Saturday, October 17, 2015

ဓမ္မသုတ (၅၆)

အနာကင်းသောလက်
အချဉ် အငန် အစပ်တို့နှင့် အထိမခံနိုင်ခြင်းမှာ လက်တွင်အနာရှိ၍ ဖြစ်သည်။
ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည် ဆင်းရဲဒုက္ခများဖြင့် အလောင်ခံနေ ရသူများ ဖြစ်ကြသည်။
အကုသိုလ်တည်းဟူသော အနာဆိုး ရှိနေကြသောကြောင့်ပင်။
အကုသိုလ်ကံဆိုး မရှိကြသူတို့မှာ အနှီဒုက္ခများကို မခံကြရ။
အရိယာတို့မှာ အနာမရှိစေရန် တရားနှင့် ကုစားနေကြသဖြင့် အနာမရှိကြချေ။
အနာမရှိသော လက်နှင့်တူအောင် နေတတ်ကြစေ။
စာကိုးလက္ခဏ၊ ဦး (ကျစွာဆရာတော်)။ အနာမရှိသောလက် တရားတော်။
 

Posted by အေးဆက်

No comments:

Post a Comment