Showing posts with label ဗုဒ္ဓ ကိုယ်တော်တိုင် တရားနာခြင်း. Show all posts
Showing posts with label ဗုဒ္ဓ ကိုယ်တော်တိုင် တရားနာခြင်း. Show all posts

Tuesday, November 25, 2014

ဓမ္မသုတ (၄၅)


ဗုဒ္ဓ ကိုယ်တော်တိုင် တရားနာခြင်း
အခါတစ်ပါး၌ မြတ်စွာဘုရားသည် နန္ဒမထေရ် တရားဟောရာ
အရပ်သို့ သွား၍ ညဉ့်သုံးယံပတ်လုံး တရား နာကြားတော်မူ၏။
ထို့နောက် သာဓုခေါ်တော်မူလေသည်။
ထိုအခါ နန္ဒမထေရ်သည် ရပ်လျက် တရားနာနေသည့် ဘုရားရှင်
ကို မြင်လေသော် အနားသို့ ရောက်လာပြီး လက်အုပ်ချီမိုး ရိုကျိုး
ကာ_"အရှင်မြတ်ဘုရား၊ အရှင်မြတ်သည် ထူးမြတ်သိမ်မွေ့ခြင်း
ရှိတော်မူပါလျက် လွန်စွာပြုနိုင်ခဲသော အမှုကို ပြုတော်မူပါဘိ
ဘုရား” ဟုလျှောက်ထား၏။ ထိုအခါ ဗုဒ္ဓက "ချစ်သား နန္ဒ၊ သင်
သည် တစ်ကမ္ဘာပတ်လုံး တရားဟော နိုင်စွမ်းအံ့၊ ငါဘုရားသည်
လည်း တစ်ကမ္ဘာပတ်လုံး ရပ်လျက်ပင် တရားနာတော်မူအံ့” ဟု
မိန့်တော်မူလေ၏။
ဤသာဓကကို ထောက်လျှင် ဗုဒ္ဓဘာသာဝင်တိုင်း ရိုရိုသေသေ
လေးလေးစားစား တရားတော်မြတ်ကို အခွင့်သာခိုက် နာကြား
လိုက်နာသင့်လှပါပေစွတကား။
 

Posted by ဉာဏ်ဦး