Saturday, August 25, 2012

ထေရဝါဒ ဓမ္မ အသံစု (၇၄)


လာလမ်းသာ၍ ပြန်လမ်းဖြောင့်ပါစေ () / အရှင် ကုမာရ (ဓမ္မဓရ) ဝက်လက်၊ ၁၃၇ဝ။
လူဟူသည်၊ သေဆုံးပြီးနောက် ရောက်ရှိနိုင်သည့် လားရာဂတိ ငါးမျိုး၊ စိတ်ဓါတ်အဆင့်အတန်းကို ထိန်းချုပ်ထားသည့် စိတ် များနှင့် ပုဂ္ဂိုလ်အမျိုးအစားစသောတရားများပါရှိသည်။ တရားနာပါ။
လာလမ်းသာ၍ ပြန်လမ်းဖြောင့်ပါစေ (ဒု) / အရှင် ကုမာရ (ဓမ္မဓရ) ဝက်လက်၊ ၁၃၇ဝ။
လူတိုင်းရင်ဆိုင်ရမည့် ဒုက္ခခုနစ်မျိုးနှင့် လူသားအားလုံးလုပ်
ဆောင်သင့်သည့် ကုသိုလ်ဆယ်မျိုးတို့ကို ရှင်းလင်းဟော ကြားထားသည်။
တရားနာပါ။
ဝိပဿနာလမ်းမှ နိဗ္ဗာန်သွားနိုင်ပုံ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ မတ် ၂၃၊ ၁၉၅၉။
ဇရာသည် ခိုးသူအလား နေ့ စဉ် ခန္ဓာမှ ခိုးယူနေပုံ၊ ဉာဏ်နှင့် ကံ နုံ့သူများအတွက် နိဗ္ဗာန်ရောက်ကြောင်း လိုရင်းတိုရှင်း ကျင့်စဉ်နှင့်အတူ ပစ္စုပ္ပန်ဘဝတွင် နိဗ္ဗာန်ကို မျက်မှောက်ပြု
နိုင်ခြင်းမရှိရသည့် အကြောင်းရင်း စသည်တို့ ပါရှိသည်။
တရားနာပါ။
ဝဲသြဃ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊ ဒီဇင်ဘာ ၅၊ ၁၉၅၉။
အာသဝတရားနှင့် စပ်လျဉ်းပြီး အမျိုးအစားများ ဖြစ်စေသော
အကြောင်း
(အဝိဇ္ဇာ)၊ ထူးခြားများပြားခြင်း၊ အကျိုးသက်ရောက် မှု၊ ချုပ်ငြိမ်းကြောင်းနှင့် ချုပ်ငြိမ်းစေသည့်ကျင့်စဉ်စသည်တို့ကို ရှင်းလင်းဟောကြား ထားသည်။ တရားနာပါ။
အပျော်ဆုံးနေ့ () / အရှင် သုဇာတ (မေတ္တာအေးဆရာတော်) မကွေး၊ ဇန္နဝါရီ ၇၊ ၂ဝဝ၈။
အကောင်းဆုံးပျော်ရွှင်ခြင်း၊ ကုသိုလ်၏ကောင်းကျိုးများနှင့် အကုသိုလ်၏ ဆိုးကျိုးများ၊ မိဘများက သားသမီးများအား ထိန်းသိမ်းခြင်း၏ အရေးပါမှုစသည်ဖြင့် ပါရှိ၏။ တရားနာပါ။
အပျော်ဆုံးနေ့ () / အရှင် သုဇာတ (မေတ္တာအေးဆရာတော်) မကွေး၊ ဇန္နဝါရီ ၇၊ ၂ဝဝ၈။
သားသမီးသုံးမျိုး၊ မိမိကိုယ်မိမိ အလှဆင်ခြင်း၊ "ဓမ္မိကဥပါ
သကာ
" ဇာတ်ကြောင်းကိုးကားချက်ဖြင့် မြတ်သောသေခြင်း တို့ကို ရှင်းလင်းဖေါ်ပြထားသည်။
တရားနာပါ။
အဖိုးတန်စကားသုံးခွန်း / အရှင် ပညာနန္ဒ (သီတဂူကြယ်) ရန်ကုန်၊ မတ် ၂၅၊ ၂ဝဝ၆။
နတ်တို့ သေဆုံးခါနီးတွင်ပြသော နိမိတ်လက္ခဏာများ သေဆုံး
တော့မည့် နတ်အား အခြားနတ်များ၏
အဖိုးတန် မှာကြားချက် သုံးခုနှင့်တကွ၊ ယင်းမှာကြားချက်နှင့် စပ်လျဉ်းပြီး ဗုဒ္ဓနှင့်ရဟန်း ငယ်တစ်ပါးတို့၏ ဆွေးနွေးစကားများကို ရှင်းလင်းဟောကြား ထားသည်။ တရားနာပါ
အမေ့မေတ္တာ သားလိမ္မာ ()() / အရှင် ပညာနန္ဒ (သီတဂူကြယ်) မကွေး၊ ဒီဇင်ဘာ ၂၆၊ ၂ဝဝ၇။
သတ္တဝါများအပေါ် မြတ်စွာဘုရားစောင့်ရှောက်တော်မူပုံ၊ ဒါန မပြုလုပ်မီ မိမိကိုယ်မိမိ မေးမြန်းရမည့် မေးခွန်းများနှင့် ကျွန်မ
လေး
"ပုဏ္ဏာ" ၏ ဝတ္ထုကို ကိုးကားလျက် ဒါန၏ စွမ်းအား အကြောင်းစသည်တို့ကို ဖေါ်ပြထားသည်။ တရားနာပါ။() ()
အရှုံးထဲကအမြတ် တရားတော် / အရှင် ပဏ္ဍိတ (ဒွိပိဋကဓရ၊ မဏိရတနာဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၁၁၊ ၂ဝဝ၅။
"ကန္တမာတ" ဇာတ်ကြောင်းကို အကိုးအကားပြုကာ ဒါန သီလ ဘာဝနာ ပြုလုပ်ရုံမျှနှင့် ကျေနပ်၍ မနေကြဘဲ အကျိုးရှိသော ဘဝ ဖြစ်စေရေးအတွက် ဝိပဿနာတရားအားထုတ်ကြရန် အကြံပေး ဟောကြားထားသည်။ တရားနာပါ။
အဝိဇ္ဇာနှင့် တဏှာ လင်္ကာရှင်းတမ်း တရားတော် / အရှင် ပဏ္ဍိတ (ဒွိပိဋကဓရ၊ မဏိရတနာဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၁၁၊ ၂ဝဝ၅။
သဿတဒိဋ္ဌိ ငါးဆယ့်ငါးခုနှင့် ဥစ္ဆေဒဒိဋ္ဌိ ခုနစ်မျိုးတို့ ပါဝင်
သော ဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးတို့ကို ဖေါ်ပြထားပြီး မိုးကုတ်၏ အဝိဇ္ဇာနှင့် တဏှာလင်္ကာကို
ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။

