Showing posts with label ကာကွယ်ရေးတရား. Show all posts
Showing posts with label ကာကွယ်ရေးတရား. Show all posts

Saturday, January 4, 2014

ဘဝနေဟန် တရားမှန် (၁၁)


ကာကွယ်ရေးတရား
 

လူတို့သည် မိမိတို့ထံ ဘေးရန်အန္တရာယ်များ မကျရောက်ဘဲ လုံခြုံ ခြင်း အလို့ငှါ နည်းမျိုးစုံဖြင့် အကာအကွယ်ပြုတတ်ကြသည်။ စင်စစ် လေးပါး
သော ကာကွယ်ရေးတရားများသည်သာ မိမိတို့အား ပြည့်စုံသော လုံခြုံ မှုကို ပေးနိုင်ပေသည်။ ယင်းတို့ကား--

။ ဗုဒ္ဓါနုဿ       တိ ဘာဝနာပွါးများခြင်း၊
။ မေတ္တာ ဘာဝနာပွါးများခြင်း၊
။ အသုဘကမ္မဋ္ဌာန်း စီးဖြန်းခြင်း၊
။ မရဏဿ       တိ- သေခြင်းတရားကို မပြတ်ဆင်ခြင်
အောက်မေ့ခြင်း
တို့ ဖြစ်ကြသည်။
ဗုဒ္ဓါနုဿ       တိဘာဝနာပွါးများပါက သဒ္ဓါတရား တိုးပွားစေသည်။ ကောင်း မှုများကို ပြုသည့်အားလျော်စွာ သေသည်၏ အခြားမဲ့၌ သုဂတိသို့လား မည်ဖြစ်သည်။ မေတ္တာဘာဝနာ ပွါးများပါသော် ဒေါသကို ဖယ်ရှားနိုင် သည်နှင့်အမျှ  ဘေးရန်အန္တရာယ် ကင်းပကွယ်မည်ပင်။
 

အသုဘကမ္မဋ္ဌာန်း စီးဖြန်းခြင်းဖြင့် ရာဂကို စင်စေသည်။ မရဏဿ  တိ သေခြင်းတရားကို မပြတ်ဆင်ခြင်ပါ က မာနကို ကျစေလိမ့်မည်။
 

ရာဂနှင့် မာနတရားတို့ကား အပါယ်သို့လားစေသည့် တရားများဖြစ်ကြ သည်။ ယင်းတို့ကင်းစင်ခြင်းသည် အပါယ်တံခါး ပိတ်ခြင်းမည်ပါ၏။
 

သို့ပါ၍ ကာကွယ်ရေးတရားလေးပါးအား လက်ကိုင်ထားကျင့်သုံးလျက် လုံခြုံစွာနေထိုင်ကြရန် တိုက်တွန်းလိုပါသည်။
ကျမ်းကိုး။ ။နရပတိ၊ ဦး (ဖြူးဆရာတော်)။ အသက်သေသော်လည်း မျက်ရည်မကျစတမ်း တရားတော်။

Posted by အေးဆက်