Saturday, October 29, 2011

ထေရဝါဒ ဓမ္မ အသံစု (၃၉)


ကြောင်းကျိုးသိမြင် ဒိဋ္ဌိစင် တရားတော် () / အရှင် သုနန္ဒ္ဒ (ဓမ္မရံသီဆရာတော်) မိုးကုတ်၊ စက်တင်ဘာ ၈၊ ၂ဝဝ၄။
ပဋ္ဌာန်း၊ သုညတတရား၊ ဓမ္မနှင့် နိဗ္ဗာန်တို့၏ အဓိပ္ပါယ်များကို
ဟောကြားထားပြီး ဟေတုပစ္စည်းကို ရှင်းပြထားသည်။
ထို့ ပြင်၊ ဗုဒ္ဓ
မြတ်စွာဘုရားနှင့် ဗုဒ္ဒဘာသာဝင် မဟုတ်သော အစေလ
ကဿပရသေ့တို့၏ ဆွေးနွေးစကားကိုလည်း
ဖေါ်ပြဟောကြား
ထား၏။ တရားနာပါ။
ကြောင်းကျိုးသိမြင် ဒိဋ္ဌိစင် တရားတော် () / အရှင် သုနန္ဒ္ဒ (ဓမ္မရံသီဆရာတော်) မိုးကုတ်၊ စက်တင်ဘာ ၉၊ ၂ဝဝ၄။
အလောဘ၊ အဒေါသ၊ အမောဟ ကုသိုလ်ဟိတ်များနှင့်
လောဘ၊  ဒေါသ၊ မောဟ အကုသိုလ်ဟိတ်များကို ဖေါ်ပြ
ထားပြီး၊ တိဟိတ် ဒွိဟိတ်ပုဂ္ဂိုလ် မည်သူအမျိုးမျိုးတို့ကို ဖွင့်ဆိုထားသည်။ ဒုက္ခပယ်ရှားပုံနှင့် အတူမြတ်စွာဘုရားနှင့် အစေလကဿပတို့၏ ဓမ္မဆွေး
နွေးစကားကိုလည်း ဟော
ကြားထားသေးသည်။
တရားနာပါ။
ခန္ဓာပဋိစ္စသမုပ္ပါဒ် နှင့် ဒိဋ္ဌိဖြုတ်တရားတော် / ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်း ဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၇၊ ၂ဝဝ၄။
တရားဟောခြင်းနှင့် တရားနာခြင်းတို့၏ ရည်ရွယ်ချက်၊
နိဗ္ဗာန်
သွားရာ ခရီးလမ်းမှန်ကို ပိုင်းခြားသိရန် အရေးပါမှု၊ ပဋိစ္စသမုပ္ပါဒ်၊ သစ္စာနှင့် ဒိဋ္ဌိ အမြစ်ဖြုတ်ခြင်းစသည်ဖြင့်
ပြည့်စုံစွာဟောကြား
ထားသည်။ တရားနာပါ။
ပဋိစ္စသမုပ္ပါဒ် တရားတော် သစ္စာမသိသေးလျှင်ံ နိဗ္ဗာန်မရှိသေး / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ရန်ကုန်၊ ဇူလိုင် ၁ဝ၊ ၁၉၆၂။
အမည်းကံ (အကုသိုလ်ကံ)လည်းမဟုတ် အဖြူကံ (ကုသိုလ်
ကံ
)လည်း မဟုတ်သော ကံဖြစ်စေရန် တနည်း ကံကို ဖယ်ခွါ ကြရန်နှင့် သံသရာပြတ်ခြင်းငှါ တဏှာမှ အလောဘ၊ အဝိဇ္ဇာ
မှ ဝိဇ္ဖာဖြစ်အောင် ပြောင်းလဲပစ်ကြရန်တို့ကို တိုက်တွန်းဟော ကြားထားသည်။
တရားနာပါ။
ယမမင်းစစ်တမ်း / ဦး အဂ္ဂဉာဏ (ကန်ဘဲ့ဘုရားလေးကျောင်း)
ရန်ကုန်၊ ဩဂုတ် ၁ဝ၊ ၂ဝဝ၅။
ဒိဋ္ဌိ၏ စွမ်းအား ငရဲကြီးရှစ်ထပ် လတ်တလောငရဲ သို့ရောက်
ရှိလာသူကို ယမမင်း စစ်ဆေးမေးမြန်းခြင်းစသည် တို့ကို
သေချာစွာ
ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ဝိပဿနာအစ သံဝေဂ / အရှင် ဇေယျပဏ္ဍိတ (ပိုင်းလော့ ဆရာတော်) စက်တင်ဘာ ၉၊ ၂ဝဝ၄။
ဒါန၊ သံဝေဂ၊ အလေ့အကျင့်နှင့် ဝါသနာတို့၏ အဓိပ္ပါယ် ဖွင့်ဆိုချက်များ အပါယ်မလားစေရန် ရှောင်ရှားနည်းနှင့်တကွ ဝိပဿနာအစ သံဝေဂက ဖြစ်ကြောင်းကို ဘုရားအလောင်း
တော် တောထွက်တော်မူခြင်းကိုကိုးကားလျက် ဟောကြား
ထားသည်။ ထို့ ပြင်၊ ခန္ဓာ၏ သဘောကို
အရှိအတိုင်း ပိုင်းခြား သိအောင် အားထုတ်ကြရန်ကိုလည်း တိုက်တွန်းထားသည်။ တရားနာပါ။
အမှောင်ငါးစင်း အလင်းငါးချက်တရားတော် / ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်း ဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၈၊ ၂ဝဝ၄။
ဝိဇ္ဇာနှင့် အဝိဇ္ဇာ အကြောင်းတို့ကိုရှင်းလင်းဖေါ်ပြရာတွင်--
လောဘ၊ ဒေါသ၊ မောဟတို့ဖြင့်သေဆုံးသွားသူတို့၏ လားရာ နောင်
အနာဂတ်ဘဝများနှင့်အဝိဇ္ဇာမှဝိဇ္ဇာသို့ပြောင်း
လဲ ခြင်းစသော တရားများ
ပါရှိသည်။
တရားနာပါ။
အရှင်ကောဏ္ဍည သောတာပန် တည်ပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ရန်ကုန်၊ ဇူလိုင် ၉၊ ၁၉၆၂။
အရှင်ကောဏ္ဍည သစ္စာပိုင်းခြား သိမြင်လာတော်မူပုံ သံသ
ရာကို အဆုံးသတ်ရန် တဏှာကို အဖေါ်
မပြုကြရန်နှင့် နိဗ္ဗာန် ရရှိရန် သဒ္ဓါနှင့် ပညာတို့ကိုအဖေါ်ပြုကြရန် တိုက်တွန်းချက် စသည့် တရားများ ပါရှိသည်။ တရားနာပါ။
အဝိဇ္ဇာထု၊ တဏှာထု ကြေးဖလားကြီး / ဦး အဂ္ဂဉာဏ (ကန်ဘဲ့ဘုရားလေးကျောင်း) ရန်ကုန်၊ ဩဂုတ် ၁ဝ၊ ၂ဝဝ၅။
တရားနာခြင်း၏ အကျိုးကျေးဇူးများနှင့် ကိလေသာဆယ်ပါး တို့ကို ရှင်းလင်းဟောကြားထားသည့်ပြင်၊ သုံးဆယ်တစ်ဘုံ တွင် ကြောက်စရာအကောင်းဆုံးတစ်ခုဖြစ်သောဒိဋ္ဌိအမြစ်
ဖြုတ်ပုံကို ပါညွှန်ပြထားသည်။
တရားနာပါ။
အဝိဇ္ဇာနှင့် တဏှာဖြစ်ပေါ်ပုံ / အရှင် ဇေယျပဏ္ဍိတ (ပိုင်းလော့ ဆရာတော်) ဧပြီ ၂ဝဝ၄။
ကုက္ကုစ္စ ဟူသည် မည်သည်ဖြစ်ကြောင်းနှင့် ယင်းကို ပယ်
သတ်ပုံကို ဟောကြားထားပြီးလက်တွေ့ 
တရားအားထုတ် နည်းကိုလည်း လမ်းညွှန်ပြထားသည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment