Saturday, April 28, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၅)


စုန်ရေနဲ့ ဆန်ရေ တရားတော် / အရှင် ပဏ္ဍိတ (ဒွိပိဋကဓရ၊ မဏိရတနာ ဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၉၊ ၂ဝဝ၅။
ကုသိုလ်သည် ဆန်ရေ၊ အကုသိုလ်သည် စုန်ရေနှင့် တူပုံကို ရှင်းလင်းထားပြီး ဆန်ရေ စုန်ရေ နှစ်မျိုးစလုံးမှ လွတ်မြောက်
စေ
ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်းငှါ ကြိုးကုတ် အား ထုတ်ကြရန် အကြံပေးဟောကြားထားသည်။  တရားနာပါ။
တစ်နပ်ဆွမ်းနှင့် အမြတ်စခန်း / အရှင် ပညာနန္ဒ (သီတဂူကြယ်) မကွေး၊ စက်တင်ဘာ ၂၁၊ ၂ဝဝ၆။
သတ္တ၀ါများ အပေါ် မြတ်စွာဘုရား စောင့်ရှောက်ပုံ၊ ဒါနမပြုမီ မိမိကိုယ်ကိုမိမိ မေးမြန်းရမည့် မေးခွန်းများ၊ ပုဏ္ဏာ အမည်ရှိ ကျွန်မလေး၏ အဖြစ်အပျက်ကို ညွှန်းဆိုကာ ဒါန၏ စွမ်းရည်
ကိုဖေါ်ပြ
ချက် စသည် များပါဝင်သည်။  တရားနာပါ။
ထိနမိဒ္ဓ၏ ကောက်ကျစ်လှည့်စားတတ်ပုံ / ဦး ဝိမလ(မိုးကုတ်ဆရာ
တော်
) မန္တလေး၊ ဇန္နဝါရီ ၁၉၊ ၁၉၅၉။
သမာဓိနှင့် ထိန-မိဒ္ဓကွာခြားချက်နှင့် ထိန-မိဒ္ဓသည် ကောက်
ကျစ်လှည့်စားတတ်ပုံတို့ကို ရှင်းလင်းဟော ကြားထားပြီး နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ခြင်းငှါ သမာဓိနှင့် ထိန-မိဒ္ဓတို့ကို တသီး တခြား ဖြစ်စေကာ သတိ သမာဓိနှင့် ဝီရိယတို့ကို ယှဉ်တွဲစေ လျက်
အားထုတ်ကြရန်ကို အကြံပေး ဟောကြားထားသည်။  တရားနာပါ။
ပန်းပန်မှ လှမယ် () / အရှင် သုဇာတ (မေတ္တာအေးဆရာတော်) မင်းဘူး၊ ဇန္နဝါရီ ၂၃၊ ၂ဝဝ၉။
ဗုဒ္ဓအလိုကျ အလှပြင်နည်း၊ ဒါနကုသိုလ်သုံးမျိုး၊ သီလကုသိုလ် သုံးမျိုးနှင့် ဘာဝနာကုသိုလ်လေးမျိုး ပါဝင်သော ကုသိုလ်ဆယ် မျိုး စသည့်တရားများကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ပန်းပန်မှ လှမယ် () / အရှင် သုဇာတ (မေတ္တာအေးဆရာတော်) မင်းဘူး၊ ဇန္နဝါရီ ၂၃၊ ၂ဝဝ၉။
မြတ်စွာဘုရားနှင့် သုမနဒေဝီတို့၏ အပြန်အလှန်ပြောဆိုသော စကားကို အထောက်အထားပြုလျက် ဒါနပြုသူနှင့် ဒါနမပြုသူ ပုဂ္ဂိုလ်နှစ်ဦးတို့သည် နတ်ပြည်၊ လူ့ဘဝ၊ ရဟန်းဘဝနှင့် နိဗ္ဗာန် အသီးသီးသို့ရောက်ရှိသည့် အခါများတွင်ရရှိခံစားရမည့်အကျိုး
ကျေးဇူးကွာခြားချက်များ၊ သီလစောင့်ထိန်းခြင်း
၏ ကောင်းကျိုး
နှင့် သီလကျိုးပျက်ခြင်း၏ ဆိုးကျိုးများ၊ သမထနှင့် ဝိပဿနာ ဘာဝနာ၊ ဝိပဿနာ
ကျင့်စဉ် အကျဉ်း စသော တရားများကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ဘာသာရေးနှင့် အနေဝေးနေခဲ့သော် () / အရှင် ကုမာရ (ဓမ္မဓရ) မန္တလေး၊ ၁၃၇ဝ။
တရားနာရခြင်း၏ ရည်ရွယ်ချက်၊ သတိ သမာဓိနှင့် ပညာတို့ ထားရှိခြင်းဖြင့် ထိုက်တန်သော တရား နာယူမှု ဖြစ်စေရေး၊ နိဗ္ဗာန်၏ အဓိပ္ပါယ်၊ နိဗ္ဗာန်ရရှိမည့် အချိန်နှင့် အဘယ်ကြောင့် ဘာသာရေးနှင့် အနေဝေးရကြောင်းစသည်တို့ကို ဖေါ်ပြဟော
ကြား
ထားသည်။  တရားနာပါ။
ဘာသာရေးနှင့် အနေဝေးနေခဲ့သော် (ဒု) / အရှင် ကုမာရ (ဓမ္မဓရ) မန္တလေး၊ ၁၃၇ဝ။
မပြစ်မှားသင့်သော ပုဂ္ဂိုလ်ဆယ်ဦးနှင့် ယင်းပုဂ္ဂိုလ်များအား ပြစ်
မှားခြင်း၏ ရလဒ်များကို ဟောကြား ထားသည်။
  တရားနာပါ။
မူလနှစ်ဖြာလင်္ကာ ရှင်းတမ်း တရားတော် / အရှင် ပဏ္ဍိတ (ဒွိပိဋကဓရ၊ မဏိရတနာဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၉၊ ၂ဝဝ၅။
အခက်ခဲဆုံးနှင့် အရှုပ်ထွေးဆုံးသော ပဋိစ္စသမုပ္ပါဒ်၊ သံသရာမှ လွတ်မြောက်ကြောင်းကို သိရှိနိုင်ရန် မှတ်သားထား ရမည့် ပဋိစ္စသမုပ္ပါဒ် လင်္ကာ၏ အစိတ်အပိုင်း ရှစ်ခုကို တစ်ခုချင်း ထင် ရှားပေါ်လွင်အောင် ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ဝိပဿနာ ရှုပွားနည်း အလုပ်သင် တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၁၇၊၁၉၅၉။
တရားအားထုတ်နေစဉ်တွင် သတိနှင့် ပညာတို့ဖြင့် ပေါ်လာ
သမျှကို ရှုကြည့်ကြရန်၊ ယထာဘူတ၊ နိဗ္ဗိန္ဓနှင့် မဂ်ဥာဏ်၊ တဏှာသည် အပ်ချုပ်သမားပမာ ဒုက္ခအစနှင့် ဒုက္ခအဆုံး ဟူသော ဒုက္ခနှစ်ခုကို ချုပ်စပ်ပေးပုံ စသည့်တရားများကို ရှင်းလင်းဟောကြားထားသည်။ 
တရားနာပါ။
အမြတ်စားအလှု ရအောင်ယူ / အရှင် ပညာနန္ဒ (သီတဂူကြယ်) မန္တလေး၊ ၁၃၇၁။
အရှင်မဟာကဿပနှင့် ဆင်းရဲသူမလေး ဆာလာတို့ကို ကိုးကားလျက် အလှူဒါန သုံးမျိုး၊ အရှင်မဟာကဿပ၏ ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များနှင့်အတူ အကောင်းဆုံး လှူဒါန်းနည်းစသော တရားများကို ဟောကြားထားသည်။  တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, April 21, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၄)


ကိစ္စ္စဉာဏ် တရားတော် သုဗြဟ္မနတ်သားဥပမာပြ / ဦး ဝိမလ (မိုးကုတ် ဆရာတော်) အမရပူရ၊ ဇန္နဝါရီ ၄၊ ၁၉၅၉။
သစ္စာဉာဏ် ရရှိခြင်း၊ ကိစ္စဉာဏ် ဟူသည်၊ ကိစ္စဉာဏ်၏ အရေးပါမှုကို "သုဗြဟ္မာနတ်သား" ဇာတ်ကြောင်း ဥပမာပြဖြင့်
ဟောကြားချက်များ ပါဝင်သည်။
  တရားနာပါ။
ကြီးမြတ်သောအောင်ပွဲ / ဒေါက်တာအရှင် ကောဝိဒ (မဇ္ဈိမဂုဏ်ရည်) ရန်ကုန်၊ ဒီဇင်ဘာ ၃၁၊ ၂ဝဝ၇။
ခန္ဓာ ရရှိခြင်းနှင့် သံသရာတွင် ကျင်လည် ရခြင်းတို့၏ အကြောင်း တရား_တဏှာ အကြောင်းကို ရှင်းလင်းထား ပြီး လောကီကိစ္စ အဖြာဖြာဖြင့် ဘဝတစ်သက်တာအချိန် ကို ဖြုန်းတီးနေမည့်အစား သတိပဋ္ဌာန်တရားကို ကျင့်ကြံ အားထုတ်ကြရန် အကြံပြုဟောကြားထားသည်။  တရားနာပါ။
တစိမ်းတွေပါလား တရားတော် / အရှင်ပုညာနန္ဒ၊ ရန်ကုန်၊ ဩဂုတ် ၂၂၊ ၂ဝဝ၅။
အနတ္တလက္ခဏာ ငါးပါး ရှုမှတ်ပုံကို လမ်းညွှန် ရှင်းလင်းဟော ကြားထားသည်။   တရားနာပါ။
ဓါတ်ပုံရိုက်လျက် အလှပြင် (၁) / ဘဒ္ဒန္တတေဇောသာရ (ပဲခူး) မန္တလေး၊ ၁၃၇ဝ။
ဒေဝဒတ်နှင့် စန္ဒာထေရီဘိက္ခုနီမတို့ကို ဥပမာပေးကာပစ္စုပ္ပန် 
နှင့် အနာဂတ် ဘဝများကောင်းမွန် စေခြင်းငှါ ကာယကံ ဝစီကံ မနောကံ တည်းဟူသော ကံသုံးပါးကို ပြုပြင်နေထိုင်ကြရန် အကြံပေး ရှင်းလင်းဟောကြားထားသည်။
  တရားနာပါ။
ဓါတ်ပုံရိုက်လျက် အလှပြင် (၂) / ဘဒ္ဒန္တတေဇောသာရ (ပဲခူး) မန္တလေး၊ ၁၃၇ဝ။
အကြောင်းကံနှင့် အကျိုးတို့ကို ရှင်းလင်းဟောကြားထားပြီး မိမိ ကိုယ်ကို ဒါန သီလ ဘာဝနာတို့ဖြင့် အလှဆင်ကြရန်ကိုလည်း သီလဝဇာတ်ကြောင်းကို ကိုးကားလျက် တိုက်တွန်းဟောကြား ထားသည်။  တရားနာပါ။
ဗုဒ္ဓဘာသာဆိုတာ လူသား ပဓာန / ဦး ကဝိဒဇဇောတိ (ကောင်းဆုဝေ) မင်းတုန်း၊ အောက်တိုဘာ ၁၆၊ ၂ဝ၁ဝ။
ဗုဒ္ဓဘာသာ၏ ပဓါန၊ ကံ၏ သဘောသဘာဝ၊ ဘဝနေနည်းနှင့် စိတ်ကိုနာစေခြင်း စသည်များကို ရှင်းလင်း ဟောကြားထား သည်။  တရားနာပါ။
မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်း / ဦး ကဝိဒဇဇောတိ (ကောင်းဆုဝေ) မင်းတုန်း၊ အောက်တိုဘာ ၁၆၊ ၂ဝ၁ဝ။
ဗုဒ္ဓဘာသာ၏ တာဝန်၊ မိမိကိုယ်မိမိအားကိုးခြင်း၊ အလယ်လမ်း
နှင့် ယင်း၏ အကျိုးကျေးဇူး၊ သံသရာ၏ အစနှင့် အဆုံး၊ မိမိပုံစံ
ကွယ်ပျောက်သည် အထိ ရှုမှတ်ခြင်း စသော တရားများ ပါရှိ သည်။  တရားနာပါ။
