Saturday, March 3, 2012

ထေရဝါဒ ဓမ္မ အသံစု (၅၇)


စွန့်လွှတ်ချမ်းသာ ဘေးကင်းကွာ တရား / အရှင် ပညာနန္ဒ (သီတဂူ) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆၊ ၂ဝဝ၆။
ချမ်းသာစစ်ကို ရရှိရန် မည်သည်ကို ပြုလုပ်ရမည့် အကြောင်း၊ ကာမဂုဏ် အာရုံများ၏ ပြစ်ချက်များ ကို ဖေါ်ပြသော ဥပမာပေး များနှင့် ဝိပဿနာ အားထုတ်နည်း သုံးမျိုးတို့ ကို ရှင်းလင်းဟော ကြား ထားသည်။  တရားနာပါ။
ဒုလ္လဘတရား ၅-ပါး စုံလျှင် အမှန်ပင်မဂ်ဆိုက်နိုင်ပုံ (ရှင်ဆန္ဒ ဒါးလှီးဝတ္ထု) / ဦး ဝိမလ (မိုးကုတ် ဆရာတော်) စက်တင်ဘာ ၃၊ ၁၉၅၈။
ရခဲလှစွာသော ဒုလ္လဘတရားငါးပါးနှင့် ယင်းတို့ အနက်ဖြည့် ဆည်းရန် အရေးကြီးဆုံးသော တရားတို့ ကို ဖေါ်ပြထားသည်။ ထို့ အတူ၊ ပဋိစ္စသမုပ္ပါဒ် နှင့်စပ်လျဉ်း၍ အင်္ဂါရပ်ငါးခု သို့မဟုတ် ရှစ်ခုဖြစ်ပေါ်လာရခြင်း၊ ရှောင်လွှဲ၍ မရသည့်အင်္ဂါရပ်များ၊  ဖြတ်
တောက်ရမည့် နေရာစသည်တို့ ကိုဟောကြားထားသည်။ မိမိ လည်ပင်းကို လှီးဖြတ်သေကြောင်းကြံစည်သော
"အရှင် ဆန္န" အကြောင်းကိုရည်ညွှန်းပြီးလည်း ရဟန္တာဖြစ်အောင်ရှုမှတ်နည်း  ကိုပါ ဟောကြားထားသည်။  တရားနာပါ။
ပတ္တမြားလေးလုံးနဲ့ အပြုံးလူသား / အရှင် ပညာနန္ဒ (သီတဂူ) ရန်ကုန်၊  ဖေဖေါ်ဝါရီ ၁၆၊ ၂ဝဝ၆။
မြတ်စွာဘုရားနှင့် နတ်သားတစ်စုတို့ ၏ ဆွေးနွေး စကားကို ကိုးကားလျက်၊ သီလ သဒ္ဓါ ပုည နှင့်ပညာတို့ကို ထင်ရှားအောင်
ဟောကြားထားသည်။ 
တရားနာပါ။
ဝနှစ်လုံးထပ် ကြက်ခြေခတ်နည်း တရားတော် / အရှင် ပဏ္ဍိတ (မဏိ ရတနာ ဆရာတော်) ဒွိပိဋက၊ ရန်ကုန်၊ စက်တင်ဘာ ၈၊ ၂ဝဝ၅။
အဝိဇ္ဇာ၏ ဆိုလိုရင်း၊ သင်္ခါရ သုံးမျိုး၊ ပဋိစ္စ သမုပ္ပါဒ်  အမျိုး အစား
များ၊ ပဋိစ္စသမုပ္ပါဒ် အကြောင်းငါးပါးနှင့် အကျိုးခုနစ်ပါး၊ ပဋိစ္စ သမုပ္ပါဒ် စက်ဝိုင်းဖြစ်ပေါ်ခြင်း စသော တရား အကြောင်းများ ကို
စေ့ငစွာ ဟောကြား ထားသည်။ 
တရားနာပါ။
သောတာပန်တည်ခြင်း အကြောင်း တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) အမရပူရ၊ စက်တင်ဘာ ၄၊ ၁၉၅၈။
ယခုဘဝတွင် သောတာပန် ဖြစ်နိုင် မဖြစ်နိုင် စစ်ဆေးရမည့် အချက်များ၊ သောတာပန် ဖြစ်ရခြင်း၏ အကျိုးကျေးဇူး နှင့်
လော
ကုတ္တရာတရား ကိုးပါး ရရှိရေးအတွက် အားထုတ်ခြင်း တို့ ပါရှိ သည်။  တရားနာပါ။
သစ္စာထိုက်တဲ့တရား၊ သစ္စာဆိုက်တဲ့တရား / အရှင် ပဏ္ဍိတ (မဏိရတနာ ဆရာတော်) ဒွိပိဋက၊ ရန်ကုန်၊ စက်တင်ဘာ ၈၊ ၂ဝဝ၅။
အညတြပုဏ္ဏား အကြောင်းကို ကိုးကားလျက်၊ ခန္ဓာငါးပါး သစ္စာ ထိုက်ပုံနှင့် ဝိပဿနာတရား သစ္စာဆိုက် ပုံတို့ ကို သေချာစွာ ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
အမေများအတွက် တရားတစ်ပုဒ်() / အရှင် သုဇာတ (မေတ္တာအေး ဆရာတော်) မကွေး၊ ဒီဇင်ဘာ ၁၁၊၂ဝဝ၈။
ဘုရင်ဗိမ္ဗိသာရကို စံထားကာ မိဘများသည် သားသမီးများအား မကောင်းမြစ်တား ကောင်းရာ ညွှန်ပြရန် အရေးကြီးကြောင်း  ကို
ဖေါ်ပြ ဟောကြားထားသည်။
  တရားနာပါ။
အမေများအတွက် တရားတစ်ပုဒ်() / အရှင် သုဇာတ (မေတ္တာအေး ဆရာတော်) မကွေး၊ ဒီဇင်ဘာ ၁၁၊ ၂ဝဝ၈။
အနှိုင်းမဲ့မိဘ ကျေးဇူး၊ မိဘကျေးဇူး ကျေအောင်ဆပ်နည်း တို့
ကို ဟောကြားထားပြီး၊
"ဗဟုပုတ္တိကာ သောဏ ဘိက္ခုနီမ" ဇာတ်ကြောင်း ကိုးကားချက်ဖြင့် မိဘများသည် အသက်အရွယ် အိုမင်းချိန် သားသမီး များက လစ်လျူရှု ထားသည့်တိုင် ဝိပဿ နာ တရား အားထုတ်ကြရန် တိုက်တွန်းထားသည်။
တရားနာပါ။
အသင်လူသား ဘယ်လိုများ အသက်ရှင်ချင်ပါသလဲ (ပ) / အရှင် ကုမာရ (ဓမ္မဓရ) သာစည်၊ ၁၃၆၉။
ရဟန်းများ အဘယ်ကြောင့် ပါဠိ ဘာသာကို လေ့လာသင်ယူ သင့်ကြောင်း၊ ဗုဒ္ဓ၏_သမိုင်းကြောင်းအကျဉ်း၊ အမည်များနှင့် စိတ်ဓါတ်၊ ရှောင်လွှဲ၍ မရသော အိုနာသေဘေးကို အကောင်း ဆုံး ရင်ဆိုင်နိုင်သည့် နည်းလမ်းအစရှိသည့် တရားများကို ဟော
ကြားထားသည်။ 
တရားနာပါ။
အသင်လူသား ဘယ်လိုများ အသက်ရှင်ချင်ပါသလဲ (ဒု) / အရှင် ကုမာရ (ဓမ္မဓရ) သာစည်၊ ၁၃၆၉။
တန်ဖိုးရှိသောလူတစ်ဦးအဖြစ် နေထိုင်ရန်ညွှန်ပြရာတွင်_သေ
ဆုံး ခါနီး ပုဂ္ဂိုလ်ကို ကူညီပုံ၊ တရား အားထုတ်နည်း၊ သံဃာ့
ဂိုဏ်းဂဏနှင့် ဗုဒ္ဓရုပ်ပွါးတော် စသည်တို့အပေါ် အစွဲ မထားကြ ရန်။  ကုသိုလ် ကောင်းမှု ပြုလုပ်ခြင်း။ မိမိ၏ ပစ္စည်းဥစ္စာနှင့် ခန္ဓာကိုယ် ကို ဒါန သီလ ဘာဝနာ တို့အတွက် အထောက်အပံ့ အဖြစ် အသုံးပြုခြင်း၊ အများအကျိုးငှါ ဆောင်ရွက်ခြင်းနှင့် ဘဝ၏ အနှစ်သာရကို ထုတ်ယူခြင်းများကို ပြည့်စုံစွာ ဖေါ်ပြ
ထား သည်။ 
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment