Saturday, October 22, 2011

ထေရဝါဒ ဓမ္မ အသံစု (၃၈)


ခန္ဓာအစဉ် ဉာဏ်ဝင်ဖြတ်ပုံ တရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ
(
ထူးကြီး ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၆၊ ၂ဝဝ၅။
ခန္ဓာအစဉ်ကို ဉာဏ်ဝင်ဖြတ်ပုံကို အရှင်နန္ဒကနှင့် ဘိက္ခုနီမ ငါးရာတို့ ၏ တရားဆွေးနွေးစကားကို ကိုးကားလျက် ညွှန်ပြ ထားသည်။ တရားနာပါ။
စိတ်ဓာတ်ငြိမ်းချမ်း လူ့အစွမ်း / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယော ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၉၊ ၂ဝဝ၂။
သမဏ၊ သမညနှင့် သမညဖလတို့ ၏ ဆိုလိုရင်းကို ရှင်းပြ ထားပြီး၊ သူတော်ကောင်းတို့၏ စွမ်းရည်ကို တိုင်းတာပုံနှင့် ကိလေသာ၏ စွမ်းအားကိုဖေါ်ပြဟောကြားထားသည်။
တရားနာပါ။
တရားဆောင်သူ စိတ်မပူ / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယော
ဆရာတော်
) ရန်ကုန်၊ အောက်တိုဘာ ၁၇၊ ၁၉၉၉။
ဓမ္မ၏ စွမ်းအားကိုဖေါ်ပြထားသည်။ ထို့ ပြင် တရားသိရုံမျှ
နှင့် ကိလေသာကို ပယ်သတ်ရန်မလုံ
လောက်သောကြောင့် တရားအားထုတ်ကြရန်ကို အကြံပြုခြင်းနှင့်အတူကိလေသာ ပယ်သတ်ရာတွင် သတိအရေးပါပုံကိုလည်း ရှင်းလင်းဟော ကြားထားသည်။ တရားနာပါ။
နှလုံးသား တရားတည်ထားပါ / အရှင် ဣန္ဒာစာရာဘိဝံသ၊ သရက်ကုန်း၊ နိုဝင်ဘာ ၂၃၊ ၂ဝဝ၃။
ဓမ္မာဓမ္မရဟန်းနှင့် အရှင်စုန္နမထေရ်၏ မိခင်တို့ကို ဥပမာ
ထား၍ တရားကိုနှလုံးသားတွင် တည်ထောင်ပုံ
(ဓမ္မာနုဿ
တိ ဘာနာ
) ကိုဟောကြားထားလျက်၊ ကိုယ်တိုင်ကျင့်ကြံ အားထုတ်ခြင်းဖြင့် တရားကို ပိုင်းခြားသိအောင်ပြုလုပ်ရမည် ဟူသော ဗုဒ္ဓ၏ ကာလာမ မင်းသားတို့အား ဆုံးမချက်ကို
လည်း
ဖေါ်ပြထားသည်။ တရားနာပါ။
ပဋိစ္စသမုပ္ပါဒ်နှင့် စိတ္တာနုပဿနာ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ရန်ကုန်၊ ဇူလိုင် ၇၊ ၁၉၆၂။
တရားနာခြင်းဟူသည်နှင့် ဗုဒ္ဓမြတ်စွာအရာအားလုံးကိုသိမြင် ပုံသိမြင်နည်းတို့ကို ဟာကြားထားသည်။ ထို့ပြင် မြတ်စွာ
ဘုရားနှင့် မာဝစ္စပုဏ္ဏားတို့၏ တရားဆွေးနွေးစကားကိုညွှန်း
ဆိုကာ သံယောဇဉ်ဖြတ်ပြီး
နိဗ္ဗာန်ရရှိခြင်းအလို့ငှာ ဝေဒနာ
ပေါ်တိုင်း မဂ်ဉာဏ်ဖြင့် ရှုကြည့်ကြရန် အကြံပြုထားသည်။
တရားနာပါ။
ဗုဒ္ဓဂုဏ်ရည် တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) ပဲခူး၊ နိုဝင်ဘာ ၂၃၊ ၁၉၇၅။
ဗုဒ္ဓ တည်းဟူသော အမည်နာမကို ရယူကာ သာသနာကို
စတင်ရန်ဘုရားအလောင်းတော်ကြိုးပမ်း
အားထုတ်ခြင်းများ၊
လောကရတနာနှင့် ဗုဒ္ဓရတနာတို့၏ ခြားနားချက်နှင့် မာန် ငါးပါးတို့ကို ဟောကြား ထားကာ ဗုဒ္ဓါနုဿတိ ပွါးများကြရန် ကိုလည်း အကြံပြုထားသည်။
တရားနာပါ။
ဘဝစက်နှင် ဓမ္မစက် တရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ
(
ထူးကြီး ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၅၊ ၂ဝဝ၅။
သမုဒယသစ္စာနှင့် ဒုက္ခသစ္စာတို့၏လည်ပတ်မှု၊ ကမ္မသုခလ္လိ ကာ နုယောဂနှင့် အတ္တကိလမထာ နုယောဂ အစွန်းနှစ်ပါး
ကို ရှောင်ကြဉ်ရန်နှင့် ဝိပဿနာ အားမထုတ်မီ ဒိဋ္ဌိ ဦးစွာ
ဖြုတ်ကြရေး အစရှိသော တရားများကို ဟောကြားထား
သည်။
တရားနာပါ။
သစ္စာသိဖို့ အရေးကြီးပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ရန်ကုန်၊ ဇူလိုင် ၈၊ ၁၉၆၂။
သစ္စာသိရန် အရေးကြီးကြောင်းနှင့် သမုဒယသစ္စာနှင့် ဒုက္ခ သစ္စာလည်ပတ်နေခြင်းတို့ကို ရှင်းလင်း ဟောကြားထားပြီး စိတ်ကို ဉာဏ်ဖြင့် အမှန်အတိုင်း ဆုံးဖြတ်နိုင်ခြင်းတည်းဟူ
သော စိတ္တာနုပဿနာ ကျင့်ကြံအားထုတ်ကြရန်ကိုလည်း တိုက်တွန်းထား၏။
တရားနာပါ။
အကာ နဲ့ အနှစ် ခွဲစိစစ် / အရှင် ဣန္ဒာစာရာဘိဝံသ၊ ရန်ကုန်၊ စက်တင်ဘာ ၁၊ ၁၉၉၇။
အတွေးအခေါ်မှားသုံးခု အောင်မြင်သော ဒါနဖြစ်ရန်လိုအပ်
သော အချက်များနှင့် လှူဒါန်း သင့်ဆုံး
ပုဂ္ဂိုလ်စသည်တို့ကို ရှင်းလင်းဟောကြားထားသည်။ ထို့ ပြင်၊ မိမိ၏ ဥစ္စာ၊ ခန္ဓာ
နှင့် အသက်တို့ မှ
ဒါန၊ သီလနှင့် ဝိပဿနာအနှစ်ကို ထုတ်ယူကြရန်ကိုလည်း အကြံပေး တိုက်တွန်းထားသည်။ တရားနာပါ။
အမေးအဖြေ () () / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) ပဲခူး၊ နိုဝင်ဘာ ၂၃၊ ၁၉၇၅။
ဓမ္မအမေးများကို ဖြေဆိုဟောကြားထားသည်။ တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment