Saturday, July 27, 2013

ထေရဝါဒ ဟောဓမ္မ (၁၉)


သီလက္ခန္ဓာဘိဝံသ၊ ဘဒ္ဒန္တ (တိပိဋကဓရ မော်ကျွန်း ဆရာတော်)။ ပယ်သတ်သင့်တာ ပယ်သတ်ပါ။ စင်္ကာပူ၊ ၁၄ ဧပြီ ၂ဝ၁၃။
လောကဓမ္မ အဖွဲ့အစည်းတစ်ခု ညီညွတ်မှု ရှိရေးအတွက်
ရှောင်
ကြဉ်ရမည့် အချက်လေးချက်၊ ပယ်သတ်သင့်သည့် အရာများ_တဏှာ၊ မာန၊ မိစ္ဆာဒိဋ္ဌိ_သဿ      တနှင့် ဥစ္ဆေဒဒိဋ္ဌိ၊ အာယတန တစ်ဆယ့်နှစ်ပါး၊ နန္ဒီရာဂနှင့် နီဝရဏတရား ငါးပါးတို့ကို ရှင်း လင်းဟောကြားထားသည်။  တရားနာပါ။
သီလက္ခန္ဓာဘိဝံသ၊ ဘဒ္ဒန္တ (တိပိဋကဓရ မော်ကျွန်း ဆရာတော်)။ ဘဝသံသရာ တိုစေပါ။ စင်္ကာပူ၊ ၁၃ ဧပြီ ၂ဝ၁၃။
သံသရာတိုစေသော နည်းလမ်းများကို ထင်ရှားပေါ်လွင်အောင်
ဟောကြားထားပြီး ဝိပဿ      နာကျင့်စဉ်နှင့် သက္ကာယဒိဋ္ဌိဖြုတ် နည်းတို့ကိုလည်း ဟောကြားထားသည်။  တရားနာပါ။
သူရိယ၊ ဦး (ရွှေမန်း ဆရာတော်)။ ငရဲကြီးရှစ်ထပ် ဥပမာပြ သစ္စာ တရားတော်။ ရန်ကုန်၊ ၂၅ ဒီဇင်ဘာ ၂ဝဝ၇။
ငရဲကြီးရှစ်ထပ် အကြောင်းကို ပေါ်လွင်အောင် ရှင်းလင်းဖေါ်ပြ
ရာတွင် အမည်၊ သက်တမ်း၊ ခံစားရသော ဒုက္ခများနှင့်ကျရခြင်း
အကြောင်းရင်းတို့ပါရှိ၏။ ထို့ပြင် ငရဲကျခြင်းမှရှောင်ဖယ်နည်း
နှင့်
မီးခုနစ်မီး အကြောင်းတို့ကိုလည်း ဟောကြားထားသည်။ တရားနာပါ။
သူရိယ၊ ဦး (ရွှေမန်း ဆရာတော်)။ ဘုရားမှာသော စကားသုံးခွန်း။ လန်ဒန်၊ ၁၉ မေ ၂ဝဝ၇။
မြတ်ဗုဒ္ဓနှင့် သုဘရဟန်းတို့၏ ဆွေးနွေးစကား၊ ဒုလ္လဘတရား
လေးပါး၊ ဗုဒ္ဓမြတ်စွာ၏ နောက်သို့ လိုက်ပါနိုင်ရန် လိုအပ်သော လက်နက်ကိုးခု၊ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းသမိုင်း သို့မဟုတ် မိုး ကုတ် ဆရာတော်ဘုရားကြီး ဦးဝိမလက မြတ်စွာဘုရား၏ အမှာစကား သုံးခွန်းအား စကားလုံးပေါင်း သုံးရာသုံးဆယ့်သုံး လုံးတို့ဖြင့် အကျယ်ဖန်တီးခြင်းစသည့် တရားများပါရှိသည်။  တရားနာပါ။
သောဘဏ၊ အရှင် (ရွှေမင်းဝံ ဆရာတော်)။ ဒွေသဟာယက ဝတ္ထု။ [ခုနှစ်မပါ]
ရဟန်းမိတ်ဆွေနှစ်ပါးတို့၏ ဇာတ်ကြောင်းကို ပြဆိုလျက် တရားအားထုတ်ရာတွင် သတိတရား၏ အရေးပါမှုကို
ဖေါ်ပြထားပြီး ကမ္မဋ္ဌာန်းဆရာ၏ ညွှန်ကြားချက်အတိုင်း လိုက်နာကျင့်ကြံကြရန်ကို
လည်း အကြံပေးဟောကြားထား သည်။  တရားနာပါ။
သောဘဏ၊ အရှင် (ရွှေမင်းဝံ ဆရာတော်)။ သောတာပန်ဖြစ်ရန် အကြောင်းလေးတန်။ ၁၃၇၁။
သောတာပန်၏ ထူးခြားချက်၊ သောတာပန်ဖြစ်ကြောင်း အင်္ဂါ
လေး
ပါး၊ သူတော်ကောင်းနှင့် သူယုတ်မာတို့၏ လက္ခဏာ များစသည့် တရားတို့ပါရှိ၏။  တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

Wednesday, July 24, 2013

ဓမ္မပဒ ၂၉ [ခုဒ္ဒကနိကာယ်]


၂ - အပ္ပမာဒဝဂ်၊ မမေ့လျော့ခြင်း တရားတော်များ
၆ - ဒွေသဟာယကဘိက္ခုဝတ္ထု

အပ္ပမတ္တော ပမတ္တေသု၊ သတ္တေသု ဗဟုဇာဂရော။
အဗလဿံ     ဝ သီဃေဿာ    ၊ ဟိတွာ ယာတိ သုမေဓသော။
၂၉။ လျင်မြန်သော မြင်းသည် ခွန်အားနည်းသော မြင်းကို ချန်ထား၍ သွားသကဲ့သို့ မေ့လျော့သူ အပေါင်းတို့တွင် မမေ့လျော့သော ပညာရှိ သည်(မေ့လျော့သူကို) ချန်ထား၍သွား၏။ သတိလွတ်ကင်း နိုးကြားခြင်း
မရှိသူ အပေါင်းတို့တွင် သတိပွားများ နိုးကြားသူသည်(သတိလွတ်ကင်း
နိုးးကြားခြင်း မရှိသူများကို) စွန့်ထား၍ သွား၏။
 

Posted by ဉာဏ်ဦး

Thursday, July 18, 2013

ထေရဝါဒဟောဓမ္မ (၁၈)


ဉာဏောဘာသ၊ အရှင် (သဇင်ရေကျော် ဆရာတော်)။ ဇာနတော ပသတော။ [ခုနှစ်မပါ]
"ဝါသီဇတ သုတ္တန်" ကို ကိုးကားလျက်၊ အာသဝေါတရားတို့ကို အဆင့်ဆင့်ပယ်ပုံကို ရှင်းလင်းဟော ကြားထားသည်။ တရားနာပါ။
ဉာဏောဘာသ၊ အရှင် (သဇင်ရေကျော် ဆရာတော်)။ ပင့်ကူနေ နည်း ပမာမှီး။ [ခုနှစ်မပါ]
ကမ္မဋ္ဌာန်းနှစ်မျိုး၊ တရားအားထုတ်ရာတွင် ပင့်ကူ၏ အပြုအမူကို မည်သို့ အတုယူရမည့် အကြောင်းကို ဖေါ်ပြဟောကြားထား သည်။  တရားနာပါ။
နာဂိန္ဒာလင်္ကာရ၊ အရှင် (မင်းကွန်းဓမ္မစေတီ ဆရာတော်)။ တရားနာ ရသော အကျိုး။ ရေး၊ ၁၃၇၁။
ဗုဒ္ဓ၏ ဂုဏ်တော်တစ်ဆယ့်သုံးခု ပါရှိသည့် ဘုရားရှိခိုးနှင့် တရားနာ ရသော အကျိုးငါးမျိုးတို့ကို ဖေါ်ပြဟောကြားထား သည်။  တရားနာပါ။
နာဂိန္ဒာလင်္ကာရ၊ အရှင် (မင်းကွန်းဓမ္မစေတီ ဆရာတော်)။ သာသနာ့
ရေသောက်မြစ်။ မော်လမြိုင်၊ ၁၃၇၁။

စနေနေ့ ဖွားဗုဒ္ဓ လေးဆူ၊ သာသနာသုံးရပ်၊ ဘုန်းကြီးကျောင်း ပညာ သင်ရေး၊ သာသနာကွယ်ခြင်း အကြောင်းငါးပါး၊ ဒါနနှင့် ဓါရဏပရိတ် ရွတ်ဆိုခြင်းနှင့် သက်ဆိုင်သောမေးခွန်းများအား
ဖြေကြားချက်စသည်တို့ ပါဝင်၏။  တရားနာပါ။
ဝိဇယ၊ အရှင် (မူလဓမ္မ ဆရာတော်)။ အမှားဆုံးနှင့် အမှန်ဆုံးတရား။ [ခုနှစ်မပါ]
တရားသဘောကို ရှုကြည့်နည်းကို ရှင်းပြထားသည်။ တစ်ဖန်
ကျေးဇူးရှင် ဆယ်ဦး၊ ကျေးဇူးဆပ်ခြင်း၊ အမြင်မှန်၊ အမှားဆုံးနှင့် အမှန်ဆုံးတရားတို့ကို လယ်သမားညီနောင်ဇာတ်ကြောင်း ဥပမာပြဖြင့် ဟောကြားထားသည်။  တရားနာပါ။
ဝိဇယ၊ အရှင် (မူလဓမ္မ ဆရာတော်)။ အဝိဇ္ဇာနှင့် ဝိဇ္ဇာ။ အမရပူရ၊ ၁၃၆၈။
ဝိဇ္ဇာနှင့် အဝိဇ္ဇာတို့ကို ထင်ရှားပေါ်လွင်အောင်ဖေါ်ပြထားပြီး၊ သစ္စာလေးပါးကိုလည်း ဟောကြား ထားသည်။  တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

Tuesday, July 16, 2013

ဓမ္မသုတ (၂၇)

ဆင်းရဲချမ်းသာကျင့်လေးဖြာ
 

(၁) ယခုရောနောင် ပါဆင်းရဲစေသော အကျင့်
မကောင်းမှုကို မကောင်းမှန်းသိလျက်ပြုသော အကျင့်မျိုးဖြစ် သည်။ ကိုယ်ရောစိတ်ပါ ပင်ပန်းမှုဖြစ်ရပြီး မကောင်းကျိုးလည်း
ရရှိ၏။ မကျင့်သင့်သော အကျင့်ဖြစ်သည်။ ယင်း အကျင့်သည် အဆိပ်ထည့်ထားသော ဘူးခါးရည်ကို သောက်ခြင်းနှင့် တူ သည်။ သောက်စဉ်တွင် အနံ့အရသာမကောင်း၊ေ
သာက်ပြီး သည့်နောက်မှာလည်း သေရ၏။
(၂) ယခုချမ်းသာ နောင်ဆင်းရဲစေသော အကျင့်
မကောင်းမှုကို သိလျက်၊ ကိလေသာ တိုက်တွန်းသဖြင့်
ပျော်ရွှင်စွာပြုလုပ်ခြင်းဖြစ်သည်။ ရှောင် သင့်သော အကျင့်ပင်။ ဤအကျင့်သည်၊ အနံ့ အရသာကောင်းပြီး အဆိပ်ပါသော
ဖျော်ရည် ကိုသောက်သုံးခြင်းနှင့် တူသည်။ သောက်စဉ်က
သောက်၍ ကောင်းသော်လည်း၊ သောက်ပြီး သည့်နောက် အဆိပ်တက်သေရသည်။
(၃) ယခုဆင်းရဲပြီး နောင်ချမ်းသာသော အကျင့်
ကောင်းမှုကို ပြုရမည်ဟု သိသော်လည်း မပြုလုပ်ချင်သော
ကြောင့် ငြိုငြင်ပင်ပန်းစွာနှင့် ပြုလုပ် သည်။ အကျိုး အနည်း အများကွာခြားသည့်တိုင် ကောင်းကျိုးကိုမူ ရစေသည်။ သုခ မျိုးစေ့ဖြစ်စေသော အကျင့်ဖြစ်သည်။ နေထိုင်မကောင်းသူ
ဆေးခါးရည် သောက်ခြင်းနှင့် တူသည်။ သောက်စဉ်တွင် ဆင်းရဲပင်ပန်းသော်လည်း နောင်အခါ ရောဂါပျောက်ကာ ချမ်းသာရာရသကဲ့သို့ဖြစ်သည်။
(၄) ယခုရောနောင်ပါ ချမ်းသာစေသော အကျင့်
တရားအကျင့်ကို ကျင့်သင့်သည့် အကောင်းဆုံးအကျင့်ဟု မှတ်ယူ၍ပျော်ရွှင်စွာ စိတ်ပါလက်ပါ ကျင့်ကြံအားထုတ်ခြင်းဖြစ် သည်။ ကောင်းကျိုးချမ်းသာကို ရစေမည့် အကျင့်ဖြစ်သည်။ စတုမဓုဖျော်ရည် သောက်သုံးခြင်းနှင့် တူသည်။ အဝင်ကောင်း ပြီး အားအင်ပြည့်ဖြိုးစေသည်။
ပညိဿ     ရ၊ ဒေါက်တာအရှင်။ ခုရောနောင်ပါ ချမ်းသာတဲ့ အကျင့် တရားတော်။
 

Posted by အေးဆက်

Monday, July 15, 2013

ဓမ္မပဒ ၂၈ [ခုဒ္ဒကနိကာယ်]


၂ - အပ္ပမာဒဝဂ်၊ မမေ့လျော့ခြင်း တရားတော်များ
၅ - မဟာကဿ     ပတ္ထေရဝတ္ထု
ပမာဒံ အပ္ပမာဒေန၊ ယဒါ နုဒတိ ပဏ္ဍိတော။
ပညာပါသာဒမာ ရုယှ၊ အသောကော သောကိနိံ ပဇံ။
ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ၊ ဓီရော ဗာလေ အဝေက္ခတိ။
၂၈။ ပညာရှိသည် မေ့လျော့မှုကို မမေ့လျော့မှုဖြင့် ပယ်ဖျောက်၏။ စိုးရိမ်မှု ကင်းသော ရဟန္တာသည် ဒိဗ္ဗ္ဗစက္ခုဟု ဆိုအပ်သော ပညာပြာ သာဒ်ထက်သို့ တက်၍ စိုးရိမ်မှုရှိသော သတ္တဝါအပေါင်းကို ရှုကြည့် ၏။ တောင်ထိပ်၌ တည်သော သူသည် မြေပြင်၌ တည်သော သူတို့ကို ရှုကြည့်သကဲ့သို့ ပညာရှိရဟန္တာသည် (ပုထုဇဉ်) သူမိုက်တို့ကို ရှုကြည့်၏။
 
Posted by ဉာဏ်ဦး

Tuesday, July 9, 2013

ထေရဝါဒ ဟောဓမ္မ (၁၇)


မာလာစာရ၊ ဘဒ္ဒန္တ (ညောင်ပင်သာဆရာတော်)။ ပဋိစ္စသမုပ္ပါဒ် တရားတော်။ စင်္ကာပူ၊ ၅ မေ ၂ဝ၁၃။
အဘယ်ကြောင့် ဝိပဿ      နာ တရားအားထုတ်ရန် လိုအပ်
ကြောင်းကို ရှင်းပြထားသည်။ ထို့ပြင် နိဗ္ဗာန်ကို မရရှိစေ
သောအကြောင်း ဒိဋ္ဌိ၊ နိဗ္ဗာန်၏ သဘာဝ၊ အို နာ သေခြင်းတို့ 
၏ လက်သည် တဏှာ၊ သံသရာ သုံးမျိုး၊ တရားနာကြားသင့်
သော အကြောင်းရင်းနှင့်
အဝိဇ္ဇာနှင့် သင်္ခါရ တရားတို့ကိုလည်း
ဟောကြား ထားသည်။  တရားနာပါ။
မာလာစာရ၊ ဘဒ္ဒန္တ (ညောင်ပင်သာဆရာတော်)။ ဝေးဝေးမှာ မနေပါနှင့်။ စင်္ကာပူ၊ ၆ မေ ၂ဝ၁၃။
အဝေးဆုံးလေးခု၊ ရုပ်နှင့် နာမ်ကို ရိုးရိုးရှုကြည့်ခြင်း၊ ကုသိုလ်
နှင့် အကုသိုလ်တို့၏ နှိုင်းယှဉ်ချက်စသော တရားများ ကို
ဖေါ်ပြဟော
ကြားထားသည်။  တရားနာပါ။
အဂ္ဂဉာဏ၊ ဦး (ကန်ဘဲ့ဘုရားလေးကျောင်း)။ သမုတိအရာ မပယ် အပ်သော ရှစ်ချက် (ပထမပိုင်း)။ ရန်ကုန်၊ ၁၆ ဩဂုတ် ၂ဝဝ၅။
သမုတိကိုအဘယ်ကြောင့်မပယ်အပ်ကြောင်း၊ သမုတိ အရာ တွင် မပယ်အပ်သော အချက်များအနက် ဟိရိ ဩတ္တပ္ပနှင့် ကံနှင့် ကံ၏ အကျိုးတို့ကို ရှင်းပြချက်များပါရှိသည်။  တရားနာပါ။
အဂ္ဂဉာဏ၊ ဦး (ကန်ဘဲ့ဘုရားလေးကျောင်း)။ သမုတိအရာ မပယ် အပ်သော ရှစ်ချက် (ဒုတိယပိုင်း)။ ရန်ကုန်၊ ၁၇ ဩဂုတ် ၂ဝဝ၅။
သမုတိအရာတွင် မပယ်အပ်သော ကျန်ရှိသည့် အချက်ခြောက် ခု_၁။ ဒါန၊ ၂။ ပဉ္စာနန္တရိယကံ၊ ၃။ ခင်ပွန်းကြီးဆယ်ပါး၊ ၄။ ပုဗ္ဗေနိဝါသ ဉာဏ်၊ ၅။ ပညတ်၊ ၆။ မေတ္တာ တို့ကို ရှင်းလင်း
ဟောကြားထား
သည်။  တရားနာပါ။
ဣန္ဒာစာရာဘိဝံသ၊ အရှင်။ နတ်တမန်များ တိုက်တွန်းထား။ သရက် ကုန်း၊ ၂ဝ မတ် ၂ဝဝ၄။
နတ်သုံးမျိုး၊ ငရဲကျလာသူအား ယမမင်း၏ စစ်ဆေးချက်ကို
ဒေဝဒူတ
သုတ္တန်ကို ကိုးကားလျက် ဖေါ်ပြဟောကြား ထား သည်။  တရားနာပါ။
ဣန္ဒာစာရာဘိဝံသ၊ အရှင်။ အများချမ်းသာ သပ္ပူရိသာ။ လှည်းကူး၊ ၁၁ ဇန္နဝါရီ ၂ဝဝ၄။
သပ္ပူ ရိသသုတ္တန်ကို အကိုးအကားပြုကာ သူတော်ကောင်းကို
အမှီပြု ပြီးလူအများ(မိဘ၊ ဇနီး၊ သားသမီး၊ အစေအပါး၊ အလုပ်
သမား၊ မိတ်ဆွေ၊ ကွယ်လွန်ကြကုန်သော မိဘဆွေမျိုးများ၊
ရှင်ဘုရင် သို့မဟုတ် အုပ်ချုပ်သူ၊ နတ်များ၊ ရဟန်းနှင့် ပုဏ္ဏား) ကြီးပွါးချမ်းသာ ကြရပုံများကို ဟောကြားထားသည်။  တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

Sunday, July 7, 2013

ဓမ္မသုတ (၂၆)


မင်းဆင်အင်္ဂါလေးပါး
နားထောင်သတ်ဖြတ်၊ ရိုက်အပ်သည်းခံ၊ သွားတတ်ပြန်ရာ၊ အင်လေးဖြာ၊ ပြည့်ပါမင်းဆင်ဖြစ်သတည်း။
(၁) ဆင်ထိန်းပြောဆို၊ စကားကိုသာ၊ သွေမကွာ လိုက်နာလေ သတည်း။
(၂) စစ်မြေပြင်မှာ၊ တွေ့ ကြုံလာငြား၊ ရန်သူများ၊ မထားသတ် ပစ်လေသတည်း။
(၃) စစ်မြေပြင်မှာ၊ ရိုက်နှက်လာငြား၊ ဒဏ်ချက်များ၊ အောင့် ထားသည်းခံလေသတည်း။
(၄) ဆင်ထိန်းစေရာ၊ အရပ်ကိုသာ၊ ဆင်ဟာလျင်စွာသွား သတည်း။
မင်းဆင်ပမာ ကျင့်ဖို့ ပါ
မင်းဆင်ပမာ၊ သာသနာတွင်၊ ကျင့်နိုင်လျှင်က၊ မြတ်ဓမ္မ၊ ရအပ်လေသတည်း။
(၁) ဘုရားဟောဆို၊ စကားကိုသာ၊ သွေမကွာ၊ လိုက်နာ ရပေသည်။
(၂) စစ်တိုက်ဖို့ ရာ၊ ကိလေသာရန်၊ အမှန်ပယ်သတ်နိုင်
ရမည်။

(၃) မကောင်းစကား၊ ဝေဒနာများ၊ အောင့်ထားသည်းခံနိုင် ရမည်။
(၄) နိဗ္ဗာန်သို့သာ၊ လျင်မြန်စွာ၊ သွားတတ်ပါရမည်။
ကုဏ္ဍလာဘိဝံသ၊ အရှင် (သဒ္ဓမ္မရံသီဆရာတော်)။ တရားဆောင်ပုဒ် များ။ စုစည်းသူ မအေးမြင့်။
 

Posted by အေးဆက်

Saturday, July 6, 2013

ဓမ္မပဒ ၂၆-၂၇ [ခုဒ္ဒကနိကာယ်]


၂ - အပ္ပမာဒဝဂ်၊ မမေ့လျော့ခြင်း တရားတော်များ
၎ - ဗာလနက္ခတ္တဝတ္ထု
ပမာဒမနုယုဉ္ဇန္တိ၊ ဗာလာ ဒုမ္မေဓိနော ဇနာ။ 
အပ္ပမာဒဉ္စ မေဓာဝီ၊ ဓနံ သေဋ္ဌံဝ ရက္ခတိ။
မာ ပမာဒမနုယုဉ္ဇေထ၊ မာ ကာမရတိသန္ထဝံ။
အပ္ပမတ္တော ဟိ ဈာယန္တော၊ ပပ္ပေါတိ ဝိပုလံ သုခံ။
၂၆။ ပညာမဲ့၍ မိုက်သော သူတို့သည် မေ့လျော့မှုကို အားထုတ်ကြ
ကုန်၏။ ပညာရှိသည်ကား မမေ့လျော့ခြင်းကို အမြတ်ဆုံး ဥစ္စာကဲ့သို့
စောင့်ရှောက်၏။
၂၇။ ထို့ကြောင့် သင်တို့သည် မေ့လျော့မှုကို အားမထုတ်ကြကုန်လင့်။ ကာမတို့၌ မွေ့လျော်မှုဟု ဆိုအပ်သော တဏှာနှင့် အကျွမ်းဝင်မှုကို အားမထုတ် ကြကုန်လင့်။ အဘယ့်ကြောင့်ဆိုသော် မမေ့မလျော့ (သမထ၊ ဝိပဿ နာဈာန် နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်တတ်သော
သူသည် မြတ်သော (နိဗ္ဗာန်) ချမ်းသာသို့ ရောက်နိုင်သောကြောင့် တည်း။
 
Posted by ဉာဏ်ဦး

Thursday, July 4, 2013

ဘဝနေဟန် တရားမှန် (၆)

တစ်ခဏတာဘဝမှာ
 

ပုထုဇဉ်တို့သည် ဘဝမှာ တစ်ခဏတာသာ ရှည်ကြာကြောင်းကို သတိ မပြုမိတတ်ကြချေ။ တဏှာ ဦးစီး မှုဖြင့် မိမိထက်သန်ရာကို ပြုလုပ်ရင်း အချိန်များစွာကို ကုန်လွန်စေခဲ့ကြလေသည်။ တစ်ဘဝတာ အချိန်ပိုင်း ကိုလည်း အတိုင်းအဆမရှိ နေကြရတော့မည့် ပုံစံမျိုးနှင့် ဖြစ်သည်။
ရောဂါ အပြင်းအထန်ဖြစ်၍ သော်လည်းကောင်း၊ သက်တမ်းစေ့၍သော်
လည်းကောင်း သေတော့မည်ဆိုမှဖြင့် အသက်ရှင်လိုကြသည်။ အသက်ရှည်လိုစိတ်ပိုမိုပြင်းပြ လာတတ်ကြသည်။ ထိုအချိန်ကာလတွင်
မှ မိမိတို့အတွက် နေရချိန် မကျန်ပြီကို သိလာတတ်ကြသည်။ တစ်ဘဝ ဆိုသည်မှာ တစ်ခဏတာလေးပါလား ဟုလည်း သတိမူလာ မိတတ်ကြ သည်။

လူတို့၏ နှစ်ငါးဆယ်သည် စတုမဟာရာဇ်နတ်ပြည်တွင် တစ်ရက်သာ ရှိသည်။ စတုမဟာရာဇ်နတ်စကားအရ ယနေ့မွေး၊ နက်ဖန် အကုန်သေ ကြရမည် ဖြစ်သည်။ တာဝတိံသာနတ်တို့နှင့် နှိုင်းယှဉ်သော် လူသက်
နှစ်တစ်ရာသည် ထိုဘုံဋ္ဌာန၌ တစ်ရက်ဖြစ်သည်။ ယနေ့မွေး၊ ယနေ့
သေမည့် သဘောပင်။ လူ့ ပြည်သို့ တစ်နေ့ခရီး အလည်လာသည်နှင့် တူတော့၏။ အထက်အထက်သော နတ်ပြည်များအတွက်ကား လူ့ တစ်သက်မှာ စက္ကန့်ပိုင်းမျှသာ ရှိသည်။ ဗြဟ္မာပြည်တွင် ဆိုပါမူ လူတို့၏ သက်တမ်းမှာ ရေတစ်ပွက်၊ ပွက်စာလောက်သာ တည်တံ့လေသည်။  


စင်စစ်၊ သက်တမ်း နှစ်ရှစ်ဆယ်၊ တစ်ရာ နေရစေဦးတော့၊ လူ့တစ်ဘဝ တာသည် အလွန်တရာ တိုတောင်း လှပါသည်။ သို့ ဖြစ်၍၊ တစ်ရက်ကို တစ်သက်စာလုံးအဖြစ် တန်ဖိုးထားအပ်ပေသည်။ နံနက် နိုးထလာ
လေတိုင်း၊ ဦးစွာပြုလုပ်ရမည့် အလုပ်မှာ ဘုရား၊ တရား၊ သံဃာရတနာ သုံးပါးနှင့် တွေ့ဆုံခြင်း၊ တစ်နည်း၊ ရှိခိုးပူဇော် ကျင့်ကြံအားထုတ်ခြင်း အမှုပင်တည်း။

သာသနာကြောင့်သာ လူ့ဘဝအားရှိဖွယ်ရာ ဖြစ်နေခြင်းဖြစ်သည်။
မြတ်ဗုဒ္ဓက"တရားအားမထုတ်ဘဲ၊ အနှစ်တစ်ရာ အသက်ရှင်ရခြင်း
ထက် တရားအားထုတ်ကာ၊ တစ်ရက်တာ အသက်ရှင်ရခြင်းက ပိုမို
မြင့်မြတ်သည်" ဟု မိန့်ကြားတော်မူခဲ့သည်။ သို့ဆိုလျှင် သင်ဘာလုပ် မည်နည်း။

Posted by အေးဆက်

Monday, July 1, 2013

ဓမ္မသာကစ္ဆာ (၁၂)


လောကုတ္တရာဂုဏ်ရည်
 

တစ်ခါသော် အနာထပိဏ်သူဌေးကြီးသည် ဘုရားရှင်ထံ မျက်ရည် လည်ရွဲနှင့် ရောက်ရှိလာခဲ့သည်။ အပြင်းအထန် မကျန်းမမာဖြစ်နေ
သော သမီး သုမနဒေဝီက မိမိအား "မောင်လေး" ၊ သူ့ကိုယ်သူ "မမ" ဟုသုံးနှုန်းပြောဆိုအပြီးတွင် ကွယ်လွန်သွားပုံ ဖြစ်ကြောင်းကုန်စင်ကို
လျှောက်ထားလေသည်။
 

ဘုရား
သူဌေးကြီး၊ တကယ်တော့ သင့်သမီးဟာ ကယောင်ကတမ်းနဲ့
ယောင်ယမ်းပြီး လျှောက်ပြောနေတာ မဟုတ်ပါဘူး။
သူဌေး
ဒါဆို ဘာဖြစ်လို့ တပည့်တော်ကို "မောင်လေး" လို့ ခေါ်ရတာ ပါလဲဘုရား။
ဘုရား
သင်က သင့်သမီးထက်ငယ်လို့ ကို "မောင်လေး" လို့ ခေါ်ပေ တာပဲ။ သင်က သောတာပန်၊ သူက သကဒါဂါမ်၊ သင့်ထက် သင့်သမီးက မဂ်ဖိုလ်လောကုတ္တရာဂုဏ်အားဖြင့် ကြီးတယ်
လေ။
လောကီနယ်မှာ သင်ဘယ်လိုပဲ ဖခင်အဆင့်မှာရှိစေ၊
လောကုတ္တရာ နယ်မှာတော့
မောင်လေးအဆင့်ပဲ ရှိပါသေး တယ်။ ဒါကြောင့် သင့်ကို "မောင်လေး" လို့ ခေါ်လိုက်တာပါ။
သူဌေး
သဘောပေါက်ပါပြီဘုရား။ အခု သူဘယ်ဘုံဘဝ ရောက်နေ ပါသလဲဘုရား။
ဘုရား
တုသိတာနတ်ပြည်မှာ ရောက်နေပေတယ် သူဌေးကြီး။
သူဌေး
တပည့်တော်ရဲ့ သမီးဟာ အသက်ရှင်စဉ်မှာလဲ မိဘဆွေမျိုး
တွေရဲ့ အလယ်မှာ တင့်တယ်ထည်ဝါစွာ စိတ်ချမ်းသာ
ပျော်ရွှင်မှုအပြည့်နဲ့ နေသွားခဲ့ပါတယ်။ အခု သေသွားပြီးတဲ့
နောက်မှာလဲ တင့်တယ်ထည်ဝါတဲ့ ဘုံမှာ စိတ်ချမ်းသာ
ပျော်ရွှင်စွာနဲ့ နေနေရပါပြီဘုရား။
ဘုရား
ဟုတ်ပေတာပေါ့။ မမေ့တဲ့သူ အပ္ပမာဒတရား လက်ကိုင်ထား တဲ့ သူမှန်သမျှဟာ ဒီပစ္စုပ္ပန်ဘဝမှာလဲ စိတ်ချမ်းသာပျော်ရွှင်ရ တယ်။ နောင်တမလွန်ဘဝမှာလဲ စိတ်ချမ်းသာပျော်ရွှင်ရတယ်။
"ဒီဘဝမှာ ငါကောင်းမှုပြုထားပြီးပြီ" ဆိုတဲ့အတွေးနဲ့ ဝမ်းသာရ
သလို နောင်ဘဝမှာ ကောင်းရာ သုဂတိ ရောက်ရတဲ့ အတွက်
ပိုပြီး ဝမ်းသာရပါတယ်။
သူဌေး
မှန်လှကြောင်းပါ အရှင်မြတ်ဘုရား။
သာဓု သာဓု သာဓု
ကျမ်းကိုး။ ။ဆန္ဒာဓိက၊ အရှင် (ရွှေပါရမီတောရ)။ အနှိုင်းမဲ့ရနံ့။ ဒုကြိမ်။ ၂၀၀၅။
 

Posted by အေးဆက်