Showing posts with label ဖြစ်ပျက်. Show all posts
Showing posts with label ဖြစ်ပျက်. Show all posts

Sunday, February 3, 2013

ဓမ္မသုတ (၁၇)


မဂ်  
ဘုရင်ထွက်တော်မူမည်ဆိုလျှင် ရှေ့ ပြေးရဲမက်များ ဦးစွာ ထွက်ရသည်။
လောကီမဂ် ရရှိပြီးမှသာလျှင် လောကုတ္တရာမဂ် ရရှိမည်ဖြစ် သည်။
<ဦးဝိမလ (မိုးကုတ်ဆရာတော်)။ ပေါ်သော စိတ်နှင့် ကိုယ့်
အသေ ကိုယ်ဝိပဿနာရှုနည်း တရားတော်>
မိမိအလုပ် မဂ်အလုပ် 
ဝါးစိမ်းနှစ်လုံးကို ပွတ်သော် ပူလာတတ်သည်။ နဂိုကပါလာ
သာ အပူမဟုတ်။ အားစိုက်မှုကြောင့် ပူ၍လာခြင်းဖြစ်သည်။ မီးသည်အလိုလို မထွက်၊ မီးထွက်အောင် လုပ်ယူရသည်။

မိမိ၏ စိတ်ကို အကဲခတ်ရမည်မှာ မိမိ၏ အလုပ်ဖြစ်သည်။
သောတာ
ပတ္တိမဂ်သည် မိမိ၏ အလုပ်မဟုတ်။ အားထုတ်မှု ရင့်သန်လာအောင် လုပ်ရန်မှာ မိမိ၏ တာဝန်ဖြစ်သည်။ ရင့်သန်လာသော် သူ့ ဘာသာသူလာသည်မှာ မဂ်၏ အလုပ် 
ဖြ
စ်သည်။

<ဦး ဝိမလ (မိုးကုတ်ဆရာတော်)။ ဝါးနှစ်လုံးပွတ်ဥပမာ တရားတော်>
ဖြစ်ပျက်နှင့် မဂ် 
ရေထဲမှ တက်လာသည့် ကြာပွင့်သည် လေ နေ စသည့် အကူ အညီနှင့် မတွေ့လျှင် စွင့်စွင့်ကားကား ပွင့်ခွင့်မရဘဲကြွေသွား မည်ဖြစ်သည်။
သာသနာနှင့် တွေ့ဆုံခြင်း၊ သစ္စာတရားနာနိုင်သူဖြစ်ခြင်းနှင့် သစ္စာတရား ဟောကြားနိုင်သူနှင့် တွေ့ဆုံခြင်းများရှိပါလျက်
ဖြစ်ပျက်နှင့် မဂ် ကိုက်ခြင်းတည်းဟူသော ဓမ္မာနုဓမ္မပဋိပတ္တိကို မပြုလုပ်နိုင်လျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိနိုင်မည် မဟုတ်ချေ။

<ဦး ဝိမလ (မိုးကုတ်ဆရာတော်)။ ဓမ္မာနုဓမ္မပဋိပတ္တိကင်း၍
မဂ်ဉာဏ် မရနိုင် တရားတော်>
ဖြစ်ပြီးပျက်ခြင်း
တုံးပေါ်တွင် ပေါက်လျက်ရှိသော မှိုသည် တုံးဆွေး၍ ပျက် သွားပါက မှိုပါပျက်သည်။ ဘုရားပြိုသော် ထီးတော်ပါပျက် သည်။
အကြောင်းချုပ်သော် အကျိုးလည်းချုပ်သည်။ ပျက်သင့်၍ ပျက်ခြင်းဖြစ်သည်။
<ဦး ဝိမလ (မိုးကုတ်ဆရာတော်)။ ဝေဒနာနုပဿနာရှုနည်း (၃) တရားတော်>
ဖြစ်ပျက်
သစ်ပင်ကိုစွဲကာ အရိပ်ဖြစ်ပေါ်လာသည်။
ရုပ်ကိုစွဲပြီး ဖြစ်ပျက်တည်းဟူသော အရိပ်ဖြစ်ပေါ်လာသည်။
<အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ)။ သင်္ခါရနှင့် လက္ခဏာအလုပ်ပေး တရားတော်>
Posted by အေးဆက်