Saturday, March 10, 2012

ထေရဝါဒ ဓမ္မ အသံစု (၅၈)


နီဝရဏတရားငါးပါး တရားတော် () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ စက်တင်ဘာ ၁၂၊ ၁၉၅၈။
သိင်္ဂါရဝမင်းသားအား မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားကို အကိုးအကားပြုလျက် ရှုမှတ်အားထုတ်မှုဖြင့် နီဝရဏ တရားများဖြစ်သော လောဘ၊ ဒေါသ၊ ထိန-မိဒ္ဓ၊ ဥဒ္ဓစ္စ-ကုက္ကုစ္စ၊ ဝီစိကိစ္ဆာတို့ကို ဖယ်ရှားကာ ပဋိစ္စသမုပ္ပါဒ် အစဉ်တစ်ခုလုံးအား
ဖြတ်တောက်ပုံကို ညွှန်ပြ ဟောကြားထားသည်။
တရားနာပါ။
နီဝရဏတရားငါးပါး တရားတော် ()၊ အဇာတသတ်ဟော / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ စက်တင်ဘာ ၁၄၊ ၁၉၅၈။
အဇာတသတ်မင်းအား မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားကိုးကားချက်ဖြင့် နီဝရဏတရားကို ဖေါ်ပြရာ၌၊ အဓိပ္ပါယ် အမျိုးအစား၊ မည်သည်တို့ နှင့် အလားတူကြောင်း ဥပမာပေး များနှင့် ယင်းတို့အား ပယ်သတ်ပုံတို့ ပါရှိသည်။ တရားနာပါ။
ပရိယေသနသုတ္တန် / အရှင် စန္ဒသီရိ ( အောင်စကြာဆရာတော်) ရန်ကုန်၊ ၁၃၆၆။
"ပရိယေသနသုတ္တန်" ကို အခြေပြုကာ ပုထုဇဉ်တို့၏ ရှာမှီးခြင်း အမှားနှင့် အရိယာတို့၏ ရှာမှီးခြင်း အမှန်ကို ပြည့်စုံရှင်းလင်းစွာ
ဟောကြားထားသည်။
တရားနာပါ။
ပူတိဂတ္တတိဿမထေရ် / အရှင် စန္ဒသီရိ ( အောင်စကြာဆရာတော်) ရန်ကုန်၊ ၁၃၆၆။
ခန္ဓာသည် မည်မျှ စက်ဆုပ် ရွံရှာဖွယ်ကောင်းပြီး အသုံးမဝင်ပုံ၊ သုံးဆယ့်နှစ် ကောဋ္ဌာသနှင့် အကြောင်းနှင့် အကျိုးဆက်စပ်မှု တို့ကို ဟောကြားထားသည်။ ဥပမာပြမှာ၊ "ပူတိဂတ္တတိဿ မထေရ်" ဇာတ်ကြောင်းဖြစ် သည်။ တရားနာပါ။
ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ် တရားတော် / အရှင် ပညာဝရ (ဓမ္မဒူတ၊ သိမ်ဇရပ်) ရန်ကုန်၊ ၁၃၇၂။
ဘုရားရုပ်တုတော်ကို ဆွမ်းတော်ကပ်နည်းမှန်၊ မစားသင့်သော အသားများ၊ ကုသိုလ်ကောင်းမှု အမျိုးအစား အကျဉ်းတို့ကို ဖေါ်
ပြထားသည်။ ထို့အတူ၊ ဒါန၊ သီလနှင့် သမထ လောက်မျှနှင့်
ကျေနပ်မနေ
ကြဘဲ သံသရာမှ လွတ်ကြောင်းတစ်ခုတည်းသော နည်းလမ်းဖြစ်သည့် ဝိပဿနာအလုပ်ကို ကြိုးကုတ်အားထုတ် ကြရန်ကိုလည်း တိုက်တွန်းဟောကြားထားသည်။ တရားနာပါ။
ရွှေမြင့်မိုရ် ပြိုမှာစိုးတယ် () / ဘဒ္ဒန္တ ခေမိန္ဒ (ခင်မကန်ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၆၊ ၂ဝဝ၆။
မိဘတို့အား ပြုစုစောင့်ရှောက်ခြင်း၏ အကျိုးကျေးဇူးများ၊ မိဘ များသည် ချစ်ခြင်း မေတ္တာ ကြီးမားကြပုံ၊ မိဘကျေးဇူး ကျေ
အောင် ဆပ်နည်းနှင့် မိဘဂုဏ်ရည် တစ်ဆယ့်သုံးမျိုး အနက်မှ
ခြောက်မျိုးတို့ကို ပြည့်စုံစွာ ဟောကြားထားသည်။
တရားနာပါ။
ရွှေမြင့်မိုရ် ပြိုမှာစိုးတယ် (၂) / ဘဒ္ဒန္တ ခေမိန္ဒ (ခင်မကန်ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၆၊ ၂ဝဝ၆။
မိဘဂုဏ်ရည် တစ်ဆယ့်သုံးမျိုးမှ ကျန်ရှိသော ဂုဏ်ရည်များကို ကုန်စင်အောင် ရှင်းလင်းဟောကြား ထားသည်။ တရားနာပါ။
အနှိုင်းမဲ့အမေတရားတော် / အရှင်အာစာရာလင်္ကာရ(စကိုင်းရွှေဟင်္သာ)
ရွှေဘို၊ ဩဂုတ် ၂၇၊ ၂ဝဝ၅။
မဟာပဇာပတိဂေါတမီဇာတ်ကြောင်းကို ကိုးကားလျက် မိထွေး  တ်ာဂေါတမီ ပရိနိဗ္ဗာန် စံခါနီးတွင် မြတ်ဘုရား၏ ပန်ကြားချက်၊ ဗုဒ္ဓအား မိထွေးတော် ဂေါတမီ ပြောကြားခဲ့သော နောက်ဆုံး
စကား၊ ကပိလဝတ်၊ ကောလိယနှင့် ဒေဝဒဟ တိုင်းပြည်များ
ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ သာကီဝင် မင်းမျိုးဟူ၍ စတင်
ဖြစ်ပေါ်လာပုံနှင့် မဟာပဇာပတိဂေါတမီ၏ သိဒ္ဓတ္ထမင်းသား အပေါ် ထားရှိခဲ့သည့် ချစ်ခြင်းမေတ္တာ စသည်တို့ကို စုံလင်စွာ
ဟောကြားထားသည်။
တရားနာပါ။
အဖေ့နေရာ တရားတော် / အရှင် အာစာရာလင်္ကာရ (စကိုင်းရွှေဟင်္သာ) ရန်ကုန်၊ မတ် ၃၊ ၂ဝဝ၆။
အတိဇာတ၊ အနုဇာတနှင့် အဝဇာတ စသော သားသမီး အမျိုး အစား သုံးမျိုးနှင့်တကွ တုယှဉ်၍ မရသော မိဘ၏ ချစ်ခြင်းကို
ဟောကြားထားသည်။ ထို့ ပြင်၊ လေးစားထိုက်သော မိဘများ
နှင့် ကျေးဇူးသိတတ်သော သားသမီးများ ဖြစ်ကြရမည့်  အ
ကြောင်း
ကို “ပရိဇိဏ္ဏ ဗြဟ္မဏ
" ဝတ္တုဖြင့် အကြံ ပြုဟောကြား ထားသည်။ တရားနာပါ။
အမြဲကောင်းလေးပါး တရားတော် / အရှင် ပညာဝရ (ဓမ္မဒူတ၊ သိမ်ဇရပ်) ရန်ကုန်၊ ဒီဇင်ဘာ ၁၇၊ ၂ဝ၁ဝ။
"ဇရာသုတ္တန်" ကို ညွှန်းဆိုကာ ထာဝစဉ် ကောင်းမြတ်သော တရား လေးပါးဖြစ်သည့် သီလ၊ သဒ္ဓါ၊ ပညာနှင့် ကုသိုလ်တို့
ကြောင်းကို စေ့ငသေချာစွာ ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment