Showing posts with label တရားအားထုတ်ခြင်း. Show all posts
Showing posts with label တရားအားထုတ်ခြင်း. Show all posts
Saturday, February 21, 2015
ဘဝနေဟန် တရားမှန်(၂၄)
ဘာကြောင့် တရားအားမထုတ်နိုင်ရမလဲ?
ငယ်ရွယ်နုပျို ခြင်းသည် နွေမှာပွင့်သော ပန်းနှယ် ရုတ်တရက် နွမ်းရော် သွားနိုင်သည်။
အိုမင်းခြင်းကား မီးစွဲသော လယ်ကွင်းများပမာ ချက်ချင်း ပျံ့နှံ့လောင် ကျွမ်းသွားပေမည်။
လေးခွထိ၍ အနာတရဖြစ်ရသည့် ငှက်ငယ်အသွင် ဘယ်အချိန်တွင် အားအင်ဆုတ်ယုတ်ကာ နာမကျန်းဖြစ်မည်ကို မသိနိုင်ကြ။ ကျန်းမာ သန်စွမ်းခိုက်တွင် နာဖျားမှုကို လုံးဝမစဉ်းစားတတ်ကြပေ။ သို့သော် နာမကျန်းခြင်းသည် မိုးကြိုးပစ်သကဲ့သို့ လျင်စွာအင်နှင့်အားနှင့်
ရောက်လာမည်ဖြစ်သည်။
သေခြင်းတရားသည် နောက်ဆုံးမီးတောက်ပြီးလျှင် ကွယ်ပျောက်
ရသည့် ဆီခန်းသော မီးအိမ်နှင့်တူသည်။ နေဝင်ချိန်ရှိ သစ်ပင်၏ အရိပ်ကဲ့သို့ မည်သည်ကမျှ ဟန့်တား၍ မရ အောင် မြန်ဆန်စွာ
ပျောက်ကွယ်သေဆုံးရမည်လည်းဖြစ်သည်။
မွေးဖွားခြင်းနှင့် သေဆုံးခြင်းတို့သည် ခုလာခုပျောက်ဖြစ်သည်။
နေထွက်ခြင်း၊ နေဝင်ခြင်းတို့နှင့် အလားသဏ္ဍာန်တူကြောင်း
မြတ်ဗုဒ္ဓုက မိန့်ကြားခဲ့ဖူးသည်။
ဤကမ္ဘာတွင်မည်သည့်အရာကိုမျှ မြဲသည်ဟူ၍ အာမ မခံနိုင်ချေ။
အို နာ သေခြင်းတို့သည် ပါးစပ်နှင့် လက်တို့ကဲ့သို့ အချင်းချင်း အမြဲ
တမ်း ဆုံတွေ့လျက်ရှိသည်။ သေချိန်တန်သော် တရားဓမ္မမှအပ ကူညီနိုင်သူ မရှိပေ။
ဓမ္မသည် အောင်နိုင်ခြင်း၏ အကောင်းဆုံး အရင်းအမြစ်ဖြစ်သည့်တိုင် အားကိုးအားထားပြုသူ ရှားပါးလှပါ၏။
ဤသည်များကို မှတ်သားရသည်ရှိသော် အဘယ်ကြောင့် တရားအား မထုတ်ဘဲ နေနိုင်ပါမည်နည်း။
စာကိုး။ Dhammananda, K. Sri. Why Worry? 2001.
Posted by အေးဆက်
Wednesday, October 16, 2013
ဓမ္မသုတ (၃၁)
ရှုမှတ်မှု
တရားအားထုတ်သူ (ယောဂီ)သည် ဈေးရောင်းသူနှင့် တူ၏။ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မည်သူ့ကိုမဆို လာဝယ် လျှင် ရောင်းချ ရမည်ဖြစ်သည်။ တရားအားထုတ်စဉ်တွင် ခန္ဓာ ကိုယ် နာကျင်ကိုက်ခဲလာခြင်းများသည် ဈေးလာဝယ်သည်နှင့်တရားရှာ နောက်မကျရာ
တူသည်။ နည်းနည်းနာလျှင် နည်းနည်းလာဝယ်ခြင်းဖြစ်သည်။ များများနာလျှင် များများလာဝယ်ခြင်းဖြစ်သည်။
နောက်ထပ်ဝယ်အောင် ပြုံး၍ဆက်ဆံရမည်။ ဖေါ်ပြလာသည့်
တရားကို ရှုမှတ်နိုင်ရမည်။ သို့မှသာ သတိ ဉာဏ် ပညာ အား
ကောင်းလာမည်ဖြစ် သည်။ ဖြစ်ပေါ်လာသော ဒုက္ခကို ရန်မ လုပ်ပါနှင့်။ ဒုက္ခကို သိသည်ထက် သိနေအောင် ရှုမှတ်ကာ ခန္ဓာကိုယ်ကို မြေကြီးမဖြစ်မီ အသုံးချ ကြရမည် ဖြစ်သည်။
ဇာနေယျ၊ ဘဒ္ဒန္တ (မြစိမ်းတောင်ဆရာတော်)။ သေခြင်းတရား တရားတော်
အတောင်ကျိုးနေသော ကြိုးကြာငှက်အိုသည် ငါးမရှိသည့် ရွှံ့ညွံ အိုင်တွင် ငယ်စဉ်က ငါးများ ကောက်ယူ စားသောက်ခဲ့ရသည် ကိုကြံတွေးလျက်မှိုင်တွေနေသကဲ့သို့ ငယ်ရွယ်စဉ်ကစီးပွားဥစ္စာPosted by အေးဆက်
ကောင်းစွာမရှာခဲ့ သူသည် မိမိကောင်းစွာ စားဝတ်နေထိုင် ခဲ့ရ သည့် ရှေးဖြစ်များကို တွေးကာ ညည်းတွားနေရတတ်သည်။
ပစ်မှတ်ကိုမထိဘဲ အရှိန်လွန်ကာ မြေမှာ ကျပြီး ကောက်ယူခြင်း မရှိသောမြားသည် ဆွေးမြည့်ပျက်စီး သွားရလေ၏။
တတိယအရွယ်ကျမှ တရားရှာမည်ဟူ၍ ပထမနှင့် ဒုတိယ အ ရွယ်မှာ ပေါ့ပေါ့နေခဲ့ကြသူများသည်လည်း လက်ခြေတို့  မိမိ အလိုသို့  မလိုက်နိုင်တော့သည့် ကာယ ဉာဏ စွမ်းအားများ မရှိတော့သော ဇရာအရွယ်တွင် တရားမရှာနိုင်၊ ဆုံးရှုံးကြရ
ပေသည်။
ပညာသီဟာဘိဝံသ၊ အရှင် (တရားဦးဓမ္မစကြာဆရာတော်)။ အခွင့်ကောင်းကို မရှောင်လွှဲ
ပါနှင့် တရားတော်
Sunday, January 6, 2013
ဓမ္မသုတ (၁၆)
ဆင်ငယ်နည်းတူ အားထုတ်မူ
တရားအားထုတ်သူ၏ အလုပ်
သိ ပယ် ဆိုက် ပွါး အလေးထား
အချိန်လွန်မှ အားထုတ်မရ
Posted by အေးဆက်
ဆင်ငယ်လေးသည်ကြီးလာလေလေ တဖြည်းဖြည်း
ပိုမိုလေးလံသော ဝန်ကို မ နိုင်လေလေဖြစ်သည်။
တရားအားထုတ်သူသည်လည်း ဇွဲလုံ့ လဝီရိယဖြင့် တိုး၍တိုး၍ ရင့်သန်လာအောင် အားထုတ်နိုင်သည်နှင့်အမျှ တရားတိုးကာ ရည်မှန်းရာလမ်းဆုံးသို့ ရောက်နိုင်မည်ဖြစ်သည်။
< ဦး ဝိမလ (မိုးကုတ်ဆရာတော်)။ ဝီရိယအကူအညီဖြင့် သမာဓိပညာမဂ္ဂင်ဆိုက်အောင် ပွါးများနည်း တရားတော် >
တရားအားထုတ်သူ၏ အလုပ်
အပင်စိုက်၊ ရေလောင်း၊ ပေါင်းသင်ခြင်းသည် စိုက်ပျိုးသူ၏ အလုပ်ဖြစ်သည်။ အပွင့်ပွင့်ခြင်း၊ အသီးသီးခြင်းတို့မှာ သူ့ဘာသာဖြစ်လာလိမ့်မည်။ လောဘ၊ ဒေါသ၊ မောဟတို့ ဖြစ်ခွင့်မပေးသောအားဖြင့် ပယ်ခြင်းသည် တရားအားထုတ်သူ၏ အလုပ်ဖြစ်သည်။ ပယ်နိုင်ခဲ့သော် တရားရရှိမည်သာဖြစ်၏။
< ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ၊ မှော်ဘီ)။ အစကသာကြိုသိခဲ့ရင် တရားတော် >
သိ ပယ် ဆိုက် ပွါး အလေးထား
ကြက်မကြီးသည် ဥမှချက်ချင်း အကောင်ငယ်ကလေးများ
ပေါက်လို၍ မရ။
ဝပ်ခြင်း၊ ကြက်ငွေ့ ပေးခြင်းနှင့် ကြက်နံ့ ပေးခြင်းများကို
ပြုလုပ်ရသည်။
တရားအားထုတ်သူများသည်လည်း သိ၊ ပယ်၊ ဆိုက်၊ ပွါး ကိစ္စလေးရပ် ပြုလုပ်မှသာ တရားရနိုင်မည်ဖြစ်သည်။
< အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ)။ လမ်းရှင်းနေမှ ရှုပွါးရ တရားတော် >
အချိန်လွန်မှ အားထုတ်မရ
အချိန်လွန်မှ တရားအားထုတ်ခြင်းသည် ခရမ်းသီးပိန်ကို ဓါးတုံးနှင့် လှီးသကဲ့သို့ ခရီးတွင်ခြင်း မရှိချေ။
< အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)။ သိ ပယ် ဆိုက် ပွါး တရားတော် >
Posted by အေးဆက်
Subscribe to:
Posts (Atom)