Tuesday, December 24, 2013

ဓမ္မပဒ ၄၃ [ခုဒ္ဒကနိကာယ်]

၃- စိတ္တဝဂ္ဂ၊ စိတ်တရားတော်များ
၉- သောရေယျဝတ္ထု
န တံ မာတာ ပိတာ ကယိရာ၊ အညေ ဝါပိ စ ဉာတကာ။
သမ္မာပဏိဟိတံ စိတ္တံ၊ သေယျသော နံ တတော ကရေ။
၄၃။ ထို လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို အမိအဖသည်
မပြု နိုင်၊ တစ်ပါးသော ဆွေမျိုးတို့သည်လည်း မပြုစွမ်းနိုင်ကုန်၊ ထိုလူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို ကောင်းစွာထားအပ်သော စိတ်သည် သာလျှင် ထိုမိဖဆွေမျိုးတို့ထက် တစ်ဆင့်ထက်တစ်ဆင့်မြင့်မြတ်အောင်
ပြုစွမ်းနိုင်၏။

Posted by ဉာဏ်ဦး

Sunday, December 15, 2013

ဓမ္မပဒ ၄၂ [ခုဒ္ဒကနိကာယ်]


၃- စိတ္တဝဂ္ဂ၊ စိတ်တရားတော်များ
၈- နန္ဒဂေါပါလကဝတ္ထု
ဒိသော ဒိသံ ယံတံ ကယိရာ၊ ဝေရီ ဝါ ပန ဝေရိနံ။
မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော နံ တတော ကရေ။
၄၂။ ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကို (မြင်သော်) ပျက် စီးအောင် ပြုရာ၏။ ရန်သူတစ်ယောက်သည် ရန်သူတစ်ယောက်ကို (မြင်သော်) ပျက်စီးအောင် ပြုရာ၏။ မကောင်းသဖြင့် ထားအပ်သော စိတ်သည်ကား ထိုစိတ်ရှိသူကို ထို့ထက်ပင် ယုတ်ညံ့အောင် ပြုနိုင်၏။
 
Posted by ဉာဏ်ဦး

Monday, December 9, 2013

ထေရဝါဒ ဟောဓမ္မ (၂၇)


ကဝိဒဇဇောတိ၊ ဦး (ကောင်းဆုဝေ)။ ကိုယ့်ကိုယ်ကို သိပါ။ မင်းတုန်း၊ ၁၆ အောက်တိုဘာ ၂ဝ၁ဝ။
အသက်ရှင်ခြင်း၏ အဓိပ္ပါယ်၊ တန်ဖိုးရှိသော ဘဝကို ထိန်းသိမ်း
ပြု ပြင်နေထိုင်နည်း၊ နေရာတိုင်း တွင် တရားရှိပုံ၊ သြဃလေးပါး၊
နာမ်နှင့် ရုပ်တို့ကို ရှုမှတ်ခြင်းစသည့် တရားများပါဝင်သည်။ 
တရားနာပါ။
ကဝိဒဇဇောတိ၊ ဦး (ကောင်းဆုဝေ)။ ကြိုးစားမှုနောက်မှာ အောင်မြင်
ခြင်း ရှိပါတယ်။ တောင်တွင်းကြီး၊ ၂၇ မတ် ၂ဝ၁၁။

အခြေခံ ဗုဒ္ဓဘာသာ သဘောတရား၊ အမြင်မှန် (သမ္မာဒိဋ္ဌိ)၊
အောင်မြင်သူ တစ်ဦးဖြစ်ကြောင်း နည်းလမ်းကောင်း၊ ဘဝတွင်
ကံ ဉာဏ် နှင့် ဝီရိယတို့၏ အရေးပါမှုစသည့် တရားများကို ရှင်း လင်းဟော ကြားထားသည်။  တရားနာပါ။
ရာဇိန္ဒ၊ ဘဒ္ဒန္တ (အောင်မင်္ဂလာဆရာတော်)။ ဒုစရိုက် သုစရိုက် ဘာဝနာ။ [ခုနှစ်မပါ]
လူသားများကို အယုတ် အမြတ် ဆုံးဖြတ်ရာတွင် ဗုဒ္ဓနှင့် ပု ထုဇဉ်တို့  မတူကွာခြားကြပုံ၊ ဒုစရိုက်နှင့် သုစရိုက်တရား
များအပြင်၊ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ရေးအတွက် ဝိပဿနာ ဘာဝနာ အား
ထုတ်ကြရန် တိုက်တွန်းချက်စသည်တို့ကို
ဟောကြားထားသည်။  တရားနာပါ။

ရာဇိန္ဒ၊ ဘဒ္ဒန္တ (အောင်မင်္ဂလာဆရာတော်)။ သေနည်းကောင်း လမ်း ညွှန် တရားတော်။ [ခုနှစ်မပါ]
အောင်နိုင်သူ အစစ်အမှန်ဟူသည်၊ အပါယ်ကျရခြင်း
ကြောင်းရင်းများ၊ အသေလွတ်ကာ နိဗ္ဗာန် မျက်မှောက်
ပြု
ရေးအတွက် တရားဓမ္မသည် အရေးကြီးပုံတို့ကို ရှင်းလင်း

ဟော ကြားထားသည်။  တရားနာပါ။
အာစာရာလင်္ကာရ၊ အရှင် (စစ်ကိုင်းရွှေဟင်္သာ)။ အချိန်မဖြုံးနဲ့ တရား
တော်။ ရန်ကုန်၊ ၂ဝ ဧပြီ ၂ဝဝ၇။

အချိန်ဆွဲနည်းများ၊ အောက်အပါယ်သို့ ဆွဲချတတ်သော တရား
များ (လောဘ၊ ဒေါသ၊ မောဟ)နှင့် အထက် သုဂတိနှင့် နိဗ္ဗာန် တို့ သို့ မြှင့်တင်ပေးသည့် တရားများ (အလောဘ၊ အဒေါသ၊
အမောဟ) စသည့် တရားများပါရှိ၏။  တရားနာပါ။
အာစာရာလင်္ကာရ၊ အရှင် (စစ်ကိုင်းရွှေဟင်္သာ)။ အသေလှတဲ့တရား။ ရန်ကုန်၊ ၂၁ ဧပြီ ၂ဝဝ၇။
အသေလှဖို့ အရေး ကြို တင်ကာ ကုသိုလ်ကောင်းမှုများ ပြုလုပ်
ရခြင်းအကြောင်း၊ အသေလှစေကြောင်း နည်းလမ်းကောင်း
သုံးမျိုးစသည်တို့ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။  
Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, December 7, 2013

ဓမ္မ သုတ (၃၃)


နေရေးသေရေး
ဥစ္စာစီးပွါး၊ စုမထား၊ ခက်ငြားနေရေးမှာ၊
ကုသိုလ်တရား၊ ပြုမထား၊ ခက်ငြားသေရေးမှာ၊
အနေလဲခက်၊ အသေခက်၊ ရှုံးချက်လွန်နစ်နာ။
နေရေးဖက်တွင်၊ ချမ်းသာချင်၊ တွင်တွင်ဥစ္စာရှာ၊
သေရေးဖက်တွင်၊ ချမ်းသာချင်၊ တွင်တွင်ကုသိုလ်ရှာ၊
အနေလဲမြတ်၊ အသေမြတ်၊ အမြတ်လွန်ချမ်းသာ။
ပညာနန္ဒ၊ အရှင် (သီတဂူကြယ်)။ နည်းနည်းလှူ  များများရ တရားတော်။
Posted by အေးဆက်

Friday, December 6, 2013

ဓမ္မပဒ ၄၁ [ခုဒ္ဒကနိကာယ်]


၃- စိတ္တဝဂ္ဂ၊ စိတ်တရားတော်များ
၇- ပူတိဂတၱတိဿေတၳရဝတၳဳ
အစိရံ ဝတယံ ကာယော၊ ပထဝိံ အဓိသေဿတိ။
ဆုဒ္ဓေါ အပေတဝိညာဏော၊ နိရတ္ထံဝ ကလိင်္ဂရံ။
၄၁။ ဤခန္ဓာကိုယ်သည် ဝိညာဉ်ကင်းခဲ့သော် အသုံးမကျသော ထင်းတုံးကဲ့သို့ စွန့်ပစ်အပ်သည်ဖြစ်၍ မကြာမီသာလျှင် မြေပေါ်၌ အိပ်ရလိမ့်တကား။
 
Posted by ဉာဏ်ဦး

Wednesday, December 4, 2013

ဘဝနေဟန် တရားမှန် (၁ဝ)


ဆင်ရန် တန်ဆာအစစ်အမှန်
လက်၏ တန်ဆာသည် လက်စွပ်၊ လက်ကောက် မဟုတ်၊
ပေးကမ်းစွန့် ကြဲခြင်းသာ။
နား၏ တန်ဆာသည် နားကပ်၊ နားတောင်း မဟုတ်၊
တရားဓမ္မနာကြားခြင်းသာ။
ကိုယ်၏ တန်ဆာသည် ဘယက်၊ ဒွါဒရာ မဟုတ်၊
မေတ္တာ ကရုဏာဖြင့် သူတစ်ပါးအကျိုးဆောင်ရွက်ခြင်းသာ။
ဝါသေဋ္ဌာဘိဝံသ၊ အရှင် (သပြေကန်ဆရာတော်)
Posted by အေးဆက်

Sunday, December 1, 2013

ဓမ္မသာကစ္ဆာ (၁၇)


မိတ်ဆွေကောင်း
ဗုဒ္ဓမြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးတော်မူစဉ်၊ တစ်ညသော သန်းခေါင်ယံအချိန်တွင် နတ်သားတစ်ပါး
ရောက်ရှိလာကာ မေးခွန်းလေးခု မေးမြန်းသည်ကို ဖြေကြားတော်မူသည်။
နတ်သား
ခရီးသွားနေတဲ့ ပုဂ္ဂိုလ်အတွက် မိတ်ဆွေကောင်းဆိုတာ ဘယ် ဟာဖြစ်ပါသလဲဘုရား။
ဘုရား
မိမိနဲ့ တစ်ကြောင်းထဲ ခရီးအတူသွားနေတဲ့ ပုဂ္ဂိုလ်ဟာ မိမိအ တွက် မိတ်ဆွေကောင်း ဖြစ်ပေတယ်။
နတ်သား
အမြဲနေရာ မိမိရဲ့ အိမ်ဂေဟာမှာ မိတ်ဆွေကောင်းဆိုတာ ဘယ် ပုဂ္ဂိုလ်ဖြစ်ပါသလဲဘုရား။
ဘုရား
အမြဲနေရာ မိမိရဲ့ အိမ်ဂေဟာမှာ ကျေးဇူးဂုဏ်တွေ မဆုံးနိုင်တဲ့ မိခင်ဟာ မိတ်ဆွေကောင်း ဖြစ်ပေတယ်။
နတ်သား
အမှုကြီး အမှုငယ် ကိစ္စ ကြီးငယ် ကြုံလာတဲ့အချိန်မှာ မိတ်ဆွေ
ကောင်းဟာ ဘယ်ပုဂ္ဂိုလ်ဖြစ် ပါသလဲဘုရား။

ဘုရား
ကိစ္စကြီးငယ်ကြုံခိုက်မှာ မိမိနဲ့အေးတူပူအမျှ ကူညီစောင့်ရှောက်
တတ်တဲ့ ပုဂ္ဂိုလ်ဟာ မိတ်ဆွေကောင်းဖြစ်ပေတယ်။

နတ်သား
နိဗ္ဗာန်မရောက်မချင်း သံသရာခရီး တမလွန်လောက ဖြတ်သန်း ရာမှာ အကောင်းဆုံး မိတ်ဆွေဟာ ဘယ်သူပါလဲဘုရား။
ဘုရား
အကြိမ်ကြိမ် အဖန်ဖန် မိမိကိုယ်တိုင်ပြုလုပ်ထားတဲ့ ဒါန သီလ ဘာဝနာစတဲ့ ကုသိုလ်ကောင်းမှုတွေဟာ တမလွန်ခရီးအတွက် အကောင်းဆုံး မိတ်ဆွေဖြစ်ပေတယ်။
သာဓု သာဓု သာဓု
ကျမ်းကိုး။    ။ကောဝိဒ၊ ဒေါက်တာ (မဇ္ဈိမဂုဏ်ရည်)။ မိတ်ဆွေကောင်း တရားတော်။
 
Posted by အေးဆက်

Sunday, November 24, 2013

ဓမ္မပဒ ၄ဝ [ခုဒ္ဒကနိကာယ်]


၃- စိတ္တဝဂ္ဂ၊ စိတ်တရားတော်များ
၆- ပဉ္စသတဘိက္ခုဝတ္ထု

ကု မ္ဘူ  ပမံ ကာယမိမံ ဝိဒိတွာ၊
နဂရူပမံ စိတ္တမိဒံ ဌပေတွာ။
ယောဓေထ မာရံ ပညာဝုဓေန၊
ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။
၎ဝ။ ဤ (သုံးဆယ့်နှစ်ကောဋ္ဌာသ) ခန္ဓာကိုယ်ကို အိုးနှင့်တူ၏ ဟုသိ၍ ဤစိတ်ကို မြို့နှင့်တူ၏ ဟု ဉာဏ်၌ သက်ဝင်စေလျက် ပညာလက်နက်
ဖြင့် ကိလေသာမာရ်ကို တိုက်ခိုက်ရာ၏။ (တိုက်ခိုက်၍) အောင်သော တရားကိုလည်း ကပ်ငြိတွယ်တာခြင်းမရှိဘဲ စောင့်ရှောက်ထားရာ၏။

Posted by ဉာဏ်ဦး

Monday, November 18, 2013

ထေရဝါဒ ဟောဓမ္မ (၂၆)


ကောဝိဒ၊ ဒေါက်တာအရှင် (မဇ္ဈိမဂုဏ်ရည်)။ နေဖို့လည်းပြင် သေဖို့
လည်းပြင်။ ရန်ကုန်၊ ၁ ဒီဇင်ဘာ ၂ဝဝ၉။

မမေ့လျော့သူနှင့် မေ့လျော့သူတို့၏ ကွာခြားချက်၊ သေရန်ပြင် ဆင်နည်းစသည့် တရားများ ပါရှိသည်။  တရားနာပါ။
ကောဝိဒ၊ ဒေါက်တာအရှင် (မဇ္ဈိမဂုဏ်ရည်)။ ဘယ်လိုပြန်ကြမှာလဲ။ ရန်ကုန်၊ ၅ နိုဝင်ဘာ ၂ဝဝ၉။
မကောင်းမှု ပြုလုပ်ကာ ဆိုးဝါးသောသေခြင်းကို ရယူမည့်အစား ဝိပဿနာအားထုတ်ခြင်းဖြင့် ကောင်းမှုသမိုင်းကို ချန်ထားခဲ့ကြ ရန် အကြံပြု ဟောကြားထားသည်။ ထို့ ပြင်၊ သဒ္ဓါနှင့် ပညာနှစ်
ဖြာသော
တရားတို့သည် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် အရေး ကြီးပုံကိုလည်း ရှင်းပြထား၏။  တရားနာပါ။
စန္ဒသာရ၊ အရှင် (ကျောင်းကုန်း)။ မသေသေးခင် သွားလမ်းပြင်။ ထားဝယ်၊ ၁၃၇၁။
ပုဂ္ဂိုလ်နှစ်မျိုး၊ ကြိုတင်၍ မသိနိုင်သည့် အချက်ငါးမျိုးနှင့်တကွ ယက္ကန်းသည် မလေးဇာတ် ကြောင်းကို ညွှန်းဆိုလျက် ဝိပဿ နာအဆောတလျင် ပွါးများအားထုတ်ကြရန် တိုက်တွန်းချက်စ သည်တို့ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
စန္ဒသာရ၊ အရှင် (ကျောင်းကုန်း)။ အမြဲနေ့ည ဆင်ခြင်ကြ။ ထားဝယ်၊ ၂ဝ စက်တင်ဘာ ၂ဝဝ၉။
အမြဲဆင်ခြင်အပ်သော တရားငါးပါး၊ ဆင်ခြင်ပုံနှင့် ရရှိမည့် အကျိုးကျေးဇူးတို့ကို ဖေါ်ပြဟောကြားထားသည်။  တရားနာပါ။
ရေဝတ၊ အရှင် (မူလ ကသစ်ဝိုင်ဆရာတော်)။ ဝိပဿနာအလုပ်ပေး (၁)၊ သီလပေး (၁)။ [ခုနှစ်မပါ]
ဘုရားအားစစ်မှန်စွာ ရှိခိုးပူဇော်ခြင်း၊ နိဗ္ဗာန်ဆိုသည်မှာနှင့် နိဗ္ဗာန် တည်ရှိရာ၊ ပုထုဇဉ်နှင့် အရိယာတို့၏ ခြားနားချက်၊ အပါယ်ကျရခြင်း အကြောင်းရင်းများ၊ သတ္တဝါတို့အဖန်ဖန် အပါယ်ကျရခြင်းအကြောင်း၊ ကံဟောင်းနှင့် ကံသစ်၊ မနောကံ ခုနစ်မျိုး၊ ဒိဋ္ဌိဖြုတ်နည်းစသည့် တရားများကို ရှင်းလင်းဟော
ကြားထားသည်။  တရားနာပါ။

ရေဝတ၊ အရှင် (မူလ ကသစ်ဝိုင်ဆရာတော်)။ ဝိပဿနာအလုပ်ပေး (၂)၊ သီလပေး (၂)။ [ခုနှစ်မပါ]
လက္ခဏာသုံးပါး (သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ) တို့ 
ဖြင့်သမ္မာသီလ ဖြစ်မဖြစ် စစ်ဆေးခြင်း၊ လူ့သီလ၊ မိစ္ဆာသီလ၊ ငါးပါးသီလ အကျဉ်းနှင့် အကျယ်ဆောက်တည်နည်း၊ အပါယ် မကျရေးအတွက် သီလနှင့် ဝိပဿနာပေါင်းစပ်ရန် လိုအပ်ပုံ စသည့် တရားများကို
ဖေါ်ပြဟောကြားထားသည်။  တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