Posted by  ဉာဏ်ဦး၊ အေးဆက်

Saturday, August 18, 2012

ဓမ္မသုတ (၉)


ဝိပဿနာ
ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာရှု၍ ဖြစ်သနည်း။
စွဲလမ်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
ဘယ်အကျိုးငှာ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရ ပါသနည်း။
မစွဲဖို့ရာ၊ ဖြစ်ဆဲမှာ၊ မှန်စွာရှုရ ပါသတည်း။

ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။
မြဲတယ်ကောင်းတယ်၊ ငါကောင်နှယ်၊ တကယ်ထင်တတ်သည်။
ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။
မမြဲဆင်းရဲ၊ သဘောပဲ၊ ဉာဏ်ထဲရှင်းတော့သည်။
စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။
ဝိပဿနာရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။
<ဦးသောဘန (မဟာစည်ဆရာတော်) ၏ ဝိပဿနာ အခြေခံတရားတော်>

ဓမ္မစကြာ တရား
ကာမချမ်းသာ၊ သုံးဆောင်တာ၊ ပယ်ခွါရှောင်ရမည်။
မသုံးဆောင်ဘဲ၊ ကိုယ်ဆင်းရဲ၊ ဒါလဲရှောင်ရမည်။
စိတ်အလိုကျ၊ လွှတ်ထားက၊ ကာမသုခါ နုယောဂါ။
ပင်ပန်းရုံမျှ၊ အားထုတ်က၊ အတ္တကိလမထာ နုယောဂါ။
သစ္စာမမြင်၊ မဂ္ဂင်မပါ၊ လေ့ကျင့်ကာဖြင့်၊ ချမ်းသာမြဲမည်၊
ယုံကြည်ဆုံးဖြတ်၊ ယူဆမှတ်၊ သီလဗ္ဗတပင်။
အစွန်းနှစ်သွယ်၊ လမ်းမှားပယ်၊ အလယ်လမ်းမှန် ဖြစ်ပေသည်။
လမ်းမှန်ကိုလျှောက်၊ ဉာဏ်မြင်ပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။

ကိုယ်အမူရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာသိရမည်။
စိတ်အမူရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာသိရမည်။
ကောင်းဆိုးလတ်ပါ၊ ဝေဒနာ၊ မှန်စွာသိရမည်။
သဘောတရား၊ ထင်ပေငြား၊ ပိုင်းခြားသိရမည်။
<ဦးသောဘန (မဟာစည်ဆရာတော်) ၏ ဓမ္မစကြာ တရားတော်ကြီး>

Posted by  ဉာဏ်ဦး၊ အေးဆက်

Saturday, August 11, 2012

ထေရဝါဒ ဓမ္မ အသံစု (၇၃)


တရားဟောပုဂ္ဂိုလ်နှင့် တရားနာပုဂ္ဂိုလ်တို့ လိုက်နာရမည့် ကျင့်စဉ် တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) မန္တလေး၊ မတ် ၂ဝ၊ ၁၉၅၉။
ပစ္စုပ္ပန်ဘဝတွင် နိဗ္ဗာန်ကို ဧကန်မျက်မှောက်ပြု စေနိုင်သော ကျင့်စဉ်တရားကို ဖေါ်ပြဟောကြားထားသည်။   တရားနာပါ။
တွေ့ကြုံ ဆုံကွဲ / ဦး ကဝိဒဇဇောတိ (ကောင်းဆုဝေ) မင်းတုံး၊ နိုဝင်ဘာ ၁၄၊ ၂ဝ၁ဝ။
ပညာရှိနှင့် ပညာတတ်တို့၏ ခြားနားချက်၊ သမလောဘနှင့် ဝိသမလောဘ_ လောဘနှစ်မျိုး၊ သုခလေးခု၊  သေခြင်းကို
တွေးတောခြင်း၊ ဘဝ၏ သဘာဝ၊ သက္ကာယဒိဋ္ဌိ ပယ်သတ်ခြင်း စသည်တို့ကို ရှင်းလင်းဟောကြားထားသည်။   တရားနာပါ။
ဘဝအဆင့်အတန်း () () / ဘဒ္ဒန္တတေဇောသာရ (ပဲခူး) မန္တလေး၊ ၁၃၇ဝ။
မိမိတို့၏ ဘဝအဆင့်အတန်းကို မည်သို့ တိုင်းတာရမည့်
အကြောင်းနှင့် အများအကျိုးဆောင်ရွက်ခြင်း၊ ကုသိုလ်ကောင်း မှု ပြုခြင်းနှင့် ဝိပဿနာတရား အားထုတ်ခြင်းများကို ပြုလုပ် သည့် အဆင့်အတန်းမြင့်သော လူသားဖြစ်စေရန် တိုက်တွန်း ချက်တို့ကို "သေလထေရအပါဒါန်" ကို ကိုးကားလျက် ဟော ကြားထားသည်။  တရားနာပါ။()  ()
ဘယ်လိုနေမလဲ၊ ဘယ်လိုသေမလဲ / ဦး ကဝိဒဇဇောတိ (ကောင်း ဆုဝေ) ဘေးပေါက်ရွာ၊ ဇန္နဝါရီ ၆၊၂ဝ၁ဝ။
ဝိပဿနာတရားသည် နေရာတိုင်းတွင် ရှိနေပုံ၊ ဘဝနှင့် ဝိပဿနာတို့ကို ထပ်တူကျစေခြင်း၊ စိတ္တာနုပဿနာနှင့်
သေနည်း
(ဝေဒနာ
နုပဿနာ) တို့ကို ဟောကြားထားသည်။   တရားနာပါ။
ဘယ်သူတွေ ကြောက်နေလဲ / ဘဒ္ဒန္တတေဇောသာရ (ပဲခူး) ပဲခူး၊ ဩဂုတ် ၁၉၊ ၂ဝဝ၉။
မဟာသုတသောမဇာတ်နှင့် မဟာတုံတိလဇာတ်တို့ကို ကိုးကားကာ၊ သေခြင်းကိုကြောက်သူနှင့် မကြောက်သူ၊
သေခြင်းလေးမျိုး၊ ကုသိုလ်နှင့် အကုသိုလ်တို့၏ တည်ရာ၊ အသေမကြောက်ခြင်း၏ အကြောင်း၊ ရုတ်တရက်သေဆုံး
ရသူ
(ဥပစ္ဆေဒကကံ) တွင် ထင်လာသော လားရာဂတိနိမိတ်၊ အကုသိုလ်စေတနာ၏ အကျိုးတို့ကို ဖေါ်ပြဟောကြားထား
သည်။
  တရားနာပါ။
ယုတ်မာလှတဲ့ ဒုက္ခ တရားတော် / အရှင် ပုညာနန္ဒ၊ သာကေတ၊ ဩဂုတ် ၂၅၊ ၂ဝဝ၅။
သုခအပေါ်အရိယာနှင့် ပုတုဇဉ်တို့၏ အမြင်၊ ယုတ်မာညစ် ဆိုးသော ဒုက္ခအကြောင်းတို့ကို ဖေါ်ပြဟောကြားထားသည်။  တရားနာပါ။
အချိန်နှင့် အလုပ် () () / ဒေါက်တာအရှင် ကောဝိဒ (မဇ္ဈိမဂုဏ်ရည်) ရန်ကုန်၊ ဧပြီ ၁၆၊ ၂ဝဝ၆။
မဂ္ဂင်ရှစ်ပါးကို ရှင်းပြထားပြီး ရဟန္တာအရှင်မြတ် သုဘဒ္ဒ ဇာတ်ကြောင်း အကိုးအကားဖြင့် အချိန်ကို အကျိုးရှိစွာ အသုံး
ပြုရန်နှင့် အသက်ရှင်ခိုက် ဒါန၊ သီလ ဘာဝနာကုသိုလ် တို့ ကို ပြုလုပ်ကြရန်ကိုလည်း အကြံ ပြုထားသည်။  
တရားနာပါ။()   ()
အနီးကပ် နှိပ်စက်တတ်တဲ့ တရားကို သိကြစမ်းပါ / အရှင် ပုညာနန္ဒ၊ သာကေတ၊ ဩဂုတ် ၂၇၊ ၂ဝဝ၅။
အနိစ္စနှင့် အနတ္တလက္ခဏာများကို ဖေါ်ပြထားပြီး ဒုက္ခ၏ လက္ခဏာနှစ်ပါးဖြစ်သော ချဉ်းကပ်၍ နှိပ်စက် တတ်သော သဘောနှင့် ငြိတွယ်ကာနှိပ်စက်တတ်သည့် သဘော ရှင်း လင်းချက်နှင့် ဖြစ်ပျက်ရှုခြင်းတို့ ပါရှိသည်။  တရားနာပါ။
အနတ္တက အနတ္တကို အားကိုး ရှာနေပုံ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ မတ် ၇၊ ၁၉၅၉။
အနတ္တက အနတ္တကို အားကိုးမှားပုံနှင့် အမြင်မှန် မဂ္ဂင်ရှစ် တန်တို့ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
အမှီကောင်းလေးရှာထားပါ / ဒေါက်တာအရှင် ကောဝိဒ (မဇ္ဈိမဂုဏ်ရည်) မန္တလေး၊ စက်တင်ဘာ ၂ဝ၊ ၂ဝ၁၁။
အားကိုးရာ အစစ်အမှန်တရား_မဂ္ဂင်ရှစ်ပါး၊ အားကိုးရာ
အစစ်အမှန်တရား မိမိတွင် ရှိ မရှိ စစ်ဆေးခြင်းနှင့် သတိပဋ္ဌာန်ကျင့်စဉ်တို့ကို ဖေါ်ပြထားသည်။ 
တရားနာပါ။

Posted by  ဉာဏ်ဦး၊ အေးဆက်

Saturday, August 4, 2012

ဓမ္မသုတ (၈)

စိတ်
ယောဂီတွင်ရှိရမည့်စိတ်
၁။ အမိုးဆက်သော အိမ်နှင့်တူသည့် စိတ်ရှိရမည်။
အိမ်သည်အမိုးဆက်မနေလျှင် ကွာသည့်နေရာမှ မိုးရေ၀င်ပြီး အိမ်ပျက်စီးတတ်၏။ အမိုးဆက်မှ အိမ်လုံသည်။ အမှတ်သတိ ဆက်နေသော ယောဂီ၏ စိတ်တွင် လောဘ၊ ဒေါသ၊ မောဟ တည်းဟူသော ကိလေသာ ၀င်ရောက်နှိပ်စက်နိုင်ခြင်းမရှိ။
၂။ ကြွက်နှင့်တူသော စိတ်ရှိရမည်။
ကြွက်သည် မည်သည့်နေရာသို့သွားသည်ဖြစ်စေ အစာတည်း ဟူသော ဦးတည်ချက်တစ်ခုကိုသာထား၍ သွားသည်။ ယောဂီ
သည်လည်း ဝိပဿနာအမှတ်ဖြစ်အောင် ကြိုးစားမည်ဟူသော စိတ်သာရှိရမည်။
၃။ ထီးနှင့်တူသော စိတ်ရှိရမည်။
ထီးသည် အထက်မှာသာ အမြဲရှိရသည်။ ယောဂီ၏ စိတ်သည် လည်း ကိလေသာကို အနိုင်ယူ နိုင်ရမည်။
၎။ ပင့်ကူနှင့်တူသော စိတ်ရှိရမည်။
ပင့်ကူသည် အိမ်ဖွဲ့ကာ အလယ်တွင် ငြိမ်သက်စွာ စောင့်လျက်
နေ၏။ ပင့်ကူမျှင်တွင် အကောင်ငြိသော် ထွက်ပြီး ဖမ်းဆီးစား
သောက်သည်။ ယောဂီသည် ဒွါရ ၆-ပါးတွင် ဖွဲ့ယှက်ထားသော ကွန်ယက်သို့  ဝင်ရောက်လာသည့် ကိလေသာများကို ဖမ်း သတ် နိုင်ရမည်။
၅။ မီးနှင့်တူသော စိတ်ရှိရမည်။
မီးသည် လောင်စာကြီးသည် သေးသည် မဟူအကုန်ရှို့ မြှိုက်
လောင်ကျွမ်းစေသည်။ ယောဂီ၏ စိတ်သည် ကိလေသာမှန်
သမျှ အကုန်ပယ်သတ်နိုင်ရမည်။
၆။ ကင်းမြီးကောက်နှင့်တူသော စိတ်ရှိရမည်။
ကင်းမြီးကောက်သည် အမြီးထောင်ထားသည်။ လာထိသော် အဆိပ်ဖြင့် ပစ်လွှတ်တတ်သည်။ ယောဂီသည် ဝိပဿနာဉာဏ် အမြီးထောင်ထားပြီး ၀င်လာသမျှ ကိလေသာများကို တိုက်ဖျက်
ရမည်။
၇။ မျှော့နှင့်တူသော စိတ်ရှိရမည်။
မျှော့သည် အသားစိုင်ကို ခိုင်မြဲစွာစုပ်တွယ်ထားသည်။ ယောဂီ
သည် ထင်ရှားရာ အာရုံကို မိမိရရ ဆုပ်ကိုင်ပြီး မဂ်ဉာဏ်ကို ဆွဲကိုင်ရမည်။
<အရှင်ဆန္ဒာဓိက၏ ကိုယ့်စိတ်ကိုယ်စစ် တရားတော်>
Posted by ဉာဏ်ဦး၊ အေးဆက်