Saturday, October 1, 2011

ထေရဝါဒ ဓမ္မ အသံစု (၃၅)


တရားခံဘယ်သူလဲ / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၇၊ ၂၀၀၇။
အတိတ် ပစ္စုပ္ပန်နှင့် အနာဂတ်ကံတို့ကိုဟောကြားထားပြီး ကမ္မဘ၀ကိုပြုပြင်ခြင်းအားဖြင့် ဇာတိရရှိမှုမှ လွတ်မြောက်အောင်ဆောင်ရွက်ကြရန် လမ်းညွှန်ထားသည်။  တရားနာပါ။
တေလပတ္တဆီခွက် ဥပမာပြ ဘေးငါးဘေးကိုစောင့်မနေကြပါနဲ့ တရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊ စက်တင်ဘာ ၉၊ ၁၉၈၆။
ရခဲလှစွာသော ဒုလ္လဘတရားငါးပါးကို ရှင်းပြထားသည်။ ဘေးငါးပါးကိုရှောင်တိမ်းသည့် အနေဖြင့် ၀ိပဿနာကျင့်ကြံအားထုတ်ကြရန် တိုက်တွန်းထားပြီး ရှုကွက်မှန်သမျှ မလွတ်
စေရန် ဆက်တိုက် တရစပ်ရှုမှတ်ကြရန်ကိုပါ တေလပတ္တဆီခွက် ဥပမာပြဖြင့်ဟောကြား ထားပြန်သည်။ 
တရားနာပါ။
နိဗ္ဗာန်ရောက်ချင်လျှင် ကိုယ့်စိတ်ကို ရှုမှတ်ကြပါ () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊
ဇူလိုင် ၁၁၊ ၁၉၅၇။
မသေရာမှန်နိဗ္ဗာန်သို့ရောက်နိုင်မည့်မဂ္ဂင်လမ်းကိုဟောကြားထားပြီးအရှင်သာရိပုတ္တရာ
ဟောကြားတော်မူခဲ့သော မသေရာလမ်းနှင့် ထိုလမ်းသို့ လိုက်လံသောနည်း ဥပမာပြ တရားများကိုဖေါ်ပြထားသည်။  တရားနာပါ။
ပုဂ္ဂိုလ်လေးမျိုး တရားတော် () / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ ဧပြီ ၁၈၊ ၁၉၉၉။
ပုဂ္ဂလသုတ္တန်ကို ကိုးကားလျက် မြတ်ဗုဒ္ဓတို့ ၏အဆုံးအမ၊ ပုဂ္ဂိုလ်လေးမျိုး၊ ဒုစရိုက်ဆယ်ပါး၊ ဘာသာအယူမှန် မမှန်စမ်းစစ်နိုင်သည့် မှတ်ကျောက်ဖြစ်သော မဂ္ဂင်ရှစ်ပါးအကျင့်တရား စသည်တို့ကို ရှင်းပြဟောကြားထားသည်။  တရားနာပါ။
မီးရထားဘူတာစဉ် ဥပမာပြ အဘိဏှသုတ် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ အောက်တိုဘာ ၁ဝ၊ ၁၉၅၇။
သစ္စာလေးပါးကို ပိုင်းခြား၍ မသိသူတို့၏ သွားရာလမ်းခရီးကို မီးရထားဘူတာစဉ်ဖြင့် နှိုင်း
ယှဉ်ဟောကြားထားသည်။ မအို မနာ မသေရာ နိဗ္ဗာန် ရရှိရေးအတွက် သစ္စာသိသော ဉာဏ်ရရှိအောင် အလေးထားစွမ်းဆောင်ကြရန်ဖြစ်ကြောင်း အကြံပေးဟောကြားထား
သည်။
  တရားနာပါ။
မဂ်ဖိုလ်မရခြင်းအကြောင်း / အရှင် ဇဝန (မေတ္တာရှင်) ၁၃၆၇။
မဂ်ဖိုလ်မရခြင်း၏ အကြောင်းရင်းငါးပါးကို ရှင်းလင်းဟောကြားထားပြီး လက်တွေ့
ဝိပဿနာ ကျင့်စဉ်ကိုလည်း ညွှန်ပြထားသည်။ 
တရားနာပါ။
မေတ္တာ တရားတော် () / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ [ခုနှစ်မရှိ]
သြဒိသမေတ္တာဘာဝနာ ပွါးများပုံနှင့်မေတ္တာဘာဝနာ၏ အကျိုးတို့ကိုဟောကြားထား
သည်။ ထို့ပြင်၊ မေတ္တာဘာဝနာကို အခြေခံကာ ၀ိပဿနာတရား ပွါးများအားထုတ်
ကြပြီး နိဗ္ဗာန်ရသည်
အထိ ကြိုးစားကြရန်လည်း တိုက်တွန်းဟောကြားထားသည်။
တရားနာပါ။
မျှော်တော်ရောင် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၈၊ ၂၀၀၇။
တန်ဖိုးရှိလှသော ပဋိစ္စသမုပ္ပါဒ်တရားတော်၊ အ၀ိဇ္ဇာသည်သေခြင်းသို့ ပို့ ဆောင်နေပုံဘဝ
ရရှိခြင်းမှရှောင်တိမ်းနိုင်သော နည်းလမ်းနှင့် သောတာပန်တို့ ပယ်ရှားသော အရာများ စသည်တို့ကို ဟောကြား ထားသည်။ တရားနာပါ။
သူတော်ကောင်းတို့၏ စိတ်ထား / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၈။
အချို့သော ဆရာတော်ကြီးများ၏ ပြုမူဆောင်ရွက်ပုံများကိုဖေါ်ပြကာ သူတော်ကောင်း
တို့၏ စိတ်ထားကိုဟောကြားထားသည်။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းနှင့်ကောင်းမှု ကိုပြုလုပ်ခြင်းတို့ကိုအမြဲကျင့်သုံးကြရန်တိုက်တွန်းထားပြီး နှလုံးသွင်းမှန်မှုနှင့် နှလုံးသွင်း
မှားခြင်းတို့ကို ရှင်းပြထား သည်။
တရားနာပါ။
သက္ကပဉှသုတ် တရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊ စက်တင်ဘာ ၁ဝ၊
၁၉၈၆။
အားကိုးအားထားပြုရမည့် ဓမ္မစစ်စစ် မဂ္ဂင်ရှစ်ပါးအကျင့်တရား၊ အန္တရာယ်ရှိသော
ဣဿာ
(မနာလိုခြင်း) နှင့် မစ္ဆရိယ (၀န်တိုခြင်း) တို့ကို သက္ကပဉှသုတ္တန်ကို ကိုးကား
လျက် လည်းကောင်း၊ ကိလေသာနှင့် ယင်း၏အရင်းအမြစ်ကိုလည်းကောင်းဟောကြား
ထားသည်။ ထို့ ပြင်၊ ဘေးကင်းစွာနေထိုင်နည်းကိုပါ ညွှန်ပြထားသေး၏။ တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment