Saturday, October 8, 2011

ထေရဝါဒ ဓမ္မ အသံစု (၃၆)


စိတ်ဓါတ်ခွန်အားမြှင့်တင်ထား / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) [ခုနှစ်မရှိ]
ထေရ၀ါဒနှင့် မဟာယာန ဗုဒ္ဓဘာသာတို့၏ ကွာခြားချက်များ၊ မိမိအကြောင်း မိမိ
သိနိုင်ရေး၊ စိတ်ဓါတ်ခွန် အား မြှင့်တင်နိုင်သော နည်းလမ်းများ စသည်
တို့ကို
"မဟာနာမသုတ္တန်" ကို ကိုးကားကာ ပြည့်စုံစွာ ဟောကြားထားသည်။ တရားနာပါ။
တဏှာ မာန ဒိဋ္ဌိ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
ခန္ဓာ၏ ကိစ္စလေးရပ်၊ တဏှာ မာနနှင့် ဒိဋ္ဌိတို့က ပုထုဇဉ်တို့ကို ခြယ်လှယ်နေပုံနှင့်
အန္ဓပုထုဇဉ်မှ ကလျာဏပုထုဇဉ် အဖြစ်သို့ ပြောင်းလဲနည်း စသောတရားများ
ပါရှိသည်။
တရားနာပါ။
နေရေးထက် သေရေးခက် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဧပြီ ၁၇၊ ၂ဝဝ၆။
သေခြင်းနှစ်မျိုးဖြစ်သောကြောက်သေသေခြင်းနှင့် မကြောက်သေသေခြင်းတို့ 
အကြောင်းနှင့် အကျိုးတရားချင်း မတူကြပုံကို မြတ်စွာဘုရားနှင့် ဇာနုသောနိ ပုဏ္ဏားတို့ ၏ ဆွေးနွေးစကားကို ညွှန်းဆို
ဟောကြားထားသည်။ တရားနာပါ။
နောင်တ မရကြပါနဲ့ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၄၊ ၂ဝဝ၈။
နောင်တ ဆယ်ပါးနှင့် ဗုဒ္ဓါနုဿတိ ပွါးများပုံတို့ကို ပြည့်စုံစွာဟောကြားထားသည်။ တရားနာပါ။
နိဗ္ဗာန်ရောက်ချင်လျှင် ကိုယ့်စိတ်ကို ရှုမှတ်ကြပါ () / ဦး ဝိမလ (မိုးကုတ်ဆရာတော်)
ဇူလိုင် ၁၂၊ ၁၉၅၇။
ကိုယ့်စိတ်ကိုယ်ရှုမှတ်ပါလျက် အဘယ်ကြောင့် မဂ်ဖိုလ်မရဖြစ်ရကြောင်းအပြင်
ဖြစ်ပျက်နှင့် မဂ်ကိုက်ရန်
ရှုမှတ်ရမည့်အကြောင်းတို့ကို သေချာစွာဟောကြားထား
သည်။
တရားနာပါ။
မမေ့မလျော့နေတဲ့သူ / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဧပြီ ၁၃၊ ၂ဝဝ၆။
ပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦးအကျိုးပေး ကွာခြားစေသော အကြောင်းရင်း "သတိတရား"၊ သတိရှိသူနှင့် မေ့လျော့သူတို့၏ ခြားနားမှုများအပြင် သတိပဋ္ဌာန်တရားကို ကျင့်ကြံအားထုတ်ကြရန်ကိုပါ တိုက်တွန်းဟောကြားထားသည်။ တရားနာပါ။
မိုက်သူခံ ထိုက်သူစံ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၄၊ ၂ဝဝ၈။
လူမိုက်နှင့် လူသူတော်တို့ကို နှိုင်းယှဉ်ဖေါ်ပြရာ၌ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အလေးထား လုပ်ဆောင်မှုနှင့် နောင်တမလွန်ဘဝတို့ပါရှိပြီး ပဋာစာရီနှင့် ဒေဝဒတ်တို့ကို ဥပမာပေးဟောကြားထားသည်။ တရားနာပါ။
အရှင်အာနန္ဒာ၏ အလွမ်းစကားနှင့် မြတ်ဗုဒ္ဓ၏ ဆုံးမစကား / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) အင်းစိန်၊ ၁၃၆၉။
နောင်တ၏ ဆိုလိုရင်း၊ နောင်တ မပါသောအစွန်းလေးပါး၊ မရဏာနုဿတိနှင့်
သေခြင်း တရားကို ဆင်ခြင် ရာ၌ ပါဝင်ရမည့်အချက်များ၊ အရှင်သာရိပုတ္တရာ ပရိနိဗ္ဗာန်စံခြင်းနှင့် စပ်လျဉ်း၍မြတ်စွာဘုရားက အရှင် အာနန္ဒာအား မိန့် ကြားသော သြ၀ါဒစကား စသည့်တရားများကိုဟောကြားထားသည်။ ထို့ ပြင်၊ သတိပဋ္ဌာန်တရားကို အခြေခံကာ လောကုတ္တရာမဂ် ရသည်အထိ ကြိုးကုတ်အားထုတ်ကြရန်ကိုလည်း တိုက်တွန်းထားသည်။
တရားနာပါ။
ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း () ပါး () / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ရန်ကုန်၊ ၁၃၅၄။
ဘာဝနာစိတ် အားနည်းလာသော အချိန်တွင် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများကြရန်နှင့် ငယ်ရွယ်စဉ်တွင် ဝိပဿနာတရား အားထုတ်ကြရန်တို့ကိုအကြံ ပြုထားပြီး၊ ကိုယ်နှင့် စိတ်ကိုစဉ်းစားခြင်းမပြုဘဲ မည်သို့ ဆင်ခြင်ကြိုးကုတ် အားထုတ်ရမည်ကို ညွှန်ပြထားသည်။ တရားနာပါ။    
ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း () ပါး () / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ရန်ကုန်၊ ၁၃၅၄။
တရားအားထုတ်ရာတွင် ဉာဏ်စဉ်ခုနစ်ပါး ရရှိပုံကို အကျဉ်းချုပ်ဟောကြားထားသည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment