Tuesday, June 17, 2014

ဓမ္မသုတ (၄ဝ)


နိဗ္ဗာန်ချမ်းသာ
နိဗ္ဗာန်ချမ်းသာသည် ခံစားရုံပဲ ရှိသည်။ ခံစားရုံဖြစ်၍ခံစားသည်။ ခံစား၍ မကုန်နိုင်။ ခံစား၍ မကုန်သဖြင့် ခံစားပြန်တော့ လည်း ခံစား၍ကို မဝနိုင်။ ခံစား၍ မဝနိုင်သဖြင့် ခံစားသော် လည်း ပင်ပန်းသည်ဟူ၍ မရှိသော ပကတိ ချမ်းသာအစစ်ပင်ဖြစ်
တော့သည်။ 

ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ခန္ဓာ့သွားလမ်း အလုပ်ပေးတရားတော်။
ဒုက္ခမလာ နိဗ္ဗာန်လာ
လောကကြီးထဲတွင် ဒုက္ခဖြစ်ကြောင်းနှင့် ဒုက္ခဖြစ်ခြင်းသာ ရှိသည်။ ဒုက္ခစက်ကြီး လည်နေခြင်းဖြစ်၏။ သမုဒယက လှည့်ပေးနေသည်။ တရားအားထုတ်ခြင်းသည်ဒုက္ခစက်ကြီးကို ပိတ်နေခြင်းဖြစ်သည်။ ဒုက္ခမလာမှ နိဗ္ဗာန်လာသည်။
ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ခန္ဓာ့သွားလမ်း အလုပ်ပေးတရားတော်။
Posted by အေးဆက်

Monday, June 16, 2014

ဓမ္မပဒ ၆၂ [ခုဒ္ဒကနိကာယ်]


၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၃ - အာနန္ဒသေဋ္ဌိဝတ္ထု
ပုတ္တာ မတ္ထိ ဓနံ မတ္ထိ၊ ဣတိ ဗာလော ဝိဟညတိ။
အတ္တာ ဟိ အတ္တနော နတ္ထိ၊ ကုတော ပုတ္တာ ကုတော ဓနံ။
၆၂။ လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏၊ ဥစ္စာတို့သည်လည်း ရှိ ကုန်၏ဟု (စွဲလမ်းမှုတဏှာဖြင့်) ဆင်းရဲ ပင်ပန်းရ၏။ အမှန်သော်ကား မိမိအား အတ္တသည်လည်း မရှိပါဘဲလျက် အဘယ်မှာ သားသမီး ရှိအံ့နည်း၊ အဘယ်မှာလျှင် ဥစ္စာ ရှိပါအံ့နည်း။
 

Posted by ဉာဏ်ဦး

Thursday, June 12, 2014

ဓမ္မပဒ ၆၁ [ခုဒ္ဒကနိကာယ်]


၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၂ - မဟာကဿ       ပသဒ္ဓိဝိဟာရိကဝတ္ထု

စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။
ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။
၆၁။ လူမိုက်၌ တရားကျင့်ရန် အဆွေခင်ပွန်းအဖြစ် မရှိရကား တရားကျင့်သူသည် မိမိထက် သာလွန်သူ မိမိနှင့် တူမျှသူကို မရနိုင်ပါမူ တစ်ယောက်တည်း ကျင့်ခြင်းကိုသာလျှင် မြဲမြံစွာ ပြုကျင့် ရာ၏။
 

Posted by ဉာဏ်ဦး

Monday, June 9, 2014

ဘဝနေဟန် တရားမှန် (၁၆)


မီး (၇) မီး
မီးကို ရိုသေစွာ သုံးစွဲလျှင် အလွန်အကျိုးဖြစ်ထွန်းသည်။ မရိုသေပါက
လောင်မြိုက်ခံရခြင်း ဒုက္ခနှင့် ကြုံတွေ့ရပေမည်။  အင်္ဂုတ္တရနိကာယ်၊ သတ္တကနိပါတ်၊ အဂ္ဂိသုတ်တွင် မီး (၇) မျိုးကို ပြဆိုထားသည်။

။ ရာဂမီး_ လိုချင်တပ်မက်ခြင်း၊
။ ဒေါသမီး_ စိတ်ဆိုးစိတ်ပျက်ခြင်း၊
။ မောဟမီး_ အမှန်တရားကိုမသိခြင်း၊
။ အာဟုနေယျမီး_ မိဘဆရာသမားစသော ကျေးဇူးရှင်များ၊
။ ဂဟပတိမီး_ အိမ်ရှင်လင်ယောက်ျား၊
။ ဒက္ခိနေယျမီး_ ရဟန်းသံဃာစသော အလှူခံပုဂ္ဂိုလ်ြမတ်များ၊
။ ပကတိမီး (ထင်းမီး)_ အစားအသောက်များကို ကျက်အောင် ချက်ပြုတ်ဖုတ်ကင်သော မီး၊
ပြစ်မှားသော်ဘေး၊ လေးစားသော် အေးစေမည့် ဤမီးခုနစ်ထွေကို မထေမဲ့မြင် ပြစ်မှားစော်ကားခြင်း မပြုဘဲ၊ ရိုသေသမှု ရှိကြပါကုန်။ သို့ပါမှ လောင်မြိုက်ခံရခြင်း တည်းဟူသော ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးကြမည် ဖြစ်သည်။
သင့်ကြောင့်သင် မီးမလောင်ပါစေနှင့်။
စာကိုး။ ဥတ္တမ၊ ရှင် (သစ္စာရွှေစည်)။ သုခ ၁၂ ပါး တရားတော်။
 

