Saturday, December 1, 2012

ထေရဝါဒ ဓမ္မ အသံစု (၈၁)


ကာမခြောက်မျိုး တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊ ဒီဇင်ဘာ ၈၊ ၁၉၅၉။
မဂ်ဉာဏ်နှင့် ဖိုလ်ဉာဏ် ရရှိခြင်းမှ တားဆီးတတ်သော မာန၊ ဥဒ္ဓစ္စ နှင့် ကုက္ကုစ္စ၊ ကာမနှင့် စပ်လျဉ်းပြီး သေချာစွာ သိနား လည်ရမည့် အချက်ခြောက်ခု ဖြစ်သည့်_၁။ ကာမဟူသည်၊
၂။ ကာမဖြစ်ကြောင်း၊
၃။ ကာမအထူး၊ ၄။ ကာမအကျိုး၊ ၅။ ကာမ၏ အဆုံးနှင့် ၆။ ကာမအဆုံး သတ်ရန် ကျင့်စဉ်စသည် တို့ကို ရှင်းလင်းဟောကြားထား၏။   တရားနာပါ။
ကံပေါ်ဉာဏ်ဆင့် ပြုလုပ်သင့် တရားတော် / အရှင် သုနန္ဒ္ဒ (ဓမ္မရံသီ ဆရာတော်)   မိုးကုတ်၊ စက်တင်ဘာ ၁၉၊ ၂ဝဝ၄။
ကမ္မပစ္စည်းနှင့် ဝိပါကပစ္စည်းတို့ကို ပြည့်စုံစွာ ရှင်းလင်းဟော ကြား ထားသည်။  တရားနာပါ။
ဇောတိကညီနောင်ဒါန တရား / ဦး အဂ္ဂဉာဏ (ကန်ဘဲ့ဘုရားလေး
ကျောင်း
) ရန်ကုန်၊ ဩဂုတ် ၁၅၊ ၂ဝဝ၅။
ဇောတိကညီနောင်တို့၏ ဇာတ်ကြောင်းကို အကိုးအကားပြု လျက် ဘုရားသာသနာတွင်း၌ အလှူဒါန ပြုခြင်း၏ အကျိုး
ကျေးဇူးများ၊ မှန်ကန်သော ဒါနပြုနည်းနှင့် ဒါနအမျိုးအစား
များကို ရှင်းလင်းဖေါ်ပြ
ထား၏။  တရားနာပါ။
ဓမ္မာဒါသ တရားကြေးမုံပြင် တရားတော် / ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်း ဆရာတော်) အင်းစိန်၊ အောက်တိုဘာ ၃၊ ၂ဝဝ၂။
တရားစစ်တရားမှန်၊ ဗုဒ္ဓမြတ်စွာအား ပူဇော်နည်းများ၊ တရားရရှိရေးအတွက် သပ္ပါယမျှတရန် လိုအပ်သည့် အချက်လေးချက် (အစားအစာ၊ ပုဂ္ဂိုလ်၊ ဥတုနှင့် အာဟာရ) တို့ အကြောင်းကို ရှင်းပြထားသည်။   တရားနာပါ။
နှစ်ရပ်မူလ(လင်းနို့သားငါးရာ) / ဦး အဂ္ဂဉာဏ (ကန်ဘဲ့ဘုရားလေး
ကျောင်း
) ရန်ကုန်၊ ဩဂုတ် ၁၆၊ ၂ဝဝ၅။
တရားနာခြင်း၏ ရလဒ်အဖြစ် နောက်ဆုံးဘဝတွင် အားလုံး ရဟန္တာဖြစ်သွားကြသော လင်းနို့သားငါးရာ အကြောင်းကို  နမူနာထားကာ တရားနာခြင်း အကျိုးဖေါ်ပြချက်၊ ပဋိစ္စ သမုပ္ပါဒ်ဖြစ်စဉ်၏ မူလနှစ်ဖြာဖြစ်သည့် အ၀ိဇ္ဇာနှင့် တဏှာတို့ အကြောင်းနှင့် ဝေဒနာနုပဿနာကျင့်စဉ်တို့ ပါဝင်သည်။ တရားနာပါ။
ရေကူးသမား ခုနစ်ယောက် / အရှင် ဣန္ဒက (တွံတေးဆရာတော်) ရန်ကုန်၊ ၁၃၅၇။
သံသရာရေလျဉ်ကြောတွင် ကူးခတ်လျက်ရှိကြသော ပုဂ္ဂိုလ် အမျိုးအစားခုနစ်ဦးတို့ကို ပေါ်လွင်အောင်ရှင်းပြကာ ကျောင်း
လှူခြင်းအကျိုးများကိုလည်း မိန့် ကြားထားသည်။
  တရားနာပါ။
လေးထွေညီမျှ နိဗ္ဗာန်ရ တရားတော် / အရှင် သုနန္ဒ္ဒ (ဓမ္မရံသီ ဆရာတော် မိုးကုတ်၊ စက်တင်ဘာ ၂၁၊ ၂ဝဝ၄။
အာဟာရအရေးပါပုံ၊ ရုပ်ဖြစ်ကြောင်း၊ မစားသုံးသင့်သော အသားဆယ်မျိုး၊ အာဟာရသည် ကုသိုလ်၊ အကုသိုလ်
ဖြစ်ကြောင်း၊ နိဗ္ဗာန်မျက်မှောက်ပြုကြောင်းနှင့် ခန္ဓာအတွက် အထောက်အပံ့ဖြစ်ကြောင်း
တို့ဖြစ်နိုင်ပုံနှင့် သပ္ပါယလေးမျိုး စသည့် တရားများပါရှိသည်။  တရားနာပါ။
ဝေဒနာခြောက်မျိုး တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊ ဒီဇင်ဘာ ၉၊ ၁၉၅၉။
မိမိ၏ သန္တာန်တွင် ဘုရားပွင့်မပွင့် ဆုံးဖြတ်ခြင်း (ဆိုလိုသည်မှာ ခန္ဓာ၏ဖြစ်ခြင်းနှင့် ပျက်ခြင်းတို့ကို သိမြင်ခြင်း၊ ဝေဒနာနှင့် ပတ် သက်၍ သေချာစွာ သိရှိသင့်သော အချက်ခြောက်ခုဖြစ်သည့်_ ၁။ ဝေဒနာဆိုသည်မှာ၊ ၂။ ဝေဒနာဖြစ်ကြောင်း၊ ၃။ ဝေဒနာ အထူး၊ ၄။ ဝေဒနာ၏ ရလဒ်၊ ၅။ ဝေဒနာ၏ အဆုံးနှင့် ၆။ ဝေဒ နာဆုံးစေသည့် ကျင့်စဉ်များကို ဖေါ်ပြဟောကြား ထားသည်။  တရားနာပါ။
သုခသာမဏေ တရားတော် / အရှင် ဣန္ဒက (တွံတေးဆရာတော်) ရန်ကုန်၊ ၁၃၅၈။
သုခသာမဏေ၏ ဇာတ်ကြောင်းကို ညွှန်းဆိုကာ နောက်ဘဝ တွင် အပါယ်ကျခြင်းမှ ကာကွယ်သော ကုသိုလ်ကောင်းမှုကို
ဖေါ်ပြထားသည်။ ထို့ပြင် မိမိ၏ ဥစ္စာပစ္စည်းတို့မှ ဒါနအဆီ
အနှစ်၊ အသုံး
မကျ သော ခန္ဓာမှ သီလ၊ သမထနှင့် ဝိပဿနာ အဆီအနှစ်တို့ကို ထုတ် ယူရန်ကိုလည်း အကြံပြုဟောကြား ထားသည်။  တရားနာပါ။
အာယတနရှင်းခဏ်း တရားတော် / ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်းဆရာတော်) အင်းစိန်၊ စက်တင်ဘာ ၃ဝ၊ ၂ဝဝ၂။
ဥပပတ္တိဘဝကို ရှင်းပြထားပြီး၊ ပဋိသန္ဓေ၊ စိတ်၊ ခန္ဓာနှင့် အာယတနအမျိုးအစားများ၊ စူဠသောတာပန်နှင့် မဟာ
သောတာပန် အဖြစ်သို့ ရောက်ရှိခြင်း စသည် တို့ကို
ဖေါ်ပြဟောကြားထားသည်။
  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Sunday, November 25, 2012

ဓမ္မသုတ (၁၅)


ကြွက်လေးမျိုးတူစွာအားထုတ်ရာဝယ်
  • စာပေကျမ်းဂန်များကို သင်ကြားရုံသာ သင်ကြားထားပြီး တရားအားမထုတ်လျှင် အန္တရာယ် မကင်းဘေးမရှင်း တွင်းသာတူးတတ်၍ မအောင်းတတ်သော ကြွက်နှင့်
    တူလေသည်။
     
  • စာပေကျမ်းဂန် မတတ်သော်ငြားလည်း ဉာဏ်ဖြင့် မှတ်သား ကူးယူပြီး အားထုတ်သဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရှိသူသည် တွင်းမတူးတတ်သော်လည်း တူးပြီးသားတွင်းကိုအောင်း
    တတ်သော ကြွက်နှင့် တူလေသည်။
     
  • စာပေကျမ်းဂန်လည်း မတတ်၊ ကျင့်ကြံအားထုတ်မှုလည်း
    မရှိသဖြင့် ဘာမျှမရသော သူသည် တွင်းလည်းမတူး တတ်၊ အောင်းလည်း မအောင်းတတ်သော ကြွက်နှင့် တူလေသည်။ 
  • စာပေကျမ်းဂန်လည်း တတ်၊ ကျင့်ကြံအားထုတ်မှုလည်း
    ရှိသဖြင့် အန္တရာယ်ကင်း၍ ဘေးရှင်းခြင်းရှိသော ထို အကောင်းဆုံးသူသည် တွင်းလည်းတူးတတ်၊ အောင်း
    လည်းအောင်း
    တတ်သော ကြွက်နှင့်တူသည်။
< ဦးဝိမလ (မိုးကုတ်ဆရာတော်)'ကြွက်လေးမျိုးဥပမာ တရားတော်' >

လိပ်ပမာတရားအားထုတ်ရာ
လိပ်သည် မည်သည့်အပေါက်မှ လာသည်ဖြစ်စေ လိပ်ခုံးအောက်သို့သာ ဆွဲသွင်းတတ်သည်။
တရားအားထုတ်သော ပုဂ္ဂိုလ်သည်လည်း လာသမျှ
အာရုံကို ဉာဏ်အောက်သို့သာ သွင်းယူရမည်။
< ဦးဝိမလ (မိုးကုတ်ဆရာတော်)၏ 'တရားအားထုတ်သော ပုဂ္ဂိုလ်တို့သည် လိပ်ကဲ့သို့ကျင့်ရမည် တရားတော်' >

Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, November 17, 2012

ထေရဝါဒ ဓမ္မ အသံစု (၈ဝ)


ကံခြောက်မျိုး တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊ ဒီဇင်ဘာ ၆၊ ၁၉၅၉။
ကံကိုသိခြင်း၊ ကံဖြစ်ကြောင်း၊ ကံအထူး၊ ကံအကျိုး၊ ကံအဆုံး၊ ကံဆုံးစေသော အကျင့်နှင့် ဝဋ်လည်ပတ်ပုံတို့ကို ဖေါ်ပြဟော ကြားထားသည်။  တရားနာပါ။
ခေမာမိဖုရား၏ မဂ်ဖိုလ်ရပုံ တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) [ခုနှစ်မပါ]
လူ့ဘဝကို ရရှိပြီး မိဘကောင်းနှင့် ဆရာသမားကောင်းများနှင့်
တွေ့ဆုံရခိုက်တွင် တရားအသိရရှိအောင် ကြိုးစားကြရန်နှင့် ဘာသာသာသနာဆိုင်ရာ လုပ်ငန်းများကို ပြုလုပ်ကြရန်
"ခေမာမိဖုရား"အား ဥပမာထားကာ အကြံပေးဟောကြား
ထားသည်။
  တရားနာပါ။
ခြောက်ဌာနတရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ အောက်တိုဘာ ၁၉၊ ၂ဝဝ၆။
ခန္ဓာဉာဏ်ရောက်တရားနာခြင်း၊ ဒိဋ္ဌိပယ်သတ်နည်းများ၊ ရှာမှီးခြင်း သုံးမျိုး (ကာမ၊ ဘဝနှင့် ဓမ္မ)၊ ဖယ်ရှားရမည့် ပပဉ္စတရား (တဏှာ၊ မာနနှင့် ဒိဋ္ဌိ) စသည့် တရားများ ပါရှိသည်။  တရားနာပါ။
တရားကိုမှ မြတ်နိုးသူ / အရှင် ဣန္ဒာစာရာဘိဝံသ၊ ရန်ကုန်၊ ၁၃၆၄။
တရားရရှိနိုင်သော ပုဂ္ဂိုလ်အမျိုးအစားများနှင့် တရားကို ပူဇော်ခြင်း အကျိုးကျေးဇူးများကို ဖေါ်ပြဟော ကြားထား
သည်။
  တရားနာပါ။
ဒုက္ခခြောက်မျိုး တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊ ဒီဇင်ဘာ ၇၊ ၁၉၅၉။
ဒုက္ခကိုသိခြင်း၊ ဒုက္ခဖြစ်ကြောင်း၊ ဒုက္ခအထူး၊ ဒုက္ခအကျိုး၊ ဒုက္ခ၏ အဆုံး (နိဗ္ဗာန်) နှင့် ဒုက္ခဆုံးစေသော အကျင့်စသည် တို့ကို ဟောကြားထားသည်။  တရားနာပါ။
ပုဏ္ဏားခြောက်ယောက် တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) [ခုနှစ်မပါ]
နတ်နှင့် ဗြဟ္မာတို့ ဖြစ်ပုံဖြစ်နည်း၊ အသုံးမကျသော ခန္ဓာမှ နိဗ္ဗာန်ကို မျက်မှောက်ပြုကြောင်းဖြစ်သည့် အနှစ်သာရကို ထုတ်ယူကြရန် အကြံပြုချက်တို့ကို ရှင်းလင်းဖေါ်ပြထား
သည်။
  တရားနာပါ။
မီးသတိပြု / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) [ခုနှစ်မပါ]
မြတ်ဗုဒ္ဓ၏ နောက်ဆုံးစကားတော် နှစ်ခွန်းဖြစ်သော "အပ္ပမာဒေန သမ္ပါဒေထ" နှင့်စပ်လျဉ်း၍ ထင်လင်းအောင် ရှင်းပြဟောကြားထားသည်။  တရားနာပါ။
မေတ္တာစွမ်းအား နေ့စဉ်ပွား / အရှင် ဣန္ဒာစာရာဘိဝံသ၊ ရန်ကုန်၊ ၁၃၅၈။
မေတ္တာနှင့် ပတ်သက်ကာ ပေါ်လွင်အောင် ဖေါ်ပြရာတွင် အဓိပ္ပါယ်၊ မေတ္တာဘာဝနာနှင့် အကျိုးတို့ပါရှိပြီး မေတ္တာသုတ်၊ ကုလသုတ်၊ သြဃသုတ်နှင့် ဝေလာမသုတ် စသည်ဖြင့်
သုတ္တန် အမျိုးမျိုးကို ကိုးကားဟောကြားထားသည်။
  တရားနာပါ။
မေတ္တာတရား လူ့စွမ်းအား () / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယော ဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၊ ၁၉၉၆။
မြတ်သောသူတို့၏ အပြုအမူ လေးရပ်ဖြစ်သော သည်းခံခြင်း (ခန္တီ)၊ ကရုဏာ၊ မုဒိတာနှင့် မေတ္တာ တရားများကို ရှင်းလင်း
ဟောကြားထားသည်။
  တရားနာပါ။
ဝိပဿနာတစ်ချက်ရှုတိုင်း ကိလေသာ ပါးပါးသွားရင်း အပါယ်တံခါး ပိတ်ပုံ / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၂၆၊ ၂ဝဝ၆။
ဝိပဿနာကျင့်စဉ်သည် ကိလေသာကို တဖြည်းဖြည်း ပါးသွားစေကာ အပါယ်ကျခြင်းမှ တားဆီးနိုင်ပုံကို ရှင်းလင်းဖေါ်ပြထားသည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, November 10, 2012

ဓမ္မသုတ (၁၄)

နေနှင့်တူစွာ ကျင့်ကြံပါ။
  • နေ၏ အပူရှိန်သည် ရေကို ခန်းခြောက်စေသည်။ တရား
    အားထုတ် သူသည် အရှုအမှတ်စိတ်ဖြင့် ကိလေသာများ နည်းပါးခြောက်ခန်းသွားအောင် အားထုတ်ရမည်။
  • နေရောင်ခြည်၏ အစွမ်းသတ္တိကြောင့် နေထွက်လာလျှင် အမှောင်ပျောက်သွားသည်။ နေရောင်ခြည်သည် အမှောင်
    ထုကို ဖြိုခွင်းသည်။ တရားဓမ္မအလင်းရောင်ဖြင့် ကိလေသာ အမိုက်မှောင်ကို ပယ်ရှင်းရမည်။
  • နေသည် တစ်နေရာတည်းတွင် ရပ်တံ့ကာနေသည်ဟူ၍ မရှိ။ တရွေ့ရွေ့အဆက်မပြတ်နေ့စဉ်လစဉ် မရပ်မနား တသွား
    တည်း သွားနေသော သဘာဝရှိ၏။ တရားကျင့်ကြံအားထုတ် သူသည်လည်း အဆက်မပြတ်နှလုံးသွင်းမှု၊ အားထုတ်မှု ရှိနေရမည်။
  • နေ၏ အပူစွမ်းအင်သည် လူတို့အား နွေးထွေးသော အကျိုး ကိုပေးသည်။ တရားအားထုတ်သူများတွင် ဣနြေ္ဒငါးပါး စွမ်းအားရှိငြားက တရားထိရောက်တိုးတက်သော အကျိုးရှိ၏။
  • နေ၏ အလင်းရောင်သည် အကောင်းအဆိုးကို ဝေဖန်ပြသည်။ တရားအားထုတ်သူသည်လည်း တရားနည်းလမ်းမှန်ကို သိနေရမည်။ ဉာဏ်ဖြင့် အကောင်းအဆိုးကို ဝေဖန်နိုင်ရမည်။
  • နေသည်ရာဟုအသူရိန်ဖမ်းသည့်အခါ ပျောက်ကွယ်ရသည်။
    နေသည်ရာဟုအသူရိန်ကို ကြောက်သကဲ့သို့ တရားအားထုတ်
    သူသည် အပါယ်သို့ လားစေမည့် ယွင်းမှားသော အယူဝါဒ
    များ ကို ကြောက်လန့် နေရမည်။
  • နေ၏ ဘေးတွင် ရောင်ခြည်စက်ဝန်း ရှိသည်။ တရားအားထုတ် သူတွင်လည်း ရှုမှတ်စရာ တရားအာရုံတည်းဟူသော
    ရောင်ခြည်စက်ဝန်း ရှိနေရမည်။ 
  • နေကို အတုယူကျင့်ကြံအားထုတ်သူသည် နိဗ္ဗာန်ကို
    မျက်မှောက်ပြုနိုင်သည်။
< ဒေါက်တာအရှင် ပညိဿရ၏ 'နေနှင့်တူစွာ ကျင့်ကြံပါ တရားတော်' >

Posted by ဉာဏ်ဦး၊ အေးဆက်

Sunday, November 4, 2012

ထေရဝါဒ ဓမ္မ အသံစု (၇၉)


ကာမသမုဒယမှ ဘ၀သမုဒယသို့/ ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင်ဆရာတော်) ဇွန် ၂၁၊ ၁၉၉၇။

လူ၊ နတ်နှင့် ဗြဟ္မာတို့တွင် ကိလေသာ၊ ကမ္မနှင့် ဝိပါကဝဋ် သုံးဝတို့ လည်ပတ်နေပုံကို "ပဋာစာရီ" ဇာတ်ကြောင်းအား အကိုးအကားပြုလျက် ဟောကြားထားသည်။ ထို့ပြင်၊ လောကီ သမုဒယသစ္စာမှ လောကုတ္တရာ မဂ္ဂသစ္စာသို့  ပြောင်းလဲကြရန်
ကိုလည်း တိုက်တွန်းထားသည်။
  တရားနာပါ။
ကိုယ့်ကိုချစ်လျှင် ကိုယ်ပြုပြင် / ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊ မတ် ၂၊ ၂ဝဝ၂။
"ဇောတိကကုမာရ" ဇာတ်ကြောင်းကို ကိုးကားလျက် မိမိ
ကိုယ် မိမိ စောင့်ရှောက်ရာတွင် သတိတရား အရေးပါသည့် အကြောင်းကို ဖေါ်ပြဟောကြားထားသည်။  
တရားနာပါ။
တဏှာအပ်ချုပ်သမား ဥပမာပြ () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊ နိုဝင်ဘာ ၃ဝ၊ ၁၉၅၉။
ဒုက္ခဆက်မပြတ် ဖြစ်စေသော တရားခံ တဏှာ၊ တဏှာ
ပယ် သတ်ရန် အရေးကြီးပုံနှင့် ပယ်သတ်ခြင်း၊
တဏှာတွယ် ကပ်ရာနေရာများစသည်တို့ကို ဖေါ်ပြဟောကြားထားသည်။   တရားနာပါ။
တဏှာအပ်ချုပ်သမား ဥပမာပြ () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊ ဒီဇင်ဘာ ၁၊ ၁၉၅၉။
အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဘ၀များကို ဆက်စေပြီးနိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းမှ တားမြစ်သော ဏှာ အကြောင်းကို ရှင်းလင်းအောင် ဟောကြားထားကာ တဏှာပယ်သတ်နည်း ကိုလည်း ဖေါ်ပြထား၏။   တရားနာပါ။
ဒုက္ခကို ဒုက္ခမှန်း သိဖို့လိုတယ် / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင်ဆရာတော်) ဇွန် ၂ဝ၊ ၁၉၉၇။
နိဗ္ဗာန်၏ ဆိုလိုရင်း၊ ကံ၊ ကမ္မနိမိတ်နှင့် ဂတိနိမိတ်တို့နှင့်
အတူ ဒုက္ခကို သိရှိအောင် ပြုလုပ်ကြရန်
လမ်းညွှန်ချက်
များ ပါရှိသည်။  
တရားနာပါ။

ဒုက္ခနှင့်စပ် သိရန်(၆)ရပ် / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၉။
ဒုက္ခသိရန်အရေးပါမှု၊ ဒုက္ခသိပုံ အမျိုးမျိုး၊ ဒုက္ခနှင့် စပ်လျဉ်း
ပြီး သိရှိသင့်သော အချက်ခြောက်ခု
_ () ဒုက္ခ ကိုသိခြင်း၊ () ဒုက္ခဖြစ်ကြောင်း (သမုဒယသစ္စာ)() ဒုက္ခအထွေထွေ၊ () ဒုက္ခ၏အကျိုး၊ () ဒုက္ခအ ဆုံး နှင့် () ဒုက္ခဆုံးကြောင်း ကျင့်စဉ် (နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း) စသော တရားများ ကို ဟောကြား ထားသည်။   တရားနာပါ။
မသိဘေးနှင့် အမှားဘေး / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၉။
ပုထုဇဉ်တို့ တွင်ရှိသော မသိမှုအ၀ိဇ္ဇာနှင့် အယူမှားဒိဋ္ဌိ
ဘေးနှစ်မျိုးတို့ နှင့် ယင်းတို့ကို ဝိပဿနာ
ကျင့်စဉ်ဖြင့် ဖယ်ရှားပုံတို့ကို ရှင်းပြထားပြီး သောတာပန်တည်ကြောင်း အင်္ဂါလေးပါးနှင့် ဗုဒ္ဓ၏ စကားတော် သုံးခွန်းတို့ကိုလည်း
ဟောကြားထားသည်။  
တရားနာပါ။
လေးဖြာသြဃ ကျော်လွှားကြ / ဘဒ္ဒန္ဘဇနိတာလင်္ကာရ ရန်ကုန်၊ ဩဂုတ် ၉၊ ၂ဝဝ၇။
သြဃလေးပါး အကြောင်းကို ထင်လင်းအောင် ဖေါ်ပြ
ထားပြီး ယင်းတို့ကို ကျော်လွှားပုံကိုလည်း
ဟောကြား ထားသည်။   တရားနာပါ။

အာသဝပယ်မှ ချမ်းသာရ / ဘဒ္ဒန္ဘဇနိတာလင်္ကာရ ရန်ကုန်၊ ဩဂုတ် ၁ဝ၊ ၂ဝဝ၇။
အာသဝတရား လေးပါးကို ပေါ်လွင်အောင် ရှင်းပြထားပြီး ယင်းတို့ကို ပယ်သတ်ရန် နည်းလမ်းများကိုလည်း ညွှန်ပြ ထားသည်။  တရားနာပါ။

ဣနြေ္ဒမရှိ တရားမသိ / ဒေါက်တာအရှင် ဆေကိန္ဒ(ဓမ္မဒူတ) မှော်ဘီ၊
နိုဝင်ဘာ ၇၊ ၂ဝဝ၁။

ဣနြေ္ဒတရားနှင့် စပ်လျဉ်း၍ ထင်ရှားပေါ်လွင်အောင် ရှင်းလင်းဟောကြားထားသည်။   တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, October 27, 2012

ဓမ္မသာကစ္ဆာ (၅)

 
နှလုံးသွင်းမှု
ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ သီတင်းသုံးနေတော်
မူစဉ် အရှင်မဟာကောဋ္ဌိကသည် ညချမ်းအခါ အရှင်သာရိပုတ္တရာ
ထံ ချဉ်းကပ်
၍__ 
ကော။ ငါ့ရှင်၊ သီလရှိသော ရဟန်းသည် သောတာပန်ဖြစ်လိုက    အဘယ်တရားတို့ကို နှလုံးသွင်း ရပါမည်နည်း။
သာ။ ငါ့ရှင်၊ သီလရှိသော ရဟန်းသည် ဥပါဒါနက္ခန္ဓာ ငါးပါးကို မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့စသည်ဖြင့် နှလုံးသွင်းရပါမည်။ ထိုငါးပါးကား_
() ရူပုပါဒါနက္ခန္ဓာ၊ () ဝေဒနုပါဒါနက္ခန္ဓာ၊ () သညုပါဒါနက္ခန္ဓာ၊
() သင်္ခါရုပါဒါနက္ခန္ဓာ၊ () ဝိညာဏုပါဒါနက္ခန္ဓာ တို့တည်း။ ငါ့ရှင်၊ သီလရှိသော ရဟန်းသည် ထိုငါးပါးကို မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့ စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ထိုသို့ နှလုံးသွင်းအပ်သည်
ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်ရာ၏။
ကော။ ငါ့ရှင်၊ သောတာပန်သည် သကဒါဂါမ်ဖြစ်ရန် အဘယ်တရား တို့ကို နှလုံးသွင်းအပ်ကုန် သနည်း။
သာ။ ငါ့ရှင်၊ သောတာပန်ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးပါး ကိုပင် မမြဲ၊ ဆင်းရဲ၊ အနှစ် သာရမဲ့ စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ထိုသို့ နှလုံးသွင်းအပ်သည်ရှိသော် သကဒါဂါမိဖိုလ်ကို မျက်မှောက်
ပြုနိုင်ရာ၏။
ကော။ ငါ့ရှင်၊ သကဒါဂါမ် ရဟန်းသည် အနာဂါမ်ဖြစ်ဖို့ အဘယ်တရား တို့ကို နှလုံးသွင်းအပ်ကုန် သနည်း။
သာ။ ငါ့ရှင်၊ သကဒါဂါမ် ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးပါးကို
ပင် မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့
စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ထိုသို့ နှလုံးသွင်းအပ်သည်ရှိသော် အနာဂါမိဖိုလ်ကို မျက်မှောက် ပြုနိုင်ရာ၏။
ကော။ ငါ့ရှင်၊ အနာဂါမ် ရဟန်းသည် ရဟန္တာဖြစ်ဖို့ အဘယ်တရား တို့ကို နှလုံးသွင်းအပ်ကုန်သနည်း။
သာ။ ငါ့ရှင်၊ အနာဂါမ် ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးပါးကို
ပင် မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့
စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ထိုသို့ နှလုံးသွင်းအပ်သည်ရှိသော် အရဟတ္တဖိုလ်ကို မျက်မှောက် 
ပြုနိုင်ရာ၏။
ကော။ ငါ့ရှင်၊ ရဟန္တာသည် အဘယ်တရားတို့ကို ဆက်၍ နှလုံးသွင်း
အပ်ပါသနည်း။
သာ။ ငါ့ရှင်၊ ရဟန္တာသည်လည်း ဤဥပါဒါနက္ခန္ဓာငါးပါးကိုပင် မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ငါ့ရှင်၊ ရဟန္တာအား တစ်စုံတစ်ခုသော ရဟန်းကိစ္စကို ဆက်၍ ပြုဖွယ်မရှိ၊
ပြုအပ်ပြီးသော  တရားကိုလည်း ထပ်မံပွားများဖွယ်မရှိတော့ပြီ။ စင်စစ်ကား ထိုသို့
ကြိမ်ဖန်များစွာ ပွားများအပ်သည်ရှိသော် မျက်မှောက်ဘဝ၌ ငြိမ်းအေးစွာနေရခြင်းနှင့် သတိသမ္ပဇဉ်အလို့ ငှာ ဖြစ်ကုန်၏။
ကျမ်းကိုး။ ခန္ဓဝဂ္ဂသံယုတ်၊ ဓမ္မကထိကဝဂ်၊ သီလဝန္တသုတ်။

Posted by ဉာဏ်ဦး

Saturday, October 20, 2012

ထေရဝါဒ ဓမ္မ အသံစု (၇၈)

ကိုယ့်အမှားသိမြင် ကိုယ်ပြုပြင် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ မတ် ၃၁၊ ၂ဝဝ၆။
လူတို့ အဘယ်ကြောင့် အမှားပြုလုပ်ကြကြောင်း၊ မိမိကိုယ်မိမိ အမှန် ပြင်ပုံတို့ကို ရှင်းလင်းဟောကြား ထားသည်။  တရားနာပါ။
ငါတစ်ယောက်တည်းမဟုတ် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၊ ၂ဝဝ၇။

လောကဓံတရားများဖြစ်သော အရှုံးနှင့် အနိုင်၊ ကျော်ကြားခြင်း
နှင့်
သိမ်ငယ်ခြင်း၊ ချီးမွမ်းခံရခြင်းနှင့် ကဲ့ရဲ့ခံရခြင်း၊ သုခနှင့် ဒုက္ခတို့ကို ဆီလျော်သော ဥပမာများပေးကာ ရှင်းလင်းဟော ကြားထားသည်။  တရားနာပါ။
ထာဝရတွေးထားရမယ့် ဘဝအရေးများ / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာ ဘိဝံသ (ပါ-ချုပ်၊ ITBMU)  ရန်ကုန်၊ ၁၃၆၉။
အတွေးမှန်နှင့် အမြင်မှန်တို့  အပြန်အလှန် အကျိုးသက်ရောက် မှု၊ အတွေးမှန်မှုအပေါ် ဗုဒ္ဓ၏ လမ်းညွှန်ချက်တို့ကို ဖေါ်ပြထား သည်။  တရားနာပါ။
ပဒါနိယင်္ဂသုတ္တန် (ယုံကြည်ခြင်း) / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ၁၃၅၉။
ပဒါနိယင်္ဂသုတ္တန်ကို ကိုးကားလျက်၊ တရားရကြောင်းအင်္ဂါများ၊ သဒ္ဓါအကြောင်း ရှင်းလင်းဖေါ်ပြချက်၊ ထိုင်၍ ရှုမှတ်ခြင်း၊ စင်္ကြံ 
လျှောက်ခြင်းနှင့် အထွေ
ထွေ အသေးစိပ် ရှုမှတ်ခြင်းစသည့် တရားအားထုတ်နည်း သုံးမျိုးတို့ကို ရှင်းလင်းဟောကြားထား သည်။  တရားနာပါ။
ပုဂ္ဂိုလ်ခင်မှ တရားမင် / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ အောက်တိုဘာ ၉၊ ၂ဝဝ၈။
ပူဇော်ခြင်းနှစ်မျိုး၊ သံဃိကဒါနပြုခြင်း၊ တရားဟောသူနှင့် နာသူ တို့၏ ဆက်နွှယ်မှု အရေးပါပုံနှင့် မဂ္ဂသစ္စာ၏ အလုပ်သုံးခုတို့ကို
ဖေါ်ပြဟောကြားထားသည်။
  တရားနာပါ။
ရှင်နန္ဒက ဘိက္ခုနီမငါးရာအား မီးအလင်းဖြင့် ဥပမာပြပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော်)  မိုးကုတ်၊ ဒီဇင်ဘာ ၂၊ ၁၉၅၉။
မိဘနှင့် သားသမီး တစ်ဦးနှင့် တစ်ဦး အမှန်စင်စစ် ပူပန်ရမည့် တရားသုံးမျိုး(အို နာ သေ) နှင့် ကယ်တင်နည်း (တစ်ယောက်
နှင့် တစ်ယောက် ၀ိပဿနာမဂ္ဂင်အကျင့် ကျင့်ကြံအားထုတ်ရန် တိုက်တွန်းခြင်း
) ဘိက္ခုနီမငါးရာတို့အား မီးအလင်းကို ဥပမာ
ပြပြီးဟောကြားထားသည့် အရှင်နန္ဒက၏ တရား အဆုံး
အမ စသည်တို့ပါရှိသည်။  တရားနာပါ။
ရှင်နန္ဒက ဘိက္ခုနီမငါးရာအား သစ်ပင်ဖြင့် ဥပမာပြပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော် မိုးကုတ်၊ ဒီဇင်ဘာ ၃၊ ၁၉၅၉။
စိတ်၏ အလိုဆန္ဒထက် ပညာ၏ အလိုဆန္ဒကို ဖြည့်ဆည်းကြ ရန် လမ်းညွှန်ချက်၊ ဗဟုသုတ ဓမ္မပဒ ပုဂ္ဂိုလ်နှင့် သုတဝါ
နိဗ္ဗိန္ဓိက ပုဂ္ဂိုလ်တို့ကို ရှင်းပြခြင်း၊
ဘိက္ခုနီမ ငါးရာတို့အား သစ်ပင်ကို ဥပမာထား
ကာ ဟောကြားဆုံးမတော်မူသည့် အရှင်နန္ဒက၏ တရားစကားများကို ဖေါ်ပြထားသည်။  တရားနာပါ။
သစ္စာတရားနှင့် သစ္စာစကား / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ အောက်တိုဘာ ၉၊ ၂ဝဝ၈။
သာသနာတွင်း ကုသိုလ်များ၊ မိမိကိုယ်မိမိ စောင့်ရှောက်ခြင်း
နှင့် သစ္စာလေးပါး တရားတော်များ
ပါရှိသည်။  တရားနာပါ။
အနုဂ္ဂတိတသုတ္တန် / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ၁၃၅၈။
ဝိပဿနာသမ္မာဒိဋ္ဌိကို အဆင့်မြှင့်ခြင်း၊ သီလအမျိုးအစားများ၊ မိမိတို့ကို စောင့် ရှောက်သော ကမ္မဋ္ဌာန်းတရားများ_ဗုဒ္ဓါနုဿ တိ၊ မေတ္တာ၊ အသုဘနှင့် မရဏဿတိ စသည့် တရားများ ပါ ဝင်သည်။  တရားနာပါ။
 အဘိဓမ္မာမြတ်ဒေသနာ / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ရန်ကုန်၊ ၁၃၇ဝ။  
တိပိဋကတ်၊ အဘိဓမ္မာကျမ်းများနှင့် သင်ယူခြင်းအကျိုး
ကျးဇူးများ၊ နတ်ပြည်တွင် မြတ်စွာဘုရား
အဘိ ဓမ္မာ တရားတော် ဟောကြားတော်မူခြင်း အကြောင်းတို့ကို
ဖေါ်ပြဟောကြားထားသည်။  
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်