ဒိဋ္ဌိကပ်ကြောင်း (၈) ပါး
ခန္ဓာ အဝိဇ္ဇာ၊
သညာ ဖေဿာ၊
ဝိတက်ကောနှင့်၊
အယောပရ၊
ပါပမိတ်ဆွေ၊
ဤရှစ်ထွေ၊
မှတ်လေဒိဋ္ဌိကပ်ကြောင်းတည်း။
ဒိဋ္ဌိကွာကြောင်း (၄) ပါး
ကောင်းသောဆရာ၊
မြတ်သစ္စာနှင့်၊
မှန်စွာနှလုံး၊
ကျင့်သုံးဖြစ်ပျက်၊
ကိုက်ညီမဂ်၊
လေးချက်ဒိဋ္ဌိကွာကြောင်းတည်း။
ပဏ္ဍိတ၊ အရှင် (ဒွိပိဋကဓရ၊ မဏိရတနာဆရာတော်)။ ဒိဋ္ဌိ ကပ် ခွါပုံ တရားတော်။
Posted by အေးဆက်
ဒိဋ္ဌိကိလေသာသုံးမျိုး
ကြောင်သည် ကြွက်ကို မမြင်သည့် အချိန်တွင် လက်သည်းကို ဝှက်ထားတတ်သော်လည်း ဝမ်းထဲ တွင်မူ ကြွက်ခုပ်လိုသော ဝါသနာရှိနေသကဲ့သို့  အနုသယ ဒိဋ္ဌိကိလေသာသည် ဝမ်းထဲ
တွင် အမြဲ ကိန်းအောင်းပြီး ပါလာတတ်သည်။
ကြောင်သည် ကြွက်ကို မြင်သောအခါ လက်သည်းကို ထုတ်
သကဲ့သို့  ပရိယုဋ္ဌာန ဒိဋ္ဌိကိလေသာ သည် ကာမဂုဏ်အာရုံကို
မြင်သည့်အခါ ထကြွသောင်းကျန်း လာတတ်သည်။
ကြောင်သည်မြင်သောကြွက်ကို အမှန်တက်ခုပ်သည့်နည်းတူ
ဝီတိက္ကမ ဒိဋ္ဌိကိလေသာသည် ကိုယ်ထိလက်ရောက် ကျူးလွန်
စေသည်။
ပဏ္ဍိတ၊ အရှင် (ဒွိပိဋကဓရ၊ မဏိရတနာဆရာတော်)။ အရှုံးထဲ က အမြတ် တရားတော်။
Posted by အေးဆက်
'ငါ' ဒိဋ္ဌိကြိုး
လေတံခွန်သည် ကောင်းကင်ပေါ်မည်မျှမြင့်အောင် တက်သည်
ဖြစ်စေ နောက်ဆုံးတွင် ရစ်ဘီး၏ ခြေရင်းသို့  ပြန်လည်သက်
ဆင်းရမြဲဖြစ်သည်။ ကြိုးတန်းလန်းပါနေသောကြောင့်ပင်။
လေတံခွန်နှင့်တူသည့် ပုထုဇဉ်လူသားများသည်လည်း ကောင်း
ကင်ကဲ့သို့ သော သုဂတိဘုံများ၌ မည်မျှပင်နေရသည်ဖြစ်စေ အချိန်တန်လျှင် ရစ်ဘီးတည်းဟူသော အပါယ်အိမ်သို့  ပြန်ကြ ရသည်။ 'ငါ' ရှိသည် ဟု အယူမှား ဒိဋ္ဌိကြိုးကြီး ရှိနေ၍ဖြစ်၏။
ဇဝန၊ အရှင် (မေတ္တာရှင်)။ လူငယ်များအတွက် ဂမ္ဘီရဝိပဿ နာ၊ ၁+၂။
ဒိဋ္ဌိမကွာ ရှက်ဖွယ်ရာ
ကြားစိတ်နှင့်တူသည့် ဧည့်သည်၏ နောက်တွင် ဒိဋ္ဌိတည်းဟူ
သော ခွေးပါလာပါက အိမ်ရှင်မိမိတို့ မှာ အရှက်ကွဲခြင်းအဖြစ် အပါယ်လား ကြရ၏။ ခန္ဓာကို ခန္ဓာဟု ရှုမှတ် ရမည်။ 'ငါ' ဟု မမှတ်လျှင် ဒိဋ္ဌိကွာသည်။
ပဏ္ဍိတ၊
အရှင် (ဒွိပိဋကဓရ၊
မဏိရတနာဆရာတော်)။
စုန်ရေနှင့် ဆန်ရေ တရားတော်။
Posted by အေးဆက်