Wednesday, September 30, 2015

ဓမ္မပဒ ၉၂ [ခုဒ္ဒကနိကာယ်]


၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၃ - ဗေလဋ္ဌသီသတ္ထေရဝတ္ထု

ယေသံ သန္နိစယော နတ္ထိ၊ ယေ ပရိညာတဘောဇနာ။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခော ယေသံ ဂေါစရော။
အာကာသေဝ သကုန္တာနံ၊ ဂတိ တေသံ ဒုရန္နယာ။
၉၂။ အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား သိုမှီးသိမ်းဆည်းခြင်းသည် မရှိ၊ အကြင် ရဟန္တာတို့သည် ပရိညာဉ်သုံးပါးဖြင့် ပိုင်းခြားလျက် ခဲဖွယ်ဘောဇဉ်ကို သုံးဆောင် ကုန်၏၊ ရာဂစသည် ကင်းဆိတ်လျက် ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာပုဂ္ဂိုလ်၏ ကျက်စားရာအာရုံ ဖြစ်၏၊ ကောင်းကင်၌ ငှက်တို့၏ သွားရာလမ်းကြောင်းကို သိနိုင်ခဲသကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ သွားရာကို သိနိုင်ခဲ၏။ 

Posted by ဉာဏ်ဦး

No comments:

Post a Comment