား လေးပါးဖြစ်သည့် သီလ၊ သဒ္ဓါ၊ ပညာနှင့် ကုသိုလ်တို့
ကြောင်းကို စေ့ငသေချာစွာ ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်