Saturday, March 31, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၁)


ဒုက္ခွသစ္စာကို ရှုသော ပုဂ္ဂိုလ်တို့၏ ဉာဏ်၌ထင်မြင်ပုံ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဒီဇင်ဘာ ၁၉၊ ၁၉၅၈။
ဒုက္ခသစ္စာကို ရှုကြည့်သော ပုဂ္ဂိုလ်သည် ဒုက္ခနိရောဓ အရိယ သစ္စာကို ပိုင်းခြားသိမြင်နိုင်ပုံကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
မှ တပါးအခြားမရှိပြီ / ဒေါက်တာအရှင် ဆေကိန္ဒ(ဓမ္မဒူတ) ရန်ကုန်၊
အောက်တိုဘာ ၅၊ ၂ဝဝ၂။
"နန္ဒနသုတ္တန်"ကို ကိုးကားလျက်၊ ချမ်းသာနှစ်မျိုး၊ သတိတရား ထားရှိခြင်းနှင့် သတိ၏ တည်ရာ၊ သတိအမျိုးအစား နှင့် ဆောင်
ရွက်ချက်၊
သေဖို့ နှင့် နေဖို့ အတွက် အပြုအမူများစသည်တို့ကို
ဖေါ်ပြ ဟော
ကြားထားသည်။ တရားနာပါ။
သတိတစ်လုံး / ဝနဝါသီအရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင်
ဆရာတော်
) ဇွန် ၁၆၊ ၁၉၉၇။
သတိနှင့် ပတ်သက်၍ ရှင်းလင်းဟောကြားရာတွင်၊ သတိ၏ အလုပ်၊ အားကြီးသော သတိသည် ရာဂ၊ ဒေါသနှင့် မောဟ
တို့ကို
သဒ္ဓါ၊ ပညာနှင့် ဝိတက်တို့အဖြစ်သို့ ပြောင်းလဲပေးပုံနှင့် သတိ၏ နိဗ္ဗာန်အထိ ဦးဆောင်ပေးမှုတို့ပါရှိသည်။ ဥပမာပြမှာ "သူဋ္ဌေးသား ရသ" ဇာတ်ကြောင်းဖြစ်သည်။ တရားနာပါ။
သာသနာကြုံခိုက် ကြိုးစားလိုက် / ဘဒ္ဒန္ဘဇနိတာလင်္ကာရ။ ရန်ကုန်၊ ဩဂုတ် ၆၊ ၂ဝဝ၇။
သာသနာ ကွယ်ရခြင်း အကြောင်း၊ သံသရာမှ ကျွတ်တမ်းဝင် မည့်ပုဂ္ဂိုလ်များ၊ ဝေဒနာရှုမှတ်နည်းသုံးမျိုးနှင့် ဝေဒနာနုပဿနာ သတိပဋ္ဌာန် တရားတို့ကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
သူတော်ကောင်းလက္ခဏာ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၈။
သူတော်ကောင်း လက္ခဏာများကို ဆောင်ပုဒ်များဖြင့် ထင်လင်း
အောင် ဟောကြားထားသည်။
တရားနာပါ။
သောတာပန်ဖြစ်ဖို့ နှစ်ချက် တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) အမရပူရ၊ ဒီဇင်ဘာ ၃၁၊ ၁၉၅၈။
သောတာပန်ဖြစ်ဖို့ လိုအပ်သော အင်္ဂါရပ် နှစ်ချက်ကို ရှင်းပြ
ထားပြီး ဝေဒနာရှုမှတ်ပုံကိုလည်း ဖေါ်ပြဟောကြားထားသည်။
တရားနာပါ။
သုံးလွန်းတင်တဲ့ကြိုး / ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊ မတ် ၉၊ ၂ဝဝ၃။
နိဗ္ဗာန်သို့ ဆွဲယူသော သီလ၊ သမာဓိနှင့် ပညာ သုံးလွန်းတင်
ကြိုးနှင့် သံသရာသို့ ဆွဲယူသည့် လောဘ၊ ဒေါသနှင့် မောဟ သုံးလွန်းတင်ကြိုး နှစ်မျိုး၊ သေခြင်းနှင့် သက်ဆိုင်သော မသိ
ခြင်းငါးပါး၊ မရဏာ နုဿတိနှင့် ယင်း၏ အကျိုးကျေးဇူး၊ ဝိပ္ပလ္လာသအမျိုးအစား၊
ဖြစ်ပေါ်ပုံ၊ ရလဒ်နှင့် ပယ်သတ်ခြင်း စသော တရားများကို "ပထမ မရဏာနုဿတိသုတ္တန်" ကိုးကားချက်ဖြင့် ဟောကြားထားသည်။  တရားနာပါ။
အခွင့်အရေးလေးရပ် / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင် ဆရာတော်) ဇွန် ၁၅၊ ၁၉၉၇။
ဗုဒ္ဓဘာသာဝင်များ ရရှိသည့် အခွင့်အရေးလေးခု၊ ဘုံနှင့် အာရုံ၊ သံသရာ အကျဉ်းထောင်များ၊ သေခါနီး ပုဂ္ဂိုလ်များတွင်ထင်လာ သည့် နိမိတ်သုံးမျိုးတို့ကိုရှင်းလင်းဟောကြားထားသည်။ ထို့ပြင် မိမိ၏ အာရုံများ ကောင်းမွန်နေစဉ်တွင် လောကီနှင့် လော
ကုတ္တရာ နှစ်ဖြာသော အကျိုးတို့အတွက် ဆောင်ရွက်အားထုတ် ကြရန် ကိုလည်း အကြံပြု ဟောကြားထားသည်။
တရားနာပါ။
အလင်းရှိရာ သွားကြပါ / ဘဒ္ဒန္ဘဇနိတာလင်္ကာရ။ ရန်ကုန်၊ ဩဂုတ် ၅၊ ၂ဝဝ၇။
"ဓမ္မောဓမ္မသုတ္တန်" လာ ပုဂ္ဂိုလ်လေးမျိုးနှင့် ကာယာနုပဿနာ သတိပဋ္ဌာန် ရှုမှတ်နည်း အမျိုးမျိုးတို့ကို ပြည့်စုံစွာ ရှင်းပြဟော ကြားထားသည်။ တရားနာပါ။
အသင်ဘယ်လိုလူလဲ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၈။
လူအမျိုးအစား ရှစ်မျိုးဖြစ်သော ၁။ လူ့ ငရဲသား၊ ၂။ လူ့ ပြိတ္တာ။ ၃။ လူ့ တိရစ္ဆာန်၊ ၄။ ပရမတ္ထလူ၊ ၅။ အန္ဓလူ၊ ၆။ ကလျာဏ၊ ၇။ စူဠနှင့် ၈။ အရိယာ တို့ကို ထင်ရှားပေါ်လွင်စွာ ရှင်းလင်းဟော ကြားခြင်းနှင့် တကွ အကောင်းဆုံးလူဖြစ်စေရေး အတွက်ပါ ညွှန်ပြ ဟောကြားထားသည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်
 

No comments:

Post a Comment