Showing posts with label အနေ နှင့် အသေ. Show all posts
Showing posts with label အနေ နှင့် အသေ. Show all posts

Sunday, August 17, 2014

ဘဝနေဟန် တရားမှန် (၁၈)


အနေခက်၍ အသေပျက်သည်

လူတို့သည် အသက်ရှင်ကာ နေရပါလည်း အခက်တွေ့လျက် ရှိကြသည်။ အဘယ်သို့နည်း။

အဖိုးမထိုက်သော ကိလေသာသည် အခွါရခက်သည်။
မထင်ရှားသော ကြိုးဆယ်စင်း (သံယောဇဉ် ၁ဝ ပါး) သည် အဖြေရခက်သည်။
အခိုးမထွက်သော ရာဂမီး (၁၁)မီးသည် အငြိမ်းရခက်သည်။
မဝေးသော နိဗ္ဗာန်ခရီးသည် အသွားရခက်သည်။
အရှင်မရှိသောဥစ္စာ (သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပ စသော သူတော်ကောင်း တရားခုနစ်ပါး) သည် အရှာရခက်သည်။
ကိုယ်ဝန်ဆောင်သော ယောက်ျား အဖွားရခက်သည်။
လူတို့သေကြသည့်အခါ အကောင်းမရှိ ပျက်စီးရ၏။ အဘယ်သို့နည်း။
ဥစ္စာပစ္စည်း မည်မျှချမ်းသာစေ မွဲ၍ သေရပါမည်။
ခွန်အား မည်မျှကြီးမားစေ အားကုန်၍ သေရပါမည်။
အစားအစာကောင်း မည်မျှစားနိုင်စေ ငတ်၍ သေရပါမည်။
စကားပြော မည်မျှကောင်းစေ အ ၍ သေရပါမည်။
နတ်မမီ လူမမျှ လှပစေ အရုပ်ဆိုး၍ သေရပါမည်။
စုံမက်ချစ်ခင်သူ မည်မျှများစေ အမုန်းခံ၍ သေရပါမည်။
စာကိုးပဏ္ဍဝ၊ ဦး (စတုဘုမ္မိကငှက်တွင်းဆရာတော်)။ နေလျှင် ၆ချက်၊ သေလျှင် ၆ချက်။
 

Posted by အေးဆက်