Saturday, March 17, 2012

ထေရဝါဒ ဓမ္မ အသံစု (၅၉)


ကမ္မဿကတဉာဏ် နှင့် သစ္စာအနုလောမိကဉာဏ် အကြောင်းရှင်းပြပုံ တရားတော် / ဦးဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊
အောက်တိုဘာ ၂၈၊ ၁၉၈၉။
အကြောင်းနှင့် အကျိုးကို ပိုင်းခြားသိသော ကမ္မဿကတဉာဏ်
နှင့် သစ္စာလေးပါးကို သိမြင်သည့် သစ္စာနုလောမိကဉာဏ်တို့
အကြောင်းကို စေ့ငစွာ ရှင်းလင်းဟောကြားထား၏။ 
တရားနာပါ။
ခန္ဓာ ပဋိစ္စသမုပ္ပါဒ် ရဟတ်လည်နေပုံ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဒီဇင်ဘာ ၁၃၊ ၁၉၅၈။
ပဋိစ္စသမုပ္ပါဒ်ဆိုသည်မှာ၊ ပဋိစ္စသမုပ္ပါဒ် လည်ပတ်ပုံ၊ သစ္စာ သတိပဋ္ဌာန် နှင့် သတိပဋ္ဌာန်အလုပ်ကို ဖျက်ဆီးတတ်သည့် အ၀ိဇ္ဇာတို့အကြောင်းကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ဓမ္မဒါယဒသုတ် () / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဩဂုတ် ၁၈၊ ၂ဝဝ၆။
ဗုဒ္ဓမိန့် တော်မူသော အမွေနှစ်မျိုး ဗုဒ္ဓသည် အဘယ်ကြောင့်
တပည့် ရဟန်းများအား ဓမ္မအမွေခံများဖြစ်
ကြရန် မှာကြား ဆုံးမခဲ့ကြောင်းစသည်တို့ကို ပြည့်စုံစွာ ရှင်းလင်းဟောကြား
ထားသည်။ 
တရားနာပါ။
ဓမ္မဒါယဒသုတ် (၂) / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဩဂုတ် ၁၉၊ ၂ဝဝ၆။
ဒုက္ခသစ္စာ ကိုဖြစ်စေသော အကြောင်းနှင့် သမုဒယသစ္စာ၏ အကျိုး ရှင်းလင်းချက်၊ ချမ်းသာစစ်ကို ရရှိစေရန် ဒုက္ခသစ္စာကို ပိုင်းခြားသိမြင်ခြင်း၊ မြတ်စွာဘုရား၏ လမ်းညွှန်မှုကို လိုက်နာ သူနှင့် မလိုက်နာသူတို့ကွာခြားပုံ စသည့် တရားများပါရှိသည်။ တရားနာပါ။
ပါရမီထိုက်သော ဒါနနှင့် ပါရမီမထိုက်သောဒါန / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ [ခုနှစ်မပါ။]
ပါရမီဆိုသည်မှာ၊ ပါရမီ ဆယ်ပါး၊ ပါရမီ ရှိစေရန် အားထုတ်ရ
ခြင်း ၏ ရည်ရွယ်ချက်၊ ကိလေသာ ဆယ်ပါး၊ ပါရမီထိုက်သော ဒါနနှင့် ပါရမီမထိုက်သော ဒါနတို့ကို နှိုင်းယှဉ်ပြခြင်း နှင့်အတူ၊ အလှူခံပုဂ္ဂိုလ် တစ် ဆယ့်လေးမျိုးတို့ကို ခုနစ်နှစ် အရွယ် ရဟန္တာ
ငယ်ကလေး၏ ဇာတ်ကြောင်းဥပမာဖြင့် ရှင်းလင်းဟော ကြားထားသည်။ တရားနာပါ။
ဗုဒ္ဓမြတ်စွာ၏ ကြီးပွါးချမ်းသာရေး တရားတော် (၁) / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ ဧပြီ ၁၃၊ ၁၉၈၉။
ဗုဒ္ဓမြတ်စွာ၏ တရားတော် (အကာလိကဂုဏ) တန်ဖိုး၊ မင်္ဂလာ တရား နိဒါန်း၊ လူမိုက်နှင့် ပညာရှိဟူသည်၊ လူမိုက်၏ လက္ခဏာ များနှင့် သုစရိုက် ဆယ်ပါးတို့ ကို သေချာစွာ ရှင်းလင်းဟော ကြားထားသည်။  တရားနာပါ။
ယခုလုပ်ရမည့် အလုပ် တရားတော်(၂) / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) [ခုနှစ်မပါ။]
ပါရမီ၏ အဓိပ္ပါယ်၊သတ္တဝါများသည် ဝဋ်၏ သားကောင်များ
ဖြစ်နေကြပုံ၊ ကိလေသာအဆင့်နှင့် ယင်းတို့ကို ပယ်ရှားနည်း၊
သေခြင်းတရားသည် မိမိတို့ နှင့် ထက်ချပ်မကွာ လိုက်ပါလျက် ရှိခြင်းကြောင့် ဆောလျင်စွာ ဝိပဿနာတရား ပွါးများ အားထုတ် ကြရန် နှိုးဆော်ချက် စသည်တို့ ပါဝင်သည်။
တရားနာပါ။
လူ့သံယောဇဉ်စွန့်မှ နိဗ္ဗာန်ရောက်နိုင်မည် တရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊ ဇန္နဝါရီ ၃၊ ၁၉၉ဝ။
မဂ်ဉာဏ်၏ ရှေ့ပြေးဖြစ်သော ဝိပဿနာဉာဏ်၊ ဝိပဿနာ အားမထုတ်မီ ဒိဋ္ဌိဖြုတ်ခြင်း တရားဂုဏ်တော် သည် တရား အားထုတ်သူအတွက် မည်သို့ အကျိုးပြုကြောင်းနှင့် သံယော ဇဉ် စွန့်ရန်တို့ကို ဟောကြား ထားသည်။  တရားနာပါ။
သမုဒ္ဒရာခြောက်စင်းကို ဒုက္ခွသစ္စာ အဖြစ်ဥပမာပြ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဒီဇင်ဘာ ၁ဝ၊ ၁၉၅၈။
တစ်မျိုးစီသော အာရုံခြောက်ပါးသည် သမုဒ္ဒရာကဲ့သို့  ဖြည့်၍ မပြည့်နိုင်ပုံ၊ သံသရာ အဘယ်ကြောင့် ရှည်ရကြောင်း၊ နိဗ္ဗာန်၏ လက္ခဏာများ၊ ဒုက္ခသစ္စာကို အဆုံးသတ်ခြင်းနှင့် ဝါယောဓါတ် ကို ရှုမှတ်နည်း စသော တရားများပါရှိသည်။  တရားနာပါ။
အတွင်းရန်သူ / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၆။
အတွင်းရန်သူ ဖြစ်သော ဣဿာနှင့် မစ္ဆရိယတို့၏ အကြောင်း ကို ဥပမာ အမျိုးမျိုးဖြင့် ရှင်းလင်းဟော ကြားထားသည်။ ထို့ ပြင် မိမိ၏ စိတ်သဘောထားကို ပြောင်းလဲနည်းနှင့် မနာလိုခြင်း ကင်းစွာဖြင့် တစ်ပါးသူများအကြောင်း အကောင်း ပြောတတ်
သူ
များကိုလည်း ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment