Wednesday, March 25, 2015

ဓမ္မသုတ (၄၉)



နိဗ္ဗာန်တူစွာ ပဒုမ္မာကြာ
ပဒုမ္မာကြာသည် ရေ ဖြင့် မလိမ်းကျံသကဲ့သို့ နိဗ္ဗာန်သည် အလုံးစုံသော ကိလေသာတို့ ဖြင့် လိမ်းကျံခြင်း မရှိချေ။
နိဗ္ဗာန်တူပေ ရေ
ရေသည် ပင်ပန်းခြင်း၊ ခြောက်ကပ်ခြင်း၊ မွတ်သိပ်ခြင်း၊ နေပူခြင်း
တို့ ဖြင့် နှိပ်စက်အပ်ကုန်သော လူနှင့်သားကောင် တို့၏ မွတ်သိပ်ခြင်းကို ပယ်ဖျောက်နိုင်သည်။

ထို့အတူ နိဗ္ဗာန်သည် ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ တည်းဟူသော မွတ်သိပ်ခြင်းတို့ကို ပယ်ဖျောက်တတ်၏။
ရေသည် အေးမြသကဲ့သို့ ပူလောင်ခြင်းကို ငြိမ်းစေသကဲ့သို့  နိဗ္ဗာန်သည် အေးမြ၏။ အလုံးစုံသော ကိလေသာ ပူလောင်မှု များကို ငြိမ်းစေတတ်၏။
စာကိုး။ မိလိန္ဒပဉှာပါဠိတော်၊ ဝေဿ န္တရဝဂ်၊ နိဗ္ဗာနရူပသဏ္ဍာနပဉှာ။
Posted by အေးဆက်

No comments:

Post a Comment