Saturday, October 15, 2011

ထေရဝါဒ ဓမ္မ အသံစု (၃၇)

ကာယာ နုပဿနာ အလုပ်ပေးတရား / ဘဒ္ဒန္ဘဇနိတာလင်္ကာရ၊ [ခုနှစ်မရှိ]
ကာယာနုပဿနာကျင့်စဉ်ကို လမ်းညွှန်ဟောကြားထား
သည်။ တရားနာပါ။ 
နှလုံးသွင်းမှားမှုကြောင်.ဒိဋ္ဌိဖြစ်ရပုံတရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
ဒိဋ္ဌိဖြစ်ခြင်း၏ အကြောင်းခန္ဓာငါးပါး အပေါ်နှလုံးသွင်းမှား
ခြင်းနှင့် နိဗ္ဗာန်တိုင်ပို့ဆောင်ပေးနိုင်သည့် ဒိဋ္ဌိပယ်သတ်ခြင်း-- ခန္ဓာငါးပါးအပေါ်နှလုံးသွင်းမှန်ကန်မှုတို့ကိုဖေါ်ပြဟောကြား
ထားသည်။ တရားနာပါ။ 
မမေ့အပ်သော အကြောင်းသုံးပါး / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင်ဆရာတော်) ဇွန် ၁၁၊ ၁၉၉၇။
မမေ့အပ်သောအကြောင်းသုံးပါးဖြစ်သည့်သရဏဂုံသုံးပါး
သေခြင်းတရားနှင့် ရခဲလှစွာသော ဒုလ္လဘတရားငါးပါးတို့ကို
ပြည့်စုံစွာ ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။ 
လိုချင်မှုနှင့် မလိုချင်မှု / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင်ဆရာတော်) ဇွန် ၁ဝ၊ ၁၉၉၇။
အာသဝတရားများကို ဖြစ်စေသည့် အကြောင်းရင်းများဖြစ်
သော အနုရောဓနှင့် ဝိရောဓတို့၏ အကြောင်းကိုစေ့ငစွာ ရှင်းပြထား၏။ တရားနာပါ။ 
လိုက်သိ၊ စောင့်သိ၊ ဖြစ်တိုင်းသိ / ဒေါက်တာအရှင် ဆေကိန္ဒ
(ဓမ္မဒူတ) ဓနုဖြူ၊ နိုဝင်ဘာ ၁၄၊ ၂ဝဝဝ။

ဝိပဿနာ၏ အဓိပ္ပါယ်ကိုဖေါ်ပြထားပြီး ဝိပဿနာတရား
အားထုတ်ရာတွင် အရေးပါသည့် အချက် သုံးချက်ကို ရှင်းလင်းဟော ကြားထားသည်။ တရားနာပါ။ 
သေမင်းတမန် (၅) ဦး / အရှင် ပညာဇောတ (တောင်စွန်း၊
ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၉။

သေမင်းတမန်ငါးဦးဖြစ်ကြသော-- မွေးကင်းစခလေး၊ သက်
ကြီးရွယ်အို၊ နာမကျန်းဖြစ်နေသူ၊ သူသေနှင့် ရာဇ၀တ်သား
တို့နှင့် စပ်လျဉ်း၍ ဒေဝဒူတသုတ္တန်ကို ကိုးကားလျက် အကျယ်တဝင့်ဟောကြား ထားသည်။ တရားနာပါ။
သတ်ပူဇော်က အသတ်ခံရ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၉။

ဗလိဆိုသည်မှာ၊ ဗလိအမျိုးအစားနှင့်မေတ္တာအကျိုးတို့ကို
ဟောကြားထားပြီး၊ တုံ့ပြန်အကျိုး သက်ရောက်မှု ရှိတတ်
သောကြောင့် သူ့အသက် သတ်ခြင်းကို ရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။ တရားနာပါ။ 
အခြေပြု ဝိပဿနာ ရှုနည်း အလုပ်ပေးတရား / ဘဒ္ဒန္ဘဇနိတာ
လင်္ကာရ၊ [ခုနှစ်မရှိ]

အခြေခံ ဝိပဿနာကျင့်စဉ်ကိုဖေါ်ပြထားကာ အားကြီးသော ဗလဝဝိပဿနာနှင့် အားနည်းသောဒုဗ္ဗလဝိပဿနာတို့ကို
လည်း ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။ 
အစွဲနာလို့ သံသရာလည် / ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) မန္တလေး၊ ဇွန် ၉၊ ၁၉၉၈။
သံသရာတွင် လည်စေသော အကြောင်းရင်းဖြစ်သည့် ဒိဋ္ဌိ
အကြောင်းကို စုံလင်စွာဟောကြားထားသည်။ တရားနာပါ။ 
အသေရှိရာမှ အသေလွတ်ရန်ရှာသင့်ကြောင်းတရားတော် / ဦး
ဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]

သတိနှင့်ပညာထားရှိကြရန်ဟူသော မြတ်ဗုဒ္ဓ၏ အဆုံးအမ၊
သတိနှင့်ပညာ အဘယ်ကြောင့် မရှိမဖြစ်လိုအပ်ပါသနည်း၊ ဗုဒ္ဓပေးတော်မူခဲ့သော အနိစ္စ ဒုက္ခ အနတ္တ ဆေးသုံးမျိုးနှင့်
ဖြစ်ပျက်နှင့် မဂ် ကိုက်စေခြင်း အစရှိသည့် တရားများကို
ဟော ကြားထားသည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment