Saturday, April 7, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၂)


ကောင်းမြတ်ဘဝ ယူတတ်မှ / အရှင် ဣန္ဒာစာရာဘိဝံသ၊ ဩဂုတ် ၁၃၊ ၁၉၉၆။
ပစ္စုပ္ပန်ဘဝသည် အဘယ်ကြောင့် အကောင်းဆုံး ဖြစ်ကြောင်း၊ တရားနာကြားခြင်း၏ အကျိုးကျေးဇူး များနှင့် တရားအားထုတ်
နည်း များကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ကိုယ့်ကိုကိုယ်နိုင် စွမ်းအားပိုင် / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယော ဆရာတော်)  ရန်ကုန်၊ ဒီဇင်ဘာ ၁၂၊ ၁၉၉၈။
ဘောလုံးပွဲနှင့် နှိုင်းယှဉ်ပြကာ မိမိကိုယ် မိမိအောင်နိုင်နည်း၊ ဓမ္မ၏ စွမ်းအား၊ သဒ္ဓါ သတိ ဝီရိယနှင့် ပညာမရှိသူ၏ အကျိုး ဆက်များ စသည်တို့ကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ဒုက္ခွသစ္စာ၏ ဆိုးဝါးမှုကိုရှင်းပြပုံတရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်)  အမရပူရ၊ ဒီဇင်ဘာ ၂ဝ၊ ၁၉၅၈။
ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ် လည်ပတ်ပုံနှင့် ဒုက္ခသစ္စာ၏ ဆိုးဝါးမှု
တို့ကို ရှင်းလင်းဟောကြားထားသည်။ ထို့ ပြင် ဒုက္ခမှ လွတ်မြောက်ရန် တောင်းဆိုနေခြင်းထက် ပွါးများအားထုတ် အလုပ်လုပ်သော ပုဂ္ဂိုလ် ဖြစ်ရန်သာ ကြိုးကုတ်ကြဖို့  အကြောင်းတိုက်တွန်းဟောကြားထားသည်။ တရားနာပါ။
ပဋိဝေဓ အသိရောက်မှ ကိစ္စပြီးနိုင်ပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဇန္နဝါရီ ၂၊ ၁၉၅၉။
အနုဗောဓနှင့် ပဋိဝေဓ ဟူသော သစ္စာသိခြင်းနှစ်မျိုး၊ ပဋိဝေဓ အသိ ရှိစေရန် ရှိရမည့် အမြင်၊ ခန္ဓာတွင် အမြဲရှိနေသော ပဋိစ္စ သမုပ္ပါဒ် ရှစ်ပါး၊ ယင်းတို့တစ်ခုစီသည် ဒုက္ခအစု ဖြစ်ပုံရှင်းလင်း ချက်၊ ဒုက္ခသိမြင်သူ၏ ဉာဏ်အဆင့်တက်ပုံနှင့် နိဗ္ဗာန်ရှိ မရှိ စ သည့် တရားများပါဝင်သည်။ တရားနာပါ။
ဗုဒ္ဓဘာသာ သာသနာ တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) [ခှုနှစ်မပါ]
သာသနာထူထောင်ခြင်း၊ သံဃာတော်များသည် ငွေကြေးကို လှူဖွယ်ဝတ္ထု အဖြစ် လက်ခံတော်မူသင့် မသင့်၊ သင်္ဂါယနာ
တင်ခြင်းနှင့် သာသနာ့ ဆွေမျိုးဟူသည် တို့ကိုဟောကြားထား
သည်။ ထို့အတူ သာသနာတော် တည်တံ့ရေးအတွက် တတ် စွမ်းသမျှ အထောက်အပံ့ ပြုကြရန်ကိုလည်း အကြံပေးထား သည်။ တရားနာပါ။
ဗုဒ္ဓရင်နှစ် သားသမီးစစ် / အရှင် ဣန္ဒာစာရာဘိဝံသ၊ သရက်ကုန်း၊
အောက်တိုဘာ ၁၃၊ ၂ဝဝ၄။
သစ္စာတရားကို ပိုင်းခြားသိမြင်ရန် အခွင့်အလမ်းများနှင့် သိမြင်ခြင်း မရှိစေရန် တားဆီးသည့် အခြေအနေများနှင့် အတူ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပြည့်စုံစွာ ဖေါ်ပြထားသည်။ တရားနာပါ။
ဘဝနေနည်း တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) [ခှုနှစ်မပါ]
ဘဝ၏ တန်ဖိုးကို အကဲဖြတ်ခြင်း၊ နတ်ဖြစ်ရခြင်း၏ အကျိုး
ကျေးဇူးများ၊ တန်ဖိုးရှိသော
ဉာဏ်ပညာ၊ အရိယာတို့၏ သီလစောင့်ထိန်းနည်းနှင့် သံသရာမှ လွတ်မြောက်ရန် ဗုဒ္ဓ ကြိုးကုတ် အားထုတ်တော်မူပုံတို့ကို ရှင်းလင်းဟော ကြား ထားသည်။ တရားနာပါ။
သမုဒ္ဒရာ ဝမ်းတထွာ / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) ရန်ကုန်၊ ဒီဇင်ဘာ ၃၊ ၂ဝဝ၂။
စားဝတ်နေရေးအတွက် စီမံရသည်မှာ မည်မျှ ဒုက္ခရောက်
ကြောင်း၊ အကျိုးမရှိသော စားသောက်
ခြင်းနှင့် စီးပွါးရှာဖွေခြင်း၊ ဘ၀၏ အတိုချုပ်_ဓမ္မ၊ ခန္ဓာနှင့် ဥစ္စာကို ဉာဏ်ဖြင့်အသုံးပြုခြင်း စသော တရားများကို ဖေါ်ပြထားသည်။ တရားနာပါ။
သမ္မာဒိဋ္ဌိ () မျိုးတရားတော်။ / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၂၅၊ ၂ဝဝ၆။
သမ္မာဒိဋ္ဌိ ငါးမျိုး၊ ကမ္မဿကတဈာန်နှင့် ဝိပဿနာ သမ္မာဒိဋ္ဌိ တို့၏ ရှင်းလင်းချက်၊ သန္တတိ အမတ်ကြီးကို ကိုးကားလျက် ဝိပဿနာသမ္မာဒိဋ္ဌိ၏ အလုပ်ကို ဖေါ်ပြခြင်း စသည်များကို
ပြည့်စုံစွာဟော ကြားထားသည်။
တရားနာပါ။
ဣနြေ္ဒ ညှိနည်း။ / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၂၆၊ ၂ဝဝ၆။
ဒိဋ္ဌိပယ်သတ်ခြင်း၊ ဣနြေ္ဒညှိနည်းနှင့် နီဝရဏ ဖယ်ရှားခြင်းများ ကို ပေါ်လွင်ထင်ရှားအောင်ရှင်းလင်း ဟောကြားချက်များပါရှိ
သည်။
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment