Tuesday, August 27, 2013

ထေရဝါဒ ဟောဓမ္မ (၂၂)


ကုဏ္ဍလာဘိဝံသ၊ အရှင် (သဒ္ဓမ္မရံသီ ဆရာတော်)။ ပဒါနိယင်္ဂသုတ္တန် (ကြိုးစားတွင်တွင်)။ [ခုနှစ်မပါ။]
ကမ္မဋ္ဌာန်းတရား အားထုတ်ရာတွင် ကြိုးစားခြင်း၏ အရေးပါမှု၊ အခွင့်အခါကောင်း လေးခု၊ ကျင့်ကြံအားထုတ်ခြင်း သုံးမျိုးနှင့်
ဝေဒနာရှုပွါးနည်းများကို ဖေါ်ပြထားသည်။  တရားနာပါ။
ကုဏ္ဍလာဘိဝံသ၊ အရှင် (သဒ္ဓမ္မရံသီ ဆရာတော်)။ ပဒါနိယင်္ဂသုတ္တန် (ဖြောင့်စွာစိတ်ထား)။ ၁၃၅၃။
ကမ္မဋ္ဌာန်းတရား ကျင့်ကြံအားထုတ်ရာတွင် လိုအပ်ချက်တစ်ခု
ဖြစ်သော ရိုးသားဖြောင့်မတ်ခြင်းနှင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန် ရရှိမည့် ပုဂ္ဂိုလ်၏ အင်္ဂါရပ်များကို ရှင်းလင်းဟောကြား ထားသည်။  တရားနာပါ။

ဆေကိန္ဒ၊ ဒေါက်တာ အရှင် (ဓမ္မဒူတ၊ မှော်ဘီ)။ တစ်သက်လုံးနေ တတ်အောင်။ [ခုနှစ်မပါ။]
ဝိပဿနာဉာဏ်နှင့်ပတ်သက်၍ ပေါ်လွင်အောင် ဖေါ်ပြရာတွင် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ သတိတရား၊ ဝိပဿနာဉာဏ် ရရှိခြင်းနှင့် အတားအဆီးများစသည်တို့ကို ဟောကြားထားသည်။  တရားနာပါ။
ဆေကိန္ဒ၊ ဒေါက်တာ အရှင် (ဓမ္မဒူတ၊ မှော်ဘီ)။ ဝိပဿနာအစ ဝိပဿနာအဆုံး အလုပ်ပေး တရားတော်။ မှော်ဘီ၊ ၁ နိုဝင်ဘာ ၂ဝဝ၁။
သမထယာနိကနှင့် ဝိပဿနာယာနိက ပုဂၢိဳလ္မ်ား၊ ဝိပဿနာ
ဆိုသည္မွာ၊ ဝိပဿနာ၏ အလုပ္၊ ဝိပဿနာ အစနှင့် အဆုံး
စသော တရားများပါဝင် သည်။  တရားနာပါ။
ဇနကာဘိဝံသ၊ အရှင် (မဟာဂန္ဓာရုံ ဆရာတော်)။ ကံနှင့် ကံအကျိုး တရားတော်။ [ခုနှစ်မပါ။]
သံသရာဟူသည်၊ ကမ္မပစ္စယသတ္တိ၊ ကောင်းသော ကံအကျိုး
အတွက် လိုအပ်သည့် အချက်များ (ဂတိ၊ ကာလ၊ ဥပဓိရုပ်၊ ဝီရိယ၊ အသိအလိမ္မာ) စသည်တို့ကို ရှင်းလင်းဟောကြားထား သည်။  တရားနာပါ။
ဇနကာဘိဝံသ၊ အရှင် (မဟာဂန္ဓာရုံ ဆရာတော်)။ လူအများ သိသင့်
သော ကျောင်းအလှူ။ [ခုနှစ်မပါ။]

သံဃိကကျောင်းလှူခြင်း၏ အကျိုး၊ ကျောင်းအလှူရှင်နှင့်
ကျောင်းနေ
သံဃာများ၏ တာဝန်နှင့် ကထိန်သင်္ကန်း ကပ်လှူ
ခြင်းနှင့် စပ်လျဉ်းသော တရားများပါရှိ၏။  တရားနာပါ


Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, August 24, 2013

ဓမ္မပဒ ၃၂ [ခုဒ္ဒကနိကာယ်]


၂ - အပ္ပမာဒဝဂ်၊ မမေ့လျော့ခြင်း တရားတော်များ
၉ - နိဂမဝါသီတိဿေတၳရဝတၳဳ

အပၸမာဒရေတာ ဘိကၡဳ၊ ပမာေဒ ဘယဒဿိဝါ။
အဘေဗၺာ ပရိဟာနာယ၊ နိဗၺာနေဿဝ သန္တိကေ။
၃၂။ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် မဂ်ဖိုလ်တို့မှ ဆုတ်ယုတ်ခြင်းငှာ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာလျှင် ဖြစ်၏။
 

Posted by ဉာဏ်ဦး

Sunday, August 18, 2013

ထေရဝါဒ ဟောဓမ္မ (၂၁)


နန္ဒမာလာဘိဝံသ၊ ဒေါက်တာ ဘဒ္ဒန္တ (ပါ-ချုပ်၊ ITBMU)။ စိတ်ကို လေ့
လာသုံးသပ်ခြင်း။ ရန်ကုန်၊ ၁၃၇ဝ။

စိတ်အစဉ်ကို ရပ်တံ့ထားနိုင်သော ပုဂ္ဂိုလ်နှစ်ဦး၊ လူ့ဘဝရှိစိတ်၊ ကုသိုလ်နှင့် အကုသိုလ်စိတ်စသည်တို့ကို ရှင်းလင်းဟောကြား ထား သည်။   တရားနာပါ။
နန္ဒမာလာဘိဝံသ၊ ဒေါက်တာ ဘဒ္ဒန္တ (ပါ-ချုပ်၊ ITBMU)။ နာမ်တရား ကို လေ့လာသုံးသပ်ခြင်း။ ရန်ကုန်၊ ၁၃၇ဝ။
နာမ်တရားနှင့် စပ်လျဉ်းပြီး အဓိပ္ပါယ်ဖေါ်ပြချက်၊ တည်နေရာ၊ အခြေ ခံနှင့် ဖြစ်ပေါ်ပုံတို့ကို ရှင်းပြထားသည်။   တရားနာပါ။
ပညိဿရ၊ ဒေါက်တာ အရှင် (ဓမ္မဒူတ၊ ပဲခူး)။ ဖေါ်မဲ့ခရီးသည်။ ဒိုက်ဦး၊
၈ ဒီဇင်ဘာ ၂ဝဝ၆။

သေခြင်းတရားကိုဆင်ခြင်သည့် မရဏဿတိ၊ ဗုဒ္ဓနည်းကျ မရ ဏဿတိ၊ ဘဝအစဉ်၊ အဖေါ်မပါဘဲ သွားရမည့် ခရီးလမ်းနှစ်ခု၊ ချမ်းသာစစ်နှင့် ဆင်းရဲခြင်းဟူသည် အစရှိသော တရားများ ပါ ဝင်သည်။  တရားနာပါ။
ပညိဿရ၊ ဒေါက်တာ အရှင် (ဓမ္မဒူတ၊ ပဲခူး)။ မြတ်ဗုဒ္ဓ၏ အယူဝါဒ အလုပ်ပေးတရားတော်။ ပဲခူး၊ ၁၆ ဒီဇင်ဘာ ၂ဝဝ၅။
တဏှာပယ်ခြင်းဖြစ်သော မြတ်ဗုဒ္ဓ၏ အယူဝါဒ၊ တဏှာပယ်
ခြင်းနှင့် မပယ်ခြင်းတို့၏ ရလဒ်များကို ရှင်းလင်းဟောကြား ထားသည်။  တရားနာပါ။

ဝိမလ၊ ဦး (မိုးကုတ်ဆရာတော်)။ လူမိုက်နှင့် လူလိမ္မာခွဲခြားပုံ။ အမရ ပူရ၊ ၂၈ ဒီဇင်ဘာ ၁၉၅၉။
လူမိုက်နှင့် လူလိမ္မာတို့ကို ခွဲခြား၍ပြခြင်း ဝိပဿနာမဂ်နှင့်
လောကီမဂ်စသည့် တရားများကို ဟောကြားထား၏။  တရားနာပါ။

ဝိမလ၊ ဦး (မိုးကုတ်ဆရာတော်)။ သောတာပန်တည်နည်း တရားတော်။ အမရပူရ၊ ၃၁ ဒီဇင်ဘာ ၁၉၅၉။
သောတာပန်ပုဂ္ဂိုလ်၏ အမြင်ကို ရှင်းလင်းဟောကြားထား သည်။  တရားနာပါ။
 Posted by ဉာဏ်ဦး၊ အေးဆက်

Friday, August 16, 2013

ဓမ္မသုတ (၂၉)


ကုသိုလ်နှင့် အကုသိုလ်
လမ်းဘေးမြက်သစ်ပင်ကို မည်သူမျှ အလိုမရှိ။ ခုတ်ထွင် ရှင်း လင်းပစ်သည့်တိုင် ရေမလောင်းသော်လည်း ပြန်လည်ပေါက် ပွားလာတတ်သည်။ အကုသိုလ်သည် ယင်းမြက်သစ်ပင် ကဲ့ သို့ ပြုလုပ်ထား သူကသာ တာဝန်ယူရသည်။ မည်သူကမျှ  တာဝန်ယူပေးခြင်း မရှိချေ။
လူ့ အကျိုးပြု သီးပင်စားပင်နှင့် ပန်းအလှပင်များမှာမူကား တစ်ဦး တစ်ယောက်က သီးခြားတာဝန်ယူပြီး ဂရုတစိုက် ပြုစုပေးရ
သည်။ ယင်းတို့ကလည်း အသီးအပွင့်များဖြင့် ပြန်လည်ကာ အကျိုးပြု ကြ၏။ ကုသိုလ်သည် ကုသိုလ်ပြုသူကို တာဝန်ယူပေး သည်။ မြင့်မြတ်သည့်
နေရာသို့ ရောက်အောင် ပို့ပေး၏။
မာလာစာရ၊ ဘဒ္ဒန္တ (ညောင်ပင်သာဆရာတော်)။ ဝေးဝေးမှာ မနေပါနှင့် တရားတော်
မကောင်းမှုနှင့် ကောင်းမှု
ကျောက်တုံးကြီးကို ရေထဲသို့  ပစ်ချလိုက်သော် ပြန်ပေါ်လာနိုင် 
ခြင်း မရှိသကဲ့သို့ မကောင်းမှု ပြုလုပ်သူသည် အထက်သို့  ပြန် တက်ရိုး ထုံးစံမရှိ။ လူ့ ပြည် နတ်ပြည်တို့သို့ မရောက်ရှိနိုင်။ မိမိ
ပြုသည့်
အကုသိုလ်အရ ခံစားရမည်ဖြစ်သည်။ မြေအိုးတစ်ခု အတွင်းသို့ ထောပတ်အပြည့်ထည့်ကာ ရေကန်ကြီးထဲပစ်ထည့်  လိုက်ပါ။ ထို့နောက် ရေထဲရှိ ထိုအိုးကို ခွဲပစ်ပါ။ ထောပတ်များ သည် ရေပေါ်သို့ တက်လာမည်။ အိုးခြမ်းကွဲများကား ရေ
အောက်တွင် ကျန်ရစ်ခဲ့မည်။

အလားတူစွာ ကောင်းမှုပြုသူသည် အထက်သို့ တက်လိမ့်မည်။
ကောင်းရာသုဂတိသို့ လားရ၏။ မကောင်းမှု ပြုသူမှာ အိုးခြမ်းကွဲ ပမာ အောက်သို့သာ ကျရမည်။ အပါယ်လေးဘုံသည်သာ ထိုသူအတွက် ဖြစ်သည်။
မာလာစာရ၊ ဘဒ္ဒန္တ (ညောင်ပင်သာဆရာတော်)။ ပဋိစ္စသမုပ္ပါဒ် တရားတော် 
 Posted by အေးဆက်

Thursday, August 15, 2013

ဓမ္မပဒ ၃၁ [ခုဒ္ဒကနိကာယ်]


၂ - အပ္ပမာဒဝဂ်၊ မမေ့လျော့ခြင်း တရားတော်များ
၈ - အညတရဘိက္ခု ဝတ္ထု

အပ္ပမာဒရတော ဘိက္ခု ၊ ပမာဒေ ဘယဒဿိဝါ။
သံယောဇနံ အဏုံ ထူလံ၊ ဍဟံ အဂ္ဂီဝ ဂစ္ဆတိ။
၃၁။ မီးသည် ကြီးငယ်မရှောင် လောင်စာဟူသမျှကို လောင်ကျွမ်းသကဲ့ သို့ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် ကြီးငယ်မဟူ သံယောဇဉ်အားလုံးကို လောင်ကျွမ်းစေလျက် နိဗ္ဗာန်သို့ သွား ၏။
 

Posted by ဉာဏ်ဦး

Friday, August 9, 2013

ထေရဝါဒ ဟောဓမ္မ (၂ဝ)


ဇဝန၊ အရှင် (မေတ္တာရှင်)။ ပထမနိဗ္ဗာန်။ ရန်ကုန်၊ ၁၃၆၇။
ဉာဏ်ကောင်းခြင်း၏ အကြောင်း၊ ရတနာသုံးပါးနှင့် အနန္တော အနန္တငါးပါး မတူပုံ၊ သာသနာပြုခြင်း၊ ရှင်ဥပဂုတ်ကိုးကွယ်သင့် မသင့်၊ ဒက္ခိဏသာခါ ရုပ်တုထုလုပ်ကိုးကွယ်ခြင်း ရှောင်ကြဉ် ရန် အကြံပြုချက်၊ ပဉ္စာနန္တရိယကံနှင့် မိစ္ဆာဒိဋ္ဌိတို့ကြောင့် အပါယ် ကျခြင်း နှစ်မျိုးတို့၏ ခြားနားချက်၊ ကာမဂုဏ်၏ အပြစ်၊ ပထမ နိဗ္ဗာန် ရရှိခြင်းစသော ရှင်းလင်းဖြေဆိုချက်များပါရှိသည်။  တရားနာပါ။
ဇဝန၊ အရှင် (မေတ္တာရှင်)။ ပြုံးသေမဲ့သေ။ ရန်ကုန်၊ ၁၃၆၅။
ပဋိသန္ဓေနေရခြင်းနှင့် သေခြင်းဆင်းရဲ၊ မရဏသုံးမျိုး၊ လောဘ
နှင့် ဒေါသကိလေသာ ပယ်သတ်
ခြင်း၊ ရုပ်ဓါတ်ရှစ်ပါး၊ လက်
တွေ့ ဒိဋ္ဌိဖြုတ်ခြင်းနှင့် ဝေဒနာနုပဿ       နာကျင့်စဉ် အကျ ဉ်းတို့
ကို ဖေါ်ပြထားသည်။  တရားနာပါ။
 
ဉာဏိဿ       ရ၊ ဒေါက်တာအရှင် (သီတဂူဆရာတော်)။ သံဝေဂဉာဏ်နှင့် သံဝေဂဘာဝနာ။ [ခုနှစ်မပါ]
ရုပ်အလောင်း၏ အသုံးဝင်မှု၊ သံဝေဂဉာဏ်လေးပါး၊ သံဝေဂ ဘာဝနာအကျိုး၊ ဗုဒ္ဓဟောကြားသော ဓမ္မအစဉ် (ဒါနကထာ၊ သီလကထာ၊ သက္ကကထာ၊ အာဒီနဝကမ္မန္တာကထာ၊ နိက္ခမ ကထာနှင့် သစ္စကထာ)နှင့် သံဝေဂဉာဏ်မှ ဓမ္မစစက္ခု ဉာဏ် သို့ပြောင်းလဲခြင်းကို ရသသူဌေးသား ဇာတ်ကြောင်း ဥပမာပြ
ဖြင့် အသီးသီး ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။

ဉာဏိဿ       ရ၊ ဒေါက်တာအရှင် (သီတဂူဆရာတော်)။ အိုသည့်တိုင်
အောင် ကောင်းမယ့် တရား။ ကျောက်တန်း၊ ၁၄ နိုဝင်ဘာ ၂ဝ၁၁။