Posted by အေးဆက်

Wednesday, June 4, 2014

ဓမ္မသာကစ္ဆာ (၂၃)


ပရဟိတစိတ်ဓါတ်
 

တစ်ရံခါသော် မြတ်စွာဘုရားသည် စာတုမာရွာ သျှစ်သျှားတော၌ သီ တင်းသုံးနေတော်မူသည်။ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂ
လ္လာန်တို့ ဦးဆောင်သည့် ဘုရားဖူးရဟန်းတော် ငါးရာအဖွဲ့ ရပ်ဝေးမှ
ရောက်ရှိလာကြသည်။ ဆူဆူညံညံအသံများ ပြုမှုကြောင့် ဘုရားရှင်က ခရီးရောက်မဆိုက်ပင် ကျောင်းတိုက်မှ နှင်ထုတ်လိုက်သည်။ ဒေသ
အကြီးအကဲများနှင့် သဟမ္ပတိဗြဟ္မာ၏ တောင်းပန်လျှောက်ထားမှု
ကြောင့် ပြန်လည်လက်ခံတော်မူအပြီးတွင် အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့၏ ထိုစဉ်ကဖြစ်ပေါ်ခဲ့သော စိတ်ဓါတ်ကို
မေးမြန်းတော်မူ၏။
ဘုရား            

သင်တို့အား ငါဘုရား နှင်ထုတ်လိုက်ချိန်မှာ ဘယ်လိုစိတ်များ
ဖြစ်ပေါ်ခဲ့ကြလေသလဲ။

သာရိပုတ္တရာ 
အခုအချိန်မှာ မြတ်စွာဘုရားဟာ ကိစ္စအလုံးစုံကို လျစ်လျူ ရှု ပြီး
ဖလသမာပတ် ချမ်းသာနဲ့ အေးချမ်းစွာ နေတော်မူတော့မယ်။ မိမိသည်လည်း တခြားသော ကိစ္စများမှာ ကြောင့်ကြ မစိုက်
တော့ဘဲ ဖလသမာပတ်ချမ်းသာနဲ့ပဲ အေးအေးဆေးဆေး

နေတော့မယ်ဆိုတဲ့စိတ် ဖြစ်မိပါတယ်ဘုရား။
ဘုရား
ခဏလောက်နေပါဦး၊ သာရိပုတ္တရာ၊ ဖလသမာပတ် ချမ်းသာနဲ့ 
တစ်ကိုယ်တော် အေးအေးဆေးဆေးနေလိုစိတ်ကို ဆိုင်းငံ့ထား လိုက်ပေဦးတော့။
မောဂ္ဂလ္လာန်
မြတ်စွာဘုရားဟာ ရဟန်းတော်တွေကို နှင်ထုတ်လိုက်ပြီ
ဖြစ်တယ်။ အခုအခါမှာ မြတ်စွာဘုရားဟာ တခြားကိစ္စတွေ
အားလုံးကို လျစ်လျူ ရှုကာ ဖလသမာပတ်နဲ့ပဲ အေးချမ်းစွာ
နေတော်မူတော့မယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ ရဟန်းတော်
တွေကို မိမိနဲ့ အရှင်သာရိပုတ္တရာတို့နှစ်ပါး အတူပူးတွဲကာ ဦးဆောင်ရမှာဖြစ်တယ်။ ရဟန်းတော်များရဲ့ကိစ္စအဝဝကို

မိမိနဲ့ အရှင်သာရိပုတ္တရာတို့ကသာ ကြောင့်ကြစိုက်ရတော့မှာ
ဖြစ်တယ်ဆိုတဲ့စိတ် ဖြစ်မိပါတယ်ဘုရား။
ဘုရား
ကောင်းလိုက်လေစွ၊ ကောင်းလေစွ၊ ရဟန်းတော်များကို ငါ
ဘုရားက ဖြစ်စေ၊ သာရိပုတ္တရာနဲ့ မောဂ္ဂလ္လာန်တို့က ဖြစ်စေ
ကြောင့်ကြစိုက်ရမှာ အမှန်ပင်ဖြစ်ပေတယ်။ ဤသို့လျှင်
မြတ်စွာဘုရားရှင်သည် တစ်ဦးတစ်ယောက်ကောင်းစိတ်ကို တားမြစ်လျက် အများအတွက် တာဝန်ယူလိုသော ပရဟိတ စိတ်ဓါတ်ကို နှစ်သက် ချီးကျူးတော်မူခဲ့ လေသည်။
စာကိုး။  ဆန္ဒာဓိက၊ အရှင် (ရွှေပါရမီတောရ)။ နှလုံးသားမိတ္တူ ။ ၂ဝဝ၄။
 

Posted by အေးဆက်

Tuesday, June 3, 2014

ထေရဝါဒ ဟောဓမ္မ (၃၃)


ဆန္ဒာဓိက၊ အရှင် (ရွှေပါရမီတောရ)။ တစ်ယောက်ထဲနေ တစ်စိတ်ထဲ ထား။ ရန်ကုန်၊ ၁၇ ဒီဇင်ဘာ ၁၉၉၆။
အဘယ်ကြောင့်တစ်ယောက်ထဲနေတစ်စိတ်ထဲထားရကြောင်း၊
သတိပဋ္ဌာန် အားထုတ်စဉ် အပေါင်း အဖေါ်နှင့်နေပါက ရရှိမည့် အကျိုးဆက်၊ တရားအားထုတ်ခိုက် စကားပြောခြင်း၏ အပြစ်၊ တစ်စိတ်ထဲ ထားခြင်းသည် တစ်ယောက်ထဲနေသည်ထက် ပို၍ အဓိကကျပုံ၊ ဝိပဿ       နာစိတ် အချိန်တိုင်း ဖြစ်နေစေရန် မရွေး ချယ်ရမည့် အချက်များ အစရှိသော တရားတို့ကို ရှင်းလင်းဟော ကြားထားသည်။

ဆန္ဒာဓိက၊ အရှင် (ရွှေပါရမီတောရ)။ မသေခင် ဘာလုပ်ကြမလဲ။ [ခုနှစ်မပါ]
လောကဓံတရား၊ သေခြင်းနှင့် စပ်လျဉ်း၍ မသိနိုင်သည့် အချက်ငါးခု၊ ချမ်းသာ ခုနစ်ပါး၊ လူကို အသက်တိုလွန်းပုံ ဥပမာများ၊ အာရဋ္ဌ ဆရာကြီး လက်ထက်က ရောဂါ ခြောက်မျိုး၊ ခန္ဓာနှင့် သေခြင်းတရား စသော တရားများကို ဖေါ်ပြဟော ကြားထားသည်။
ဇနကာဘိဝံသ၊ အရှင် (ချမ်းမြေ့ ဆရာတော်)။ အကောင်းလေးမျိုး တရား တော်။ [ခုနှစ်မပါ]
သီလ၊ သဒ္ဓါ၊ ပညာ နှင့် ကုသိုလ် ဟူသော အကောင်းလေးမျိုး တို့ကို သိနားလည်စေရန် ဇောတိက သူဌေး၊ ရဟန္တာမ ဓမ္မဒိန္နာ တို့ကို စံနမူနာပြလျက် သေချာစွာ ရှင်းလင်းဟောကြားထား သည်။
ဇနကာဘိဝံသ၊ အရှင် (ချမ်းမြေ့ ဆရာတော်)။ အားကိုးမှန်မှ ချမ်းသာ ရ။ [ခုနှစ်မပါ]
ဘာသာကြီး ငါးရပ်၊ ဗုဒ္ဓ၏ တရားများကို လိုက်နာကျင့်ကြံ
ရခြင်း အကြောင်း၊ ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်ရေးအတွက်
ဆောင်ရွက်
ရန်များ နှင့် သရဏဂုံသုံးပါးတို့ကို ဖေါ်ပြဟော ကြားထားသည်။
သဒ္ဓမ္မကိတ္တိသာရ၊ ဘဒ္ဒန္တ (အောင်ဆန်း ဆရာတော်)။ နေရေးထက်
သေရေးအရေးကြီးပုံ။ နယူးယောက်၊ ၅ ဇွန် ၂ဝဝ၄။

တရားနာနည်း၊ အရွယ်တိုင်းတွင် လုပ်ဆောင်ရမည့် အလုပ်၊
အဘယ်ကြောင့် လူ့ဘဝသည် တန်ဖိုး ရှိကြောင်း၊ အကြောင်း
နှင့်
အကျိုး၊ သောတာပန်တည်ရန် ဆရာကောင်းရှိရန် အရေး ကြီးပုံနှင့် ဒိဋ္ဌိဖြုတ်နည်း စသည့် တရားများပါရှိသည်။
သဒ္ဓမ္မကိတ္တိသာရ၊ ဘဒ္ဒန္တ (အောင်ဆန်း ဆရာတော်)။ ပဋိစ္စသမုပ္ပါဒ် နိဒါန်း။ နယူးယောက်၊ ၂၉ မေ ၂ဝဝ၄။
အားကိုးရာတရား၊ ဝိပဿနာ အားထုတ်ခြင်း၏ ရည်ရွယ်ချက်၊
အာသဝေါ တရား လေးပါး၊ သစ္စာ သိရန် အရေးပါပုံနှင့် ဝိဇ္ဇာ
ဉာဏ်ရရန် နည်းလမ်း တို့ကို ရှင်းလင်း ဟောကြားထားသည်။  
Posted by ဉာဏ်ဦး၊ အေးဆက်