Monday, August 31, 2015

ဗုဒ္ဓသာသနာ့အလံတော်


ဗုဒ္ဓသာသနာ့အလံတော်ကို ၁၈၈၅ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌
တီထွင်ဖန်တီးခဲ့ကြသည်။ သီရိလင်္ကာ ဗုဒ္ဓသာသနာကာကွယ်ရေး
ကော်မီတီတွင် ဗိုလ်မှုးကြီးအိုလ်ကော့ (Henry Steel Olcott) က
၁၈၈၄ ခုနှစ်၌ စီ ပီ ဂုဏဝဍ္ဎန (Carolis Pujitha Gunawardena)
ကို အကျိုးတော်ဆောင်အဖြစ် ခန့်အပ်သည်။

ထိုအခါ ဂုဏဝဍ္ဎနသည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေး
အတွက် အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဗုဒ္ဓ
သာသနာဝင်များ ကြည်ညိုနိုင်ရန် အလံတော်ကို ရောင်ခြည်
တော်ခြောက်ဖြာသုံးကာ ဖန်တီးရန် သူအကြံပေးတင်ပြခဲ့လေ
သည်။ ထိုတင်ပြချက်ကို ၁၈၈၅ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့၌
ဖေါ်ဆောင်ရန် အားလုံးလက်ခံခဲ့ကြ၏။

အကြံပေးသူ ကွယ်လွန်ပြီးနောက်မှ ၁၉၂၈ ခုနှစ်၊ မေ ၁ ရက်
ထုတ် သုဒနမိနစာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာသီအိုဆိုဖီ
အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့အလံတော်တီထွင်
သူမှာ စီ ပီ ဂုဏဝဍ္ဎန ဖြစ်ကြောင်း ဖေါ်ပြခဲ့ကြသည်။ ဗိုလ်မှုးကြီး
အိုလ်ကော့ကိုယ်တိုင်ကလည်း အလံတီထွင်သူမှာ သူမဟုတ်
ကြောင်း ဝန်ခံခဲ့သည်။

သို့ရာတွင် အလံမှာ အနည်းငယ်ရှည်နေသဖြင့် အချိုးကျအောင်
ဆောင်ရွက်ရန် ဗိုလ်မှုးကြီးအိုလ်ကော့က အကြံပေးခဲ့သည်ဆို၏။

ရောင်ခြည်တော်ခြောက်သွယ်ကို စံထားအသုံးပြုပုံကား အလံတိုင်
ဘက်မှစတင်ကာ သတ်မှတ်လျှင်_
(၁) နီလ = အပြာရင့်ရောင်၊
(၂) ပီတ =
အဝါရင့်ရောင်၊
(၃) လောဟိတ = အနီရောင်၊
(၄) ဩဒါတ = အဖြူရောင်၊
(၅) မဉ္ဇိဋ္ဌ = ပန်းနုရောင်၊ ထိုငါးရောင်ကို အလံတိုင်နှင့်အပြိုင် ထောင်လိုက်
စဉ်၍ ထားသည်။
(၆) ပဘဿ       ရ = ပြိုးပြိုးပြက်ပြက် တခဲနက်ထွက်နေသော အရောင် (နီကြင့်ကြင့်အရောင်) ဟူ၍ ၆ မျိုးဖြစ်၏။ ထိုအရောင်ကို အလံတော်၏ အဖျားစွန်း၌ ပြာ၊ ဝါ၊ နီ၊ ဖြူ  ၊ ပန်းနုရောင် အစဉ်လိုက် အထက်မှ အောက်သို့ ထားရှိသည်။   ။ 

စာကိုး
1. သုနန္ဒာလင်္ကာရ၊ အရှင်။ သာသနာ့အလံ တီထွင်သူအမှန်။ June 2, 2010. 
 
http://www.dhammaweb.net/notes/view.php?id=291
2. Ranatunga. D.C. The Birth of the Buddhist Flag. Sunday Times,
    29 April 2007.

Posted by ဉာဏ်ဦး

No comments:

Post a Comment