ဓမ္မ၏ ခိုင်မြဲပုံ၊ အိုသည့်တိုင်အောင်ကောင်းမည့် တရားလေး ပါး_သီလ၊ သဒ္ဓါ၊ ပညာနှင့် ပုညတို့ကို ဖေါ်ပြဟော ကြားထား သည်။  တရားနာပါ။
သုမင်္ဂလ၊ ဦး (ဒယ်အိုးဆရာတော်)။ ပဗ္ဗတူပမသုတ်။ မန္တလေး၊ ၆ အောက်တိုဘာ ၂ဝဝ၆။
“ပဗ္ဗတူပမသုတ္တန်" ကို ကိုးကားလျက်၊ ချမ်းသာစစ်ကိုရရှိနိုင်ရန် အချိန်မီ ဝိပဿ       နာတရား အားထုတ်ကြရေးအတွက် အကြံပေး
ဟောကြားထားသည်။  တရားနာပါ။

သုမင်္ဂလ၊ ဦး (ဒယ်အိုးဆရာတော်)။ ဝက္ကလိသုတ္တန်။ မန္တလေး၊ ၇ အောက်တိုဘာ ၂ဝဝ၆။
သံသရာမှ လွတ်မြောက်ရေးအတွက် ဝိပဿ       နာတရား အား ထုတ်ကြရန် ဝက္ကလိသုတ္တန်ကို အကိုးအကားပြုကာ တိုက်တွန်း
ဟောကြားထားသည်။  တရားနာပါ။

 Posted by ဉာဏ်ဦး၊ အေးဆက်

Wednesday, August 7, 2013

ဓမ္မသုတ (၂၈)


ပါရမီ
အုန်းဆံကြိုး တစ်ပင်တည်းဖြင့် ဆင်ကို ဆွဲ၍ မရနိုင်။ အုန်းဆံ ကြိုးပေါင်းများစွာကို ကျစ်ပြီး ရသော ကြိုးဖြင့်သာ ဆင်ကို ဆွဲနိုင်သည်။
ထိုနည်းတူစွာ၊ အနည်းငယ်သော ပါရမီဖြင့် နိဗ္ဗာန်ကို မရနိုင်၊ ပါရမီများလာပါမှ နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်သည်။
နာဂိန္ဒာလင်္ကာရ၊ အရှင်။ တရားနာရသော အကျိုး တရားတော်
ပါရမီလျော်စွာ အားထုတ်ရာ
ဆင်ကြီးသည် ရေသောက်လိုပါက ရေထဲသို့ အနည်းငယ် ဆင်းပြီးမှသောက်လျှင် ပိုမိုအဆင်ပြေသည်။ ယုန်ငယ်လေး မှာမူ ကမ်းစပ်တွင် သာ သောက်ရမည်ဖြစ်သည်။ ဆင်ကြီးသွား ရာနောက် လိုက်လံ၍သောက်ပါက ရေနစ်သေမည်ဖြစ်သည်။
နှစ်ကောင်လုံးအတွက် အဓိကမှာ ရေသောက်ရရေးဖြစ်၏။

ထို့အတူ၊ ဘုရား ရဟန္တာများမှာ ပါရမီရှင်များဖြစ်ပြီး ဆင်ကြီးနှင့် အလားတူသည် တရားအားထုတ် သူတို့သည်လည်း မိမိတို့၏ ပါရမီအလျောက် အားထုတ်ပါက ယုန်ငယ်လေး ရေသောက် ရသကဲ့သို့  တရားရ ကြမည်ဖြစ်သည်။
မာလာစာရ၊ ဘဒ္ဒန္တ (ညောင်ပင်သာဆရာတော်)။ ဝေးဝေးမှာ မနေပါနှင့် တရားတော်
Posted by အေးဆက်

Tuesday, August 6, 2013

ဓမ္မပဒ ၃ဝ [ခုဒ္ဒကနိကာယ်]


၂ - အပ္ပမာဒဝဂ်၊ မမေ့လျော့ခြင်း တရားတော်များ
၇ - မဃဝတ္ထု

အပ္ပမာဒေန မဃဝါ၊ ဒေဝါနံ သေဋ္ဌတံ ဂတော။
အပ္ပမာဒံ ပသံသန္တိ၊ ပမာဒေါ ဂရဟိတော သဒါ။
၃ဝ။ မာဃလုလင်သည် (ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကြောင့် နတ်တို့၏ အထွတ်အထိပ်သို့ ရောက်၏။ ပညာရှိတို့သည် (ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကို ချီးမွမ်းကုန်၏။ (ကုသိုလ်ကောင်းမှု၌) မေ့လျော့ခြင်းကို အခါခပ်သိမ်း ကဲ့ရဲ့အပ်၏။
 

Posted by ဉာဏ်ဦး

Thursday, August 1, 2013

ဒိဋ္ဌိအမှန်ရုပ်နှင့်နာမ် မောင်မောင်လတ်

ဓမ္မသာကစ္ဆာ (၁၃)


တရားပေါက်ရောက်ရန်မှာ
အခါတစ်ပါး၌ ဗုဒ္ဓနှင့် ရှင်ပုဏ္ဍိယတို့သည် တရားပေါက်ရောက်နိုင်
ခြင်းနှင့် စပ်လျဉ်း၍ အမေးအဖြေ စကားပြောကြားတော်မူကြသည်။
 

ရှင်ပုဏ္ဍိယ
မြတ်စွာဘုရား၊ လူတိုင်း တရားဉာဏ် ပေါက်ရောက်နိုင်ပါ
သလားဘုရား။
ဗုဒ္ဓ
လူတိုင်း တရားဉာဏ် မပေါက်ရောက်နိုင်ဘူး ချစ်သား။
ရှင်ပုဏ္ဍိယ
ပေါက်ရောက်နိုင်ရန် ဘယ်အချက်ပေါ်မှာ တည်ပါသလဲဘုရား။
ဗုဒ္ဓ
ယုံကြည်မှုရှိခြင်း၊ မရှိခြင်း အပေါ်မှာ တည်တယ် ချစ်သား၊ ယုံကြည်မှုရှိလာလျှင် သူတော် ကောင်းတို့ထံ၌ ဆည်းကပ်
နိုင်တယ်။
ရှင်ပုဏ္ဍိယ
သူတော်ကောင်းတို့ထံ ဆည်းကပ်တိုင်း တရား သိနိုင်ပါ သလားဘုရား။
ဗုဒ္ဓ
မသိနိုင်ဘူး ချစ်သား။ ထိုသူတော်ကောင်းနှင့် ဆွေးနွေးခြင်း၊ မဆွေးနွေးခြင်း အပေါ်မှာ တည်နေတယ်။
ရှင်ပုဏ္ဍိယ
ဆွေးနွေးလျှင်ကော တရား သိနိုင်ပါသလားဘုရား။
ဗုဒ္ဓ
ဆွေးနွေးတိုင်းလဲ တရားမသိနိုင်ဘူး ချစ်သား။ ကောင်းစွာ
နား
ထောင်ခြင်း၊ နားမထောင်ခြင်း အပေါ်မှာ တည်နေတယ်။
ရှင်ပုဏ္ဍိယ
ကောင်းစွာနားထောင်တိုင်း တရား ရပါသလားဘုရား။
ဗုဒ္ဓ
ကောင်းစွာနားထောင်တိုင်း တရား မရဘူး ချစ်သား။ မှတ်သားမှုရှိခြင်း၊ မရှိခြင်းအပေါ်မှာ တည်နေပြန် တယ်။
ရှင်ပုဏ္ဍိယ
မှတ်သားမှုရှိလျှင်ကော တရား ရပါမည်လားဘုရား။
ဗုဒ္ဓ
မရနိုင်ဘူး ချစ်သား။ ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်မှု၊ မဆင်ခြင်မှု
ပေါ်၌ တည်ပြန်တယ်။
ရှင်ပုဏ္ဍိယ
ဆင်ခြင်မှုရှိလျှင်ကော တရား ပေါက်ပြီလားဘုရား။
ဗုဒ္ဓ
တရား မပေါက်သေးဘူးချစ်သား။ လက်တွေ့ကျင့်သုံးမှသာလျှင်
တရား ပေါက်ရောက်နိုင်တယ်ချစ်သား။ သာဓု သာဓု သာဓု
ကျမ်းကိုး။   ။ဇဝန၊ အရှင် (မေတ္တာရှင်)။ လူငယ်များအတွက် ဂမ္ဘီရ
ဝိပဿ      နာ၊ အတွဲ (၃+၄)။
 

Posted by အေးဆက်