Friday, November 15, 2013

ဓမ္မပဒ ၃၈-၃၉ [ခုဒ္ဒကနိကာယ်]

၃- စိတ္တဝဂ္ဂ၊ စိတ်တရားတော်များ
၅- စိတ္တဟတ္ထတ္ထေရဝတ္ထု

အနဝ႒ိတစိတၱဿ၊ သဒၶမၼံ အဝိဇာနေတာ။
ပရိ ပႅ ဝပသာဒဿ၊ ပညာ န ပရိပူရတိ။
အနဝဿုတစိတၱဿ၊ အနႏြာဟတေစတေသာ။
ပုညပါပ ပဟီနဿ၊ နတၳိ ဇာဂရေတာ ဘယံ။
၃၈။ မတည်တံ့သော စိတ်ရှိသော သူတော်ကောင်းတရားကို မသိသော
ပေါလောပေါ်သော ယုံကြည် မှုရှိသူအား ပညာသည် မပြည့်စုံ။
၃၉။ (ရာဂ) မစိုစွတ်သော စိတ်ရှိသော၊ (ဒေါသ) ထိခိုက်သော စိတ်မရှိ
သော ကောင်းမှု မကောင်းမှုကို ပယ်ပြီးသော နိုးကြားသော ပုဂ္ဂိုလ်အား
ဘေးသည် မရှိ။
 

Posted by ဉာဏ်ဦး

Saturday, November 9, 2013

ထေရဝါဒ ဟောဓမ္မ (၂၅)


တေဇောသာရ၊ အရှင် (ချင်းတောင်တန်းသာသနာပြုဆရာတော်)။ ကမ္မဝါဒ။ ကျိုက်မရော၊ ၁ဝ ဒီဇင်ဘာ ၂ဝ၁၁။
ကမ္မဝါဒဟူသည်၊ ကံနှစ်မျိုး (ကုသိုလ်၊ အကုသိုလ်)နှင့် ကံ၏ အကျိုးတို့ကို ရှင်းလင်းဖေါ်ပြထားသည်။  တရားနာပါ။
တေဇောသာရ၊ အရှင် (ချင်းတောင်တန်းသာသနာပြုဆရာတော်)။ ဗုဒ္ဓဝါဒ အခြေခံ။ မန္တလေး၊ ၁၄ ဩဂုတ် ၂ဝ၁၁။
ရှိခိုးခြင်း၏ ရည်ရွယ်ချက်၊ ရှိခိုးရမည့် ပုဂ္ဂိုလ်ဆယ်မျိုး (ခင်ပွန်း ကြီးဆယ်ပါး)နှင့် ပြစ်မှားခဲ့သော် ရရှိမည့် ဒဏ်ချက်၊ ဗုဒ္ဓဘာသာ ဝင်တို့၏ တာဝန်အရေးသုံးပါး၊ ဘုရားရှိခိုးသော အစဉ်အလာ
မညှိုးအောင် ထိန်းသိမ်းကြရန် တိုက်တွန်းချက်များ ပါဝင်သည်။ တရားနာပါ။
တေဇိန္ဒ၊ ဘဒ္ဒန္တ။ ပါရမီပြည့်စုံသော်လည်း ဆရာကောင်းနှင့် မတွေ့က နိဗ္ဗာန်မရ။ လန်ဒန်၊ ၁ စက်တင်ဘာ ၂ဝဝ၇။
အဘယ်ကြောင့် တရားနာ တရားအားထုတ်ကြရကြောင်း၊ ပါရမီ၏ အဓိပ္ပါယ်၊ ပါရမီနှစ်မျိုး ရှင်းလင်းချက်နှင့် နိဗ္ဗာန်ရရန် အတွက် ဆရာကောင်းလိုအပ်ပုံတို့ပါရှိသည်။  တရားနာပါ။
တေဇိန္ဒ၊ ဘဒ္ဒန္တ။ ပုဂ္ဂိုလ်သတ္တဝါဖြစ်အောင် ဘယ်သူလုပ်သလဲ။ ရန်ကုန်၊ ၂ ဩဂုတ် ၂ဝဝ၇။
ဒိဋ္ဌိနှစ်မျိုး၊ မိစ္ဆာဒိဋ္ဌိသုံးမျိုး၊ ဒိဋ္ဌိဖြုတ်ရန် အရေးကြီးပုံနှင့် ဒိဋ္ဌိဖြုတ်
ခြင်း
စသည့် တရားများကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
သောဘိတ၊ အရှင် (ပတ္တမြားရိပ်သာဆရာတော်)။ ဆုတောင်းမရ နိဗ္ဗာန အလုပ်ပေးတရားတော်။ ၁၃၆၄။
"ဘူမိဇသုတ္တန်" ကို ကိုးကားလျက် နိဗ္ဗာန်ကို မျက်မှောက်ပြုရန်
အတွက် ဆုတောင်းခြင်းထက် ခန္ဓာအပေါ် နှလုံးသွင်းမှန်မှုက ပိုမိုအရေးကြီးပုံကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
သောဘိတ၊ အရှင် (ပတ္တမြားရိပ်သာဆရာတော်)။ ဝိပဿ       နာရှေ့ 
အလုပ် ဒိဋ္ဌိဖြုတ် အလုပ်ပေး တရားတော်။
၁၃၆၄။
အာနပါနကမ္မဋ္ဌာန်းဖြင့် သမာဓိထူထောင်ပုံ၊ ခန္ဓာအရှိကို ဉာဏ်
ဖြင့် ရှုကြည့်ခြင်းနှင့် ဒိဋ္ဌိဖြုတ်ခြင်းတို့ကို ဖေါ်ပြဟောကြားထား သည်။  တရားနာပါ။

 Posted by ဉာဏ်ဦး၊ အေးဆက်

Thursday, November 7, 2013

ဓမ္မသုတ (၃၂)


ဝိပဿ       နာထိဆက်ပါ
ရေချမ်းသစ်သီး၊ ပန်းဆီမီးကို၊ ခိုင်ကျည်သဒ္ဓါ၊ လှူ ပြီးကာမျှ ၊  ငါ့မှာကောင်းကျိုး၊ အလွန်တိုးဟု၊ ယုံကိုးစိတ်ထဲ၊ မရောင့်ရဲနှင့်။
မစဲညနေ့၊ ဘုရားရှေ့တွင်၊ ပျော်မွေ့ မြတ်နိုး၊ မြဲရှိခိုး၍၊ကောင်းကျိုး
ပွားစည်၊ ကြီးလှပြီဟု၊ ယုံကြည်အားရ၊ စိတ်မချနှင့်။

ဓါဓရနှင့်၊ ဓမ္မစကြာ၊မေတ္တာပဋ္ဌာန်း၊ရွတ်နိုင်စွမ်းကြောင့်၊ရွှင်လန်း
ပီတိ၊ ဂွမ်းဆီထိကာ၊ ပြည့်မည့်တေဇော်၊ မစောင့်မျှော်နှင့်။
ဂုဏ်တော်ပုတီး၊ သက်စေ့ပြီးအောင်၊ ဇွဲကြီးခိုင်မာ၊ ငြိမ်သက်စွာ
ဖြင့်၊ သဒ္ဓါကြည်ရုံ၊ စိပ်ပြီးရုံဖြင့်၊လုံလောက်လှပြီ၊မရပ်တည်နှင့်။

ရေကြည်သစ်သီး၊ ဆီမီးလှူ မျိုး၊ ရှိခိုးဝတ်ရွတ်၊ စေလွှတ်မေတ္တာ၊ တစ်ရာ့ရှစ်သီး၊ စိပ်ပုတီးကို၊ မညည်းဆင့်ကဲ၊ စိပ်မြဲစိပ်ပါ၊ မဖြတ် ပါနှင့်။
ဆက်ကာတစ်မျိုး၊ရှေ့သို့တိုး၍၊ အကျိုးနိဗ္ဗာန်၊မျှော်ရိုးမှန်က၊ ရုပ်
နာမ်ခွဲခြား၊ ကျင့်တရားသာ၊သံသရာဝဋ်၊ထွက်လွတ်စေကြောင်း၊
လမ်းမှန်ကောင်းဟု၊ ညွတ်ပျောင်းစိတ်ထဲ၊ ယုံကြည်စွဲလျက်၊

အမြဲနေ့ ည၊ ဝိပဿ       နာ၊ ဘာဝနာကို၊ ခိုင်မာဆန္ဒ၊ ကြိုးလုံ့ လမှ၊ ဗုဒ္ဓခေတ်မြတ်၊ တွေ့ ကျိုးနပ်မည်၊ ကြပ်ကြပ်သတိ ရှိပါစေ။
ပညာဝရ၊ အရှင် (ဓမ္မဒူတ၊ သိမ်ဇရပ်)။ ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ် တရားတော်။
ဝိပဿ       နာအကျိုး
ရောဂါကြီးမူ၊ ညည်းငြူ မရှိ၊ သတိမမေ့၊သေနေ့သိပြန်၊ မျက်လန်
ကြောဆွဲ၊ မရှိဘဲနှင့်၊သေလည်းမတင်း၊ သုံးရက်တွင်း၌၊ ပုပ်ခြင်း ကင်းသည်၊ ကျိုးရင်းဝိပဿ       နာ တရားတည်း။

ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ယုတ်မြတ်သံသရာ လှည့်လည်ရှာ တရားတော်။  
Posted by အေးဆက်

Wednesday, November 6, 2013

ဓမ္မပဒ ၃၇ [ခုဒ္ဒကနိကာယ်]


၃- စိတ္တဝဂ္ဂ၊ စိတ်တရားတော်များ
၎- သံဃရက္ခိတတ္ထေရဝတ္ထု

ဒူရင်္ဂမံ ဧကစရံ၊ အသရီရံ ဂုဟာသယံ။
ယေ စိတ္တံ သံယမိဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။
၃၇။ အဝေးသို့ သွားတတ်သော တစ်ဦးတည်း ကျက်စားသော ကိုယ်ကောင် အထည်မရှိသော (ဟဒယဝတ္ထု) လိုဏ်ဂူ၌ မှီသော စိတ်ကို အကြင်သူတို့ သည် စောင့်စည်း (ချုပ်တည်း) ကြကုန်၏။ (ထိုသူတို့သည်) မာရ်အနှောင် အဖွဲ့မှ လွတ်ကြကုန်လတ္တံ့။
 

Posted by ဉာဏ်ဦး

Monday, November 4, 2013

ဘဝနေဟန် တရားမှန် (၉)


ရှောင်လေဝေးစေ

ဗုဒ္ဓမြတ်စွာသည် အပေါင်းအသင်းနှင့် စပ်လျဉ်းကာဆုံးမခဲ့သည် မှာ_
ဦးချို ရှိသော ကျွဲ နွား ပြောင် ဆတ်တို့ကို အတောင်နှစ်ဆယ်က ခွါ၍ရှောင်ကြဉ်ရမည်။
ရှေ့ခြေနှင့်ပေါက် နောက်ခြေနှင့်ကန်တတ်သော မြင်းကို အ
တောင်တစ်ရာကခွါကာ ရှောင်ကြဉ်ရမည်။

ဆင်ကို အတောင်တစ်ထောင်ဝေးအောင် ရှောင်ကြဉ်ရမည်။
လူမိုက်ကိုမူကား ထိုသူရှိရာဒေသမှ တခြား ဝေးဝေးသို့ ထွက်ခွါ
ရှောင်ကြဉ်ရမည် ဟူ၏။

ကျမ်းကိုး။    ။စန္ဒသာရ၊ အရှင်(ကျောင်းကုန်း)။ မောင်ငယ်ရင်သွေးနာဘိသေးလော့ တရားတော်
Posted by Aye Sat

Friday, November 1, 2013

ဓမ္မသာကစ္ဆာ (၁၆)

တရား၏ တန်ဖိုး
 

တစ်ခုသောကာလ၌ သောပါက အမည်ရ ခုနစ်နှစ်အရွယ် ဆင်းရဲသား ငယ်လေးသည် ခိုက်ရန်ဖြစ်ပွါးကာ ပထွေး၏ သားကို လက်သီးနှင့် ထိုးမိလေ သည်။ ထိုသူငယ်က သောပါကအား ခြေလက်များကို ကြိုးဖြင့် တုပ်ကာ သုသန်၌ အသေကောင်နှင့်တွဲ၍ ချည်နှောင်ပစ်ထားခဲ့သည်။
သောပါက၏  ငိုကြွေးသံကြောင့် မြတ်ဗုဒ္ဓက ရောင်ခြည်တော်လွှတ်ပြီး အားပေးကာ ခေါ်တော်မူသည်။ အားတက်စွာဖြင့် ရုန်းကန်လိုက်ရာ အနှောင်အဖွဲ့မှ လွတ်မြောက်ကာ ဘုရားထံ အရောက်သွားလေသည်။ ဘုရားရှင်က ကထာခြောက်မျိုး ဟောကြားအပြီးတွင် သောတာပန်
တည်သည်။ သာမဏေဝတ်ပြီးနောက် သူ၏ မိခင်အားဟောကြားသော တရားတော်ကို နာကြားရပြန်သည်။ တရားအဆုံး၌ ရဟန္တာဖြစ်တော်မူ သည်။ ထို သောပါက ရဟန္တာကို ဘုရားရှင်က ပုစ္ဆာဆယ်ခု မေးတော် မူသည်။ 


ဘုရား         တစ်ခုသော တရားဆိုတာ အဘယ်တရားလဲ။ 
သောပါက   အကြောင်းတရားကို ပြောတာပါဘုရား။
ဘုရား         နှစ်ခုသော တရားဆိုတာ အဘယ်တရားလဲ။
သောပါက   နာမ်နှင့်ရုပ် ပါဘုရား။
ဘုရား         သုံးခုသော တရားဆိုတာ အဘယ်တရားလဲ။
သောပါက   ဝေဒနာတရားသုံးပါးကို ပြောတာဖြစ်ပါတယ်ဘုရား။
ဘုရား         လေးခုသော တရားတို့ကားအဘယ်တရားတို့ကို ခေါ်သလဲ။
သောပါက   အရိယသစ္စာတရားလေးပါးကို ခေါ်တာပါဘုရား။
ဘုရား         ငါးခုသော တရားကား အဘယ်နည်း။
သောပါက   ခန္ဓာငါးပါးကို ဆိုလိုပါတယ်ဘုရား။
ဘုရား         ခြောက်ခုသော တရားဆိုတာ အဘယ်တရားများကို
                  ခေါ်သလဲ။
သောပါက   အတွင်းအာယတန တရားခြောက်ပါးကို ခေါ်ပါတယ်ဘုရား။
ဘုရား         ခုနစ်ခုသော တရားကား အဘယ်နည်း။
သောပါက   ဗောဇ္ဈင်ခုနစ်ပါးမြတ်တရားတို့ ဖြစ်ပါတယ်ဘုရား။
ဘုရား         ရှစ်ခုသော တရားဆိုတာ အဘယ်တရားကို ခေါ်ဆိုသလဲ။
သောပါက   မဂ္ဂင်ရှစ်ပါးကို ခေါ်တာပါဘုရား။
ဘုရား         ကိုးခုသော တရားတို့ကား အဘယ်နည်း။
သောပါက   သတ္တဝါကိုးမျိုးတို့ ဖြစ်ပါတယ်ဘုရား။
ဘုရား         ဆယ်ခုသော တရားဆိုတာ အဘယ်တရားများကို ခေါ်
                  သလဲ။
သောပါက   ရဟန္တာတို့၏ အင်္ဂါဆယ်ပါးကို ခေါ်ပါတယ်ဘုရား။
ဘုရား         ငါ့ရှင် သာမဏေ သောပါက ရဟန်းဖြစ်စေ။
 

အရှင်သောပါကသည် တရားတော်ကို စူးစူးစိုက်စိုက် ခန္ဓာဉာဏ်ရောက် နာကြားခြင်းကြောင့် ခုနစ်နှစ် အရွယ်နှင့်ပင် ရဟန်းလည်းဖြစ်၊ ရဟန္တာ လည်းဖြစ်ခဲ့ရသော ပုဂ္ဂိုလ်ထူးတစ်ဦးဖြစ်ပေတော့သတည်း။
သာဓု သာဓု သာဓု

ကျမ်းကိုး။    ။ခေမိန္ဒ၊ ဘဒ္ဒန္တ (ခင်မကန်ဆရာတော်)။ တရားတစ်ပုဒ်၏ တန်ဖိုး တရားတော်။

Posted by အေးဆက်

Tuesday, October 22, 2013

ဘဝနေဟန် တရားမှန် (၈)

အနှေး နှင့် အမြန်

ဖြည်းဖြည်းမှန်မှန် ဤငါးတန်

။ အတတ်ပညာသင်ယူခြင်း။
။ ဥစ္စာပစ္စည်းရှာဖွေခြင်း။
။ တောင်တက်ခြင်း။
။ ဒေါသအမျက်ထွက်ခြင်း။
။ ကာမဂုဏ်အာရုံခံစားခြင်း။
Reference: Mottos by Ashin Kundalabhivamsa (Saddhammaransi Sayadaw).
မြန်ဆန်ပါစေ ဤလေးထွေ
။ ဒါန။
။ သီလ။
။ သမထဘာဝနာ။
။ ဝိပဿ       နာဘာဝနာ။
Posted by အေးဆက်

Wednesday, October 16, 2013

ဓမ္မသုတ (၃၁)

ရှုမှတ်မှု
တရားအားထုတ်သူ (ယောဂီ)သည် ဈေးရောင်းသူနှင့် တူ၏။ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မည်သူ့ကိုမဆို လာဝယ် လျှင် ရောင်းချ ရမည်ဖြစ်သည်။ တရားအားထုတ်စဉ်တွင် ခန္ဓာ ကိုယ် နာကျင်ကိုက်ခဲလာခြင်းများသည် ဈေးလာဝယ်သည်နှင့်
တူသည်။ နည်းနည်းနာလျှင် နည်းနည်းလာဝယ်ခြင်းဖြစ်သည်။ များများနာလျှင် များများလာဝယ်ခြင်းဖြစ်သည်။

နောက်ထပ်ဝယ်အောင် ပြုံး၍ဆက်ဆံရမည်။ ဖေါ်ပြလာသည့်
တရားကို ရှုမှတ်နိုင်ရမည်။ သို့မှသာ သတိ ဉာဏ် ပညာ အား
ကောင်းလာမည်ဖြစ် သည်။ ဖြစ်ပေါ်လာသော ဒုက္ခကို ရန်မ လုပ်ပါနှင့်။ ဒုက္ခကို သိသည်ထက် သိနေအောင် ရှုမှတ်ကာ ခန္ဓာကိုယ်ကို မြေကြီးမဖြစ်မီ အသုံးချ ကြရမည် ဖြစ်သည်။

ဇာနေယျ၊ ဘဒ္ဒန္တ (မြစိမ်းတောင်ဆရာတော်)။ သေခြင်းတရား တရားတော်
တရားရှာ နောက်မကျရာ
အတောင်ကျိုးနေသော ကြိုးကြာငှက်အိုသည် ငါးမရှိသည့် ရွှံ့ညွံ အိုင်တွင် ငယ်စဉ်က ငါးများ ကောက်ယူ စားသောက်ခဲ့ရသည် ကိုကြံတွေးလျက်မှိုင်တွေနေသကဲ့သို့ ငယ်ရွယ်စဉ်ကစီးပွားဥစ္စာ
ကောင်းစွာမရှာခဲ့ သူသည် မိမိကောင်းစွာ စားဝတ်နေထိုင် ခဲ့ရ သည့် ရှေးဖြစ်များကို တွေးကာ
ညည်းတွားနေရတတ်သည်။
ပစ်မှတ်ကိုမထိဘဲ အရှိန်လွန်ကာ မြေမှာ ကျပြီး ကောက်ယူခြင်း မရှိသောမြားသည် ဆွေးမြည့်ပျက်စီး သွားရလေ၏။

တတိယအရွယ်ကျမှ တရားရှာမည်ဟူ၍ ပထမနှင့် ဒုတိယ အ ရွယ်မှာ  ပေါ့ပေါ့နေခဲ့ကြသူများသည်လည်း လက်ခြေတို့  မိမိ အလိုသို့  မလိုက်နိုင်တော့သည့် ကာယ ဉာဏ စွမ်းအားများ မရှိတော့သော ဇရာအရွယ်တွင် တရားမရှာနိုင်၊ ဆုံးရှုံးကြရ
ပေသည်။

ပညာသီဟာဘိဝံသ၊ အရှင် (တရားဦးဓမ္မစကြာဆရာတော်)။ အခွင့်ကောင်းကို မရှောင်လွှဲ
ပါနှင့် တရားတော်

Posted by အေးဆက်

Tuesday, October 15, 2013

ဓမ္မပဒ ၃၆ [ခုဒ္ဒကနိကာယ်]


၃ - စိတ္တဝဂ်၊ စိတ်တရားတော်များ 
၃ - ဥက္ကဏ္ဌိတဘိက္ခုဝတ္ထု
သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။
စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။
၃၆။ အလွန့်အလွန် မြင်နိုင်ခဲသော အလွန့်အလွန် သိမ်မွေ့သော အလို ရှိရာ အာရုံ၌ ကျလေ့ရှိသော စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။
စောင့်ရှောက်ထားအပ်သော စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ် ၏။ 


Posted by ဉာဏ်ဦး

Thursday, October 10, 2013

ဓမ္မသာကစ္ဆာ (၁၅)

ဘဝအရေး စိတ်အေးရစေကြောင်း

တစ်နေ့သောအခါတွင် မြတ်စွာဘုရားရှင်သည် အာဠာဝကဘီလူး၏ ဘုံ ဗိမာန်သို့ ကြွရောက်တော်မူလာ၏။ အာဠာဝကဘီလူးမှာ အစည်းအဝေး
သွားနေသဖြင့် စောင့်လျက်နေတော်မူသည်။ ဗိမာန်သို့ ပြန်လည်ရောက်
ရှိလာသော အာဠာဝကဘီလူးသည် ဘုရားရှင်ကို မြင်သည်နှင့် ဒေါသ ထွက်တော့သည်။ ဘုရားအား ထွက်သွားပါ၊ ပြန်ဝင်ပါနှင့် သုံးကြိမ်တိုင် တိုင် ပြုလုပ်ခိုင်းသည်။ ဘီလူးကျေနပ်အောင် သူ့အလိုကျ  ပြုလုပ်ခြင်းဖြင့် ဘီလူး၏ စိတ်ဓါတ်ကို ဗုဒ္ဓက ကုစားလိုက် သည်။ စတုတ္ထအကြိမ်တွင် ဘီလူးက ဘုရား၏ ခြေနှစ်ချောင်းကို ဆွဲကိုင်ပြီး ပစ်မည်ဟု ကြံထား သည်။ သိနှင့်နေသော ဘုရားက ဤအကြိမ် ဘီလူးထွက်ခိုင်းသည့်အခါ ထွက် မသွားတော့ချေ ။ နောက်ဆုံး၌ ဘီလူးတွင် ဘုရားသည် အကြောင်းမဲ့
ကြွလာခြင်း မဖြစ်နိုင်ဟူသော အတွေးပေါ်လာသဖြင့် နည်းတစ်မျိုး
ပြောင်းကာ ဓမ္မမေးခွန်းများကို မေးလေသည်။
ဘီလူး

ကဿပဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ဘဝအရေးနဲ့ 
ပတ်သက်သော အမေးအဖြေများကို ဘိုးဘွားစဉ်ဆက် မှတ်သားလာခဲ့ကြပါတယ်။ အကျွန်ုပ်၏ လက်ထက်တွင် အမေးများကိုသာသိတော့ပြီး အဖြေများကို
မေ့ကုန်ပါပြီ။
အဲဒီအမေးတွေကို မေးချင်ပါတယ်၊ ဖြေမှာ ပါလားဘုရား။ 
 
ဘုရား
မေးပါ။ ဖြေပါမယ် အသင်ဘီလူး။  
ဘီလူး
လောကမှာ အကောင်းဆုံးပစ္စည်းဥစ္စာဆိုတာ ဘာပါလဲ။
ဘုရား
သဒ္ဓါတရားဟာ အကောင်းဆုံးပစ္စည်းဥစ္စာ ဖြစ်ပေတယ်။
ဘီလူး
ဘာကို ကျင့်သုံးရင် ချမ်းသာမှာပါလဲ။
ဘုရား
ဓမ္မကို ကျင့်သုံးရင် ချမ်းသာမှာဖြစ်တယ်။
ဘီလူး
အရသာတွေထဲမှာ အကောင်းဆုံးအရသာဟာ ဘာပါလဲ။
ဘုရား
လောကမှာ မှန်တာကိုပြောတဲ့ သစ္စာစကားဟာ အကောင်းဆုံး အရသာပါပဲ။
ဘီလူး
လောကလူသားတွေဟာ နည်းအမျိုးမျိုးနဲ့ အသက်ရှင်နေကြ ပါတယ်။ ဘာနဲ့ အသက်ရှင်တာ အကောင်းဆုံးဖြစ်ပါသလဲ။
ဘုရား
အကြောင်းအကျိုး အကောင်းအဆိုး ခွဲခြားသိတဲ့ ပညာဉာဏ်နဲ့ အသက်ရှင်တာ အကောင်းဆုံး ဖြစ်ပေတယ်။
ဘီလူး
လောကမှာရှိတဲ့ အခက်အခဲတွေကို ဖြတ်ကျော်ရမယ်ဆိုရင် ဘာရှိဖို့ လိုပါသလဲ။
ဘုရား
ယုံကြည်ချက်ရှိဖို့ လိုပေတယ်။
ဘီလူး
အင်မတန်ကျယ်ပြောတဲ့ ဘဝပင်လယ်ကို ဘာနဲ့ ဖြတ်ကူးရ ပါမလဲ။
ဘုရား
ကာမဂုဏ် အာရုံတွေပေါ်မှာ အမြဲစိတ်ညွတ်မနေဘဲ ကုသိုလ်
ကောင်းမှုတွေကို သတိ
ရနေတဲ့ အပ္ပမာဒတရားနဲ့ ဖြတ်ကူးရ မယ်။ သတိကြီးစွာထားပြီး ဖြတ်ကျော်ရမယ်။
ဘီလူး
ဘာနဲ့ ဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်ရပါမလဲ။
ဘုရား
ကြိုးစားအားထုတ်မှု ဝီရိယ ဖြင့်သာ ဒုက္ခဆင်းရဲအပေါင်းကို
ကျော်ဖြတ်ရပေမယ်။

ဘီလူး
လူတွေရဲ့ စိတ်ကို ဖြူစင်အောင် ဘာနဲ့ ဆေးကြောပေးရပါမလဲ။
ဘုရား
ပညာနဲ့ သာလျှင် စိတ်အညစ်အကြေးတွေကို ဖြူ စင်အောင်
ဆေးကြောပေးနိုင်တယ်။
ဘီလူး
စိတ်ကို စင်ကြယ်စေတတ်တဲ့ ပညာကို ဘယ်လိုရအောင် ယူရပါမလဲ။
ဘုရား
ပညာကို ရယူလိုတဲ့ စိတ်ဆန္ဒရှိရင် ရနိုင်ပေတယ်။
ဘီလူး
ဘဝအရေးမှာ လောကီဥစ္စာတိုးတက်ဖို့ ဘာလုပ်ရပါမလဲ။
ဘုရား
လုံ့လဝီရိယရှိဖို့ လိုတယ်။ တက်တက်ကြွကြွ ကြိုးစားရင် ပစ္စည်းဥစ္စာတိုးပွါးမှာ ဖြစ်တယ်။
ဘီလူး
ပစ္စည်းဥစ္စာရှိပေမဲ့ ကျော်စောမှုမဲ့ ကြတာရှိပါတယ်။ ဘဝ
အရေးမှာ ထင်ပေါ်ကျော်စောဖို့ ဘာလုပ်ရပါမလဲ။
ဘုရား
မှန်ကန်ရင် ထင်ပေါ်ကျော်စောလာမှာ ဖြစ်တယ်။
ဘီလူး
ခြွေရံမိတ်ဆွေ များများရဖို့ ဘာလုပ်ရပါမလဲ။
ဘုရား
ပေးကမ်းရင် ခြွေရံမိတ်ဆွေ များများရပါလိမ့်မယ်။
ဘီလူး
ဒီဘဝအတွက် ဒီမျှသိရရင် လုံလောက်ပါပြီ။ နောင်ဘဝအရေး စိတ်အေးဖို့ အတွက် အဘယ်တရားတွေကို ကျင့်သုံးရပါမလဲ။
ဘုရား
နောင်ဘဝအတွက် စိတ်အေးလိုရင် မှန်ကန်မှု-သစ္စာ၊ ပညာ၊ ကြိုးပမ်းအားထုတ်မှု ဝီရိယနဲ့ ပေးကမ်းစွန့် ကြဲမှု စာဂ၊ ဒီတရားလေးပါးတို့ကို ကျင့်သုံးရမှာ ဖြစ်တယ်။
ဘီလူး
ကျေးဇူးကြီးမားလှပါတယ် အရှင်မြတ်ဘုရား။ တပည့်တော် သွားလေရာရာမှာ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ဦးခိုက်ရှိခိုးမည် ဖြစ်ကြောင်းပါဘုရား။
ဘုရား
ကောင်းလေစွ ကောင်းလေစွ။ သာဓု သာဓု သာဓု
ကျမ်းကိုး။  ။နန္ဒမာလာဘိဝံသ၊ ဒေါက်တာဘဒ္ဒန္တ။ ဘဝအရေး စိတ်အေးရလေအောင် တရားတော်။
 

Posted by အေးဆက်

Wednesday, October 9, 2013

ထေရဝါဒ ဟောဓမ္မ (၂၄)


ဉေယျဓမ္မသာမိ၊ ဝနဝါသီ အရှင် (မဟာဗောဓိမြိုင် ဆရာတော်)။ လူ၏ အဓိပ္ပါယ်။ ၃ဝ ဇွန် ၁၉၉၇။
သန္တတိအမတ်ကြီး၏ ဇာတ်ကြောင်းကို ညွှန်းဆိုကာ လူ့ ဘဝရရှိခိုက်တွင် ကောင်းကျိုးချမ်းသာ ရနိုင်ရန်
မိမိတို့၏ စိတ်ကို ထိန်းချုပ်ကြရန်အကြောင်း အကြံ
ပေးဟောကြားထားသည်။ 
တရားနာပါ။
ဉေယျဓမ္မသာမိ၊ ဝနဝါသီ အရှင် (မဟာဗောဓိမြိုင် ဆရာတော်)။ သညာ သိမှ ပညာသိသို့။ ၂၂ ဇွန် ၁၉၉၇။
သညာသိနှင့် ပညာသိဆိုသည်မှာ၊ လုပ်ရပ်တိုင်းတွင်
သတိတရား ထားရှိခြင်းဖြင့် ပညတ်မှ ပရမတ်သို့
ပြောင်းလဲခြင်းတို့ကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။

ဝါယာမိန္ဒ္ဒ၊ ဘဒ္ဒန္တ (မြောက်ဦးဆရာတော်)။ ကြောက်မက်ဖွယ်ရာ ဤခန္ဓာ။ မန္တလေး၊ ၁၁ အောက်တိုဘာ ၂ဝဝ၈။
သီဟသုတ္တန်ကို အကိုးအကားပြုကာ ကြောက်မက်ဖွယ်ရာ
နှစ်မျိုး၊ ချမ်းသာစစ်ကို ရရှိရန် လိုအပ်သော အချက်များနှင့် ဘဝခန္ဓာကို ကြောက်ရွံ့ ကြရန်အကြံပြုချက်များပါရှိသည်။
တရားနာပါ။
ဝါယာမိန္ဒ္ဒ၊ ဘဒ္ဒန္တ (မြောက်ဦးဆရာတော်)။ တစတစ စွန့်မှရ။  
မန္တလေး၊ ၁၁ အောက်တိုဘာ ၂ဝဝ၈။
သံသရာအဘယ်ကြောင့် ရှည်ရကြောင်း၊ လူမိုက်ဟူ
သည် အဘယ်နည်း၊ ကုသိုလ်အလုပ်သည် စွန့်စားရန်
လိုအပ်ပုံတို့ကို ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။
သီရိန္ဒာဘိဝံသ၊ ဘဒ္ဒန္တ (ယော ဆရာတော်)။ ပုညကြိယာဝတ္ထုသုတ္တန် (၁)။ တွံတေး၊ ၁၃ မတ် ၁၉၈၉။
ခန္ဓာရသူတိုင်းတွင်ပြသော အပေါင်းနှင့်အနုတ်လက္ခ
ဏာများ၊ ကုသိုလ်အလုပ် အခြေခံသုံးခုနှင့်
ခန္ဓာကို
ခြိမ်းခြောက်လျက်ရှိသော ဘေးငါးမျိုးတို့ကို ရှင်းလင်း
ဟောကြားထားသည်။  တရားနာပါ။

သီရိန္ဒာဘိဝံသ၊ ဘဒ္ဒန္တ (ယော ဆရာတော်)။ ပုညကြိယာဝတ္ထုသုတ္တန် (၂)။ တွံတေး၊ ၁၃ မတ် ၁၉၈၉။
ပုညကြိယာဝတ္ထုသုတ္တန် ကို ကိုးကားလျက် စိတ်စွမ်း အားကိုဖြစ်စေသည့် ဒါန၊ သီလနှင့် ဘာဝနာ စသော လုပ်ငန်းသုံးရပ်ကို ဖေါ်ပြဟောကြားထားသည်။
တရားနာပါ။

 Posted by ဉာဏ်ဦး၊ အေးဆက်

Sunday, September 15, 2013

ဓမ္မပဒ ၃၅ [ခုဒ္ဒကနိကာယ်]


၃ - စိတ္တဝဂ်၊ စိတ်တရားတော်များ
၂ - အညတရဘိက္ခုဝတ္ထု

ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။
စိတၱဿ ဒမေထာ သာဓု၊ စိတၱံ ဒႏၲံ သုခါဝဟံ။
၃၅။ နှိပ်နင်းရန် ခဲယဉ်း၍ လျင်မြန်သော သဘောရှိသော အလိုရှိရာ အာရုံ၌ ကျလေ့ရှိသော စိတ်ကို ဆုံးမခြင်းသည် ကောင်း၏။ (ဆုံးမပြီး၍) ယဉ်ကျေး
သော စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။

Posted by ဉာဏ်ဦး

Monday, September 9, 2013

ထေရဝါဒ ဟောဓမ္မ (၂၃)


ဇနိတာလင်္ကာရ၊ ဘဒ္ဒန္တ။ သာသနာ့အရိပ်မှာ ပျော်မွေ့ ပါ။ ရန်ကုန်၊ ၂၃ ဇူလိုင် ၂ဝဝ၈။  
သာသနာ၏ အကျိုးကျေးဇူးများ၊ သာသနာကွယ်ခြင်း၏ အကြောင်းရင်း များ၊ သာသနာ တည်တံ့ရေးအတွက်
ဆောင်ရွက်ရန်များနှင့် သာသနာ၏ အံ့ဖွယ်ရှစ်သွယ်တို့ကို
ဖေါ်ပြဟောကြားထားသည်။  တရားနာပါ။

ဇနိတာလင်္ကာရ၊ ဘဒ္ဒန္တ။ အနုသယစင်မှ နိဗ္ဗာန်ရ။ ရန်ကုန်၊ ၁၃ ဩဂုတ် ၂ဝဝ၇။
ကိလေသာသုံးမျိုး၊ အနုသယ အမျိုးအစားနှင့် သဘာဝ၊
သောတာပန် တည်နည်း၊ အနုသယ ဖယ်ရှားခြင်း နှင့်
ဆဆက္က အပေါ် သက္ကာယဒိဋ္ဌိစွဲပုံ စသည့် တရားများပါရှိ
သည်။  တရားနာပါ။

ဓမ္မသာရ၊ ဦး (ဆင်ဖြူကျွန်း ဆရာတော်)။ ကိုယ်သာနာ၍ စိတ်မနာစေနှင့်။ ၂၈ ဇူလိုင် ၁၉၉ဝ။
ခန္ဓာရရှိခြင်းသည် အကြီးမားဆုံး ဘေးရန်ဖြစ်ပုံ၊ ဝဋ်၏ ဆိုလို ရင်း၊ ဝိပါက၏ အကျိုးရလဒ်နှင့် ကိလေသာ၊ ကမ္မနှင့် ဝိပါက စသော ဝဋ်သုံးပါးမှ လွတ်မြောက်ရန် နည်းလမ်းစသည်
တို့ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။

ဓမ္မသာရ၊ ဦး (ဆင်ဖြူကျွန်း ဆရာတော်)။ တိတ္ထိတွေအမေး အနာထ ပိဏ်သူဌေးကြီးအဖြေ တရားတော်။ ၂၇ ဇူလိုင် ၁၉၉ဝ။
ဗုဒ္ဓသာသနာနှင့် ပတ်သက်ကာ တိတ္ထိများ၏ မေးမြန်းချက်ကို အနာထပိဏ်သူဌေးကြီး ဖြေကြားထားသည်များကို ဖေါ်ပြ
ဟောကြားထားသည်။  တရားနာပါ။

ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ဗုဒ္ဓ၏ လက္ခဏာတော် သုံးဆယ့်နှစ်ဖြာ (၁)။ ကျိုက္ကော်၊ ၁၃၅၇။
ဗုဒ္ဓ၏ လက္ခဏာတော် သုံးဆယ့်နှစ်ပါးအနက် ခြောက်ပါး၏
ဖြစ်ပေ
ါ်ရခြင်းအကြောင်းနှင့် အကျိုးတို့ကို ဖေါ်ပြရာတွင်_
၁။ ညီညာသော ခြေဖဝါးတော်ရှိခြင်း၊ ၂။ ခြေဖဝါးတော်တွင် စက်လက္ခဏာ ပါရှိခြင်း၊ ၃။ ခြေဖနောင့်တော် ရှည်ခြင်း၊
၎။ လက်ချောင်းခြေချောင်းတော်များ ရှည်သွယ်ခြင်း၊ ၅။ ထောင်မောင်း ဖြောင့်စင်းသော ကိုယ်ရှိတော်မူခြင်း၊
၆။ ခုနစ်နေရာ (လက်ဖမိုး၂ခု၊ ခြေဖမိုး၂ခု၊ ပခုံး၂ဖက်နှင့် ဂုတ်ပိုး)တို့တွင် အသားပြည့်ဖြိုးတော်မူခြင်းတို့ ပါဝင်သည်။ တရားနာပါ။

ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ဗုဒ္ဓ၏ လက္ခဏာတော် သုံးဆယ့်နှစ်ဖြာ (၂)။ ကျိုက္ကော်၊ ၁၃၅၇။
သင်္ဂဟတရားလေးပါး (ပေးကမ်းခြင်း၊ ချစ်ဖွယ်စကားဆိုခြင်း၊ သူတစ်ပါး အကျိုးစီးပွါးဆောင်ရွက်ခြင်းနှင့် မိမိနှင့် ထပ်တူ ကျင့်ကြံခြင်း)နှင့်အတူနောက်ထပ် ဗုဒ္ဓ၏ လက္ခဏာတော် ငါးပါးဖြစ်သော_၁။ ချောမွေ့ ပျော့ပျောင်းသော လက်နှင့် ခြေ
တော်များရှိခြင်း၊ ၂။ လက်မနှင့် ခြေမတို့မှအပ ကျန်လက်
ချောင်း ခြေချောင်းများသည် အရွယ်ညီတူဖြစ်ခြင်း၊ ၃။ မြင့် ကာဖေါင်းမို့သော ခြေမျက်စိ ရှိတော်မူခြင်း၊ ၄။ ခန္ဓာကိုယ်မှ

မွေးညင်းများသည် အထက်သို့ထောင်လျက်ရှိခြင်း၊ ၅။ တော ဆိတ်မှာကဲ့သို့ လုံးဝန်းကာ ဖွံ့ ဖြိုးသော ခြေသလုံးတော်များ ရှိခြင်းတို့၏ အကြောင်းရင်းများနှင့် အကျိုးတို့ကို ဟောကြား
ထားသည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, September 7, 2013

ဓမ္မသုတ (၃ဝ)


အမြဲကောင်းလေးပါး
လူတို့ ပြည်ဘောင်၊ အိုသည့်နောင်၊ တိုင်အောင်ကောင်းတာ ဘယ်ဟာနည်း။
လူတို့ ပြည်ဘောင်၊ အိုသည့်နောင်၊ တိုင်အောင်ကောင်းတာ သီလတည်း။
အဘယ်တရား၊ မြဲတည်ငြား၊ ကောင်းစားလှပါလေသနည်း။
သဒ္ဓါတရား၊ မြဲတည်ငြား၊ ကောင်းစားလှပါလေသတည်း။
လူတို့ ပြည်မှာ၊ ရတနာ၊ ဘယ်ဟာကောက်ယူဆင်မည်နည်း။
လူတို့ ပြည်မှာ၊ ရတနာ၊ ပညာ ကောက်ယူဆင်မည်တည်း။
ဘယ်ဥစ္စာမျိုး၊ အထုပ်ပိုး၊ မခိုးဖြစ်နိုင်ပါသနည်း။
ကိုယ့်ကုသိုလ်မျိုး၊ အထုပ်ပိုး၊ မခိုးဖြစ်နိုင်ပါသတည်း။
ပညာဝရ၊ အရှင် (ဓမ္မဒူတ၊ သိမ်ဇရပ်)။ အမြဲကောင်းလေးပါး တရားတော်
အဝေးဆုံးတရားလေးပါး
မြေကြီးနှင့်သာ၊ ကောင်းကင်ပြာ၊ ဝေးကွာပထမ။
သမုဒ္ဒရာ၊ ကမ်းနှစ်ဖြာ၊ ဝေးကွာဒုတိယ။
နေထွက်ဝင်ရာ၊ လမ်းနှစ်ဖြာ၊ ဝေးကွာတတိယ။
သူမြတ်နှင့်သာ၊ သူယုတ်မာ၊ ဝေးကွာစတုတ္ထ။
မာလာစာရ၊ ဘဒ္ဒန္တ (ညောင်ပင်သာဆရာတော်)။ ဝေးဝေးမှာ မနေပါနှင့် တရားတော်  
Posted by အေးဆက်

Friday, September 6, 2013

ဓမ္မပဒ ၃၃-၃၄ [ခုဒ္ဒကနိကာယ်]


၃ - စိတ္တဝဂ်၊ စိတ်တရားတော်များ
၁ - မေဃိယတ္ထေရဝတ္ထု

ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။
ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။
ဝါရိဇောဝ ထလေ ခိတ္တော၊ ဩကမောကတဥဗ္ဘတော။
ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။
၃၃။ လေးသမားသည် မြားကို ဖြောင့်အောင် ပြုသကဲ့သို့ ပညာရှိသည် (အာရုံတို့၌) တုန်လှုပ်၍ လျှပ်ပေါ်လော်လည်ခြင်း သဘောရှိသော
စောင့်ထိန်းရန် တားမြစ်ရန် ခက်ခဲသော စိတ်ကို ဖြောင့်အောင်ပြု၏။
၃၄။ ရေတည်းဟူသော မှီရာတည်ရာမှ ထုတ်ဆောင်၍ ကုန်း၌ ပစ်ချ ထားအပ်သော ငါးသည် တဖျပ်ဖျပ် တုန်လှုပ်သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကို ပယ်ရန် ကာမနယ်ပယ်မှ ထုတ်ဆောင်၍ ထားအပ်
သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။
 

Posted by ဉာဏ်ဦး

Wednesday, September 4, 2013

ဘဝနေဟန် တရားမှန် (၇)


နိဗ္ဗာန်ရရန် ကုသိုလ်မှန်
ဒါနမရှိလျှင် ရိက္ခာမပါသော ခရီးသွားနှင့် အလားတူ၏။
ဒါနနည်းလျှင် ရိက္ခာနည်းသော ခရီးသွားနှင့် အလားတူ၏။
သီလမရှိလျှင် ခြေကျိုးသော ခရီးသွားနှင့် အလားတူ၏။
သီလနည်းလျှင် ခြေမသန်သော ခရီးသွားနှင့် အလားတူ၏။
ဝိပဿနာမရှိလျှင် မျက်စိမမြင်သော ခရီးသွားနှင့် အလားတူ၏။
ဝိပဿနာနည်းလျှင် မျက်စိမွဲသော ခရီးသွားနှင့် အလားတူ၏။ 
ဒါနဖြစ်စေ၊ သီလဖြစ်စေ၊ ဘာဝနာဖြစ်စေ ကုသိုလ်မှန်လျှင်
မိမိတို့ ဆန္ဒပဏိဓိအားလျော်စွာ လိုရာအကျိုးကို ပေးနိုင်ရစေနိုင်
ရောက်စေနိုင်သည်သာဖြစ်ရကား၊
နိဗ္ဗာန်ကို ရောက်လို ရလိုသူမှန်လျှင်

ဒါနကို ခင်သည်၊ သီလကို ခင်သည်၊ ဝိပဿနာကို ခင်သည်။
နှစ်လုတ်စာရလျှင် စားသူရှိက တစ်လုတ်စာကို ပေးဝေနိုင် သည်သာလျှင်တည်း။
(ဒီပဲယင်းဆရာတော်ဘုရားကြီး)
Posted by  အေးဆက်

Sunday, September 1, 2013

ဓမ္မသာကစ္ဆာ (၁၄)

မရဏဿတိ
အခါတစ်ပါးတွင် မြတ်စွာဘုရားရှင်သည် ရဟန်းတော်များအား မရဏဿ
တိ ပွါးများမှုနှင့် စပ်လျဉ်း၍ မေးမြန်းတော်မူရာ ရဟန်းတော်ရှစ်ပါးက မိမိ
တို့ ပွါးများပုံကို အသီးသီးလျှောက်ထားကြလေသည်။
 

ဘုရား 
ရဟန်းတို့ ၊ သင်တို့သည် မရဏဿတိကို ပွါးများကြပါ၏လော။
ရဟန်းများ 
ပွါးများကြပါသည်ဘုရား။
ဘုရား 
အဘယ်သို့ ပွါးများကြလေသလဲ။
ရဟန်း-၁  
မိမိသည် တစ်နေ့တစ်ညဥ့်အတွင်းမှာ သေဆုံးနိုင်သည်ဟု ပွါးများပါသည်ဘုရား။
ရဟန်း-၂ 
မိမိသည်တစ်နေ့ကျော်လွန်လျှင် သေဆုံးနိုင်သည်ဟုပွါးများ
ကြောင်းပါဘုရား။
ရဟန်း-၃ 
မိမိသည် နောက်နေ့တစ်ဝက်မျှကြာလျှင် သေဆုံးနိုင်သည်ဟု ပွါးများပါသည်ဘုရား။
ရဟန်း-၄ 
မိမိသည် ဆွမ်းတစ်နပ်စားမျှလောက် ကြာသော် သေဆုံးနိုင်
သည်ဟု ပွါးများပါသည်ဘုရား။
ရဟန်း-၅ 
မိမိသည် ဆွမ်းတစ်ဝက်စားစာမျှသော အချိန်အတွင်း သေဆုံး
နိုင်
သည်ဟု ပွါးများပါသည် ဘုရား။
ရဟန်း-၆ 
မိမိသည် ဆွမ်းလေးငါးလုတ်စားပြီးပါက သေဆုံးနိုင်သည်ဟု ပွါးများပါသည်ဘုရား။
ရဟန်း-၇ 
မိမိသည် ဆွမ်းတစ်လုတ်စားပြီးလျှင် သေဆုံးနိုင်သည်ဟု ပွါးများပါသည်ဘုရား။
ရဟန်း-၈ 
မိမိသည် ထွက်သက်ဝင်သက် တစ်ရှူ  တစ်ရှိုက် တစ်စုံအပြီး၌
သေဆုံးနိုင်သည်ဟု ပွါးများ ပါသည်ဘုရား။
ဘုရား 
သင်တို့၏ လျှောက်ထားချက်အရ ဆိုပါမူ၊ ရှေ့ ရဟန်းခြောက်ပါး
သည် မရဏဿတိကို နှေးကွေးစွာ ပွါးများသည်ဟု ဆိုရမည်။
နောက် ရဟန်းနှစ်ပါးကား လျင်မြန်စွာ ပွါးများသည် မည်ပေ၏။ တိုးလျက် အားထုတ်ကြကုန်လော့။
ရဟန်းများ 
မှန်လှပါအရှင်မြတ်ဘုရား။ သာဓု သာဓု သာဓု
ကျမ်းကိုး။   ။ပညာဝရ၊ အရှင် (ဓမ္မဒူတ၊ သိမ်ဇရပ်)။ သေခြင်းတရားကို အမှတ်ရခြင်း တရားတော်။
 

Posted by အေးဆက်

Tuesday, August 27, 2013

ထေရဝါဒ ဟောဓမ္မ (၂၂)


ကုဏ္ဍလာဘိဝံသ၊ အရှင် (သဒ္ဓမ္မရံသီ ဆရာတော်)။ ပဒါနိယင်္ဂသုတ္တန် (ကြိုးစားတွင်တွင်)။ [ခုနှစ်မပါ။]
ကမ္မဋ္ဌာန်းတရား အားထုတ်ရာတွင် ကြိုးစားခြင်း၏ အရေးပါမှု၊ အခွင့်အခါကောင်း လေးခု၊ ကျင့်ကြံအားထုတ်ခြင်း သုံးမျိုးနှင့်
ဝေဒနာရှုပွါးနည်းများကို ဖေါ်ပြထားသည်။  တရားနာပါ။
ကုဏ္ဍလာဘိဝံသ၊ အရှင် (သဒ္ဓမ္မရံသီ ဆရာတော်)။ ပဒါနိယင်္ဂသုတ္တန် (ဖြောင့်စွာစိတ်ထား)။ ၁၃၅၃။
ကမ္မဋ္ဌာန်းတရား ကျင့်ကြံအားထုတ်ရာတွင် လိုအပ်ချက်တစ်ခု
ဖြစ်သော ရိုးသားဖြောင့်မတ်ခြင်းနှင့် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန် ရရှိမည့် ပုဂ္ဂိုလ်၏ အင်္ဂါရပ်များကို ရှင်းလင်းဟောကြား ထားသည်။  တရားနာပါ။

ဆေကိန္ဒ၊ ဒေါက်တာ အရှင် (ဓမ္မဒူတ၊ မှော်ဘီ)။ တစ်သက်လုံးနေ တတ်အောင်။ [ခုနှစ်မပါ။]
ဝိပဿနာဉာဏ်နှင့်ပတ်သက်၍ ပေါ်လွင်အောင် ဖေါ်ပြရာတွင် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ သတိတရား၊ ဝိပဿနာဉာဏ် ရရှိခြင်းနှင့် အတားအဆီးများစသည်တို့ကို ဟောကြားထားသည်။  တရားနာပါ။
ဆေကိန္ဒ၊ ဒေါက်တာ အရှင် (ဓမ္မဒူတ၊ မှော်ဘီ)။ ဝိပဿနာအစ ဝိပဿနာအဆုံး အလုပ်ပေး တရားတော်။ မှော်ဘီ၊ ၁ နိုဝင်ဘာ ၂ဝဝ၁။
သမထယာနိကနှင့် ဝိပဿနာယာနိက ပုဂၢိဳလ္မ်ား၊ ဝိပဿနာ
ဆိုသည္မွာ၊ ဝိပဿနာ၏ အလုပ္၊ ဝိပဿနာ အစနှင့် အဆုံး
စသော တရားများပါဝင် သည်။  တရားနာပါ။
ဇနကာဘိဝံသ၊ အရှင် (မဟာဂန္ဓာရုံ ဆရာတော်)။ ကံနှင့် ကံအကျိုး တရားတော်။ [ခုနှစ်မပါ။]
သံသရာဟူသည်၊ ကမ္မပစ္စယသတ္တိ၊ ကောင်းသော ကံအကျိုး
အတွက် လိုအပ်သည့် အချက်များ (ဂတိ၊ ကာလ၊ ဥပဓိရုပ်၊ ဝီရိယ၊ အသိအလိမ္မာ) စသည်တို့ကို ရှင်းလင်းဟောကြားထား သည်။  တရားနာပါ။
ဇနကာဘိဝံသ၊ အရှင် (မဟာဂန္ဓာရုံ ဆရာတော်)။ လူအများ သိသင့်
သော ကျောင်းအလှူ။ [ခုနှစ်မပါ။]

သံဃိကကျောင်းလှူခြင်း၏ အကျိုး၊ ကျောင်းအလှူရှင်နှင့်
ကျောင်းနေ
သံဃာများ၏ တာဝန်နှင့် ကထိန်သင်္ကန်း ကပ်လှူ
ခြင်းနှင့် စပ်လျဉ်းသော တရားများပါရှိ၏။  တရားနာပါ


Posted by ဉာဏ်ဦး၊ အေးဆက်