Showing posts with label ချမ်းသာ. Show all posts
Showing posts with label ချမ်းသာ. Show all posts

Tuesday, July 15, 2014

ဘဝနေဟန် တရားမှန် (၁၇)


ချမ်းသာ(၁၂)ပါး
။ မိတ်ဆွေကောင်းရှိခြင်း၊
။ ရောင့်ရဲတင်းတိမ်ခြင်း၊
။ သေရေးအတွက် ကုသိုလ်ရှိခြင်း၊
။ အလုံးစုံသော သံသရာဝဋ်ဆင်းရဲကို ပယ်ရှားနိုင်ခြင်း၊
။ မိဘ
။ ကျင့်ကြံအားထုတ်ဆဲရဟန်း
။ ပစ္စေကဗုဒ္ဓါနှင့်
။ ဘုရားစသည်များအားပြုစုလုပ်ကျွေးရခြင်း၊
။ သီလရှိခြင်း၊
၁၀။ သဒ္ဓါတရားခိုင်မြဲခြင်း၊
၁၁။ အသိဉာဏ်ပညာရှိခြင်း၊
၁၂။ မကောင်းမှုကို မပြုလုပ်ဘဲ ရှောင်ကြဉ်လိုက်ရခြင်း။
ဥတ္တမ၊ အရှင် (သစ္စာရွှေစည်)။ သုခ ၁၂ ပါးတရားတော်။
Posyed by အေးဆက်

Saturday, March 15, 2014

ဘဝနေဟန် တရားမှန် (၁၃)


ချမ်းသာနှစ်ခု ရွေးတတ်မှု
 

ရေငတ်နေသည့် အချိန်တွင် ရေချိုကို မသောက်ဘဲ ရေငန်ကို သောက်
သူသည် မည်သည့်အခါမျှ ရေငတ်ပြေနိုင်မည် မဟုတ်ချေ။ သောက်လေ ငတ်လေ ဆာလေ ဖြစ်လိမ့်မည်။
 

ထို့အတူ၊ စိတ်သည် အာရုံတစ်ခုခုကို ဆာလောင်မွတ်သိပ်နေချိန်၌ တရားဓမ္မ နာကြားခြင်းမပြုဘဲ ကာမဂုဏ်ချမ်းသာနောက်သို့သာ လိုက်နေမည်ဆိုပါက စိတ်သည် မည်သည့်နည်းနှင့်မျှ  အာရုံအဆာ မပြေနိုင်ပေ။ ခံစားပြီးရင်း အာရုံထပ်ရှာရင်းသာ ဖြစ်နေပေလိမ့်မည်။

ကာမဂုဏ်ချမ်းသာမှာ ရေငန်ဖြစ်သည်။တရားဓမ္ဓချမ်းသာကား ရေချို
ဖြစ်၏။ ရေငန်သောက်၍ ဘယ်သောအခါမျှ  ရေငတ်မပြေနိုင်။ ရေချို 
သောက်ပါမှ ရေငတ်ပြေပေမည်။

ကာမဂုဏ်ချမ်းသာရေငန်သည် တဏှာအဆာဓါတ်ကို တိုးပွား ထက်သန်
စေ၏။ တရားဓမ္ဓချမ်းသာရေချို မှာ တဏှာအဆာဓါတ်ကို ငြိမ်းအေး
ပျောက်ပြယ်စေသည်။

သို့ပါ၍၊ ချမ်းသာနှစ်ခုအနက် ရွေးသင့်သည်ကို ရွေးတတ်ကြရမည်ဖြစ်
တော့သည်။

စာကိုး။   ။ဆန္ဒာဓိက၊ အရှင် (ရွှေပါရမီတောရ)။ ကြာလိုလူ။ ၂ဝဝ၆။

Posted by အေးဆက်