Showing posts with label အမြဲကောင်းတရား. Show all posts
Showing posts with label အမြဲကောင်းတရား. Show all posts

Saturday, September 7, 2013

ဓမ္မသုတ (၃ဝ)


အမြဲကောင်းလေးပါး
လူတို့ ပြည်ဘောင်၊ အိုသည့်နောင်၊ တိုင်အောင်ကောင်းတာ ဘယ်ဟာနည်း။
လူတို့ ပြည်ဘောင်၊ အိုသည့်နောင်၊ တိုင်အောင်ကောင်းတာ သီလတည်း။
အဘယ်တရား၊ မြဲတည်ငြား၊ ကောင်းစားလှပါလေသနည်း။
သဒ္ဓါတရား၊ မြဲတည်ငြား၊ ကောင်းစားလှပါလေသတည်း။
လူတို့ ပြည်မှာ၊ ရတနာ၊ ဘယ်ဟာကောက်ယူဆင်မည်နည်း။
လူတို့ ပြည်မှာ၊ ရတနာ၊ ပညာ ကောက်ယူဆင်မည်တည်း။
ဘယ်ဥစ္စာမျိုး၊ အထုပ်ပိုး၊ မခိုးဖြစ်နိုင်ပါသနည်း။
ကိုယ့်ကုသိုလ်မျိုး၊ အထုပ်ပိုး၊ မခိုးဖြစ်နိုင်ပါသတည်း။
ပညာဝရ၊ အရှင် (ဓမ္မဒူတ၊ သိမ်ဇရပ်)။ အမြဲကောင်းလေးပါး တရားတော်
အဝေးဆုံးတရားလေးပါး
မြေကြီးနှင့်သာ၊ ကောင်းကင်ပြာ၊ ဝေးကွာပထမ။
သမုဒ္ဒရာ၊ ကမ်းနှစ်ဖြာ၊ ဝေးကွာဒုတိယ။
နေထွက်ဝင်ရာ၊ လမ်းနှစ်ဖြာ၊ ဝေးကွာတတိယ။
သူမြတ်နှင့်သာ၊ သူယုတ်မာ၊ ဝေးကွာစတုတ္ထ။
မာလာစာရ၊ ဘဒ္ဒန္တ (ညောင်ပင်သာဆရာတော်)။ ဝေးဝေးမှာ မနေပါနှင့် တရားတော်  
Posted by အေးဆက်