Showing posts with label တရားရကြောင်များ. Show all posts
Showing posts with label တရားရကြောင်များ. Show all posts

Saturday, June 1, 2013

ဓမ္မသာကစ္ဆာ (၁၁)


တရားရခြင်း၏ အကြောင်းများ

အခါတစ်ပါးတွင် ဗောဓိမင်းသားသည် မြတ်စွာဘုရားထံ သွားရောက် ကာ သိလိုသည့်အကြောင်းကို မေးလျှောက်လေသည်။

မင်းသား

မြတ်စွာဘုရားရဲ့ လမ်းညွှန်မှုကို အနီးကပ်ရကြတဲ့ ရဟန်းတော် များဟာ အချိန်ဘယ်လောက်ကြာမှ ရဟန္တာဖြစ်ကြပါသလဲ ဘုရား။
ဘုရား
မင်းသား၊ သင့်ကိုပဲပြန်မေးမယ်၊ သင် ဆင်စီးချွန်းကိုင်အတတ်
ကို တတ်သလား။
မင်းသား
တတ်ပါတယ်ဘုရား။
ဘုရား
တစ်ခါမှာ လူတစ်ယောက်က သင့်ဆီမှာ ဆင်စီးချွန်းကိုင် အတတ်ကို သင်ယူဖို့ရောက်လာတယ်။ ဒါပေမယ့် အဲဒီလူဟာ သင့်ရဲ့ဆင်စီးချွန်းကိုင်အတတ်ပညာကို မယုံကြည်ဘူး၊ ကျန်း မာရေးလဲ မကောင်းဘူး၊ သင်တဲ့အခါမှာလဲ မသိသေးဘဲနဲ့ သိ သယောင်၊ မတတ်သေးဘဲနဲ့ တတ် သယောင် လှည့်ဖျား
ကောက်ကျစ်တတ်တယ်။ ပျင်းလဲ ပျင်းရိတယ်။ ဉာဏ်ပညာလဲ မရှိဘူးဆိုရင် ဆင်စီး ချွန်းကိုင်ပညာကို တတ်မြောက်နိုင်ပါ့ မလား။
မင်းသား
ဒီအင်္ဂါငါးချက်လုံးနဲ့ ပြည့်စုံနေတဲ့ သူကို မဆိုထားနဲ့ အင်္ဂါ တစ် ချက်လောက် ရှိနေပြီဆိုရင်ပဲ ဒီလူဟာ ဆင်စီးချွန်းကိုင်အတတ် ကို မတတ်မြောက်နိုင်ပါဘုရား။
ဘုရား
တစ်ယောက်သောသူက သင့်အတတ်ပညာကိုလဲ ယုံကြည်
တယ်၊ ကျန်းမာရေးလဲကောင်းတယ်၊ လှည့်ဖျားကောက်ကျစ်
ခြင်း
လဲ မရှိဘူး၊ မပျင်းမရိ ကြိုးစားသူလဲ ဖြစ်တယ်၊ ဉာဏ် ပညာလဲ ရှိတယ်၊ ဒီလူရော ဆင်စီးချွန်းကိုင်အတတ်ပညာကို တတ်မြောက်နိုင်ပါ့မလား။
မင်းသား
ယခုလို အင်္ဂါငါးချက်နဲ့ ပြည့်စုံသူကို မဆိုထားနဲ့ အင်္ဂါတစ်ချက် နဲ့ ပြည့်စုံရင်ပဲ ဆင်စီးချွန်းကိုင် အတတ်ကို တတ်မြောက်နိုင် ပါတယ်ဘုရား။
ဘုရား
ထို့ အတူပဲ၊ ဝိပဿ     နာတရားကို အားထုတ်သူဟာ ယုံကြည်
ခြင်း၊ ကျန်းမာခြင်း၊ လှည့်ဖျားကောက်ကျစ်မှု မရှိခြင်း၊ မပျင်းရိ
ခြင်း၊ ဉာဏ်ပညာရှိခြင်းစတဲ့ တရားရခြင်း၏ အကြောင်းအင်္ဂါ
ငါးရပ်နဲ့ ပြည့်စုံရင် မဂ်ဖိုလ်ကို လျင်မြန်စွာ ရနိုင်ပေတယ် မင်းသား။  
မင်းသား
မှန်လှပါ နားလည်ပါပြီဘုရား။
သာဓု သာဓု သာဓု    

ကျမ်းကိုး။    ။ဇဝန၊ အရှင် (မေတ္တာရှင်)။ လူငယ်များအတွက်ဂမ္ဘီရ
ဝိပဿ     နာ (၁+၂)။

Posted by  အေးဆက်