Wednesday, February 24, 2016

ဓမ္မပဒ ၉၇ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၈ - သာရိပုတ္တတ္ထေရဝတ္ထု

အဿ       ဒ္ဓေါ အကတညူ စ၊ သန္ဓိစ္ဆေဒေါ စ ယော နရော။
ဟတာဝကာသော ဝန္တာသော၊ သ ဝေ ဥတ္တမပေါရိသော။
၉၇။ အကြင်သူသည် သူပြောစကားဖြင့်သာ ယုံကြည်သူ မဟုတ်။ နိဗ္ဗာန်ကို ကိုယ်တိုင်သိသူ လည်းဖြစ်၏။ ဝဋ်သုံးပါး၏ အစပ်ကို ဖြတ်တောက်ပြီးသူ လည်း ဖြစ်၏။ ကုသိုလ် အကုသိုလ်၏ အကျိုးပေးခွင့်ကို သတ်ဖြတ်ပြီးသူ လည်း ဖြစ်၏။ အလုံးစုံသော တဏှာကို ထွေးအန်ပြီးသူလည်း ဖြစ်၏။ ထိုသူသည်သာ စင်စစ် ယောကျာ်းမြတ် ဖြစ်၏။

Posted by ဉာဏ်ဦး