သုခမဟုတ်တဲ့ ဒုက္ခ တရားတော် / အရှင်ပုညာနန္ဒ၊ ရန်ကုန်၊ ဩဂုတ် ၂၃၊ ၂ဝဝ၅။
ချမ်းသာအတု (ဝေဒယိကသုခ)နှင့် ချမ်းသာစစ် (သန္တိသုခ)တို့ ကို ပေါ်လွင်ထင်ရှားအောင် ရှင်းလင်း ဟောကြားထား သည်။  တရားနာပါ။
သစ္စညဏ် မရခဲ့၍ သံသရာရှည်ခဲ့ပုံ တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) အမရပူရ၊ ဇန္နဝါရီ ၃၊ ၁၉၅၉။
သံသရာ မည်ကဲ့သို့ ရှည်ကြာခဲ့ရသည့်အကြောင်းကို ပြည့်စုံစွာ ရှင်းလင်းဖေါ်ပြ ဟောကြားထားသည်။  တရားနာပါ။
အခွင့်အရေး (-) / ဒေါက်တာအရှင် ကောဝိဒ (မဇ္ဈိမဂုဏ်ရည်) ရန်ကုန်၊ ၁၃၆၈။
ဗုဒ္ဓဘုရား သက်ရှင်စဉ်ကာလ၏ နောက်ဆုံး ရဟန္တာဖြစ်သော သုဘဒ္ဒကို ဥပမာပြုလျက် လူ့ဘဝကို ရရှိခိုက် အခွင့်အရေး အဆုံးရှုံးမခံဘဲ လောကီလောကုတ္တရာ နှစ်ဖြာအကျိုးအတွက်
ဆောင်ရွက်ကြရေး အကြံပေး ဟောကြားထားသည်။ 
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, April 14, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၃)


ခန္ဓာရထား သံသရာသွား / ဦး အဂ္ဂဉာဏ (ကန်ဘဲ့ဘုရားလေးကျောင်း) ရန်ကုန်၊ ဩဂုတ် ၁၃၊ ၂ဝဝ၅။
ပဋိစ္စသမုပ္ပါဒ် အဘယ်ကြောင့် လည်ပတ်ရကြောင်း၊ ခန္ဓာသည် တဏှာခေါင်းတွဲဖြင့် မောင်းယူသွားကာ ဇာတိ ဇရာ ဗျာဓိ မရဏ တည်းဟူသော ဘူတာများသို့ ဆိုက်ရောက်သည့် ရထားကြီးနှင့် မည်ကဲ့သို့ တူညီပုံများကို ဖေါ်ပြထားသည်။ ထို့ ပြင်၊ မအိုမနာမီ
ဝေဒနာနှင့် တဏှာအကြားတွင် မဂ်ဉာဏ် သွင်းနိုင်ခြင်းငှါ အား ထုတ်ကြရန်ကိုလည်း အကြံပြု ဟောကြားထားသည်။
တရားနာပါ။
ဂတိငြိမ်းမှ နိဗ္ဗန်ရ တရားတော် () / အရှင် သုနန္ဒ္ဒ (ဓမ္မရံသီဆရာတော်) စက်တင်ဘာ ၁၄၊ ၂ဝဝ၄။
နိဿယပစ္စည်းနှင့် ပတ်သက်ပြီး ဟောကြားရာတွင် မှီရာဝတ္တု အပေါ်မူတည်ကာ ကုသိုလ်နှင့် အကုသိုလ်တရားတို့ဖြစ်ပေါ်ပုံ ကို တရားသံ နားထောင် ရုံမျှဖြင့် နတ်သားများ ဖြစ်ကြရကုန်
သော လင်းနို့သား ငါးရာနှင့် စန္ဒောဝါဒသုတ္တန် တို့ကို ကိုးကား
ဟောကြားထားသည်။ 
တရားနာပါ။
ဂတိငြိမ်းမှ နိဗ္ဗန်ရ တရားတော် () / အရှင် သုနန္ဒ္ဒ (ဓမ္မရံသီဆရာတော်) စက်တင်ဘာ ၁၅၊ ၂ဝဝ၄။
အနိစ္စ ဒုက္ခနှင့် အနတ္တ လက္ခဏာများကို သိမြင်ခြင်း၏ အကျိုးရ လဒ်များနှင့် တကွ ၀ိပဿနာနှင့် မဂ်ဥာဏ် တို့ ၏ အမြင်ကို ရှင် ဆန္န၏ အဖြစ်အပျက်အား ကိုးကားထားသော ဟောကြားချက် စသည်များပါရှိသည်။  တရားနာပါ။
ထိုးထွင်းသိရမှာကို ထိုးထွင်းသိ ပိုင်းခြားသိရမှာကို ပိုင်းခြားသိ တရား
တော်
/ ဦး ဝိမလ (မိုးကုတ် ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၁၅၊ ၁၉၅၉။
ပဋိစ္စသမုပ္ပါဒ်၏ အစ အလယ် အဆုံးတွင် ပါရှိသည့် လက္ခဏာ များကို ပေါ်လွင်အောင် ရှင်းပြထားပြီး၊ အတိတ်နှင့် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်နှင့် အနာဂတ်စသည့် ကာလများကိုတဏှာကတွဲစပ်ပေး ထားပုံကို စေ့ငစွာ ဟောကြားထားသည်။  တရားနာပါ။
နှလုံးသွင်းမှန်မှု အရေးကြီးပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၁၄၊ ၁၉၅၉။
သစ္စာတရားကို ပိုင်းခြားသိမြင်ရန်အလို့ ငှါ ယောနိသော မနသိ
ကာရ နှလုံးသွင်းမှန်မှု အရေးကြီးကြောင်းကို ပြည့်စုံစွာ ရှင်း လင်း
ဟောကြား ထားသည်။ တရားနာပါ။
မဟာဓမ္မပါလ တရားတော် / အရှင် ဣန္ဒက (တွံတေးဆရာတော်) ရန်ကုန်၊ ၁၃၅၈။
ဓမ္မပါလ ဇာတ်တော်ကို ညွှန်းဆိုကာ ကျန်းမာ အသက်ရှည်စွာ
နေရသော အကြောင်းတရား၊ သူတော် ဒါနနှင့် မသူတော်ဒါန
တို့ကို ရှင်းလင်းဖေါ်ပြ ဟောကြားထားသည်။  တရားနာပါ။
သမထနှင့် ဝိပဿနာ တရားတော် () / ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်း ဆရာတော်) အောက်တိုဘာ ၁၊ ၂ဝဝ၂။
ဗုဒ္ဓမြတ်စွာ အခါခါမိန့် ကြားတော်မူခဲ့သော စကား၊ သေရမည်
ကို မကြောက်ရွံ့သူများ၊ သမထနှင့် ၀ိပဿနာတို့ ၏ ခြားနား

ချက်နှင့် ၀ိပဿနာတရား ကျင့်ကြံ အားထုတ်ခြင်း စသည်များ ကို ဟောကြား ထားသည်။ 
တရားနာပါ။
သမထနှင့် ဝိပဿနာ တရားတော် () / ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်း ဆရာတော်) အောက်တိုဘာ ၂၊ ၂ဝဝ၂။
ဝိပဿနာတရား နှင့် စပ်လျဉ်း၍၊ အခြေခံများ၊ အကျိုးမရှိသော အားထုတ်ခြင်း၊ အကျိုးကျေးဇူးများနှင့် အားထုတ်နည်းတို့ကို စုံ လင်စွာ ဟောကြားထားသည်။  တရားနာပါ။
အံ့ဖွယ်() ဖြာ တရားတော် / အရှင် ဣန္ဒက (တွံတေးဆရာတော်) ရန်ကုန်၊ ၁၃၅၈။
သာသနာ၏ အံ့ဖွယ်ရှစ်ဖြာ ကို သေချာစွာ ရှင်းလင်းဟောကြား ထားသည်။  တရားနာပါ။
အင်္ဂါ ၁၂ ပါး ဒိဋ္ဌိဖြုတ် (ဝက္ကလိ) / ဦး အဂ္ဂဉာဏ (ကန်ဘဲ့ဘုရားလေးကျောင်း) ရန်ကုန်၊ ဩဂုတ် ၁၄၊ ၂ဝဝ၅။
အဘယ်ကြောင့် ပဋိစ္စသမုပ္ပါဒ်ကို သိရှိရန် လိုအပ်ကြောင်း၊ ဒိဋ္ဌိဖြုတ်ခြင်း၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ တစ်ဆယ့်နှစ်ပါး၊ ဝက္ကလိ ရဟန်းအကြောင်းအကိုးအကားဖြင့် သစ္စာသိရန် အရေးကြီးပုံ အစရှိသည့် တရားများ ပါဝင်သည်။  တရားနာပါ။

Posted by  ဉာဏ်ဦး၊ အေးဆက်

Saturday, April 7, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၂)


ကောင်းမြတ်ဘဝ ယူတတ်မှ / အရှင် ဣန္ဒာစာရာဘိဝံသ၊ ဩဂုတ် ၁၃၊ ၁၉၉၆။
ပစ္စုပ္ပန်ဘဝသည် အဘယ်ကြောင့် အကောင်းဆုံး ဖြစ်ကြောင်း၊ တရားနာကြားခြင်း၏ အကျိုးကျေးဇူး များနှင့် တရားအားထုတ်
နည်း များကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ကိုယ့်ကိုကိုယ်နိုင် စွမ်းအားပိုင် / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယော ဆရာတော်)  ရန်ကုန်၊ ဒီဇင်ဘာ ၁၂၊ ၁၉၉၈။
ဘောလုံးပွဲနှင့် နှိုင်းယှဉ်ပြကာ မိမိကိုယ် မိမိအောင်နိုင်နည်း၊ ဓမ္မ၏ စွမ်းအား၊ သဒ္ဓါ သတိ ဝီရိယနှင့် ပညာမရှိသူ၏ အကျိုး ဆက်များ စသည်တို့ကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ဒုက္ခွသစ္စာ၏ ဆိုးဝါးမှုကိုရှင်းပြပုံတရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်)  အမရပူရ၊ ဒီဇင်ဘာ ၂ဝ၊ ၁၉၅၈။
ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် လည်ပတ်ပုံနှင့် ဒုက္ခသစ္စာ၏ ဆိုးဝါးမှု
တို့ကို ရှင်းလင်းဟောကြားထားသည်။ ထို့ ပြင် ဒုက္ခမှ လွတ်မြောက်ရန် တောင်းဆိုနေခြင်းထက် ပွါးများအားထုတ် အလုပ်လုပ်သော ပုဂ္ဂိုလ် ဖြစ်ရန်သာ ကြိုးကုတ်ကြဖို့  အကြောင်းတိုက်တွန်းဟောကြားထားသည်။ တရားနာပါ။
ပဋိဝေဓ အသိရောက်မှ ကိစ္စပြီးနိုင်ပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဇန္နဝါရီ ၂၊ ၁၉၅၉။
အနုဗောဓနှင့် ပဋိဝေဓ ဟူသော သစ္စာသိခြင်းနှစ်မျိုး၊ ပဋိဝေဓ အသိ ရှိစေရန် ရှိရမည့် အမြင်၊ ခန္ဓာတွင် အမြဲရှိနေသော ပဋိစ္စ သမုပ္ပါဒ် ရှစ်ပါး၊ ယင်းတို့တစ်ခုစီသည် ဒုက္ခအစု ဖြစ်ပုံရှင်းလင်း ချက်၊ ဒုက္ခသိမြင်သူ၏ ဉာဏ်အဆင့်တက်ပုံနှင့် နိဗ္ဗာန်ရှိ မရှိ စ သည့် တရားများပါဝင်သည်။ တရားနာပါ။
ဗုဒ္ဓဘာသာ သာသနာ တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) [ခှုနှစ်မပါ]
သာသနာထူထောင်ခြင်း၊ သံဃာတော်များသည် ငွေကြေးကို လှူဖွယ်ဝတ္ထု အဖြစ် လက်ခံတော်မူသင့် မသင့်၊ သင်္ဂါယနာ
တင်ခြင်းနှင့် သာသနာ့ ဆွေမျိုးဟူသည် တို့ကိုဟောကြားထား
သည်။ ထို့အတူ သာသနာတော် တည်တံ့ရေးအတွက် တတ် စွမ်းသမျှ အထောက်အပံ့ ပြုကြရန်ကိုလည်း အကြံပေးထား သည်။ တရားနာပါ။
ဗုဒ္ဓရင်နှစ် သားသမီးစစ် / အရှင် ဣန္ဒာစာရာဘိဝံသ၊ သရက်ကုန်း၊
အောက်တိုဘာ ၁၃၊ ၂ဝဝ၄။
သစ္စာတရားကို ပိုင်းခြားသိမြင်ရန် အခွင့်အလမ်းများနှင့် သိမြင်ခြင်း မရှိစေရန် တားဆီးသည့် အခြေအနေများနှင့် အတူ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပြည့်စုံစွာ ဖေါ်ပြထားသည်။ တရားနာပါ။
ဘဝနေနည်း တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) [ခှုနှစ်မပါ]
ဘဝ၏ တန်ဖိုးကို အကဲဖြတ်ခြင်း၊ နတ်ဖြစ်ရခြင်း၏ အကျိုး
ကျေးဇူးများ၊ တန်ဖိုးရှိသော
ဉာဏ်ပညာ၊ အရိယာတို့၏ သီလစောင့်ထိန်းနည်းနှင့် သံသရာမှ လွတ်မြောက်ရန် ဗုဒ္ဓ ကြိုးကုတ် အားထုတ်တော်မူပုံတို့ကို ရှင်းလင်းဟော ကြား ထားသည်။ တရားနာပါ။
သမုဒ္ဒရာ ဝမ်းတထွာ / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) ရန်ကုန်၊ ဒီဇင်ဘာ ၃၊ ၂ဝဝ၂။
စားဝတ်နေရေးအတွက် စီမံရသည်မှာ မည်မျှ ဒုက္ခရောက်
ကြောင်း၊ အကျိုးမရှိသော စားသောက်
ခြင်းနှင့် စီးပွါးရှာဖွေခြင်း၊ ဘ၀၏ အတိုချုပ်_ဓမ္မ၊ ခန္ဓာနှင့် ဥစ္စာကို ဉာဏ်ဖြင့်အသုံးပြုခြင်း စသော တရားများကို ဖေါ်ပြထားသည်။ တရားနာပါ။
သမ္မာဒိဋ္ဌိ () မျိုးတရားတော်။ / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၂၅၊ ၂ဝဝ၆။
သမ္မာဒိဋ္ဌိ ငါးမျိုး၊ ကမ္မဿကတဈာန်နှင့် ဝိပဿနာ သမ္မာဒိဋ္ဌိ တို့၏ ရှင်းလင်းချက်၊ သန္တတိ အမတ်ကြီးကို ကိုးကားလျက် ဝိပဿနာသမ္မာဒိဋ္ဌိ၏ အလုပ်ကို ဖေါ်ပြခြင်း စသည်များကို
ပြည့်စုံစွာဟော ကြားထားသည်။
တရားနာပါ။
ဣနြေ္ဒ ညှိနည်း။ / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၂၆၊ ၂ဝဝ၆။
ဒိဋ္ဌိပယ်သတ်ခြင်း၊ ဣနြေ္ဒညှိနည်းနှင့် နီဝရဏ ဖယ်ရှားခြင်းများ ကို ပေါ်လွင်ထင်ရှားအောင်ရှင်းလင်း ဟောကြားချက်များပါရှိ
သည်။
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်