Saturday, October 27, 2012

ဓမ္မသာကစ္ဆာ (၅)

 
နှလုံးသွင်းမှု
ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ သီတင်းသုံးနေတော်
မူစဉ် အရှင်မဟာကောဋ္ဌိကသည် ညချမ်းအခါ အရှင်သာရိပုတ္တရာ
ထံ ချဉ်းကပ်
၍__ 
ကော။ ငါ့ရှင်၊ သီလရှိသော ရဟန်းသည် သောတာပန်ဖြစ်လိုက    အဘယ်တရားတို့ကို နှလုံးသွင်း ရပါမည်နည်း။
သာ။ ငါ့ရှင်၊ သီလရှိသော ရဟန်းသည် ဥပါဒါနက္ခန္ဓာ ငါးပါးကို မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့စသည်ဖြင့် နှလုံးသွင်းရပါမည်။ ထိုငါးပါးကား_
() ရူပုပါဒါနက္ခန္ဓာ၊ () ဝေဒနုပါဒါနက္ခန္ဓာ၊ () သညုပါဒါနက္ခန္ဓာ၊
() သင်္ခါရုပါဒါနက္ခန္ဓာ၊ () ဝိညာဏုပါဒါနက္ခန္ဓာ တို့တည်း။ ငါ့ရှင်၊ သီလရှိသော ရဟန်းသည် ထိုငါးပါးကို မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့ စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ထိုသို့ နှလုံးသွင်းအပ်သည်
ရှိသော် သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုနိုင်ရာ၏။
ကော။ ငါ့ရှင်၊ သောတာပန်သည် သကဒါဂါမ်ဖြစ်ရန် အဘယ်တရား တို့ကို နှလုံးသွင်းအပ်ကုန် သနည်း။
သာ။ ငါ့ရှင်၊ သောတာပန်ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးပါး ကိုပင် မမြဲ၊ ဆင်းရဲ၊ အနှစ် သာရမဲ့ စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ထိုသို့ နှလုံးသွင်းအပ်သည်ရှိသော် သကဒါဂါမိဖိုလ်ကို မျက်မှောက်
ပြုနိုင်ရာ၏။
ကော။ ငါ့ရှင်၊ သကဒါဂါမ် ရဟန်းသည် အနာဂါမ်ဖြစ်ဖို့ အဘယ်တရား တို့ကို နှလုံးသွင်းအပ်ကုန် သနည်း။
သာ။ ငါ့ရှင်၊ သကဒါဂါမ် ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးပါးကို
ပင် မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့
စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ထိုသို့ နှလုံးသွင်းအပ်သည်ရှိသော် အနာဂါမိဖိုလ်ကို မျက်မှောက် ပြုနိုင်ရာ၏။
ကော။ ငါ့ရှင်၊ အနာဂါမ် ရဟန်းသည် ရဟန္တာဖြစ်ဖို့ အဘယ်တရား တို့ကို နှလုံးသွင်းအပ်ကုန်သနည်း။
သာ။ ငါ့ရှင်၊ အနာဂါမ် ရဟန်းသည်လည်း ဤဥပါဒါနက္ခန္ဓာငါးပါးကို
ပင် မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့
စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ထိုသို့ နှလုံးသွင်းအပ်သည်ရှိသော် အရဟတ္တဖိုလ်ကို မျက်မှောက် 
ပြုနိုင်ရာ၏။
ကော။ ငါ့ရှင်၊ ရဟန္တာသည် အဘယ်တရားတို့ကို ဆက်၍ နှလုံးသွင်း
အပ်ပါသနည်း။
သာ။ ငါ့ရှင်၊ ရဟန္တာသည်လည်း ဤဥပါဒါနက္ခန္ဓာငါးပါးကိုပင် မမြဲ၊ ဆင်းရဲ၊ အနှစ်သာရမဲ့စသည်ဖြင့် နှလုံးသွင်းအပ်ကုန်၏။ ငါ့ရှင်၊ ရဟန္တာအား တစ်စုံတစ်ခုသော ရဟန်းကိစ္စကို ဆက်၍ ပြုဖွယ်မရှိ၊
ပြုအပ်ပြီးသော  တရားကိုလည်း ထပ်မံပွားများဖွယ်မရှိတော့ပြီ။ စင်စစ်ကား ထိုသို့
ကြိမ်ဖန်များစွာ ပွားများအပ်သည်ရှိသော် မျက်မှောက်ဘဝ၌ ငြိမ်းအေးစွာနေရခြင်းနှင့် သတိသမ္ပဇဉ်အလို့ ငှာ ဖြစ်ကုန်၏။
ကျမ်းကိုး။ ခန္ဓဝဂ္ဂသံယုတ်၊ ဓမ္မကထိကဝဂ်၊ သီလဝန္တသုတ်။

Posted by ဉာဏ်ဦး

Saturday, October 20, 2012

ထေရဝါဒ ဓမ္မ အသံစု (၇၈)

ကိုယ့်အမှားသိမြင် ကိုယ်ပြုပြင် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ မတ် ၃၁၊ ၂ဝဝ၆။
လူတို့ အဘယ်ကြောင့် အမှားပြုလုပ်ကြကြောင်း၊ မိမိကိုယ်မိမိ အမှန် ပြင်ပုံတို့ကို ရှင်းလင်းဟောကြား ထားသည်။  တရားနာပါ။
ငါတစ်ယောက်တည်းမဟုတ် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၊ ၂ဝဝ၇။

လောကဓံတရားများဖြစ်သော အရှုံးနှင့် အနိုင်၊ ကျော်ကြားခြင်း
နှင့်
သိမ်ငယ်ခြင်း၊ ချီးမွမ်းခံရခြင်းနှင့် ကဲ့ရဲ့ခံရခြင်း၊ သုခနှင့် ဒုက္ခတို့ကို ဆီလျော်သော ဥပမာများပေးကာ ရှင်းလင်းဟော ကြားထားသည်။  တရားနာပါ။
ထာဝရတွေးထားရမယ့် ဘဝအရေးများ / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာ ဘိဝံသ (ပါ-ချုပ်၊ ITBMU)  ရန်ကုန်၊ ၁၃၆၉။
အတွေးမှန်နှင့် အမြင်မှန်တို့  အပြန်အလှန် အကျိုးသက်ရောက် မှု၊ အတွေးမှန်မှုအပေါ် ဗုဒ္ဓ၏ လမ်းညွှန်ချက်တို့ကို ဖေါ်ပြထား သည်။  တရားနာပါ။
ပဒါနိယင်္ဂသုတ္တန် (ယုံကြည်ခြင်း) / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ၁၃၅၉။
ပဒါနိယင်္ဂသုတ္တန်ကို ကိုးကားလျက်၊ တရားရကြောင်းအင်္ဂါများ၊ သဒ္ဓါအကြောင်း ရှင်းလင်းဖေါ်ပြချက်၊ ထိုင်၍ ရှုမှတ်ခြင်း၊ စင်္ကြံ 
လျှောက်ခြင်းနှင့် အထွေ
ထွေ အသေးစိပ် ရှုမှတ်ခြင်းစသည့် တရားအားထုတ်နည်း သုံးမျိုးတို့ကို ရှင်းလင်းဟောကြားထား သည်။  တရားနာပါ။
ပုဂ္ဂိုလ်ခင်မှ တရားမင် / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ အောက်တိုဘာ ၉၊ ၂ဝဝ၈။
ပူဇော်ခြင်းနှစ်မျိုး၊ သံဃိကဒါနပြုခြင်း၊ တရားဟောသူနှင့် နာသူ တို့၏ ဆက်နွှယ်မှု အရေးပါပုံနှင့် မဂ္ဂသစ္စာ၏ အလုပ်သုံးခုတို့ကို
ဖေါ်ပြဟောကြားထားသည်။
  တရားနာပါ။
ရှင်နန္ဒက ဘိက္ခုနီမငါးရာအား မီးအလင်းဖြင့် ဥပမာပြပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော်)  မိုးကုတ်၊ ဒီဇင်ဘာ ၂၊ ၁၉၅၉။
မိဘနှင့် သားသမီး တစ်ဦးနှင့် တစ်ဦး အမှန်စင်စစ် ပူပန်ရမည့် တရားသုံးမျိုး(အို နာ သေ) နှင့် ကယ်တင်နည်း (တစ်ယောက်
နှင့် တစ်ယောက် ၀ိပဿနာမဂ္ဂင်အကျင့် ကျင့်ကြံအားထုတ်ရန် တိုက်တွန်းခြင်း
) ဘိက္ခုနီမငါးရာတို့အား မီးအလင်းကို ဥပမာ
ပြပြီးဟောကြားထားသည့် အရှင်နန္ဒက၏ တရား အဆုံး
အမ စသည်တို့ပါရှိသည်။  တရားနာပါ။
ရှင်နန္ဒက ဘိက္ခုနီမငါးရာအား သစ်ပင်ဖြင့် ဥပမာပြပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော် မိုးကုတ်၊ ဒီဇင်ဘာ ၃၊ ၁၉၅၉။
စိတ်၏ အလိုဆန္ဒထက် ပညာ၏ အလိုဆန္ဒကို ဖြည့်ဆည်းကြ ရန် လမ်းညွှန်ချက်၊ ဗဟုသုတ ဓမ္မပဒ ပုဂ္ဂိုလ်နှင့် သုတဝါ
နိဗ္ဗိန္ဓိက ပုဂ္ဂိုလ်တို့ကို ရှင်းပြခြင်း၊
ဘိက္ခုနီမ ငါးရာတို့အား သစ်ပင်ကို ဥပမာထား
ကာ ဟောကြားဆုံးမတော်မူသည့် အရှင်နန္ဒက၏ တရားစကားများကို ဖေါ်ပြထားသည်။  တရားနာပါ။
သစ္စာတရားနှင့် သစ္စာစကား / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ အောက်တိုဘာ ၉၊ ၂ဝဝ၈။
သာသနာတွင်း ကုသိုလ်များ၊ မိမိကိုယ်မိမိ စောင့်ရှောက်ခြင်း
နှင့် သစ္စာလေးပါး တရားတော်များ
ပါရှိသည်။  တရားနာပါ။
အနုဂ္ဂတိတသုတ္တန် / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ၁၃၅၈။
ဝိပဿနာသမ္မာဒိဋ္ဌိကို အဆင့်မြှင့်ခြင်း၊ သီလအမျိုးအစားများ၊ မိမိတို့ကို စောင့် ရှောက်သော ကမ္မဋ္ဌာန်းတရားများ_ဗုဒ္ဓါနုဿ တိ၊ မေတ္တာ၊ အသုဘနှင့် မရဏဿတိ စသည့် တရားများ ပါ ဝင်သည်။  တရားနာပါ။
 အဘိဓမ္မာမြတ်ဒေသနာ / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ရန်ကုန်၊ ၁၃၇ဝ။  
တိပိဋကတ်၊ အဘိဓမ္မာကျမ်းများနှင့် သင်ယူခြင်းအကျိုး
ကျးဇူးများ၊ နတ်ပြည်တွင် မြတ်စွာဘုရား
အဘိ ဓမ္မာ တရားတော် ဟောကြားတော်မူခြင်း အကြောင်းတို့ကို
ဖေါ်ပြဟောကြားထားသည်။  
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

Saturday, October 13, 2012

ဓမ္မသုတ (၁၃)

ကံဓါတ်ပုံ

အမှတ်တရ၊ ဓါတ်ပုံက၊ ရိုက်ကြလူတိုင်းမှာ၊ 
ဓါတ်ပုံဆိုတာ၊ ပုံရိပ်ပါ၊ တကယ်လူတော့မဟုတ်ပါ၊
ဓါတ်ပုံဆရာ၊ ပြင်ပေးတာ၊ သေချာကျနနေလိုက်ပါ၊
ပုံကောင်းလိုချင်၊ ခန္ဓာပင်၊ ပြုပြင်နေလိုက်ပါ၊
မပြုမပြင်၊ ရိုက်ခဲ့လျှင်၊ ပုံတွင်မလှပါ၊
ပုံထွက်လာမှ၊ ဓါတ်ပုံက၊ ပြင်လို့ မရပါ။

ဗုဒ္ဓဆိုတာ၊ ဓါတ်ပုံဆရာ၊ သေချာကျနပြင်ပေးတာ၊

ဓါတ်ပုံဆိုတာ၊ ကံခေါ်တာ၊ သေချာကြည့်မှမြင်ရတာ၊
အပြင်ခံမှ၊ ဓါတ်ပုံက၊ စိတ်ချလွန်ကောင်းမှာ၊
ကိုယ်နှုတ်စိတ်ထား၊ ဤသုံးပါး၊ ပြင်သွားပုံလှမှာ၊
မပြုမပြင်၊ ရိုက်ခဲ့လျှင်၊ ပုံတွင်ရုပ်ဆိုးမှာ။

ကာယကံပြင်၊ ဓါတ်ပုံတွင်၊ လွန်ပင်လှနေမှာ၊

ဝစီကံပြင်၊ ဓါတ်ပုံတွင်၊ လွန်ပင်လှနေမှာ၊
မနောကံပြင်၊ ဓါတ်ပုံတွင်၊ လွန်ပင်လှနေမှာ၊
ဒါနနဲ့ သာ၊ ဒီခန္ဓာ၊ သေချာဆေးရောင်ခြယ်လိုက်ပါ၊
သီလနဲ့ သာ၊ ဒီခန္ဓာ၊ သေချာဆေးရောင်ခြယ်လိုက်ပါ၊
ဘာဝနာနဲ့ သာ၊ ဒီခန္ဓာ၊ သေချာဆေးရောင်ခြယ်လိုက်ပါ၊
ပုံကြီးအောင်ချဲ့ ၊ ဆေးရောင်ထည့်၊ တကယ့်လူတော်ပါ။

ဗုဒ္ဓသာသနာ၊ ကြုံရာခေတ်မှာ၊ ဓါတ်ပုံအသစ်ရိုက်ရအောင်၊

ဓါတ်ပုံရိုက်လျှင်၊ ကိုယ်ကာယကို၊ အချိုးတကျပြင်ရအောင်၊
ပုံကောင်းလိုချင်၊ အကုသိုလ်တရားကို၊ ပယ်ခွါထားလို့ ကြဉ်ကာရှောင်၊
စိတ်ဓါတ်ကိုဖြူအောင်ထားလို့ ၊ သတိပေးလို့ နေရအောင်၊
ဒါ သီ ဘာ၊ သုံးဖြာဆေးကို၊ သေချာရွေးလို့ ခြယ်ရအောင်၊
ဓါတ်ပုံဆိုတာ၊ ပုံရိပ်တစ်မျိုးမို့ ၊ အကျိုးပေးတော့ပြင်မရပေါင်၊
ပုံကောင်းမကောင်း၊ ကိုယ့်အကြောင်း၊ ပြန်ပြောင်းကြည့်ရအောင်၊
အဲဒါမှ၊ လှပပုံရိပ်၊ ဒီနိမိတ်၊ စိတ်ကြိုက်ပြင်ကာကိုယ်ရိုက်နိုင်ပေတာ။
< ဘဒ္ဒန္တ တေဇောသာရ(ပဲခူး)၏ "ဓါတ်ပုံရိုက်လျှင် အလှပြင်" တရားတော် >


Posted by  ဉာဏ်ဦး၊ အေးဆက်

Friday, October 5, 2012

ထေရဝါဒ ဓမ္မ အသံစု (၇၇)


ကဠာယမုဋ္ဌိဇာတ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊
အောက်တိုဘာ ၂၊ ၂ဝဝ၆။

ပစ္စုပ္ပန်ကာလသည် တန်ဖိုးအရှိဆုံးဖြစ်ပုံနှင့် ၀ိပဿနာတရား ကို ချက်ချင်းအားထုတ်ကြရန် တိုက်တွန်းချက်တို့ကို "ကာဠာယ မုဋ္ဌိဇာတ်" ကို ကိုးကားကာ ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ဂဝေသီသုတ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊
အောက်တိုဘာ ၃၊ ၂ဝဝ၆။

ဂဝေသီသုတ်ကို ကိုးကားလျက် ကုသိုလ်၊ အကုသိုလ်နှင့် အမြင့်ဆုံးပညာတို့ကို ရှင်းလင်းဟော ကြားထားသည်။   တရားနာပါ။
စုတိ ပဋိသန္ဓေ နိဗ္ဗာန် ရောက်ကြောင်းတရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊ နိုဝင်ဘာ ၂၇၊ ၁၉၅၉။
နိဗ္ဗာန်သို့ မျက်မှောက်ပြုစေသည့် တိုက်ရိုက်နှင့် သွယ်ဝိုက်
သော အကြောင်းများ၊ ဝေဒနာနုပဿနာ ရှုပွါးခြင်း၊ မဂ္ဂင် ရှစ်ပါး၏ အလုပ် စသည်တို့ကို
ရှင်းလင်းဟောကြားထားသည်။   တရားနာပါ။
ဗုဒ္ဓမြတ်စွာ၏ ကြီးပွါးချမ်းသာရေး တရားတော် () / အရှင် ဇနကာ ဘိဝံသ (ချမ်းမြေ့ ဆရာတော်)  ရန်ကုန် [ခုနှစ်မပါ]
ကြီးပွါးချမ်းသာကြောင်း တရား တစ်ပါးဖြစ်သည့် အကြားအမြင် ဗဟုသုတများခြင်းနှင့် စက်မှုလက်မှု အတတ်များတွင် ကျွမ်း ကျင်ခြင်းတို့ကို ၁။ ပညာရှိ ကုန်သည်တစ်ဦး၊ ၂။ ဗောဓိမင်း၏ ပညာရှိလက်သမားနှင့် ၃။ ကျောက်တုံးများဖြင့် အရာဝတ္ထုများ ကို ပစ်ပေါက်ကာ ပုံသဏ္ဍာန်အမျိုးမျိုး ဖေါ်ရာတွင်ကျွမ်းကျင်သူ တစ်ယောက်တို့၏ အကြောင်းများကို ဥပမာပြပြီးရှင်းလင်းဟော
ကြားထားသည်။    တရားနာပါ။
ဗုဒ္ဓမြတ်စွာ၏ ကြီးပွါးချမ်းသာရေး တရားတော် () / အရှင် ဇနကာ ဘိဝံသ (ချမ်းမြေ့ ဆရာတော်)  ရန်ကုန် [ခုနှစ်မပါ]
ကြီးပွါးချမ်းသာကြောင်းတရား သုံးမျိုးဖြစ်သည့်_၁။ကျင့်ဝတ်နှင့် အညီ နေနည်းထိုင်နည်း ပြောဆိုနည်းများကို အချိုးကျကျ ဆရာ့ထံတွင် နည်းနာခံယူခြင်း၊ ၂။ ဟုတ်မှန် အကျိုးရှိပြီး ကြားရသူတို့ကို စိတ်ချမ်းမြေ့စေသည့်စကားကို ပြောဆိုခြင်း
နှင့် ၃။ မိခင်နှင့် ဖခင်တို့ကို ရိုသေစွာ ပြုစုလုပ်ကျွေးခြင်းတို့
ကို

ရှင်းလင်းဟောကြားထားသည်။   
တရားနာပါ။
သက္ကပဥှသုတ် အဆက် တရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်း ဆရာတော်) ဆင်ဖြူကျွန်း၊ ဇူလိုင် ၂၄၊ ၁၉၉ဝ။
သတိပဋ္ဌာန်ဘာဝနာမဂ်၊ ၀ိပဿနာကျင့်စဉ်တွင် လိုအပ်သော
အဓိပတိ၊ အန္တရာယ်များကို ဖိတ်ခေါ် တတ်သည့် ဣဿာနှင့် မစ္ဆရိယ စသည်တို့ကိုဖေါ် ပြထားသည်။    တရားနာပါ။
သက္ကပဥှသုတ် အဆုံးသတ် တရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်း ဆရာတော်) ဆင်ဖြူကျွန်း၊ ဇူလိုင် ၂၄၊ ၁၉၉ဝ။
ဣဿာနှင့် မစ္ဆရိယတို့  ဖြစ်ကြောင်းတရားများ၊ ချစ်ခြင်းနှင့် မုန်းခြင်း၊ ဆန္ဒနှင့် ၀ိတက်၊ ပပဉ္စတရား (တဏှာ၊ ဒိဋ္ဌိ၊ မာန)၊ ဆန္ဒ၊ ၀ိတက်နှင့် ဝေဒနာ အမျိုးအစားများ၊ ဝေဒနာရှုပွါးခြင်း တို့ကို ဟောကြား ထားသည်။    တရားနာပါ။
အရှုံးမရှိသော ဒဿန (ဓမ္မဓိဋ္ဌာန် ဘာသာရွေးနည်း) / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။
မှန်ကန်သော ဘာသာတရားကို ရွေးချယ်ခြင်း၊ ဘုရား တရား
နှင့် သံဃာ ရတနာသုံးပါးကို ကိုးကွယ်ခြင်းတို့ကို ဟောကြား ထားသည်။   တရားနာပါ။
အာသဝေါတရားလေးပါး တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊ ဒီဇင်ဘာ ၄၊ ၁၉၅၉။
ဒုက္ခများကိုဆက်ကာဖြစ်စေသည့် အာသဝေါတရားလေးပါး အကြောင်းကို ဖေါ်ပြထားပြီး ဣနြေ္ဒညှိခြင်း (၀ီရိယနှင့်သမာဓိ၊ သဒ္ဓါနှင့်ပညာ၊ သတိ)ကို "သောနရဟန်း "အား ဥပမာထား၍ ရှင်းလင်းဟောကြားထားသည်။   တရားနာပါ။
အန္ဓသုတ် / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။
လူ့ ဘ၀တိုတောင်းပုံ၊ မရှိမဖြစ်လိုအပ်သော ပညာ၊
သူကန်း
နှစ်မျိုး၊ သူတော်ကောင်းဖြစ်ကြရန် အကြံပေးချက်၊
သောတာပန်၏ အင်္ဂါရပ်များစသည့် တရား
များကို ဖေါ်ပြ
ဟောကြားထားသည်။ အကိုးအကားမှာ
"အန္ဓသုတ္တန်"
ဖြစ်သည်။
  တရားနာပါ။
   
Posted by  ဉာဏ်ဦး၊ အေးဆက်